Sunday, June 30, 2019

စၾကာၤ၀ဠာ နကၡတ္တာရာ သိပၸံ နွင့္ ဖန္ဆင္းျခင္း



https://img.purch.com/w/660/aHR0cDovL3d3dy5saXZlc2NpZW5jZS5jb20vaW1hZ2VzL2kvMDAwLzA5OC82MjEvb3JpZ2luYWwvc3RlcGhlbi1oYXdraW5nLWJpZy1iYW5nLmpwZw== 
Photo: Internet   




နိဒါန္း
            သိပၸံပညာ တိုးတက္လာသည္ႏွင့္အမ်ွ ကၽြနု္ပ္တို႕၏ စၾကာၤ၀ဠာႀကီး ႏွင့္ ပတ္သက္၍ သီအိုရီအမ်ိဳးမ်ိဳး၊ ယူဆခ်က္ အမ်ိဳးမ်ိဳး ထြန္းကားလာပါသည္။ေခတ္သစ္ စၾကာၤ၀ဠာေဗဒ၏ သီအိုရီမ်ားသည္ ခရစ္ယာန္ ဓမၼယံုၾကည္မႈႏွင့္ ဆီေလ်ာ္မႈ မရွိဟု ယူဆနိုင္စရာ ရွိလာပါသည္။ ထို႕ေၾကာင့္ မိမိတို႕၏ ခရစ္ယာန္ ယံုၾကည္မႈကို တည္ေဆာက္ရန္ႏွင့္  ယင္းသီအိုရီမ်ားကို  ျပန္လည္ ခုခံရန္အတြက္ ခရစ္ယာန္မ်ားဖက္မွ အားစိုက္လာၾကသကဲ့သို႕ သိပၸံပညာဖက္မွလည္း ၄င္းတို႕၏ သီအိုရီမ်ားသည္ ဖန္ဆင္းျခင္း ဓမၼအေတြးအေခၚထက္ သာလြန္မွန္ကန္ေၾကာင္း သက္ေသျပရန္ ႀကိဳးစားလာသျဖင့္ သိပၸံႏွင့္ဓမၼေၾကာင္းသည္ ထိေတြ႕မႈရွိလာခဲ့ျပန္ပါသည္။ နကၡတ္တာရာေဗဒနွင့္ ဖန္ဆင္းျခင္းဟူေသာ ေခါင္းစဥ္ေအာက္တြင္ဤေဆာင္းပါးသည္ သမိုင္းတစ္ေလ်ွာက္ သိပၸံ နွင့္ ဓမၼအေတြးအေခၚ ထိေတြ႕ၾကပံုမ်ားကို စာဖတ္သူမ်ားအား  တင္ျပလိုျခင္းျဖစ္ပါသည္။ ဤသို႔တင္ျပရျခင္း၏ ရည္ရြယ္ခ်က္မွာ စာဖတ္သူမ်ားအား စၾကာၤ၀ဠာ နကၡတ္တာရာ သိပၸံ ႏွင့္ ဖန္ဆင္ျခင္း ဆိုင္ရာ ဓမၼအေတြးအေခၚ တို႕သည္ ထိေတြ႕မႈပံုစံေလးမ်ိဳး ျဖင့္ထိေတြ႕ၾကပံုမ်ားကို သိရွိေစရန္နွင့္ ေျပာင္းလဲေနေသာ  သိပၸံေရခံေျမခံတြင္ ကၽြႏု္ပ္တို႔၏ ခရစ္ယာန္ဓမၼအေတြးအေခၚကို မည္သို႕တည္ေဆာက္ခဲ့ၾကသည္ကို  ျပန္လည္အမွတ္ရ၍ ယေန႕ေခတ္တြင္လည္း ထပ္ဆင့္ တည္ေဆာက္နိုင္ရန္ ရည္ရြယ္ပါသည္။ (ထိေတြ႕မႈ ပံုစံေလးမ်ိဳးအေၾကာင္းကို စာေရးသူ၏ သိပၸံႏွင့္ ဓမၼအေတြးအေခၚ(မိတ္ဆက္) ေဆာင္းပါးတြင္ အက်ယ္တ၀င့္ ေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္။ ျပန္လည္အမွတ္ရေစရန္ေဖာ္ျပရေသာ္ သိပၸံ ႏွင့္ ဓမၼအေတြးအေခၚ သည္ () ပ႗ိပကၡအသြင္ ထိေတြ႔မႈ ( Conflict ) () သီးျခားျဖစ္တည္မႈအျမင္ျဖင့္ထိေတြ႔မႈ (Independence) () ဒိုင္ယာေလာ႔အျမင္ျဖင့္ ထိေတြ႔မႈ ( Dialogue) ႏွင့္ () ႏွစ္ဖက္အျမင္မ်ားကို စုစည္းျပီး ပိုမိုေကာင္းမြန္ေစျခင္း အျမင္ျဖင့္ ထိေတြ႔မႈ (Integration) စသည့္ အျမင္ ေလးမ်ိဳးျဖင့္ သမိုင္းတစ္ေလ်ွာက္ ထိေတြ႕ခဲ့ၾကျခင္း ျဖစ္သည္။)
၁။ ေျပာင္းလဲေနေသာ စၾကာၤ၀ဠာ နကၡတ္တာရာ  သိပၸံအျမင္
            တိုလမီ၊ ကိုပါးနီးကပ္စ္ နွင့္ ဂယ္လီလီယို အစရွိသည့္ နကၡတ္တာရာ ပညာရွင္မ်ား ေခတ္မွသည္ ေအဒီ ၁၈ ရာစု ေရာက္ရွိလာသည့္အထိ သိပၸံပညာက  ကမာၻႀကီး၏ သက္တမ္းသည္ နုနယ္ကာ အရြယ္အစားအားျဖင့္ ေသးငယ္သည္ဟု ထင္မွတ္ခဲ့ၾကပါသည္။ ေအဒီ ၁၉ ရာစုသို႕ ေရာက္ရွိလာသည့္အခါ ကမာၻႀကီးသည္ မူလက ယူဆထားသည္ထက္ သက္တမ္း ရင့္ကာ အရြယ္ ပိုႀကီးလာသည္ကို လက္ခံလာၾကပါသည္။ ေအဒီ ၂၀ ရာစု သို႕ ေရာက္ရွိလာေသာအခါ ကမာၻႀကီး၏ ဧရာမ အရြယ္အစားနွင့္  သက္တမ္းကို သက္ေသျပလာနိုင္ၾကပါသည္။ 

 (၁၉၂၉ ခုနွစ္တြင္ အေမရိကန္ လူမ်ိဳး အက္ဒြင္ ဟားဘဲဘ္ (Edwin Hubble) က သူ၏ နာမည္ေက်ာ္ၾကားေသာ  ဟားဘဲဘ္ ဥပေဒသ (Hubble Law) ကို ေဖာ္ထုတ္နိုင္ခဲ့ပါသည္။ )

   ၁၉၁၇ ခုနွစ္တြင္ ၀ီလမ္၊ ဒီ၊ စစ္တာ (Willem de Sitter) ဟု ေခၚေသာ နယ္သာလန္လူမ်ိဳး နကၡတ္တာရာ ပညာရွင္က အိုင္းစတိုင္း၏ ေယ်ဘူယ် နႈိင္းရသေဘာတရားကို(Einstein’s General Theory of Relativity) အေျခခံကာ စၾကာၤ၀ဠာႀကီးျပန္႔ကား ႀကီးမားလာပံုကို  ေဖာ္ထုတ္ခဲ့ပါသည္။ ဒီ၊ စစ္တာ က စၾကာၤ၀ဠာႀကီးသည္ Dark energy ဟု ေခၚေသာ အမည္မသိစြမ္းအင္ေၾကာင့္ တစ္ဟုန္ထိုး ျပန္႔ကားလာရျခင္းျဖစ္သည္ ဟု ဆိုပါသည္။ ၁၉၂၉ ခုနွစ္တြင္ အေမရိကန္ လူမ်ိဳး အက္ဒြင္ ဟားဘဲဘ္ (Edwin Hubble) က သူ၏ နာမည္ေက်ာ္ၾကားေသာ  ဟားဘဲဘ္ ဥပေဒသ (Hubble Law) ကို ေဖာ္ထုတ္နိုင္ခဲ့ပါသည္။ ဟားဘဲဘ္၏ အဆိုအရ အရာအားလံုးသည္ကၽြႏု္ပ္တို႔ႏွင့္ ေ၀းရာဆီသို႕ ေရြ႕လ်ားေနၾကသည္။ ကၽြႏု္ပ္တို႔ႏွင့္ နီးေသာ အရာမ်ားသည္ ျဖည္းညင္းစြာေရြ႕လ်ားေနျပီး ကၽြႏု္ပ္တို႔ႏွင့္ ေ၀းေသာ အရာမ်ားက ကၽြႏု္ပ္တို႔ႏွင့္ ေ၀းရာဆီသို႕ ပိုမိုလ်င္ျမန္စြာ ေရြ႕လ်ားေနသည္ဟု ဆိုပါသည္။ ဟားဘဲဘ္၏  ဥပေဒသသည္ စၾကာၤ၀ဠာႀကီးျပန္႔ကား ႀကီးမားလာပံုကို ေလ့လာနိုင္ေသာ၊ စၾကာၤ၀ဠာႀကီးသည္ မဟာျဖစ္တည္မႈ Big Bang မွ အစျပဳသည္ကို သဲလြန္စေပးနိုင္ေသာ ကနဦး အစျဖစ္လာခဲ့ပါသည္။ ဤမွ အစျပဳ၍ တစ္ဆင့္ျပီး တစ္ဆင့္ ေလ့လာရာ မွ စၾကာၤ၀ဠာနကၡတ္တာရာ သိပၸံပညာရွင္မ်ားက ေကာက္ခ်က္ခ်သည္မွာ ကၽြနု္ပ္တို႕၏ စၾကာၤ၀ဠာၾကီးသည္ လြန္ခဲ့ေသာနွစ္ေပါင္း ၁၅ ဘီလီယံ ကတည္းက မူလ အရင္းအျမစ္တစ္ခုကေနျပန္႔့ကားထြက္လာသည္ ဟူ၍ျဖစ္ပါသည္။ ၄င္းကို မဟာျဖစ္တည္မႈ Big Bang ဟူ၍ ေခၚေ၀ၚသမုတ္ၾကပါသည္။
၁၉၆၅ ခုနွစ္သို႔ ေရာက္ရွိလာေသာအခါ အေမရိကန္ ရူပေဗဒ ပညာရွင္ အာနိုး ပန္းဇီးယပ္စ္ (Arnold Penzias) ႏွင့္ ေရာဘတ္ ၀ီလ္ဆန္ (Robert Wilson) တို႔က စၾကၤ၀ဠာအတြင္းတြင္ မိုက္ကရိုလႈိင္းမ်ား (microwave) ေနရာအႏွံ႕ ကူးလူး ပ်ံ႕ႏွံ႕ေနေၾကာင္း၊ စြမ္းအင္မ်ား ထုတ္လႊတ္ေနျခင္း (radiation) အေၾကာင္းကို ေဖာ္ထုတ္လာခဲ့ပါသည္။ ၄င္းကို စၾကာၤ၀ဠာ၏ ေနာက္ခံ မိုက္ကရိုလႈိုင္းမ်ား (Cosmic Microwave Background) ဟုဆိုသကဲ့သို႕ စၾကၤ၀ဠာအတြင္း  ေနာက္ခံ စြမ္းအင္ထုတ္လႊတ္မႈမ်ား (Cosmic Background Radiation) ဟုလည္းေခၚပါသည္။ အဆိုပါ ေတြ႕ရွိခ်က္သည္ စၾကာၤ၀ဠာၾကီး၏ မဟာျဖစ္တည္မႈ အယူအဆကို အားေကာင္းေစပါသည္။
ကနဦး ရူပေဗဒ၏ စမ္းသပ္ခ်က္မ်ားနွင့္ ေတြ႕ရွိခ်က္မ်ားကလည္း  စၾကာၤ၀ဠာၾကီး၏မဟာျဖစ္တည္မႈ အယူအဆကို သြယ္၀ိုက္ေသာနည္းျဖင့္ အားေကာင္းေစပါသည္။ စၾကာၤ၀ဠာအတြင္းတြင္ အား(force) ေလးမ်ိဳး ရွိပါသည္။ လ်ွပ္စစ္သံလိုက္အား (electromagnetic force)၊ အားေကာင္းေသာ န်ဴကလီယာ အား (strong nuclear force)၊ အားနည္းေသာ န်ဴကလီယာ အား (weak nuclear force) နွင့္ ကမၻာေျမဆြဲအား (gravitational force) ဟူ၍ျဖစ္ပါသည္။ ရူပေဗဒတြင္ အဆိုပါအားမ်ားကို တစ္ခုနွင့္တစ္ခု ဆက္စပ္ဆြဲေဆာင္ေနေသာ စက္ကြင္းမ်ား(field) အျဖစ္ ေဖာ္ျပနိုင္ပါသည္။ ၁၉ရာစု အလယ္တြင္ ဂ်ိမ္းစ္ကလက္ခ္မက္စ္၀ဲလ္ (James Clerk Maxwell) က ပထမဦးဆံုး သံလိုက္စက္ကြင္း သီအိုရီ (electromagnetic field theory) ကို တင္ျပခဲ့ပါသည္။ ၂၀ရာစု အေစာပိုင္း ကာလတြင္လည္း အိုင္းစတိုင္း (Albert Einstein) က သူ၏ ေယ်ဘူယ် နိႈင္းရ သီအိုရီတြင္ (general relativity theory) ကမၻာေျမဆြဲအား စက္ကြင္းအေၾကာင္းကို ေဖာ္ျပခဲ့ပါသည္။ ေနာက္ပိုင္းတြင္ အားမ်ား တစ္စုတစ္ေ၀း ေပါင္းစပ္ျပီး စက္ကြင္း သီအိုရီ တစ္ခု ေဖာ္ထုတ္ရန္ ၾကိဳးစားလာခဲ့ပါသည္။ ၁၉၆၇ တြင္ စတီဗင္ ၀ိန္းဘတ္ (Steven Weinberg) ဟု ေခၚေသာ အေမရိကန္နိုင္ငံသား ရူပေဗဒပညာရွင္ နွင့္ မိုဟာမက္ အဘ္ဒပ္ ဆလမ္ (Mohamed Abdus Salam) ဟု ေခၚေသာ ပါကစၥတန္ နိုင္ငံသား ရူပေဗဒ ပညာရွင္ တို႕က Electroweak theory ကို ေဖာ္ထုတ္ခဲ့ၾကပါသည္။ အဆိုပါ သီအိုရီက လ်ွပ္စစ္သံလိုက္အားနွင့္  အားနည္းေသာ န်ဴကလီယာ အား တို႕သည္ W နွင့္ Z ဟု ေခၚေသာ အမႈန္ေလးမ်ားအားျဖင့္ အဆိုပါအားနွစ္ခု ေပါင္းစပ္နိုင္သည္ဟု ဆိုပါသည္။ထိုမွ စ၍ တစ္ဆင့္ျပီး တစ္ဆင့္ အားမ်ား အားလံုး စုစည္းနိုင္သည့္ အထိ ေပါင္းစပ္နိုင္ေသာ သီအိုရီတစ္ခု ေဖာ္ထုတ္လာရန္ ၾကိဳးစားလာပါသည္။ ၄င္းကို supersymmetry theory ဟု ေခၚပါသည္။ Theory of Everything ဟုလည္း ဆိုၾကျပန္ပါသည္။ အဆိုပါ သီအိုရီကို ေဖာ္ထုတ္နိုင္ရန္ ၾကိဳးပမ္းမႈ အျဖစ္ သိပၸံနယ္ပယ္တြင္ String theory ေပၚထြက္လာပါသည္။ သို႕ရာတြင္ ၎ string theory အတြက္ သက္ေသျပနိုင္ရန္ လိုအပ္ေသာ စြမ္းအင္ကို ဓာတ္ခြဲခန္းမ်ားတြင္ ရရွိနိုင္မည္ မဟုတ္ဘဲ ၄င္းစြမ္းအင္သည္  စၾကာၤ၀ဠာၾကီး၏မဟာျဖစ္တည္မႈ Big Bang တြင္သာ ရွိနိုင္သည္ဟု ဆိုလာပါသည္။
အထက္ပါ  စၾကာၤ၀ဠာ နကၡတ္တာရာသိပၸံ ေတြ႔ရွိခ်က္မ်ားက ကမာၻႀကီး၏ သက္တမ္းသည္ နုနယ္ကာ အရြယ္အစားအားျဖင့္ ေသးငယ္သည္ဟူေသာ ယူဆခ်က္ကို ေခ်ဖ်က္လိုက္ျပီး လြန္ခဲ့ေသာနွစ္ေပါင္း ၁၅ ဘီလီယံ ကတည္းက မူလ အရင္းအျမစ္တစ္ခုကေနျပန္႔့ကားထြက္လာသည္ ဟူေသာ Big Bang Theory ကို ခိုင္မာစြာ လက္ခံေစခဲ့ပါသည္။ အဆိုပါ ေျပာင္းလဲေနေသာ နကၡတ္တာရာသိပၸံ ေတြ႔ရွိခ်က္မ်ားသည္ သမၼာက်မ္းစာ၏ ဖန္ဆင္းျခင္းကို အေထာက္အပံ့ေပးသည္ဟု အခ်ိဳ႕ေသာ ခရစ္ယာန္ ဓမၼပညာရွင္မ်ားက လက္ခံယံုၾကည္ၾကပါသည္။  ကမာၻႀကီး၊ စၾကာၤ၀ဠာၾကီး၌ အစရွိသည္ ဟူေသာအဆိုမွာ သိပၸံပညာနွင့္ ဓမၼအေတြးအေခၚ နယ္ပယ္နွစ္ခုစလံုးက တူညီစြာ လက္ခံနိုင္ေသာ ဘံုရပ္တည္ခ်က္ တစ္ခုျဖစ္လာပါသည္။ ၁၉၃၉ မွ ၁၉၅၈ အထိ ပုပ္ရဟန္းမင္းၾကီး အျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့ေသာ Pope Pius XII က Big Bang Theory သည္ သမၼာက်မ္းစာ၏ ဖန္ဆင္းျခင္း ဓမၼအေတြးအေခၚ ကို အေထာက္အပံံ့ေပးသည္ဟု ဆိုပါသည္။ တစ္ဖန္ နကၡတ္တာရာရူပေဗဒ ပညာရွင္ ေရာဘတ္ဂ်ဒ္စထေရာ (Robert Jastrow) က နကၡတ္တာရာသိပၸံ ေတြ႔ရွိခ်က္မ်ားသည္ သမၼာက်မ္းစာရွိ ကမၻာၾကီး၏အစ နွင့္ပတ္သက္ေသာ အျမင္မ်ားကို ျပန္လည္ဖြင့္ဟျပသေနသည္ ဟု ဆိုပါသည္။ သို႕ရာတြင္ သိပၸံပညာ အေျပာင္းအလဲတြင္ သိပၸံပညာနွင့္ ခရစ္ယာန္ ဓမၼအေတြးအေခၚတို႕အၾကား အျပန္အလွန္ ပရိပကၡအသြင္ေဆာင္မႈ၊ သီးျခားတည္ရွိသည္ ပတ္သက္စရာမရွိဟူေသာ သေဘာထား အျမင္မ်ားလည္း သိပၸံပညာရွင္မ်ား နွင့္ ခရစ္ယာန္မ်ား အၾကားတြင္ ရွိေနခဲ့ၾကပါသည္။

၂။ ပဋိပကၡအသြင္ ထိေတြ႕မႈ
          နကၡတ္တာရာ စၾကာၤ၀ဠာနွင့္ ပတ္သက္၍ သိပၸံပညာနွင့္ ခရစ္ယာန္ ဓမၼဒႆနိကနယ္ပယ္ နွစ္ခု အၾကား ပဋိပကၡအျမင္ျဖင့္ ပြတ္တိုက္မႈမ်ား ရွိခဲ့ၾကပါသည္။ စၾကာၤ၀ဠာၾကီးသည္ ဖန္ဆင္းျခင္းေၾကာင့္ မဟုတ္ဘဲ အေၾကာင္း အက်ိဳး တိုက္ဆိုင္၍ ေပၚေပါက္လာျခင္းျဖစ္သည္ ဟူေသာ ဖန္ဆင္းျခင္းကို လက္မခံသူမ်ား၏ ယူဆခ်က္ နွင့္ နႈိင္းရသီအိုရီသည္ သမၼာက်မ္းစာ၏ ဖန္ဆင္းျခင္းဆိုင္ရာအျမင္ နွင့္ Big Bang Theory ကို တူညီေစနိုင္သည္ ဟု ဆိုေသာ သမၼာက်မ္းစာကို အမွားအယြင္းမရွိဟု လက္ခံေသာ သူမ်ား၏ အျမင္မ်ားသည္ သိပၸံပညာနွင့္ ခရစ္ယာန္ ဓမၼဒႆနိကနယ္ပယ္ နွစ္ခု အၾကား ပဋိပကၡအသြင္ကို ေဆာင္ေစခဲ့ပါသည္။
၂.၁။ စၾကာၤ၀ဠာၾကီးသည္ အေၾကာင္း အက်ိဳး တိုက္ဆိုင္၍ ေပၚေပါက္လာျခင္းျဖစ္သည္ (A Universe by Chance)
          တစ္ခ်ိဳ႕ေသာ နကၡတ္တာရာ စၾကာၤ၀ဠာ ပညာရွင္မ်ားက ၄င္းတို႕သည္ အခ်ိန္၏သေဘာကို အကန္႕အသတ္မရွိနိုင္ ဟု ယူဆျခင္းျဖင့္ ဖန္ဆင္းျခင္းကို ေရွာင္ရွားနိုင္လိမ့္မည္ဟု ထင္မွတ္ထားၾကပါသည္။ အခ်ိန္နွင့္ေနရာ အကန္႕အသတ္ကို ျဖတ္ေက်ာ္၍ ဟိုက္ဒရိုဂ်င္ အက္တမ္မ်ားမွ တစ္ဆင့္ျပီးတစ္ဆင့္ စၾကာၤ၀ဠာႀကီး တစ္ခု ျဖစ္လာသည္အထိ ျဖည္းျဖည္းနွင့္ မွန္မွန္ ရုပ္လံုးေပၚလာသည္ ဟူေသာ steady-state theory ကို လက္ခံၾကပါသည္။ ဤသီအိုရီကိုလက္ခံေသာ နကၡတ္တာရာ ပညာရွင္ အမ်ားထဲမွ ထင္ရွားေသာ သူတစ္ဦးမွာ ဖရက္ဒ္ ဟိုင္း၀္း (Fred Hoyle) ဟု ေခၚေသာ ျဗိတိန္နိုင္ငံသား နကၡတ္တာရာ ပညာရွင္ျဖစ္ပါသည္။ သူ၏ လုပ္ေဖာ္ေဆာင္ဖက္မ်ားက ေနာက္ပိုင္းတြင္ steady-state theory ကုိ စြန္႕လႊတ္ခဲ့ၾကေသာ္လည္း ဖရက္ဒ္က တရားေသ ဆုပ္ကိုင္ထားခဲ့ပါသည္။ ၎၏အဆိုအရ  အဆိုပါ သီအိုရီသည္ သိပၸံနယ္ပယ္အတြက္သာမက ဖရက္ဒ္၏ ဘာသာမဲ့ယံုၾကည္မႈနွင့္လည္း ကိုက္ညီမႈရွိသျဖင့္ ဆုပ္ကိုင္ထားရျခင္းျဖစ္ပါသည္။
            စၾကာၤ၀ဠာၾကီးသည္ အေၾကာင္း အက်ိဳး တိုက္ဆိုင္၍ ေပၚေပါက္လာျခင္းျဖစ္သည္ ဟူေသာ အယူအဆကို အားေကာင္းေစေသာ အခ်က္ေနာက္တစ္ခ်က္မွာ စၾကာၤ၀ဠာအမ်ားအျပားရွိသည္ ဟူေသာ သီအိုရီမ်ား (Many-worlds theories) ေပၚထြက္လာရျခင္းေၾကာင့္ ျဖစ္ပါသည္။ ၎သီအိုရီမ်ားထဲမွ အခ်ိဳ႕ကို ေကာက္နႈတ္ေဖာ္ျပရေသာ္
# စၾကာၤ၀ဠာၾကီးသည္ တစ္ခုျပီး တစ္ခု ကြင္းဆက္လိုက္ ျဖစ္ေပးေနသည္ ဟူေသာ သီအိုရီ (Successive Cycles of an Oscillating Universe)

ယခု ကၽြနု္ပ္တို႔ေနထိုင္ေသာ စၾကာၤ၀ဠာၾကီးသည္ မဟာျဖစ္တည္မႈၾကီး (Big Bang) မွ အစျပဳကာ တျဖည္းျဖည္း ျပန္႔ကားလာကာ ယခုအေျခအေနသို႕ ေရာက္ရွိလာျခင္း ျဖစ္ပါသည္။ Big Bang မတိုင္မီ Big Crunch ဟုဆိုေသာ မဟာက်ံဳ႕၀င္မႈ ဟုဆိုနိုင္ေသာ အေျခအေနကို ေက်ာ္ျဖတ္လာျပီးမွသာ Big Bang စတင္လာျခင္းျဖစ္ပါသည္။ Big Bang ကို အျမဲျပန္႕ကားက်ယ္ျပန္႕လာေသာ စၾကာၤ၀ဠာၾကီး၏ အစ ဟု ဆိုရလ်ွင္ Big Bang ေၾကာင့္ ေပၚထြက္လာေသာ  
စၾကာၤ၀ဠာၾကီးကို Open Universe ဟု ဆိုနိုင္ပါသည္။ ျပန္႕ကားခ်ိန္ ျပီးဆံုးသြားလ်ွင္ က်ံဳ႕၀င္ခ်ိန္ကိုလည္း ၾကံဳရမည္ျဖစ္ပါသည္။၎က်ံဳ႕၀င္ျခင္း Big Crunch ကို Closed Universe ဟုဆိုနိုင္ပါသည္။ ဤသီအိုရီအရ စၾကာၤ၀ဠာၾကီးသည္ သံသရာစက္၀ိုင္းအတြင္းတြင္ ရွိေနျပီး Big Crunch ျပီးလ်ွင္ Big Bang၊ ထိုမွ တစ္ဆင့္ Big Crunch၊ ျပီးလ်ွင္ Big Bang အစ၇ွိသျဖင့္ ခရီးဆက္ေနရမည္ျဖစ္ပါသည္။ လက္ရွိ ကၽြနု္ပ္တို႕ ရွိေနေသာ စၾကာၤ၀ဠာၾကီးသည္ Open Universe ျဖစ္ပါသည္။
# စၾကာၤ၀ဠာအမ်ားအျပားရွိသည္ ဟူေသာ ကြမ္တမ္ သီအိုရီ (Many-Worlds Quantum Theory)
            အဆိုပါ သီအိုရီသည္ ၁၉၅၆ တြင္ ဟုခ်္ အဲဗရက္ (Hugh Everett) ဟုေခၚေသာ သခ်ာၤပညာရွင္ က ေဖာ္ထုတ္ခဲ့ေသာ သီအိုရီျဖစ္ပါသည္။ မေသခ်ာမေရရာမႈမ်ားသည္ အက္တမ္ တစ္လံုးအတြင္းတြင္ပင္ အခ်ိန္တိုင္း ရွိနိုင္ပါသည္။ ထို႕ေၾကာင့္ ႀကိဳတင္ခန္႕မွန္းလို႔မရနိုင္ေသာ အျဖစ္အပ်က္မ်ား စၾကာၤ၀ဠာၾကီးအတြင္းတြင္ ရွိပါသည္။ အခ်ိန္တိုင္းတြင္ ႀကံဳသလို ျဖစ္ပ်က္ေသာ အျဖစ္အပ်က္မ်ား ျဖစ္ေနပါသည္။ စၾကာၤ၀ဠာၾကီးသည္လည္း ျဖစ္နိုင္ေျခ အမ်ားအျပား ရွိပါသည္။ အဆိုပါ ျဖစ္နိုင္ေျခမ်ားအေပၚတည္၍ ထြက္လာနိုင္ေသာ ရလာဒ္မ်ား ေျမာက္မ်ားစြာရွိပါသည္။ ထို႕ေၾကာင့္ ဤ စၾကာၤ၀ဠာၾကီးမွသည္ စၾကာၤ၀ဠာေျမာက္မ်ားစြာ ေပၚထြက္လာနိုင္ပါသည္။ ပင္စည္တစ္ခုမွ အခက္ အရြက္ အပင္အသစ္ မ်ားစြာ ေပၚထြက္လာနိုင္ေသာ သစ္ပင္ကဲ့သို႔ျဖစ္သည္ဟု အဆိုပါ သီအိုရီက ဆိုပါသည္။
ဤသီအိုရီမ်ား အေျမာက္အမ်ား ထြက္ေပၚလာရျခင္းေၾကာင့္ စၾကာၤ၀ဠာၾကီးသည္ အေၾကာင္း အက်ိဳး တိုက္ဆိုင္၍ ေပၚေပါက္လာျခင္းျဖစ္သည္ ဟူေသာ အယူအဆသည္ ဖန္ဆင္းျခင္း ဓမၼအေတြးအေခၚကို ေက်ာ္လြန္၍ အားေကာင္းလာကာ သိပၸံပညာနွင့္ ခရစ္ယာန္ ဓမၼဒႆနိကနယ္ပယ္ နွစ္ခု အၾကား ပြတ္တိုက္မႈမ်ား ၾကီးထြားလာပါသည္။ သိပၸံရုပ္၀ါဒ ကို လက္ကိုင္ထားၾကသူမ်ားက စၾကာၤ၀ဠာၾကီးသည္ chance ဟုေခၚေသာ အေၾကာင္း အက်ိဳး၊ Necessity ဟုဆိုေသာ အေျခအေနတြန္းအားတို႕ေၾကာင့္သာ ေပၚထြန္းလာျခင္း ျဖစ္ျပီး ဘုရားသခင္၏ အံ့ၾသဖြယ္ လက္ရာေတာ္၊ ရည္ရြယ္ခ်က္တို႕ေၾကာင့္ မဟုတ္ေၾကာင္း အခိုင္အမာဆိုၾကပါသည္။
၂.၂။ ကမၻာဦးက်မ္းမွ အျဖစ္အပ်က္မ်ားႏွင့္ Big Bang အေျခအေနကို အပ္စပ္ျခင္း
            နကၡတ္တာရာ စၾကာၤ၀ဠာကို အေၾကာင္းျပဳ၍ သိပၸံပညာနွင့္ ခရစ္ယာန္ ဓမၼဒႆနိကနယ္ပယ္ နွစ္ခု အၾကား ပဋိပကၡ ျဖစ္စဥ္တြင္ သိပၸံနယ္ပယ္၏ အျမင္မ်ားေၾကာင့္ ပဋိပကၡအသြင္ေဆာင္ခဲ့ရသလို သမၼာက်မ္းစာသည္ အမွားအယြင္းမရွိဟု တစ္ဖက္ပိတ္လက္ခံသူ ခရစ္ယာန္မ်ား၏ အျမင္မ်ားေၾကာင့္လည္း ပဋိပကၡအသြင္ေဆာင္ခဲ့ရျခင္း   ျဖစ္ပါသည္။ ၁၆- ၁၇ ရာစု  ကိုပါးနီးကပ္စ္ နွင့္ ဂယ္လီလီယို တို႔ေခတ္ လက္ထက္ကပင္ ၎တို႔၏ ေတြ႕ရွိခ်က္မ်ားသည္ သမၼာက်မ္းစာ နွင့္ အသင္းေတာ္ကို ဆန္႕က်င္သည္ဟု ယူဆျပီး ကြပ္မ်က္ခဲ့ၾကျပီးေနာက္ ၁၉ ရာစု သို႕ ေရာက္ရွိလာေသာအခါ သမၼာက်မ္းစာကို ဤ သည္မေရြး ဖတ္ရွဴ လက္ခံၾကသူမ်ားက ကမၻာၾကီး၏ သက္တမ္းသည္
ႏွစ္ေပါင္းေထာင္ခ်ီ၍သာ ရွိေသးေၾကာင္း ေျပာဆိုလာၾကပါသည္။ ဤသည္မွာ ေက်ာက္ျဖစ္ရုပ္ၾကြင္းေတြ႕ရွိခ်က္မ်ား၊ ဘူမိေဗဒ ေတြ႕ရွိခ်က္မ်ား နွင့္ ကြဲလြဲနိုင္ေသာ္လည္း အဆိုပါ သမၼာက်မ္းစာကို ဤ သည္မေရြး ဖတ္ရွဴ လက္ခံၾကသူမ်ားက နကၡတ္တာရာ စၾကာၤ၀ဠာေဗဒနွင့္ ကြဲလြဲမႈ မရွိနိုင္ေၾကာင္းဆိုၾကပါသည္။ 


            ဂ်ရဲလ္ စကိုအီဒါ (Gerald Schroeder) ဟုေခၚေသာ ဂ်ဴးဘာသာ၀င္ သိပၸံကညာရွင္က သူ၏ Genesis and the Big Bang  ဟု အမည္ရေသာ သူ၏ စာအုပ္ထဲတြင္ ကမၻာဦးက်မ္းတြင္ ေဖာ္ျပထားေသာ ၆ရက္တာျဖင့္ ကမၻာၾကီးကို ဖန္ဆင္းျခင္းသည္ ဘုရားသခင္၏ အခ်ိန္ စေကး ျဖစ္ျပီး နွစ္ေပါင္း ၁၅ ဘီလီယံ သည္ လူသားတို႕၏ အခ်ိန္စေကး ျဖစ္ေၾကာင္းေဖာ္ျပခဲ့ပါသည္။ ဤသေဘာသဘာ၀သည္ အိုင္းစတိုင္း၏ နိႈင္းရသေဘာ (Special Theory of Relativity) အရ အခ်ိန္၏ တသတ္မတ္ မျဖစ္မႈ၊ က်ံဳ႕နိုင္ ဆန္႔နိုင္မႈ၊ အခ်ိန္၏ သေဘာကို အသံုးခ်၍ သမၼာက်မ္းစာ၏ ဖန္ဆင္ျခင္းသည္ ဘုရားသခင္၏ အခ်ိန္အေပၚအေျခခံျခင္းျဖစ္ေၾကာင္း ေထာက္ျပပါသည္။
            ဟုခ်္ ေနာ္မန္္ ေရာ့စ္ (Hugh Norman Ross) ဟု ေခၚေသာ ကေနဒါ လူမ်ိဳး ဧ၀ံေဂလိ အားသန္သူ နကၡတ္တာရာ စၾကာၤ၀ဠာေဗဒ ပညာရွင္ က ဘုရားသခင္သည္ ဖန္ဆင္းျခင္းမတိုင္ခင္ လုပ္ေဆာင္ခဲ့ေသာ အမႈမ်ားစြာရွိေၾကာင္း ဆိုပါသည္။ ဥပမာျဖင့္ဆိုရေသာ္ ၁ေပတရု ၁း၂၀ တြင္ ေဖာ္ျပထားသလို ခရစ္ေတာ္ကို ကမၻာမတည္မရွိခင္ကတည္းက ခန္႔ထားသည္ ဆိုေသာ အရာသည္ ေရာ့စ္ ေထာက္ျပေသာ ဖန္ဆင္းျခင္းမတိုင္ခင္ ဘုရားသခင္ လုပ္ေဆာင္ခဲ့ေသာ အမႈတစ္ခုျဖစ္ပါသည္။ ဤသည္ကို ၾကည့္ျခင္းျဖင့္ ဘုရားသခင္သည္ အခ်ိန္၏ ျပင္ပ မ်က္နွာျပင္ တစ္ခု၊ ျဖစ္နိုင္စြမ္း၏ အျခားတစ္ဖက္၊ ရုပ္တၱိေဗဒ ၏ အလြန္တြင္ရွိေၾကာင္း ဆိုပါသည္။ ထို႕ေၾကာင့္ ဘုရားသခင္သည္ လူသား၏ နားလည္မႈ၊ သဘာ၀တရား၏ အေျခခံသေဘာတို႔ကို လြန္၍ အျခားမ်က္နွာျပင္ တစ္ဖက္မွ စြမ္းေဆာင္နိုင္ေၾကာင္းဆိုပါသည္။ ခရစ္ေတာ္ ကမၻာ၏ ဆြဲအားကို ဆန္႔က်င္၍ ေရေပၚတြင္ လမ္းေလွ်ာက္ျခင္းသည္ အဆိုပါ သေဘာျဖစ္သည္ ဟုဆိုပါသည္။
ထို႕ေၾကာင့္ အေၾကာင္း အက်ိဳး ဆက္ႏြယ္၍ နကၡတ္တာရာ စၾကာၤ၀ဠာကို နားလည္ျခင္းသည္ လူသား၏ ရႈေထာင့္သာ ျဖစ္ျပီး ဘုရားသခင္၏ ရႈေထာင့္ မဟုတ္ေပ။ သို႔အတြက္ သမၼာက်မ္းစာ၏ ၆ ရက္တာ ဖန္ဆင္းျခင္း နားလည္မႈသည္ ဘုရားသခင္၏ ရႈေထာင့္ျဖစ္ေၾကာင္းဆိုပါသည္။
            အခ်ဳပ္ဆိုရေသာ္ စၾကာၤ၀ဠာၾကီးနွင့္ ပတ္သက္၍ သိပၸံဆိုင္ရာ အသစ္ေသာ နားလည္မႈ ေပၚထြက္လာေသာ အခါ သိပၸံပညာနွင့္ ခရစ္ယာန္ ဓမၼဒႆနိကနယ္ပယ္အၾကား ပဋိပကၡအျမင္ျဖင္႔ ပြတ္တိုက္ခဲ့ပါသည္။ သိပၸံပညာဖက္မွလည္း သိပၸံရုပ္၀ါဒကို အေျခခံ၍ စၾကာၤ၀ဠာကို အေၾကာင္း အက်ိဳး၊ အေျခအေနတြန္းအားတို႔ အေပၚ ပံုေဖာ္ကာ ဘုရားသခင္၏ အံ့ၾသဖြယ္ လက္ရာေတာ္၊ ရည္ရြယ္ခ်က္တို႕ကို လ်စ္လ်ဴရႈသကဲ့သို႔ သမၼာက်မ္းစာကို ဤ သည္ မေရြး လက္ခံသူမ်ားကလည္း သမၼာက်မ္းစာ၏ ၆ ရက္တာ ဖန္ဆင္ျခင္းသည္ မွန္ကန္ေၾကာင္း သက္ေသျပရန္ ၾကိဳးစားကာ နယ္ပယ္ နွစ္ခုအၾကား ပဋိပကၡအသြင္ ေဆာင္ခဲ့ပါသည္။
၃။ သီးျခားရပ္တည္မႈ       
            စၾကာၤ၀ဠာ နကၡတ္တရာ သိပၸံ၏ Big Bang အျမင္ တိုးတက္လာေသာအခါ သိပၸံနွင့္ ဘာသာတရားသည္ ပဋိပကၡအသြင္ေဆာင္၍ ထိေတြ႕မႈမ်ား ရွိသကဲ့သို႔ ၎တို႔နွစ္ခု သည္ ဆက္စပ္မႈမရွိ၊ သီးျခားရပ္တည္သည္ဟု လက္ခံၾကသူမ်ားလည္း ရွိပါသည္။ အထူးသျဖင့္ ခရစ္ယာန္ ဓမၼသေဘာ၏ ဖန္ဆင္းျခင္းအျမင္ကို ကိုင္စြဲလ်က္ သိပၸံပညာ၏ စၾကာၤ၀ဠာ နကၡတ္တရာဆိုင္ရာ တိုးတက္မႈသည္ ဘာသာတရားနွင့္ မဆိုင္ဟု လက္ခံျခင္းျဖင့္ သီးျခားရပ္တည္မႈသေဘာကို ပံုေဖာ္လာၾကပါသည္။
၃.၁။ ဖန္ဆင္းျခင္း၏ ဓမၼအဓိပၸါယ္         
            ကမၻာဦးက်မ္းတြင္ ဘုရားသခင္၊ ကမၻာၾကီး နွင့္ပတ္သက္၍ ဓမၼအဓိပၸါယ္ ၃ ခုရွိေၾကာင္း ေတြ႕ရပါသည္။ ပထမ အခ်က္မွာ ဘုရားသခင္ဖန္ဆင္းေသာ ကမၻာေလာကၾကီးမွာ အစီအစဥ္ တက်ရွိျပီး လွပ ေကာင္းမြန္ပါသည္။ ဒုတိယ အခ်က္မွာ ကမၻာေလာကၾကီးသည္ ဘုရားသခင္အေပၚ လံုးလံုးလ်ားလ်ား မွီခိုပါသည္။ တတိယ အခ်က္မွာ ဘုရားသခင္သည္ သတၱကမၻာၾကီးနွင့္ ပတ္သက္၍ အခ်ဳပ္အျခာအာဏာ ပိုင္စိုး၍ ဘုရားသခင္၏ အလိုေတာ္ ရည္ရြယ္ခ်က္ျဖင့္ ေလာကၾကီးကို ဖန္ဆင္းထားပါသည္။ အဆိုပါ ဓမၼအဓိပၸါယ္သည္ အခ်ိန္၏ လားရာနွင့္ သက္ဆိုင္မႈမရွိဘဲ ဘုရားသခင္နွင့္ လူသားတို႕အၾကား တည္ရွိေနေသာ နားလည္မႈျဖစ္ပါသည္။
            ထို႔အျပင္ ဖန္ဆင္းျခင္း ဓမၼအေတြးအေခၚသည္ ကမၻာၾကီး၏ မူလအစ ဟူေသာ သေဘာတစ္ခုတည္းျဖင့္ နားလည္ရန္မဟုတ္ဘဲ၊ ဖန္ဆင္းျခင္း နွင့္ ကယ္တင္ျခင္း လြတ္ေျမာက္ျခင္း ဆက္စပ္နားလည္ရန္ လိုအပ္ပါသည္။ ဣသေရလလူမ်ိဳးမ်ား အဲဂုတၳဳျပည္တြင္ ကၽြန္ခံေနရာမွ လြတ္ေျမာက္ျပီး၊ သိနေတာင္ေပၚတြင္ ပဋိညာဥ္ ျပဳျပီး သကာလ ထို ပဋိညာဥ္ ယံုၾကည္မႈသည္ ျပန္႔နွံ႔လာျပီး ဘုရားသခင္ကို သဘာ၀၏ အရွင္သခင္၊ သမိုင္း၏ အရွင္သခင္ အျဖစ္ ၀တ္ျပဳကိုးကြယ္လာသည့္ ဘီစီ ၅ ရာစု ေရာက္မွသာ ကမၻာဦးက်မ္း အခန္းၾကီး ၁ ကို စတင္ေရးသားသည္ဟု ပညာရွင္ အမ်ားစုက ဆိုၾကပါသည္။ ေဟရွာယအနာဂတၱိက်မ္းတြင္ ဘုရားသခင္သည္ ဣသေရလလူမ်ိဳးတို႕၏ ဖန္ဆင္းရွင္သာမက လူသားတစ္မ်ိဳးႏြယ္လံုး ၏ ဖန္ဆင္းရွင္ ျဖစ္ေၾကာင္းဆိုပါသည္။ အနာဂတ္တြင္ လူသားမ်ားကို လြတ္ေျမာက္ေစမည့္ အေၾကာင္း ေဟရွာယအနာဂတၱိက်မ္းတြင္ ေဖာ္ျပထားပါသည္။ (ေဟရွာယ ၄၀၊၄၅။၄၉) ဓမၼသစ္က်မ္းတြင္လည္း ဖန္ဆင္းျခင္းသည္ လြတ္ေျမာက္ျခင္း နွင့္ ခြဲျခားမရေၾကာင္းေတြ႕ရပါသည္။ ရွင္ေယာဟန္ခရစ္၀င္ က်မ္းအစတြင္  ေဖာ္ျပထားသည္မွာ “အစဦး၌ နႈတ္ကပတ္ေတာ္ရွိ၏။…..နႈတ္ကပတ္ေတာ္သည္ ခပ္သိမ္းေသာ အရာတို႕ကို ဖန္ဆင္းေတာ္မူ၏” ဟူ၍ ဖန္ဆင္းျခင္းကို ေဖာ္ျပသလို၊ “နႈတ္ကပတ္ေတာ္သည္ လူ႕ဇာတိအျဖစ္ကို ခံယူသည္ (the Word becomes flesh)” ဟူေသာ ခရစ္ေတာ္ လူ့ေလာကတြင္ အသက္ရွင္ျခင္း ေသဆံုးျခင္း၏ အရင္းျဖစ္ေသာ ကယ္တင္ျခင္းသေဘာကို တြဲလ်က္ ဖြင့္ဆိုထားသည္ကို ေတြ႕ရပါသည္။
            ေအဒီ ၄ ရာစုတြင္ ထင္ရွားေသာ ဓမၼဒႆနိက ပညာရွင္ စိန္႕ၾသဂတ္စတင္းက ကမၻာဦးက်မ္းကို လံုးေကာက္ နားလည္မႈ ပံုစံျဖင့္ နားလည္ျခင္းထက္ ရူပအလကၤာ ေျမာက္စြာ နားလည္ရန္ ဆိုပါသည္။ သူက ဖန္ဆင္းျခင္းသည္ အခ်ိန္တစ္ခုတြင္ ျပဳလုပ္ေသာ အျဖစ္အပ်က္ ပံုစံျဖင့္ နားလည္ရန္မလိုဘဲ အခ်ိန္သည္သာလ်ွင္ ဘုရားသခင္ ကမၻာၾကီးကို ဖန္ဆင္းရာတြင္ တြဲလ်က္ ဖန္ဆင္းေသာ အရာတစ္ခုအျဖစ္နားလည္ရန္ ဆိုပါသည္။ ထို႕ေၾကာင့္ ဖန္ဆင္းျခင္းသည္ အခ်ိန္အေပၚမူတည္၍ ျပဳလုပ္ေသာ လက္ရာ မဟုတ္ဘဲ၊ အခ်ိန္ကိုပါ ဖန္ဆင္းကာ ကမၻာေလာကၾကီးကို ဘုရားသခင္က ဆက္လက္ ဖန္ဆင္း ထိန္းသိမ္းသြားသည္ ဟုဆိုပါသည္။
            ထို႕ေၾကာင့္ ဖန္ဆင္းျခင္း၏ ဓမၼအဓိပၸါယ္သည္ ဘုရားသခင္၏ လက္ရာ၊ ရည္ရြယ္ခ်က္ ျဖစ္ျပီး၊ ဘုရားႏွင့္ လူသားတို႕အၾကား ဆက္ႏြယ္မႈကို နားလည္ရန္ လိုအပ္သလို ဖန္ဆင္းျခင္းကိုလည္း ကယ္တင္ျခင္း လြတ္ေျမာက္ျခင္းသေဘာနွင့္ ဆက္စပ္နားလည္ရန္ လိုအပ္ပါသည္။ ဖန္ဆင္းျခင္းတြင္ အခ်ိန္၏ အခန္းက႑ကို လ်စ္လ်ဴရႈလိုက္ျခင္းျဖင့္ သိပၸံသေဘာတြင္ ေဖာ္ျပေနေသာ စၾကာၤ၀ဠာၾကီး၏ ၁၅ဘီလီယံ သက္တမ္းသည္ ဓမၼသေဘာနွင့္ မဆိုင္ဟု သီးျခားရပ္တည္လိုက္ျခင္း ျဖစ္ပါသည္။
၃.၂။ ဖန္ဆင္းျခင္း ဒ႑ာရီမ်ား၏ လုပ္ေဆာင္ပံု 


            လူမ်ိဳးတိုင္း လူမ်ိဳးတိုင္းတြင္ ဖန္ဆင္းျခင္း ဒ႑ာရီမ်ားရွိေနတတ္ပါသည္။ ၎ဒ႑ာရီမ်ားသည္ လူသားတို႕၏ ဘ၀မ်ားထဲမွ ေပၚထြက္လာျခင္းျဖစ္ျပီး သိပၸံသေဘာကဲ့သို႕ တိက်မွန္ကန္ျခင္းမ်ိဳးမဟုတ္ေပ။ သို႕ရာတြင္ အဖိုးမျဖတ္နိုင္ေသာ သင္ယူစရာမ်ား၊ ဘ၀ဒႆနမ်ား၊ ကမၻာၾကီးကို နားလည္ပံုမ်ားကို အဆိုပါ ဒ႑ာရီမ်ားတြင္ ေတြ႕ရွိနိုင္ပါသည္။
            ဣသေရလ လူမ်ိဳးမ်ားကဲ့သို႔ပင္ ေဘဘီလိုနီးယန္း ဟု ဆိုၾကေသာ မီဆိုပိုေတးမီးယား ေဒသတြင္  ေနထိုင္ၾကေသာ လူမ်ိဳးမ်ားတြင္လည္း ဖန္ဆင္းျခင္း ဒ႑ာရီမ်ားရွိၾကပါသည္။ ၎တို႔၏ ဒ႑ာရီမ်ားသည္လည္း သမၼာက်မ္းစာအတြင္းရွိ “ဘာမ်ွမရွိ၊ လြတ္လပ္လဟာ ေရမ်က္နွာျပင္ (a primeval watery chaos)” ဟူေသာ ဖန္ဆင္းျခင္း မစခင္ အျဖစ္အပ်က္မ်ားကဲ့သို႔ပင္ အတူတူ အစျပဳၾကသည္ကို ေတြ႕ရပါသည္။ သို႕ရာတြင္ ၎တို႔နွင့္ သမၼာက်မ္းစာလာ ဖန္ဆင္းျခင္း မတူညီသည္မွာ သမၼာက်မ္းစာတြင္ ဘုရားသခင္၏ အခ်ဳပ္အျခာအာဏာ ပိုင္စိုးမႈ၊ လူသား ဂုဏ္သိကၡာတို႕အေၾကာင္းေတြ႕ရပါသည္။ ေဘဘီလိုနီးယန္း ဖန္ဆင္းျခင္း ဒ႑ာရီမ်ားတြင္ လူသားသည္ ဘုရားမ်ား၏ အေစခံကၽြန္လုပ္ရန္အတြက္ ဖန္ဆင္းျခင္း ျဖစ္ျပီး ကမၻာဦးက်မ္းတြင္ လူသားသည္ ဘုရားသခင္၏ အထူးဖန္ဆင္းမႈလက္ရာ ျဖစ္ေၾကာင္း ေတြ႕ရပါသည္။ ဣသေရလ လူမ်ိဳး နွင့္ ေဘဘီလိုနီးယန္းတို႕၏ ယံုၾကည္မႈအရ ဖန္ဆင္းျခင္း ဒ႑ာရီမ်ား ကြဲလြဲနိုင္ေသာ္လည္း ၎တို႕တြင္ ေတြ႕ရေသာ ဒ႑ာရီ၏ အခန္းက႑၊ လူသားလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးမႈအပိုင္း၌ တူညီမႈရွိသည္ကို ေတြ႕ရပါသည္။ ဣသေရလ လူမ်ိဳးသည္လည္း ၎တို႕၏ ဘ၀အေတြ႕အၾကံဳ၊
ဒႆနိကအေပၚ မူတည္၍ တည္ေဆာက္သကဲ့သို႕ ေဘဘီလိုနီးယန္းတို႕သည္လည္း ထိုနည္းတူပင္ျဖစ္ပါသည္။  
            ခရစ္ယာန္ ယံုၾကည္မႈတြင္ ဣသေရလ လူမ်ိဳးတို႔၏ ဖန္ဆင္းျခင္းဆိုင္ရာ အျမင္မ်ား ကိန္း၀ပ္ေနသည္မွာ  ျငင္းစရာမလိုေပ။ သမၼာက်မ္းစာတြင္ေတြ႕ရေသာ ဖန္ဆင္းျခင္းဆိုင္ရာ အေၾကာင္းအရာမ်ားတြင္ ဣသေရလ လူမ်ိဳးတို႔၏ ဘ၀အေတြ႕အၾကံဳမ်ား ထင္ဟပ္ေနမည္ျဖစ္ပါသည္။ ဣသေရလ လူမ်ိဳးတို႔၏ ဘုရားအေပၚ မွီခိုမႈ၊ အသက္နွင့္ ဘ၀ ကိုနားလည္မႈ၊ သတၱကမၻာၾကီး ဆက္နြယ္မႈ အစရွိသည္တို႕အေပၚ တည္ေဆာက္ခဲ့ေသာ ခရစ္ယာန္တို႕၏ ဖန္ဆင္းျခင္း နားလည္မႈသည္ ထိုေခတ္က ဘာသာတရားဆိုင္ရာ နားလည္မႈ၊ သမိုင္းတြင္ ရွိခဲ့ေသာ လူသားတို႕၏ ဘ၀ဒႆနပိုင္းဆိုင္ရာ နားလည္မႈ၊ ထိုေခတ္အခါက စၾကာၤ၀ဠာဆိုင္ရာ နားလည္မႈတို႕၏ ေပါင္းစုမႈ ျဖစ္ျပီး တိုးတက္လာေသာ သိပၸံပညာနွင့္ လားလားမ်ွ မအပ္စပ္ေပ။ Big Bang နားလည္မႈသည္ ဖန္ဆင္းျခင္း ဒ႑ာရီမ်ားအေပၚ တည္ေဆာက္ထားျခင္းမဟုတ္ေပ။
            ဤသို႕ျဖင့္ “စၾကာၤ၀ဠာ နကၡတ္တာရာ သိပၸံ နွင့္ ဖန္ဆင္းျခင္းသည္ ပဋိပကၡျဖစ္စရာမလိုေပ။ အေၾကာင္းမွာ နယ္ပယ္နွစ္ခု သီးျခားျဖစ္တည္ေနျခင္းေၾကာင့္ ျဖစ္သည္” ဟု  ဆိုၾကသူမ်ား ရွိလာခဲ့ပါသည္။ ဤအျမင္ကို လက္ကိုင္ထားၾကသူ ခရစ္ယာန္မ်ားက ဖန္ဆင္းျခင္း၏ ဓမၼအဓိပၸါယ္ျဖင္႔ သီးျခားျဖစ္တည္မႈကို ေထာက္ျပၾကသကဲ့သို႕ အျခားတစ္ဖက္တြင္လည္း ဖန္ဆင္းျခင္း ဒ႑ာရီမ်ား၏ ေနာက္ခံ  ေရခံေျမခံမ်ားျဖင့္ သီးျခားျဖစ္တည္မႈကို ေထာက္ျပၾကပါသည္။
၄။ ဒိုင္ယာေလာ့ဂ္ အျမင္
          အျပန္အလွန္ ေဆြးေႏြး ျခင္းျဖင့္ နယ္ပယ္တစ္ခု အေၾကာင္းကို ပိုမို နားလည္ ျမင္သာ လာကာ ဤနယ္ပယ္နွစ္ခု အၾကား တူညီမႈ မ်ားကို ရွာေဖြလာနိုင္မည္ ဟူေသာ ရည္ရြယ္ခ်က္ျဖင့္ စၾကာၤ၀ဠာ နကၡတ္တာရာ သိပၸံ နွင့္ ဖန္ဆင္းျခင္း ဟူေသာ ေခါင္းစဥ္ေအာက္တြင္ ေဆြးေႏြးၾကသူမ်ားလည္း ရွိပါသည္။ ၎တို႔က စၾကာၤ၀ဠာၾကီး၏ ျဖစ္နိုင္ေခ်ရွိမႈမ်ား အေပၚ ေမးခြန္းထုတ္ၾကျခင္း ျဖစ္ပါသည္။
၄.၁။ စၾကာၤ၀ဠာၾကီး၏ ျဖစ္နိုင္ေခ်မ်ား    
            သိပၸံနွင့္ ဓမၼအေတြးအေခၚ နယ္ပယ္ နွစ္ရပ္၏ သိလိုမႈ၊ စၾကာၤ၀ဠာၾကီး အဆိုးဖက္သို႕ ဦးတည္ေနျပီလား ဟူေသာ စိုးရိမ္မႈတို႕က အဆိုပါ နယ္ပယ္ နွစ္ရပ္ကို စုစည္းေစခဲ့ျခင္းျဖစ္ပါသည္။
# စၾကာၤ၀ဠာၾကီး၏ တည္ရွိမႈဆိုင္ရာ ျဖစ္နိုင္ေျခ
            ဘုရားသခင္သည္ စၾကာၤ၀ဠာၾကီးကို ဘာမ်ွမရွိသည့္ အေျခအေနမွ ဖန္ဆင္းပါသည္ (Creation out of 
nothing) ဟု ဆိုေသာ ဖန္ဆင္းျခင္းဆိုင္ရာ ဓမၼအျမင္နွင့္ ပတ္သက္၍ ဓမၼဒႆနိကပညာရွင္မ်ား ေမးခြန္းထုတ္ၾကသည္မွာ “အဘယ္ေၾကာင့္ ဘာမ်ွမရွိသနည္း?” ထို႕အတူ သိပၸံပညာ ဖက္မွလည္း စူးစမ္းလာသည္မွာ စၾကာၤ၀ဠာၾကီးသည္ အခ်ိန္၏ ကန္႕သတ္မႈအတြင္း ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ၊ ၎၏ တည္ရွိမႈအလံုးစံု ကို သူ႕ဘာသာအေလ်ာက္ လူသားမ်ား သိလာရျခင္းမဟုတ္ေပ။ အကယ္၍ ယခု လက္ခံထားေသာ Big Bang သည္ပင္ စၾကာၤ၀ဠာၾကီး၏ တည္ရွိမႈ အစဟု ေသခ်ာလ်ွင္ပင္ တျခား တည္ရွိမႈဆိုင္ရာ ျဖစ္နိုင္ေခ်မ်ား ရွိနိုင္ပါေသးသည္။ ဤစၾကာၤ၀ဠာၾကီးသည္ တစ္ခုတည္း  ျဖစ္တည္ေသာ စၾကာၤ၀ဠာၾကီးဟု ဆိုလင့္ကစား အရင္တုန္းက ဤစၾကာၤ၀ဠာၾကီးမတိုင္ခင္ စၾကာၤ၀ဠာၾကီးတစ္ခု ရွိခဲ့သလား၊ မရွိခဲ့သလား သက္ေသ မျပနိုင္ေပ။ ထို႕ေၾကာင့္ နယ္ပယ္နွစ္ခု၏ သိလိုမႈစြမ္းအားသည္ ဒိုင္ယာေလာ့ဂ္ ျပဳလုပ္ရန္ အေျခခံျဖစ္လာခဲ့ပါသည္။
# ျဖစ္နိုင္ေျခ အျဖစ္အပ်က္မ်ား
            အကယ္၍ ယခု စၾကာၤ၀ဠာၾကီးသည္ ေနာက္ျပန္မလွည့္နိုင္ေသာ အျဖစ္အပ်က္မ်ား တစ္ခုျပီး တစ္ခု ျဖစ္ေပၚေနသည္ ဟု ယူဆပါက တစ္ခ်ိန္တြင္ ဗလာနတၱိေသာ ဟင္းလင္းျပင္အျဖစ္ ေရာက္ရွိသြားပါလိမ့္မည္။ ထိုအခါ ဘုရားသခင္၏ ဖန္ဆင္းျခင္းသည္ ဗလာနတၱိ မွ ဗလာနတၱိသို႕ ေရာက္ရွိသြားမည္ ျဖစ္သည္။ တနည္းအားျဖင့္ အဓိပၸါယ္ မဲ႔ရာမွ အဓိပၸါယ္ မဲ႔ရာသို႕ ျပန္လည္ ေရာက္ရွိသြားမည္သာျဖစ္ပါသည္။ Heat Death ဟုဆိုေသာ ေလာင္ကၽြမ္းပ်က္စီးမည့္ အေျခအေနကို ေရာက္ရွိသြားမည္ ျဖစ္ပါသည္။ အဆိုပါ အေျခအေနသို႕ ေရာက္ရန္ ၾကိဳတင္ ျပဌာန္းျခင္း ခံျပီးျပီလား ဟု ေမးခြန္းထုတ္စရာရွိလာပါသည္။ ဓမၼသေဘာဖက္မွလည္း အလြန္ေကာင္းေပ၏ ဟုဆုိကာ ဖန္ဆင္းခဲ့ေသာ၊ မိမိ၏ တစ္ပါးတည္းေသာသားေတာ္ကို စြန္႕၍ ေလာကၾကီးကို ကယ္တင္ခဲ့ေသာ ဘုရားသခင္၏ ေနာက္ဆံုးပန္းတိုင္မွာ ပ်က္စီးျခင္းေလာ ဟု ေမးခြန္းထုတ္စရာ ရွိလာပါသည္။
            ထိုအေျခအေနကို ေက်ာ္လႊားနိုင္ရန္ ျဖစ္နိုင္ေခ် ရွိပါသည္။ သိပၸံပညာဖက္မွလည္း cosmic engineering ဟု ဆိုေသာ စၾကာၤ၀ဠာၾကီးကို ထိန္းသိမ္းနိုင္ေသာ ပညာ ေတာင္းဆိုမႈမ်ားရွိလာသကဲ့သို႕ ဓမၼသေဘာဖက္မွလည္း ဘုရားသခင္၏ စၾကာၤ၀ဠာဆိုင္ရာ ဘ႑ာထိန္းေကာင္းဟူေသာ အျမင္သည္ နယ္ပယ္နွစ္ခု ဒိုင္ယာေလာ့ဂ္လုပ္ရန္ အစျပဳလာၾကျခင္းျဖစ္ပါသည္။
၅။ ႏွစ္ဖက္အျမင္မ်ားကို စုစည္းျပီး ပိုမိုေကာင္းမြန္ေစျခင္း  
            တိုးတက္ေျပာင္းလဲလာေသာ စၾကာၤ၀ဠာ နကၡတ္တာရာ သိပၸံ Big Bang အေပၚအေျခခံ၍ သိပၸံနွင့္ ဓမၼဒႆနိက နယ္ပယ္သည္ ရန္ဖက္အသြင္ စတင္ထိေတြ႕ရာမွ ေနာက္ပိုင္းတြင္ Big Bang ႏွင့္ ဖန္ဆင္းျခင္း သက္ဆိုင္မႈ မရွိဟု သီးျခားရပ္တည္ခဲ့ပါသည္။ ထိုမွ ေနာက္တစ္ဆင့္ ဒိုင္ယာေလာ့ဂ္လုပ္လာခဲ့ျပီး ၎ကိုအေျခခံကာ ပိုမိုေကာင္းမြန္ေသာ နွစ္ဖက္ အျမင္မ်ားကို တည္ေဆာက္နိုင္ခဲ့ပါသည္။


၅.၁။ ဘုရားသခင္ အေပၚ နားလည္မႈပံုစံ
            ခရစ္ယာန္တို႕၏ ဘုရားသခင္အေပၚ နားလည္မႈမွာ ပုဂၢလိက သေဘာ ဆန္ပါသည္။ ဘုရားသခင္သည္ အဖ၊ ေစာင့္ထိန္းရွင္၊ အသက္ကို ေပးပိုင္သူ အစရွိသျဖင့္ နားလည္ၾကပါသည္။ သိပၸံသေဘာဖက္မွ ျပန္လည္ရႈျမင္ျခင္းျဖင့္ ဘုရားသခင္အေပၚ နားလည္မႈကို တိုး၍ နားလည္နိုင္မည္ျဖစ္ပါသည္။ ကၽြနု္ပ္တို႕သည္ ဘုရားသခင္ ကို ပုဂၢလိကသေဘာထက္ တိုး၍ နားလည္နုိင္ရန္ လိုအပ္ပါသည္။ အီလက္ထရြန္တစ္ခုကို အမႈန္ျဖင့္ေဖာ္ျပ၍ ရနိုင္သလို လႈိင္းပံုစံျဖင့္ ေဖာ္ျပ၍ ရနိုင္ပါသည္။ ထိုနည္းတူစြာ ဘုရားသခင္ကိုလည္း ကၽြန္ုပ္တို႕ ပုဂၢလိကသေဘာျဖင့္ နားလည္ရန္လိုအပ္သကဲ့သို႕ ပုဂၢလိကသေဘာမဟုတ္ေသာ ဓမၼ၊ စြမ္းအင္ အျမင္ျဖင့္ နက္ရိႈင္းစြာ နားလည္နိုင္ရန္ လိုအပ္ပါသည္။
            သမၼာက်မ္းစာတြင္ေဖာ္ျပေသာ ဘုရားသခင္၏ နႈတ္ကပတ္ေတာ္ (Word/ Logos) သေဘာကို Big Bang စၾကာၤ၀ဠာေဗဒတြင္ နားလည္ေသာ သတင္းအခ်က္အလက္မ်ားကို စုစည္း၊ ဆက္သြယ္ျခင္း(Communication of information) သေဘာျဖင့္ နားလည္နိုင္လ်ွင္ ပိုမိုနက္ရႈိင္းေသာ ဓမၼသေဘာကို သိျမင္လာမည္ ျဖစ္ပါသည္။ သတင္းအခ်က္အလက္မ်ားကို စုစည္းဆက္သြယ္ျခင္းသည္ ကြန္ျပဴတာ ကြန္ယက္တြင္လည္းေကာင္း၊ လူသားတို႕၏ DNA စနစ္တြင္ လည္းေကာင္း အလြန္ပင္ အေရးပါပါသည္။ ဤသို႕ စုစည္းဆက္သြယ္ျခင္းသည္ အခ်က္အလက္မ်ားကို သက္ဆိုင္ရာသို႕ ပို႔ျခင္း၊ လက္ခံျခင္း တို႕အျပင္၊ သတင္းစကားကို ပိုမိုက်ယ္ျပန္႕ေသာ ကြန္ယက္တြင္ ျဖန္႕က်က္ျခင္း တို႕ပါ၀င္ပါသည္။ ဘုရားသခင္၏ နႈတ္ကပတ္ေတာ္သည္ သတင္းအခ်က္အလက္မ်ားကို စုစည္း၊ ဆက္သြယ္သူျဖစ္ပါသည္။ သမၼာက်မ္းစာတြင္ေဖာ္ျပေသာ ဘုရားသခင္၏ နႈတ္ကပတ္ေတာ္ သေဘာ သည္ ဖန္ဆင္းျခင္းတစ္ရပ္လံုးတြင္ စိမ့္၀င္လ်က္ ကယ္တင္ျခင္းသေဘာကို ဆက္သြယ္ ျဖန္႕က်က္ ကြန္ယက္ျပဳလ်က္ ခ်စ္ျခင္းေမတၱာျဖင့္ ေသြးေဆာင္ေနမည့္ သေဘာျဖစ္ေပသည္။
၅.၂။ လူသားမ်ားအေပၚ နားလည္မႈပံုစံ
            စၾကာၤ၀ဠာၾကီးသည္ အရာအားလံုးႏွင့္ အျပန္အလွန္ အမွီသဟဲ ျပဳလ်က္ရွိသည္။ စၾကာၤ၀ဠာေဗဒ၊ ဇီ၀ေဗဒ၊ အနုဇီ၀ေဗဒ၊ ေမာ္လီကူလာဇီ၀ေဗဒ၊ ဆင့္ပြားျဖစ္စဥ္၊ ေဂဟစနစ္ အစရွိသည္တို႕သည္ အျပန္အလွန္ ဆက္စပ္ေနပါသည္။ ထို႕ေၾကာင့္ လူသားမ်ားသည္ စၾကာၤ၀ဠာၾကီးရွိ အစိတ္အပိုင္း တစ္ ခုသာ ျဖစ္သည္။ အရာအားလံုးသည္ ဆက္စပ္လ်က္ မိသားစု၀င္ ျဖစ္ျခင္းသေဘာကို ေဆာင္လ်က္ရွိပါသည္။ လူသားသည္ ေရျဖစ္သည္၊အဘယ္ေၾကာင့္ဆိုေသာ္ လူ႕ခႏၶာတြင္ ေရမ်ားျဖင့္ ဖြဲ႕စည္းထားေသာေၾကာင့္ ျဖစ္ပါသည္။ လူသားသည္ ေလျဖစ္သည္၊ ေအာက္ဆီဂ်င္ မရွိပါက အသက္မရွင္နိုင္ေသာေၾကာင့္ ျဖစ္ပါသည္။ ပဌာနာေတာ္ ဆုေတာင္းရာတြင္ ရြတ္ဆိုေသာ “ကၽြန္ုပ္တို႕၏ အဖ” ဟူေသာ သေဘာကို ပိုမို နက္ရိႈင္းစြာ နားလည္လာနိုင္ပါသည္။ ကၽြန္ုပ္တို႕ ဟူေသာ အမ်ားကိန္းျဖစ္သည့္ အတြက္ သက္ရွိ၊သက္မဲ့ အားလံုးနွင့္ ဆိုင္ျခင္း၊ မိသားစု၀င္ ျဖစ္ျခင္းကို Big Bang ကို နားလည္မႈက သက္၀င္လႈပ္ရွားေစပါသည္။
နိဂံုး           
            အခ်ဳပ္အားျဖင့္ဆိုရေသာ္ သိပၸံတိုးတက္မႈ အသစ္အသစ္ ျဖစ္ေပၚလာတိုင္း ခရစ္ယာန္ ယံုၾကည္မႈကို အျပဳသေဘာ သို႕မဟုတ္ အပ်က္သေဘာ ျဖင့္ ရိုက္ခတ္လ်က္ရွိပါသည္။ ဤကဲ့သို႕ ရိုက္ခတ္လာတိုင္း နယ္ပယ္ နွစ္ခုက အျမင္ ေလးမ်ိဳးျဖင့္ တုန္႕ျပန္စျမဲ ျဖစ္ပါသည္။ စၾကာၤ၀ဠာ နကၡတ္တာရာ သိပၸံ အျမင္မ်ား တိုးတက္လာေသာအခါ ခရစ္ယာန္တို႕၏ ဖန္ဆင္းျခင္း ယံုၾကည္မႈကို ေမးခြန္းထုတ္လာရာမွ ပဋိပကၡ အသြင္ ျဖစ္ခဲ့သည္မ်ားလည္းရွိပါသည္။ ထိုနည္းတူစြာ ေျပာင္းလဲလာေသာ သိပၸံအျမင္၊ သိပၸံေခတ္တြင္ ရွိမေနဘဲ တို႕နွင့္မဆိုင္ ဟူေသာ သီးျခားရပ္တည္မႈကို လက္ခံသူမ်ားလည္း သမိုင္းတြင္ ရွိသကဲ့သို႕ လက္ရွိ အသင္းေတာ္မ်ားတြင္လည္း ရွိေနမည္ျဖစ္ပါသည္။
            ဧ၀ံေဂလိတရားေတာ္သည္ ဣသေရလ ေရခံေျမခံတြင္သာမက၊ ေရာမ ေရခံေျမခံ၊ အေနာက္တိုင္းေရခံေျမခံ နွင့္ ကၽြန္ုပ္တို႕၏ အာရွ ေရခံေျမခံတြင္ အျမစ္စြဲစြာ စိမ္႕၀င္နိုင္သကဲ့သို႕ ဘုရားသခင္၏ ဓမၼသေဘာသည္လည္း သမိုင္းမတြင္မီ  ေခတ္၊ သမိုင္းဦးဘံုေျမေခတ္၊ အရင္းရွင္ေခတ္၊ ကိုလိုနီေခတ္ နွင့္ ယခု သိပၸံေခတ္တို႕တြင္ ပါ ေခတ္ အဆက္ဆက္ ဖန္ဆင္းျခင္းတစ္ခုလံုးတြင္ ပ်ံံ႕နွံ႕လ်က္ အလင္းေပးေနမည္သာျဖစ္ပါသည္။ဘုရားသခင္သည္ ဖန္ဆင္းရွင္ျဖစ္ျခင္း သေဘာကို လက္ခံလ်က္ သမၼာက်မ္းစာတြင္သာမက၊ သိပၸံပညာရပ္တြင္ ဘုရားသခင္၏ ဖြင့္ျပျခင္း ဗ်ာဒိတ္ေတာ္ကို သိမွတ္ရန္ လိုအပ္ပါသည္။ သို႕မွသာ နယ္ပယ္ နွစ္ခု အျပန္အလွန္ ဒိုင္ယာေလာ့ဂ္လုပ္ျခင္း အထိ ေျခလွမ္းနိုင္လ်က္ မိမိ၏ ခရစ္ယာန္ ယံုၾကည္မႈကို ပိုမိုခိုင္မာစြာ တည္ေဆာက္ကာ အစဥ္အျမဲ ရွင္သန္ေနေသာ ဧ၀ံေဂလိဓမၼေရေအးကို ကိုယ္တိုင္ခံယူ ေသာက္သံုးလ်က္ ဖန္ဆင္းျခင္းတစ္ရပ္လံုးကိုပါ ေ၀မ်ွနိုင္မည္ ျဖစ္ပါေတာ့သည္။ ။           

  
က်မ္းကိုး
Ian G. Barbour, When Science Meets Religion. New York: Herper One, 2000.
ပါေမာကၡေဒါက္တာ ေစာလႈိင္ဘြား၊ ေနာက္ဆံုးေသာကာလ။ Yangon: MIT, 2007။
Dr. Saw Hlaing Bwa. Lectures on Science and Theology Class. Yangon: MIT.

Unicode ျဖင့္ဖတ္ရန္
နိဒါန်း
    သိပ္ပံပညာ တိုးတက်လာသည်နှင့်အမျှ ကျွနု်ပ်တို့၏ စကြာၤဝဠာကြီး နှင့် ပတ်သက်၍ သီအိုရီအမျိုးမျိုး၊ ယူဆချက် အမျိုးမျိုး ထွန်းကားလာပါသည်။ခေတ်သစ် စကြာၤဝဠာဗေဒ၏ သီအိုရီများသည် ခရစ်ယာန် ဓမ္မယုံကြည်မှုနှင့် ဆီလျော်မှု မရှိဟု ယူဆနိုင်စရာ ရှိလာပါသည်။ ထို့ကြောင့် မိမိတို့၏ ခရစ်ယာန် ယုံကြည်မှုကို တည်ဆောက်ရန်နှင့်  ယင်းသီအိုရီများကို  ပြန်လည် ခုခံရန်အတွက် ခရစ်ယာန်များဖက်မှ အားစိုက်လာကြသကဲ့သို့ သိပ္ပံပညာဖက်မှလည်း ၎င်းတို့၏ သီအိုရီများသည် ဖန်ဆင်းခြင်း ဓမ္မအတွေးအခေါ်ထက် သာလွန်မှန်ကန်ကြောင်း သက်သေပြရန် ကြိုးစားလာသဖြင့် သိပ္ပံနှင့်ဓမ္မကြောင်းသည် ထိတွေ့မှုရှိလာခဲ့ပြန်ပါသည်။ နက္ခတ်တာရာဗေဒနှင့် ဖန်ဆင်းခြင်းဟူသော ခေါင်းစဉ်အောက်တွင်ဤဆောင်းပါးသည် သမိုင်းတစ်လျှောက် သိပ္ပံ နှင့် ဓမ္မအတွေးအခေါ် ထိတွေ့ကြပုံများကို စာဖတ်သူများအား  တင်ပြလိုခြင်းဖြစ်ပါသည်။ ဤသို့တင်ပြရခြင်း၏ ရည်ရွယ်ချက်မှာ စာဖတ်သူများအား စကြာၤဝဠာ နက္ခတ်တာရာ သိပ္ပံ နှင့် ဖန်ဆင်ခြင်း ဆိုင်ရာ ဓမ္မအတွေးအခေါ် တို့သည် ထိတွေ့မှုပုံစံလေးမျိုး ဖြင့်ထိတွေ့ကြပုံများကို သိရှိစေရန်နှင့် ပြောင်းလဲနေသော  သိပ္ပံရေခံမြေခံတွင် ကျွနု်ပ်တို့၏ ခရစ်ယာန်ဓမ္မအတွေးအခေါ်ကို မည်သို့တည်ဆောက်ခဲ့ကြသည်ကို  ပြန်လည်အမှတ်ရ၍ ယနေ့ခေတ်တွင်လည်း ထပ်ဆင့် တည်ဆောက်နိုင်ရန် ရည်ရွယ်ပါသည်။ (ထိတွေ့မှု ပုံစံလေးမျိုးအကြောင်းကို စာရေးသူ၏ သိပ္ပံနှင့် ဓမ္မအတွေးအခေါ်(မိတ်ဆက်) ဆောင်းပါးတွင် အကျယ်တဝင့် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ပြန်လည်အမှတ်ရစေရန်ဖော်ပြရသော် သိပ္ပံ နှင့် ဓမ္မအတွေးအခေါ် သည် (၁) ပဋ္ဋိပက္ခအသွင် ထိတွေ့မှု ( Conflict )၊ (၂) သီးခြားဖြစ်တည်မှုအမြင်ဖြင့်ထိတွေ့မှု (Independence) (၃) ဒိုင်ယာလော့အမြင်ဖြင့် ထိတွေ့မှု ( Dialogue)၊ နှင့် (၄) နှစ်ဖက်အမြင်များကို စုစည်းပြီး ပိုမိုကောင်းမွန်စေခြင်း အမြင်ဖြင့် ထိတွေ့မှု (Integration) စသည့် အမြင် လေးမျိုးဖြင့် သမိုင်းတစ်လျှောက် ထိတွေ့ခဲ့ကြခြင်း ဖြစ်သည်။)
၁။ ပြောင်းလဲနေသော စကြာၤဝဠာ နက္ခတ်တာရာ  သိပ္ပံအမြင်
    တိုလမီ၊ ကိုပါးနီးကပ်စ် နှင့် ဂယ်လီလီယို အစရှိသည့် နက္ခတ်တာရာ ပညာရှင်များ ခေတ်မှသည် အေဒီ ၁၈ ရာစု ရောက်ရှိလာသည့်အထိ သိပ္ပံပညာက  ကမ္ဘာကြီး၏ သက်တမ်းသည် နုနယ်ကာ အရွယ်အစားအားဖြင့် သေးငယ်သည်ဟု ထင်မှတ်ခဲ့ကြပါသည်။ အေဒီ ၁၉ ရာစုသို့ ရောက်ရှိလာသည့်အခါ ကမ္ဘာကြီးသည် မူလက ယူဆထားသည်ထက် သက်တမ်း ရင့်ကာ အရွယ် ပိုကြီးလာသည်ကို လက်ခံလာကြပါသည်။ အေဒီ ၂၀ ရာစု သို့ ရောက်ရှိလာသောအခါ ကမ္ဘာကြီး၏ ဧရာမ အရွယ်အစားနှင့်  သက်တမ်းကို သက်သေပြလာနိုင်ကြပါသည်။
    ၁၉၁၇ ခုနှစ်တွင် ဝီလမ်၊ ဒီ၊ စစ်တာ (Willem de Sitter) ဟု ခေါ်သော နယ်သာလန်လူမျိုး နက္ခတ်တာရာ ပညာရှင်က အိုင်းစတိုင်း၏ ယျေဘူယျ နှိုင်းရသဘောတရားကို(Einstein’s General Theory of Relativity) အခြေခံကာ စကြာၤဝဠာကြီးပြန့်ကား ကြီးမားလာပုံကို  ဖော်ထုတ်ခဲ့ပါသည်။ ဒီ၊ စစ်တာ က စကြာၤဝဠာကြီးသည် Dark energy ဟု ခေါ်သော အမည်မသိစွမ်းအင်ကြောင့် တစ်ဟုန်ထိုး ပြန့်ကားလာရခြင်းဖြစ်သည် ဟု ဆိုပါသည်။ ၁၉၂၉ ခုနှစ်တွင် အမေရိကန် လူမျိုး အက်ဒွင် ဟားဘဲဘ် (Edwin Hubble) က သူ၏ နာမည်ကျော်ကြားသော  ဟားဘဲဘ် ဥပဒေသ (Hubble Law) ကို ဖော်ထုတ်နိုင်ခဲ့ပါသည်။ ဟားဘဲဘ်၏ အဆိုအရ အရာအားလုံးသည်ကျွနု်ပ်တို့နှင့် ဝေးရာဆီသို့ ရွေ့လျားနေကြသည်။ ကျွနု်ပ်တို့နှင့် နီးသော အရာများသည် ဖြည်းညင်းစွာရွေ့လျားနေပြီး ကျွနု်ပ်တို့နှင့် ဝေးသော အရာများက ကျွနု်ပ်တို့နှင့် ဝေးရာဆီသို့ ပိုမိုလျင်မြန်စွာ ရွေ့လျားနေသည်ဟု ဆိုပါသည်။ ဟားဘဲဘ်၏  ဥပဒေသသည် စကြာၤဝဠာကြီးပြန့်ကား ကြီးမားလာပုံကို လေ့လာနိုင်သော၊ စကြာၤဝဠာကြီးသည် မဟာဖြစ်တည်မှု Big Bang မှ အစပြုသည်ကို သဲလွန်စပေးနိုင်သော ကနဦး အစဖြစ်လာခဲ့ပါသည်။ ဤမှ အစပြု၍ တစ်ဆင့်ပြီး တစ်ဆင့် လေ့လာရာ မှ စကြာၤဝဠာနက္ခတ်တာရာ သိပ္ပံပညာရှင်များက ကောက်ချက်ချသည်မှာ ကျွနု်ပ်တို့၏ စကြာၤဝဠာကြီးသည် လွန်ခဲ့သောနှစ်ပေါင်း ၁၅ ဘီလီယံ ကတည်းက မူလ အရင်းအမြစ်တစ်ခုကနေပြန့့်ကားထွက်လာသည် ဟူ၍ဖြစ်ပါသည်။ ၎င်းကို မဟာဖြစ်တည်မှု Big Bang ဟူ၍ ခေါ်ဝေါ်သမုတ်ကြပါသည်။
၁၉၆၅ ခုနှစ်သို့ ရောက်ရှိလာသောအခါ အမေရိကန် ရူပဗေဒ ပညာရှင် အာနိုး ပန်းဇီးယပ်စ် (Arnold Penzias) နှင့် ရောဘတ် ဝီလ်ဆန် (Robert Wilson) တို့က စြင်္ကဝဠာအတွင်းတွင် မိုက်ကရိုလှိုင်းများ (microwave) နေရာအနှံ့ ကူးလူး ပျံ့နှံ့နေကြောင်း၊ စွမ်းအင်များ ထုတ်လွှတ်နေခြင်း (radiation) အကြောင်းကို ဖော်ထုတ်လာခဲ့ပါသည်။ ၎င်းကို စကြာၤဝဠာ၏ နောက်ခံ မိုက်ကရိုလှိုင်းများ (Cosmic Microwave Background) ဟုဆိုသကဲ့သို့ စြင်္ကဝဠာအတွင်း  နောက်ခံ စွမ်းအင်ထုတ်လွှတ်မှုများ (Cosmic Background Radiation) ဟုလည်းခေါ်ပါသည်။ အဆိုပါ တွေ့ရှိချက်သည် စကြာၤဝဠာကြီး၏ မဟာဖြစ်တည်မှု အယူအဆကို အားကောင်းစေပါသည်။
ကနဦး ရူပဗေဒ၏ စမ်းသပ်ချက်များနှင့် တွေ့ရှိချက်များကလည်း  စကြာၤဝဠာကြီး၏မဟာဖြစ်တည်မှု အယူအဆကို သွယ်ဝိုက်သောနည်းဖြင့် အားကောင်းစေပါသည်။ စကြာၤဝဠာအတွင်းတွင် အား(force) လေးမျိုး ရှိပါသည်။ လျှပ်စစ်သံလိုက်အား (electromagnetic force)၊ အားကောင်းသော နျူကလီယာ အား (strong nuclear force)၊ အားနည်းသော နျူကလီယာ အား (weak nuclear force) နှင့် ကမ္ဘာမြေဆွဲအား (gravitational force) ဟူ၍ဖြစ်ပါသည်။ ရူပဗေဒတွင် အဆိုပါအားများကို တစ်ခုနှင့်တစ်ခု ဆက်စပ်ဆွဲဆောင်နေသော စက်ကွင်းများ(field) အဖြစ် ဖော်ပြနိုင်ပါသည်။ ၁၉ရာစု အလယ်တွင် ဂျိမ်းစ်ကလက်ခ်မက်စ်ဝဲလ် (James Clerk Maxwell) က ပထမဦးဆုံး သံလိုက်စက်ကွင်း သီအိုရီ (electromagnetic field theory) ကို တင်ပြခဲ့ပါသည်။ ၂၀ရာစု အစောပိုင်း ကာလတွင်လည်း အိုင်းစတိုင်း (Albert Einstein) က သူ၏ ယျေဘူယျ နှိုင်းရ သီအိုရီတွင် (general relativity theory) ကမ္ဘာမြေဆွဲအား စက်ကွင်းအကြောင်းကို ဖော်ပြခဲ့ပါသည်။ နောက်ပိုင်းတွင် အားများ တစ်စုတစ်ဝေး ပေါင်းစပ်ပြီး စက်ကွင်း သီအိုရီ တစ်ခု ဖော်ထုတ်ရန် ကြိုးစားလာခဲ့ပါသည်။ ၁၉၆၇ တွင် စတီဗင် ဝိန်းဘတ် (Steven Weinberg) ဟု ခေါ်သော အမေရိကန်နိုင်ငံသား ရူပဗေဒပညာရှင် နှင့် မိုဟာမက် အဘ်ဒပ် ဆလမ် (Mohamed Abdus Salam) ဟု ခေါ်သော ပါကစ္စတန် နိုင်ငံသား ရူပဗေဒ ပညာရှင် တို့က Electroweak theory ကို ဖော်ထုတ်ခဲ့ကြပါသည်။ အဆိုပါ သီအိုရီက လျှပ်စစ်သံလိုက်အားနှင့်  အားနည်းသော နျူကလီယာ အား တို့သည် W နှင့် Z ဟု ခေါ်သော အမှုန်လေးများအားဖြင့် အဆိုပါအားနှစ်ခု ပေါင်းစပ်နိုင်သည်ဟု ဆိုပါသည်။ထိုမှ စ၍ တစ်ဆင့်ပြီး တစ်ဆင့် အားများ အားလုံး စုစည်းနိုင်သည့် အထိ ပေါင်းစပ်နိုင်သော သီအိုရီတစ်ခု ဖော်ထုတ်လာရန် ကြိုးစားလာပါသည်။ ၎င်းကို supersymmetry theory ဟု ခေါ်ပါသည်။ Theory of Everything ဟုလည်း ဆိုကြပြန်ပါသည်။ အဆိုပါ သီအိုရီကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းမှု အဖြစ် သိပ္ပံနယ်ပယ်တွင် String theory ပေါ်ထွက်လာပါသည်။ သို့ရာတွင် ၎င်း string theory အတွက် သက်သေပြနိုင်ရန် လိုအပ်သော စွမ်းအင်ကို ဓာတ်ခွဲခန်းများတွင် ရရှိနိုင်မည် မဟုတ်ဘဲ ၎င်းစွမ်းအင်သည်  စကြာၤဝဠာကြီး၏မဟာဖြစ်တည်မှု Big Bang တွင်သာ ရှိနိုင်သည်ဟု ဆိုလာပါသည်။
အထက်ပါ  စကြာၤဝဠာ နက္ခတ်တာရာသိပ္ပံ တွေ့ရှိချက်များက ကမ္ဘာကြီး၏ သက်တမ်းသည် နုနယ်ကာ အရွယ်အစားအားဖြင့် သေးငယ်သည်ဟူသော ယူဆချက်ကို ချေဖျက်လိုက်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၁၅ ဘီလီယံ ကတည်းက မူလ အရင်းအမြစ်တစ်ခုကနေပြန့့်ကားထွက်လာသည် ဟူသော Big Bang Theory ကို ခိုင်မာစွာ လက်ခံစေခဲ့ပါသည်။ အဆိုပါ ပြောင်းလဲနေသော နက္ခတ်တာရာသိပ္ပံ တွေ့ရှိချက်များသည် သမ္မာကျမ်းစာ၏ ဖန်ဆင်းခြင်းကို အထောက်အပံ့ပေးသည်ဟု အချို့သော ခရစ်ယာန် ဓမ္မပညာရှင်များက လက်ခံယုံကြည်ကြပါသည်။  ကမ္ဘာကြီး၊ စကြာၤဝဠာကြီး၌ အစရှိသည် ဟူသောအဆိုမှာ သိပ္ပံပညာနှင့် ဓမ္မအတွေးအခေါ် နယ်ပယ်နှစ်ခုစလုံးက တူညီစွာ လက်ခံနိုင်သော ဘုံရပ်တည်ချက် တစ်ခုဖြစ်လာပါသည်။ ၁၉၃၉ မှ ၁၉၅၈ အထိ ပုပ်ရဟန်းမင်းကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Pope Pius XII က Big Bang Theory သည် သမ္မာကျမ်းစာ၏ ဖန်ဆင်းခြင်း ဓမ္မအတွေးအခေါ် ကို အထောက်အပံံ့ပေးသည်ဟု ဆိုပါသည်။ တစ်ဖန် နက္ခတ်တာရာရူပဗေဒ ပညာရှင် ရောဘတ်ဂျဒ်စထရော (Robert Jastrow) က နက္ခတ်တာရာသိပ္ပံ တွေ့ရှိချက်များသည် သမ္မာကျမ်းစာရှိ ကမ္ဘာကြီး၏အစ နှင့်ပတ်သက်သော အမြင်များကို ပြန်လည်ဖွင့်ဟပြသနေသည် ဟု ဆိုပါသည်။ သို့ရာတွင် သိပ္ပံပညာ အပြောင်းအလဲတွင် သိပ္ပံပညာနှင့် ခရစ်ယာန် ဓမ္မအတွေးအခေါ်တို့အကြား အပြန်အလှန် ပရိပက္ခအသွင်ဆောင်မှု၊ သီးခြားတည်ရှိသည် ပတ်သက်စရာမရှိဟူသော သဘောထား အမြင်များလည်း သိပ္ပံပညာရှင်များ နှင့် ခရစ်ယာန်များ အကြားတွင် ရှိနေခဲ့ကြပါသည်။

၂။ ပဋိပက္ခအသွင် ထိတွေ့မှု
    နက္ခတ်တာရာ စကြာၤဝဠာနှင့် ပတ်သက်၍ သိပ္ပံပညာနှင့် ခရစ်ယာန် ဓမ္မဒဿနိကနယ်ပယ် နှစ်ခု အကြား ပဋိပက္ခအမြင်ဖြင့် ပွတ်တိုက်မှုများ ရှိခဲ့ကြပါသည်။ စကြာၤဝဠာကြီးသည် ဖန်ဆင်းခြင်းကြောင့် မဟုတ်ဘဲ အကြောင်း အကျိုး တိုက်ဆိုင်၍ ပေါ်ပေါက်လာခြင်းဖြစ်သည် ဟူသော ဖန်ဆင်းခြင်းကို လက်မခံသူများ၏ ယူဆချက် နှင့် နှိုင်းရသီအိုရီသည် သမ္မာကျမ်းစာ၏ ဖန်ဆင်းခြင်းဆိုင်ရာအမြင် နှင့် Big Bang Theory ကို တူညီစေနိုင်သည် ဟု ဆိုသော သမ္မာကျမ်းစာကို အမှားအယွင်းမရှိဟု လက်ခံသော သူများ၏ အမြင်များသည် သိပ္ပံပညာနှင့် ခရစ်ယာန် ဓမ္မဒဿနိကနယ်ပယ် နှစ်ခု အကြား ပဋိပက္ခအသွင်ကို ဆောင်စေခဲ့ပါသည်။
၂.၁။ စကြာၤဝဠာကြီးသည် အကြောင်း အကျိုး တိုက်ဆိုင်၍ ပေါ်ပေါက်လာခြင်းဖြစ်သည် (A Universe by Chance)
    တစ်ချို့သော နက္ခတ်တာရာ စကြာၤဝဠာ ပညာရှင်များက ၎င်းတို့သည် အချိန်၏သဘောကို အကန့်အသတ်မရှိနိုင် ဟု ယူဆခြင်းဖြင့် ဖန်ဆင်းခြင်းကို ရှောင်ရှားနိုင်လိမ့်မည်ဟု ထင်မှတ်ထားကြပါသည်။ အချိန်နှင့်နေရာ အကန့်အသတ်ကို ဖြတ်ကျော်၍ ဟိုက်ဒရိုဂျင် အက်တမ်များမှ တစ်ဆင့်ပြီးတစ်ဆင့် စကြာၤဝဠာကြီး တစ်ခု ဖြစ်လာသည်အထိ ဖြည်းဖြည်းနှင့် မှန်မှန် ရုပ်လုံးပေါ်လာသည် ဟူသော steady-state theory ကို လက်ခံကြပါသည်။ ဤသီအိုရီကိုလက်ခံသော နက္ခတ်တာရာ ပညာရှင် အများထဲမှ ထင်ရှားသော သူတစ်ဦးမှာ ဖရက်ဒ် ဟိုင်းဝ်း (Fred Hoyle) ဟု ခေါ်သော ဗြိတိန်နိုင်ငံသား နက္ခတ်တာရာ ပညာရှင်ဖြစ်ပါသည်။ သူ၏ လုပ်ဖော်ဆောင်ဖက်များက နောက်ပိုင်းတွင် steady-state theory ကို စွန့်လွှတ်ခဲ့ကြသော်လည်း ဖရက်ဒ်က တရားသေ ဆုပ်ကိုင်ထားခဲ့ပါသည်။ ၎င်း၏အဆိုအရ  အဆိုပါ သီအိုရီသည် သိပ္ပံနယ်ပယ်အတွက်သာမက ဖရက်ဒ်၏ ဘာသာမဲ့ယုံကြည်မှုနှင့်လည်း ကိုက်ညီမှုရှိသဖြင့် ဆုပ်ကိုင်ထားရခြင်းဖြစ်ပါသည်။
    စကြာၤဝဠာကြီးသည် အကြောင်း အကျိုး တိုက်ဆိုင်၍ ပေါ်ပေါက်လာခြင်းဖြစ်သည် ဟူသော အယူအဆကို အားကောင်းစေသော အချက်နောက်တစ်ချက်မှာ စကြာၤဝဠာအများအပြားရှိသည် ဟူသော သီအိုရီများ (Many-worlds theories) ပေါ်ထွက်လာရခြင်းကြောင့် ဖြစ်ပါသည်။ ၎င်းသီအိုရီများထဲမှ အချို့ကို ကောက်နှုတ်ဖော်ပြရသော်
# စကြာၤဝဠာကြီးသည် တစ်ခုပြီး တစ်ခု ကွင်းဆက်လိုက် ဖြစ်ပေးနေသည် ဟူသော သီအိုရီ (Successive Cycles of an Oscillating Universe)
ယခု ကျွနု်ပ်တို့နေထိုင်သော စကြာၤဝဠာကြီးသည် မဟာဖြစ်တည်မှုကြီး (Big Bang) မှ အစပြုကာ တဖြည်းဖြည်း ပြန့်ကားလာကာ ယခုအခြေအနေသို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။ Big Bang မတိုင်မီ Big Crunch ဟုဆိုသော မဟာကျုံ့ဝင်မှု ဟုဆိုနိုင်သော အခြေအနေကို ကျော်ဖြတ်လာပြီးမှသာ Big Bang စတင်လာခြင်းဖြစ်ပါသည်။ Big Bang ကို အမြဲပြန့်ကားကျယ်ပြန့်လာသော စကြာၤဝဠာကြီး၏ အစ ဟု ဆိုရလျှင် Big Bang ကြောင့် ပေါ်ထွက်လာသော
စကြာၤဝဠာကြီးကို Open Universe ဟု ဆိုနိုင်ပါသည်။ ပြန့်ကားချိန် ပြီးဆုံးသွားလျှင် ကျုံ့ဝင်ချိန်ကိုလည်း ကြုံရမည်ဖြစ်ပါသည်။၎င်းကျုံ့ဝင်ခြင်း Big Crunch ကို Closed Universe ဟုဆိုနိုင်ပါသည်။ ဤသီအိုရီအရ စကြာၤဝဠာကြီးသည် သံသရာစက်ဝိုင်းအတွင်းတွင် ရှိနေပြီး Big Crunch ပြီးလျှင် Big Bang၊ ထိုမှ တစ်ဆင့် Big Crunch၊ ပြီးလျှင် Big Bang အစ၇ှိသဖြင့် ခရီးဆက်နေရမည်ဖြစ်ပါသည်။ လက်ရှိ ကျွနု်ပ်တို့ ရှိနေသော စကြာၤဝဠာကြီးသည် Open Universe ဖြစ်ပါသည်။
# စကြာၤဝဠာအများအပြားရှိသည် ဟူသော ကွမ်တမ် သီအိုရီ (Many-Worlds Quantum Theory)
     အဆိုပါ သီအိုရီသည် ၁၉၅၆ တွင် ဟုချ် အဲဗရက် (Hugh Everett) ဟုခေါ်သော သချာၤပညာရှင် က ဖော်ထုတ်ခဲ့သော သီအိုရီဖြစ်ပါသည်။ မသေချာမရေရာမှုများသည် အက်တမ် တစ်လုံးအတွင်းတွင်ပင် အချိန်တိုင်း ရှိနိုင်ပါသည်။ ထို့ကြောင့် ကြိုတင်ခန့်မှန်းလို့မရနိုင်သော အဖြစ်အပျက်များ စကြာၤဝဠာကြီးအတွင်းတွင် ရှိပါသည်။ အချိန်တိုင်းတွင် ကြုံသလို ဖြစ်ပျက်သော အဖြစ်အပျက်များ ဖြစ်နေပါသည်။ စကြာၤဝဠာကြီးသည်လည်း ဖြစ်နိုင်ခြေ အများအပြား ရှိပါသည်။ အဆိုပါ ဖြစ်နိုင်ခြေများအပေါ်တည်၍ ထွက်လာနိုင်သော ရလာဒ်များ မြောက်များစွာရှိပါသည်။ ထို့ကြောင့် ဤ စကြာၤဝဠာကြီးမှသည် စကြာၤဝဠာမြောက်များစွာ ပေါ်ထွက်လာနိုင်ပါသည်။ ပင်စည်တစ်ခုမှ အခက် အရွက် အပင်အသစ် များစွာ ပေါ်ထွက်လာနိုင်သော သစ်ပင်ကဲ့သို့ဖြစ်သည်ဟု အဆိုပါ သီအိုရီက ဆိုပါသည်။
ဤသီအိုရီများ အမြောက်အများ ထွက်ပေါ်လာရခြင်းကြောင့် စကြာၤဝဠာကြီးသည် အကြောင်း အကျိုး တိုက်ဆိုင်၍ ပေါ်ပေါက်လာခြင်းဖြစ်သည် ဟူသော အယူအဆသည် ဖန်ဆင်းခြင်း ဓမ္မအတွေးအခေါ်ကို ကျော်လွန်၍ အားကောင်းလာကာ သိပ္ပံပညာနှင့် ခရစ်ယာန် ဓမ္မဒဿနိကနယ်ပယ် နှစ်ခု အကြား ပွတ်တိုက်မှုများ ကြီးထွားလာပါသည်။ သိပ္ပံရုပ်ဝါဒ ကို လက်ကိုင်ထားကြသူများက စကြာၤဝဠာကြီးသည် chance ဟုခေါ်သော အကြောင်း အကျိုး၊ Necessity ဟုဆိုသော အခြေအနေတွန်းအားတို့ကြောင့်သာ ပေါ်ထွန်းလာခြင်း ဖြစ်ပြီး ဘုရားသခင်၏ အံ့သြဖွယ် လက်ရာတော်၊ ရည်ရွယ်ချက်တို့ကြောင့် မဟုတ်ကြောင်း အခိုင်အမာဆိုကြပါသည်။
၂.၂။ ကမ္ဘာဦးကျမ်းမှ အဖြစ်အပျက်များနှင့် Big Bang အခြေအနေကို အပ်စပ်ခြင်း
    နက္ခတ်တာရာ စကြာၤဝဠာကို အကြောင်းပြု၍ သိပ္ပံပညာနှင့် ခရစ်ယာန် ဓမ္မဒဿနိကနယ်ပယ် နှစ်ခု အကြား ပဋိပက္ခ ဖြစ်စဉ်တွင် သိပ္ပံနယ်ပယ်၏ အမြင်များကြောင့် ပဋိပက္ခအသွင်ဆောင်ခဲ့ရသလို သမ္မာကျမ်းစာသည် အမှားအယွင်းမရှိဟု တစ်ဖက်ပိတ်လက်ခံသူ ခရစ်ယာန်များ၏ အမြင်များကြောင့်လည်း ပဋိပက္ခအသွင်ဆောင်ခဲ့ရခြင်း   ဖြစ်ပါသည်။ ၁၆- ၁၇ ရာစု  ကိုပါးနီးကပ်စ် နှင့် ဂယ်လီလီယို တို့ခေတ် လက်ထက်ကပင် ၎င်းတို့၏ တွေ့ရှိချက်များသည် သမ္မာကျမ်းစာ နှင့် အသင်းတော်ကို ဆန့်ကျင်သည်ဟု ယူဆပြီး ကွပ်မျက်ခဲ့ကြပြီးနောက် ၁၉ ရာစု သို့ ရောက်ရှိလာသောအခါ သမ္မာကျမ်းစာကို ဤ သည်မရွေး ဖတ်ရှူ လက်ခံကြသူများက ကမ္ဘာကြီး၏ သက်တမ်းသည်
နှစ်ပေါင်းထောင်ချီ၍သာ ရှိသေးကြောင်း ပြောဆိုလာကြပါသည်။ ဤသည်မှာ ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ရှိချက်များ၊ ဘူမိဗေဒ တွေ့ရှိချက်များ နှင့် ကွဲလွဲနိုင်သော်လည်း အဆိုပါ သမ္မာကျမ်းစာကို ဤ သည်မရွေး ဖတ်ရှူ လက်ခံကြသူများက နက္ခတ်တာရာ စကြာၤဝဠာဗေဒနှင့် ကွဲလွဲမှု မရှိနိုင်ကြောင်းဆိုကြပါသည်။
    ဂျရဲလ် စကိုအီဒါ (Gerald Schroeder) ဟုခေါ်သော ဂျူးဘာသာဝင် သိပ္ပံကညာရှင်က သူ၏ Genesis and the Big Bang  ဟု အမည်ရသော သူ၏ စာအုပ်ထဲတွင် ကမ္ဘာဦးကျမ်းတွင် ဖော်ပြထားသော ၆ရက်တာဖြင့် ကမ္ဘာကြီးကို ဖန်ဆင်းခြင်းသည် ဘုရားသခင်၏ အချိန် စကေး ဖြစ်ပြီး နှစ်ပေါင်း ၁၅ ဘီလီယံ သည် လူသားတို့၏ အချိန်စကေး ဖြစ်ကြောင်းဖော်ပြခဲ့ပါသည်။ ဤသဘောသဘာဝသည် အိုင်းစတိုင်း၏ နှိုင်းရသဘော (Special Theory of Relativity) အရ အချိန်၏ တသတ်မတ် မဖြစ်မှု၊ ကျုံ့နိုင် ဆန့်နိုင်မှု၊ အချိန်၏ သဘောကို အသုံးချ၍ သမ္မာကျမ်းစာ၏ ဖန်ဆင်ခြင်းသည် ဘုရားသခင်၏ အချိန်အပေါ်အခြေခံခြင်းဖြစ်ကြောင်း ထောက်ပြပါသည်။
    ဟုချ် နော်မန် ရော့စ် (Hugh Norman Ross) ဟု ခေါ်သော ကနေဒါ လူမျိုး ဧဝံဂေလိ အားသန်သူ နက္ခတ်တာရာ စကြာၤဝဠာဗေဒ ပညာရှင် က ဘုရားသခင်သည် ဖန်ဆင်းခြင်းမတိုင်ခင် လုပ်ဆောင်ခဲ့သော အမှုများစွာရှိကြောင်း ဆိုပါသည်။ ဥပမာဖြင့်ဆိုရသော် ၁ပေတရု ၁း၂၀ တွင် ဖော်ပြထားသလို ခရစ်တော်ကို ကမ္ဘာမတည်မရှိခင်ကတည်းက ခန့်ထားသည် ဆိုသော အရာသည် ရော့စ် ထောက်ပြသော ဖန်ဆင်းခြင်းမတိုင်ခင် ဘုရားသခင် လုပ်ဆောင်ခဲ့သော အမှုတစ်ခုဖြစ်ပါသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် ဘုရားသခင်သည် အချိန်၏ ပြင်ပ မျက်နှာပြင် တစ်ခု၊ ဖြစ်နိုင်စွမ်း၏ အခြားတစ်ဖက်၊ ရုပ်တ္တိဗေဒ ၏ အလွန်တွင်ရှိကြောင်း ဆိုပါသည်။ ထို့ကြောင့် ဘုရားသခင်သည် လူသား၏ နားလည်မှု၊ သဘာဝတရား၏ အခြေခံသဘောတို့ကို လွန်၍ အခြားမျက်နှာပြင် တစ်ဖက်မှ စွမ်းဆောင်နိုင်ကြောင်းဆိုပါသည်။ ခရစ်တော် ကမ္ဘာ၏ ဆွဲအားကို ဆန့်ကျင်၍ ရေပေါ်တွင် လမ်းလျှောက်ခြင်းသည် အဆိုပါ သဘောဖြစ်သည် ဟုဆိုပါသည်။
ထို့ကြောင့် အကြောင်း အကျိုး ဆက်နွယ်၍ နက္ခတ်တာရာ စကြာၤဝဠာကို နားလည်ခြင်းသည် လူသား၏ ရှုထောင့်သာ ဖြစ်ပြီး ဘုရားသခင်၏ ရှုထောင့် မဟုတ်ပေ။ သို့အတွက် သမ္မာကျမ်းစာ၏ ၆ ရက်တာ ဖန်ဆင်းခြင်း နားလည်မှုသည် ဘုရားသခင်၏ ရှုထောင့်ဖြစ်ကြောင်းဆိုပါသည်။
    အချုပ်ဆိုရသော် စကြာၤဝဠာကြီးနှင့် ပတ်သက်၍ သိပ္ပံဆိုင်ရာ အသစ်သော နားလည်မှု ပေါ်ထွက်လာသော အခါ သိပ္ပံပညာနှင့် ခရစ်ယာန် ဓမ္မဒဿနိကနယ်ပယ်အကြား ပဋိပက္ခအမြင်ဖြင့် ပွတ်တိုက်ခဲ့ပါသည်။ သိပ္ပံပညာဖက်မှလည်း သိပ္ပံရုပ်ဝါဒကို အခြေခံ၍ စကြာၤဝဠာကို အကြောင်း အကျိုး၊ အခြေအနေတွန်းအားတို့ အပေါ် ပုံဖော်ကာ ဘုရားသခင်၏ အံ့သြဖွယ် လက်ရာတော်၊ ရည်ရွယ်ချက်တို့ကို လျစ်လျူရှုသကဲ့သို့ သမ္မာကျမ်းစာကို ဤ သည် မရွေး လက်ခံသူများကလည်း သမ္မာကျမ်းစာ၏ ၆ ရက်တာ ဖန်ဆင်ခြင်းသည် မှန်ကန်ကြောင်း သက်သေပြရန် ကြိုးစားကာ နယ်ပယ် နှစ်ခုအကြား ပဋိပက္ခအသွင် ဆောင်ခဲ့ပါသည်။
၃။ သီးခြားရပ်တည်မှု     
    စကြာၤဝဠာ နက္ခတ်တရာ သိပ္ပံ၏ Big Bang အမြင် တိုးတက်လာသောအခါ သိပ္ပံနှင့် ဘာသာတရားသည် ပဋိပက္ခအသွင်ဆောင်၍ ထိတွေ့မှုများ ရှိသကဲ့သို့ ၎င်းတို့နှစ်ခု သည် ဆက်စပ်မှုမရှိ၊ သီးခြားရပ်တည်သည်ဟု လက်ခံကြသူများလည်း ရှိပါသည်။ အထူးသဖြင့် ခရစ်ယာန် ဓမ္မသဘော၏ ဖန်ဆင်းခြင်းအမြင်ကို ကိုင်စွဲလျက် သိပ္ပံပညာ၏ စကြာၤဝဠာ နက္ခတ်တရာဆိုင်ရာ တိုးတက်မှုသည် ဘာသာတရားနှင့် မဆိုင်ဟု လက်ခံခြင်းဖြင့် သီးခြားရပ်တည်မှုသဘောကို ပုံဖော်လာကြပါသည်။
၃.၁။ ဖန်ဆင်းခြင်း၏ ဓမ္မအဓိပ္ပါယ်     
    ကမ္ဘာဦးကျမ်းတွင် ဘုရားသခင်၊ ကမ္ဘာကြီး နှင့်ပတ်သက်၍ ဓမ္မအဓိပ္ပါယ် ၃ ခုရှိကြောင်း တွေ့ရပါသည်။ ပထမ အချက်မှာ ဘုရားသခင်ဖန်ဆင်းသော ကမ္ဘာလောကကြီးမှာ အစီအစဉ် တကျရှိပြီး လှပ ကောင်းမွန်ပါသည်။ ဒုတိယ အချက်မှာ ကမ္ဘာလောကကြီးသည် ဘုရားသခင်အပေါ် လုံးလုံးလျားလျား မှီခိုပါသည်။ တတိယ အချက်မှာ ဘုရားသခင်သည် သတ္တကမ္ဘာကြီးနှင့် ပတ်သက်၍ အချုပ်အခြာအာဏာ ပိုင်စိုး၍ ဘုရားသခင်၏ အလိုတော် ရည်ရွယ်ချက်ဖြင့် လောကကြီးကို ဖန်ဆင်းထားပါသည်။ အဆိုပါ ဓမ္မအဓိပ္ပါယ်သည် အချိန်၏ လားရာနှင့် သက်ဆိုင်မှုမရှိဘဲ ဘုရားသခင်နှင့် လူသားတို့အကြား တည်ရှိနေသော နားလည်မှုဖြစ်ပါသည်။
    ထို့အပြင် ဖန်ဆင်းခြင်း ဓမ္မအတွေးအခေါ်သည် ကမ္ဘာကြီး၏ မူလအစ ဟူသော သဘောတစ်ခုတည်းဖြင့် နားလည်ရန်မဟုတ်ဘဲ၊ ဖန်ဆင်းခြင်း နှင့် ကယ်တင်ခြင်း လွတ်မြောက်ခြင်း ဆက်စပ်နားလည်ရန် လိုအပ်ပါသည်။ ဣသရေလလူမျိုးများ အဲဂုတ္ထုပြည်တွင် ကျွန်ခံနေရာမှ လွတ်မြောက်ပြီး၊ သိနတောင်ပေါ်တွင် ပဋိညာဉ် ပြုပြီး သကာလ ထို ပဋိညာဉ် ယုံကြည်မှုသည် ပြန့်နှံ့လာပြီး ဘုရားသခင်ကို သဘာဝ၏ အရှင်သခင်၊ သမိုင်း၏ အရှင်သခင် အဖြစ် ဝတ်ပြုကိုးကွယ်လာသည့် ဘီစီ ၅ ရာစု ရောက်မှသာ ကမ္ဘာဦးကျမ်း အခန်းကြီး ၁ ကို စတင်ရေးသားသည်ဟု ပညာရှင် အများစုက ဆိုကြပါသည်။ ဟေရှာယအနာဂတ္တိကျမ်းတွင် ဘုရားသခင်သည် ဣသရေလလူမျိုးတို့၏ ဖန်ဆင်းရှင်သာမက လူသားတစ်မျိုးနွယ်လုံး ၏ ဖန်ဆင်းရှင် ဖြစ်ကြောင်းဆိုပါသည်။ အနာဂတ်တွင် လူသားများကို လွတ်မြောက်စေမည့် အကြောင်း ဟေရှာယအနာဂတ္တိကျမ်းတွင် ဖော်ပြထားပါသည်။ (ဟေရှာယ ၄၀၊၄၅။၄၉) ဓမ္မသစ်ကျမ်းတွင်လည်း ဖန်ဆင်းခြင်းသည် လွတ်မြောက်ခြင်း နှင့် ခွဲခြားမရကြောင်းတွေ့ရပါသည်။ ရှင်ယောဟန်ခရစ်ဝင် ကျမ်းအစတွင်  ဖော်ပြထားသည်မှာ “အစဦး၌ နှုတ်ကပတ်တော်ရှိ၏။…..နှုတ်ကပတ်တော်သည် ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းတော်မူ၏” ဟူ၍ ဖန်ဆင်းခြင်းကို ဖော်ပြသလို၊ “နှုတ်ကပတ်တော်သည် လူ့ဇာတိအဖြစ်ကို ခံယူသည် (the Word becomes flesh)” ဟူသော ခရစ်တော် လူ့လောကတွင် အသက်ရှင်ခြင်း သေဆုံးခြင်း၏ အရင်းဖြစ်သော ကယ်တင်ခြင်းသဘောကို တွဲလျက် ဖွင့်ဆိုထားသည်ကို တွေ့ရပါသည်။
    အေဒီ ၄ ရာစုတွင် ထင်ရှားသော ဓမ္မဒဿနိက ပညာရှင် စိန့်သြဂတ်စတင်းက ကမ္ဘာဦးကျမ်းကို လုံးကောက် နားလည်မှု ပုံစံဖြင့် နားလည်ခြင်းထက် ရူပအလင်္ကာ မြောက်စွာ နားလည်ရန် ဆိုပါသည်။ သူက ဖန်ဆင်းခြင်းသည် အချိန်တစ်ခုတွင် ပြုလုပ်သော အဖြစ်အပျက် ပုံစံဖြင့် နားလည်ရန်မလိုဘဲ အချိန်သည်သာလျှင် ဘုရားသခင် ကမ္ဘာကြီးကို ဖန်ဆင်းရာတွင် တွဲလျက် ဖန်ဆင်းသော အရာတစ်ခုအဖြစ်နားလည်ရန် ဆိုပါသည်။ ထို့ကြောင့် ဖန်ဆင်းခြင်းသည် အချိန်အပေါ်မူတည်၍ ပြုလုပ်သော လက်ရာ မဟုတ်ဘဲ၊ အချိန်ကိုပါ ဖန်ဆင်းကာ ကမ္ဘာလောကကြီးကို ဘုရားသခင်က ဆက်လက် ဖန်ဆင်း ထိန်းသိမ်းသွားသည် ဟုဆိုပါသည်။
    ထို့ကြောင့် ဖန်ဆင်းခြင်း၏ ဓမ္မအဓိပ္ပါယ်သည် ဘုရားသခင်၏ လက်ရာ၊ ရည်ရွယ်ချက် ဖြစ်ပြီး၊ ဘုရားနှင့် လူသားတို့အကြား ဆက်နွယ်မှုကို နားလည်ရန် လိုအပ်သလို ဖန်ဆင်းခြင်းကိုလည်း ကယ်တင်ခြင်း လွတ်မြောက်ခြင်းသဘောနှင့် ဆက်စပ်နားလည်ရန် လိုအပ်ပါသည်။ ဖန်ဆင်းခြင်းတွင် အချိန်၏ အခန်းကဏ္ဍကို လျစ်လျူရှုလိုက်ခြင်းဖြင့် သိပ္ပံသဘောတွင် ဖော်ပြနေသော စကြာၤဝဠာကြီး၏ ၁၅ဘီလီယံ သက်တမ်းသည် ဓမ္မသဘောနှင့် မဆိုင်ဟု သီးခြားရပ်တည်လိုက်ခြင်း ဖြစ်ပါသည်။
၃.၂။ ဖန်ဆင်းခြင်း ဒဏ္ဍာရီများ၏ လုပ်ဆောင်ပုံ
    လူမျိုးတိုင်း လူမျိုးတိုင်းတွင် ဖန်ဆင်းခြင်း ဒဏ္ဍာရီများရှိနေတတ်ပါသည်။ ၎င်းဒဏ္ဍာရီများသည် လူသားတို့၏ ဘဝများထဲမှ ပေါ်ထွက်လာခြင်းဖြစ်ပြီး သိပ္ပံသဘောကဲ့သို့ တိကျမှန်ကန်ခြင်းမျိုးမဟုတ်ပေ။ သို့ရာတွင် အဖိုးမဖြတ်နိုင်သော သင်ယူစရာများ၊ ဘဝဒဿနများ၊ ကမ္ဘာကြီးကို နားလည်ပုံများကို အဆိုပါ ဒဏ္ဍာရီများတွင် တွေ့ရှိနိုင်ပါသည်။
    ဣသရေလ လူမျိုးများကဲ့သို့ပင် ဘေဘီလိုနီးယန်း ဟု ဆိုကြသော မီဆိုပိုတေးမီးယား ဒေသတွင်  နေထိုင်ကြသော လူမျိုးများတွင်လည်း ဖန်ဆင်းခြင်း ဒဏ္ဍာရီများရှိကြပါသည်။ ၎င်းတို့၏ ဒဏ္ဍာရီများသည်လည်း သမ္မာကျမ်းစာအတွင်းရှိ “ဘာမျှမရှိ၊ လွတ်လပ်လဟာ ရေမျက်နှာပြင် (a primeval watery chaos)” ဟူသော ဖန်ဆင်းခြင်း မစခင် အဖြစ်အပျက်များကဲ့သို့ပင် အတူတူ အစပြုကြသည်ကို တွေ့ရပါသည်။ သို့ရာတွင် ၎င်းတို့နှင့် သမ္မာကျမ်းစာလာ ဖန်ဆင်းခြင်း မတူညီသည်မှာ သမ္မာကျမ်းစာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာ ပိုင်စိုးမှု၊ လူသား ဂုဏ်သိက္ခာတို့အကြောင်းတွေ့ရပါသည်။ ဘေဘီလိုနီးယန်း ဖန်ဆင်းခြင်း ဒဏ္ဍာရီများတွင် လူသားသည် ဘုရားများ၏ အစေခံကျွန်လုပ်ရန်အတွက် ဖန်ဆင်းခြင်း ဖြစ်ပြီး ကမ္ဘာဦးကျမ်းတွင် လူသားသည် ဘုရားသခင်၏ အထူးဖန်ဆင်းမှုလက်ရာ ဖြစ်ကြောင်း တွေ့ရပါသည်။ ဣသရေလ လူမျိုး နှင့် ဘေဘီလိုနီးယန်းတို့၏ ယုံကြည်မှုအရ ဖန်ဆင်းခြင်း ဒဏ္ဍာရီများ ကွဲလွဲနိုင်သော်လည်း ၎င်းတို့တွင် တွေ့ရသော ဒဏ္ဍာရီ၏ အခန်းကဏ္ဍ၊ လူသားလိုအပ်ချက်ကို ဖြည့်ဆည်းပေးမှုအပိုင်း၌ တူညီမှုရှိသည်ကို တွေ့ရပါသည်။ ဣသရေလ လူမျိုးသည်လည်း ၎င်းတို့၏ ဘဝအတွေ့အကြုံ၊
ဒဿနိကအပေါ် မူတည်၍ တည်ဆောက်သကဲ့သို့ ဘေဘီလိုနီးယန်းတို့သည်လည်း ထိုနည်းတူပင်ဖြစ်ပါသည်။ 
    ခရစ်ယာန် ယုံကြည်မှုတွင် ဣသရေလ လူမျိုးတို့၏ ဖန်ဆင်းခြင်းဆိုင်ရာ အမြင်များ ကိန်းဝပ်နေသည်မှာ  ငြင်းစရာမလိုပေ။ သမ္မာကျမ်းစာတွင်တွေ့ရသော ဖန်ဆင်းခြင်းဆိုင်ရာ အကြောင်းအရာများတွင် ဣသရေလ လူမျိုးတို့၏ ဘဝအတွေ့အကြုံများ ထင်ဟပ်နေမည်ဖြစ်ပါသည်။ ဣသရေလ လူမျိုးတို့၏ ဘုရားအပေါ် မှီခိုမှု၊ အသက်နှင့် ဘ၀ ကိုနားလည်မှု၊ သတ္တကမ္ဘာကြီး ဆက်နွယ်မှု အစရှိသည်တို့အပေါ် တည်ဆောက်ခဲ့သော ခရစ်ယာန်တို့၏ ဖန်ဆင်းခြင်း နားလည်မှုသည် ထိုခေတ်က ဘာသာတရားဆိုင်ရာ နားလည်မှု၊ သမိုင်းတွင် ရှိခဲ့သော လူသားတို့၏ ဘဝဒဿနပိုင်းဆိုင်ရာ နားလည်မှု၊ ထိုခေတ်အခါက စကြာၤဝဠာဆိုင်ရာ နားလည်မှုတို့၏ ပေါင်းစုမှု ဖြစ်ပြီး တိုးတက်လာသော သိပ္ပံပညာနှင့် လားလားမျှ မအပ်စပ်ပေ။ Big Bang နားလည်မှုသည် ဖန်ဆင်းခြင်း ဒဏ္ဍာရီများအပေါ် တည်ဆောက်ထားခြင်းမဟုတ်ပေ။
    ဤသို့ဖြင့် “စကြာၤဝဠာ နက္ခတ်တာရာ သိပ္ပံ နှင့် ဖန်ဆင်းခြင်းသည် ပဋိပက္ခဖြစ်စရာမလိုပေ။ အကြောင်းမှာ နယ်ပယ်နှစ်ခု သီးခြားဖြစ်တည်နေခြင်းကြောင့် ဖြစ်သည်” ဟု  ဆိုကြသူများ ရှိလာခဲ့ပါသည်။ ဤအမြင်ကို လက်ကိုင်ထားကြသူ ခရစ်ယာန်များက ဖန်ဆင်းခြင်း၏ ဓမ္မအဓိပ္ပါယ်ဖြင့် သီးခြားဖြစ်တည်မှုကို ထောက်ပြကြသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ဖန်ဆင်းခြင်း ဒဏ္ဍာရီများ၏ နောက်ခံ  ရေခံမြေခံများဖြင့် သီးခြားဖြစ်တည်မှုကို ထောက်ပြကြပါသည်။
၄။ ဒိုင်ယာလော့ဂ် အမြင်
    အပြန်အလှန် ဆွေးနွေး ခြင်းဖြင့် နယ်ပယ်တစ်ခု အကြောင်းကို ပိုမို နားလည် မြင်သာ လာကာ ဤနယ်ပယ်နှစ်ခု အကြား တူညီမှု များကို ရှာဖွေလာနိုင်မည် ဟူသော ရည်ရွယ်ချက်ဖြင့် စကြာၤဝဠာ နက္ခတ်တာရာ သိပ္ပံ နှင့် ဖန်ဆင်းခြင်း ဟူသော ခေါင်းစဉ်အောက်တွင် ဆွေးနွေးကြသူများလည်း ရှိပါသည်။ ၎င်းတို့က စကြာၤဝဠာကြီး၏ ဖြစ်နိုင်ချေရှိမှုများ အပေါ် မေးခွန်းထုတ်ကြခြင်း ဖြစ်ပါသည်။
၄.၁။ စကြာၤဝဠာကြီး၏ ဖြစ်နိုင်ချေများ  
    သိပ္ပံနှင့် ဓမ္မအတွေးအခေါ် နယ်ပယ် နှစ်ရပ်၏ သိလိုမှု၊ စကြာၤဝဠာကြီး အဆိုးဖက်သို့ ဦးတည်နေပြီလား ဟူသော စိုးရိမ်မှုတို့က အဆိုပါ နယ်ပယ် နှစ်ရပ်ကို စုစည်းစေခဲ့ခြင်းဖြစ်ပါသည်။
# စကြာၤဝဠာကြီး၏ တည်ရှိမှုဆိုင်ရာ ဖြစ်နိုင်ခြေ
    ဘုရားသခင်သည် စကြာၤဝဠာကြီးကို ဘာမျှမရှိသည့် အခြေအနေမှ ဖန်ဆင်းပါသည် (Creation out of
nothing) ဟု ဆိုသော ဖန်ဆင်းခြင်းဆိုင်ရာ ဓမ္မအမြင်နှင့် ပတ်သက်၍ ဓမ္မဒဿနိကပညာရှင်များ မေးခွန်းထုတ်ကြသည်မှာ “အဘယ်ကြောင့် ဘာမျှမရှိသနည်း?” ထို့အတူ သိပ္ပံပညာ ဖက်မှလည်း စူးစမ်းလာသည်မှာ စကြာၤဝဠာကြီးသည် အချိန်၏ ကန့်သတ်မှုအတွင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ၎င်း၏ တည်ရှိမှုအလုံးစုံ ကို သူ့ဘာသာအလျောက် လူသားများ သိလာရခြင်းမဟုတ်ပေ။ အကယ်၍ ယခု လက်ခံထားသော Big Bang သည်ပင် စကြာၤဝဠာကြီး၏ တည်ရှိမှု အစဟု သေချာလျှင်ပင် တခြား တည်ရှိမှုဆိုင်ရာ ဖြစ်နိုင်ချေများ ရှိနိုင်ပါသေးသည်။ ဤစကြာၤဝဠာကြီးသည် တစ်ခုတည်း  ဖြစ်တည်သော စကြာၤဝဠာကြီးဟု ဆိုလင့်ကစား အရင်တုန်းက ဤစကြာၤဝဠာကြီးမတိုင်ခင် စကြာၤဝဠာကြီးတစ်ခု ရှိခဲ့သလား၊ မရှိခဲ့သလား သက်သေ မပြနိုင်ပေ။ ထို့ကြောင့် နယ်ပယ်နှစ်ခု၏ သိလိုမှုစွမ်းအားသည် ဒိုင်ယာလော့ဂ် ပြုလုပ်ရန် အခြေခံဖြစ်လာခဲ့ပါသည်။
# ဖြစ်နိုင်ခြေ အဖြစ်အပျက်များ
    အကယ်၍ ယခု စကြာၤဝဠာကြီးသည် နောက်ပြန်မလှည့်နိုင်သော အဖြစ်အပျက်များ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်နေသည် ဟု ယူဆပါက တစ်ချိန်တွင် ဗလာနတ္တိသော ဟင်းလင်းပြင်အဖြစ် ရောက်ရှိသွားပါလိမ့်မည်။ ထိုအခါ ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် ဗလာနတ္တိ မှ ဗလာနတ္တိသို့ ရောက်ရှိသွားမည် ဖြစ်သည်။ တနည်းအားဖြင့် အဓိပ္ပါယ် မဲ့ရာမှ အဓိပ္ပါယ် မဲ့ရာသို့ ပြန်လည် ရောက်ရှိသွားမည်သာဖြစ်ပါသည်။ Heat Death ဟုဆိုသော လောင်ကျွမ်းပျက်စီးမည့် အခြေအနေကို ရောက်ရှိသွားမည် ဖြစ်ပါသည်။ အဆိုပါ အခြေအနေသို့ ရောက်ရန် ကြိုတင် ပြဌာန်းခြင်း ခံပြီးပြီလား ဟု မေးခွန်းထုတ်စရာရှိလာပါသည်။ ဓမ္မသဘောဖက်မှလည်း အလွန်ကောင်းပေ၏ ဟုဆိုကာ ဖန်ဆင်းခဲ့သော၊ မိမိ၏ တစ်ပါးတည်းသောသားတော်ကို စွန့်၍ လောကကြီးကို ကယ်တင်ခဲ့သော ဘုရားသခင်၏ နောက်ဆုံးပန်းတိုင်မှာ ပျက်စီးခြင်းလော ဟု မေးခွန်းထုတ်စရာ ရှိလာပါသည်။
    ထိုအခြေအနေကို ကျော်လွှားနိုင်ရန် ဖြစ်နိုင်ချေ ရှိပါသည်။ သိပ္ပံပညာဖက်မှလည်း cosmic engineering ဟု ဆိုသော စကြာၤဝဠာကြီးကို ထိန်းသိမ်းနိုင်သော ပညာ တောင်းဆိုမှုများရှိလာသကဲ့သို့ ဓမ္မသဘောဖက်မှလည်း ဘုရားသခင်၏ စကြာၤဝဠာဆိုင်ရာ ဘဏ္ဍာထိန်းကောင်းဟူသော အမြင်သည် နယ်ပယ်နှစ်ခု ဒိုင်ယာလော့ဂ်လုပ်ရန် အစပြုလာကြခြင်းဖြစ်ပါသည်။
၅။ နှစ်ဖက်အမြင်များကို စုစည်းပြီး ပိုမိုကောင်းမွန်စေခြင်း
    တိုးတက်ပြောင်းလဲလာသော စကြာၤဝဠာ နက္ခတ်တာရာ သိပ္ပံ Big Bang အပေါ်အခြေခံ၍ သိပ္ပံနှင့် ဓမ္မဒဿနိက နယ်ပယ်သည် ရန်ဖက်အသွင် စတင်ထိတွေ့ရာမှ နောက်ပိုင်းတွင် Big Bang နှင့် ဖန်ဆင်းခြင်း သက်ဆိုင်မှု မရှိဟု သီးခြားရပ်တည်ခဲ့ပါသည်။ ထိုမှ နောက်တစ်ဆင့် ဒိုင်ယာလော့ဂ်လုပ်လာခဲ့ပြီး ၎င်းကိုအခြေခံကာ ပိုမိုကောင်းမွန်သော နှစ်ဖက် အမြင်များကို တည်ဆောက်နိုင်ခဲ့ပါသည်။


၅.၁။ ဘုရားသခင် အပေါ် နားလည်မှုပုံစံ
     ခရစ်ယာန်တို့၏ ဘုရားသခင်အပေါ် နားလည်မှုမှာ ပုဂ္ဂလိက သဘော ဆန်ပါသည်။ ဘုရားသခင်သည် အဖ၊ စောင့်ထိန်းရှင်၊ အသက်ကို ပေးပိုင်သူ အစရှိသဖြင့် နားလည်ကြပါသည်။ သိပ္ပံသဘောဖက်မှ ပြန်လည်ရှုမြင်ခြင်းဖြင့် ဘုရားသခင်အပေါ် နားလည်မှုကို တိုး၍ နားလည်နိုင်မည်ဖြစ်ပါသည်။ ကျွနု်ပ်တို့သည် ဘုရားသခင် ကို ပုဂ္ဂလိကသဘောထက် တိုး၍ နားလည်နိုင်ရန် လိုအပ်ပါသည်။ အီလက်ထရွန်တစ်ခုကို အမှုန်ဖြင့်ဖော်ပြ၍ ရနိုင်သလို လှိုင်းပုံစံဖြင့် ဖော်ပြ၍ ရနိုင်ပါသည်။ ထိုနည်းတူစွာ ဘုရားသခင်ကိုလည်း ကျွန်ုပ်တို့ ပုဂ္ဂလိကသဘောဖြင့် နားလည်ရန်လိုအပ်သကဲ့သို့ ပုဂ္ဂလိကသဘောမဟုတ်သော ဓမ္မ၊ စွမ်းအင် အမြင်ဖြင့် နက်ရှိုင်းစွာ နားလည်နိုင်ရန် လိုအပ်ပါသည်။
    သမ္မာကျမ်းစာတွင်ဖော်ပြသော ဘုရားသခင်၏ နှုတ်ကပတ်တော် (Word/ Logos) သဘောကို Big Bang စကြာၤဝဠာဗေဒတွင် နားလည်သော သတင်းအချက်အလက်များကို စုစည်း၊ ဆက်သွယ်ခြင်း(Communication of information) သဘောဖြင့် နားလည်နိုင်လျှင် ပိုမိုနက်ရှိုင်းသော ဓမ္မသဘောကို သိမြင်လာမည် ဖြစ်ပါသည်။ သတင်းအချက်အလက်များကို စုစည်းဆက်သွယ်ခြင်းသည် ကွန်ပြူတာ ကွန်ယက်တွင်လည်းကောင်း၊ လူသားတို့၏ DNA စနစ်တွင် လည်းကောင်း အလွန်ပင် အရေးပါပါသည်။ ဤသို့ စုစည်းဆက်သွယ်ခြင်းသည် အချက်အလက်များကို သက်ဆိုင်ရာသို့ ပို့ခြင်း၊ လက်ခံခြင်း တို့အပြင်၊ သတင်းစကားကို ပိုမိုကျယ်ပြန့်သော ကွန်ယက်တွင် ဖြန့်ကျက်ခြင်း တို့ပါဝင်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သတင်းအချက်အလက်များကို စုစည်း၊ ဆက်သွယ်သူဖြစ်ပါသည်။ သမ္မာကျမ်းစာတွင်ဖော်ပြသော ဘုရားသခင်၏ နှုတ်ကပတ်တော် သဘော သည် ဖန်ဆင်းခြင်းတစ်ရပ်လုံးတွင် စိမ့်ဝင်လျက် ကယ်တင်ခြင်းသဘောကို ဆက်သွယ် ဖြန့်ကျက် ကွန်ယက်ပြုလျက် ချစ်ခြင်းမေတ္တာဖြင့် သွေးဆောင်နေမည့် သဘောဖြစ်ပေသည်။
၅.၂။ လူသားများအပေါ် နားလည်မှုပုံစံ
    စကြာၤဝဠာကြီးသည် အရာအားလုံးနှင့် အပြန်အလှန် အမှီသဟဲ ပြုလျက်ရှိသည်။ စကြာၤဝဠာဗေဒ၊ ဇီဝဗေဒ၊ အနုဇီဝဗေဒ၊ မော်လီကူလာဇီဝဗေဒ၊ ဆင့်ပွားဖြစ်စဉ်၊ ဂေဟစနစ် အစရှိသည်တို့သည် အပြန်အလှန် ဆက်စပ်နေပါသည်။ ထို့ကြောင့် လူသားများသည် စကြာၤဝဠာကြီးရှိ အစိတ်အပိုင်း တစ် ခုသာ ဖြစ်သည်။ အရာအားလုံးသည် ဆက်စပ်လျက် မိသားစုဝင် ဖြစ်ခြင်းသဘောကို ဆောင်လျက်ရှိပါသည်။ လူသားသည် ရေဖြစ်သည်၊အဘယ်ကြောင့်ဆိုသော် လူ့ခန္ဓာတွင် ရေများဖြင့် ဖွဲ့စည်းထားသောကြောင့် ဖြစ်ပါသည်။ လူသားသည် လေဖြစ်သည်၊ အောက်ဆီဂျင် မရှိပါက အသက်မရှင်နိုင်သောကြောင့် ဖြစ်ပါသည်။ ပဌာနာတော် ဆုတောင်းရာတွင် ရွတ်ဆိုသော “ကျွန်ုပ်တို့၏ အဖ” ဟူသော သဘောကို ပိုမို နက်ရှိုင်းစွာ နားလည်လာနိုင်ပါသည်။ ကျွန်ုပ်တို့ ဟူသော အများကိန်းဖြစ်သည့် အတွက် သက်ရှိ၊သက်မဲ့ အားလုံးနှင့် ဆိုင်ခြင်း၊ မိသားစုဝင် ဖြစ်ခြင်းကို Big Bang ကို နားလည်မှုက သက်ဝင်လှုပ်ရှားစေပါသည်။
နိဂုံး         
    အချုပ်အားဖြင့်ဆိုရသော် သိပ္ပံတိုးတက်မှု အသစ်အသစ် ဖြစ်ပေါ်လာတိုင်း ခရစ်ယာန် ယုံကြည်မှုကို အပြုသဘော သို့မဟုတ် အပျက်သဘော ဖြင့် ရိုက်ခတ်လျက်ရှိပါသည်။ ဤကဲ့သို့ ရိုက်ခတ်လာတိုင်း နယ်ပယ် နှစ်ခုက အမြင် လေးမျိုးဖြင့် တုန့်ပြန်စမြဲ ဖြစ်ပါသည်။ စကြာၤဝဠာ နက္ခတ်တာရာ သိပ္ပံ အမြင်များ တိုးတက်လာသောအခါ ခရစ်ယာန်တို့၏ ဖန်ဆင်းခြင်း ယုံကြည်မှုကို မေးခွန်းထုတ်လာရာမှ ပဋိပက္ခ အသွင် ဖြစ်ခဲ့သည်များလည်းရှိပါသည်။ ထိုနည်းတူစွာ ပြောင်းလဲလာသော သိပ္ပံအမြင်၊ သိပ္ပံခေတ်တွင် ရှိမနေဘဲ တို့နှင့်မဆိုင် ဟူသော သီးခြားရပ်တည်မှုကို လက်ခံသူများလည်း သမိုင်းတွင် ရှိသကဲ့သို့ လက်ရှိ အသင်းတော်များတွင်လည်း ရှိနေမည်ဖြစ်ပါသည်။
    ဧဝံဂေလိတရားတော်သည် ဣသရေလ ရေခံမြေခံတွင်သာမက၊ ရောမ ရေခံမြေခံ၊ အနောက်တိုင်းရေခံမြေခံ နှင့် ကျွန်ုပ်တို့၏ အာရှ ရေခံမြေခံတွင် အမြစ်စွဲစွာ စိမ့်ဝင်နိုင်သကဲ့သို့ ဘုရားသခင်၏ ဓမ္မသဘောသည်လည်း သမိုင်းမတွင်မီ  ခေတ်၊ သမိုင်းဦးဘုံမြေခေတ်၊ အရင်းရှင်ခေတ်၊ ကိုလိုနီခေတ် နှင့် ယခု သိပ္ပံခေတ်တို့တွင် ပါ ခေတ် အဆက်ဆက် ဖန်ဆင်းခြင်းတစ်ခုလုံးတွင် ပျံံ့နှံ့လျက် အလင်းပေးနေမည်သာဖြစ်ပါသည်။ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ခြင်း သဘောကို လက်ခံလျက် သမ္မာကျမ်းစာတွင်သာမက၊ သိပ္ပံပညာရပ်တွင် ဘုရားသခင်၏ ဖွင့်ပြခြင်း ဗျာဒိတ်တော်ကို သိမှတ်ရန် လိုအပ်ပါသည်။ သို့မှသာ နယ်ပယ် နှစ်ခု အပြန်အလှန် ဒိုင်ယာလော့ဂ်လုပ်ခြင်း အထိ ခြေလှမ်းနိုင်လျက် မိမိ၏ ခရစ်ယာန် ယုံကြည်မှုကို ပိုမိုခိုင်မာစွာ တည်ဆောက်ကာ အစဉ်အမြဲ ရှင်သန်နေသော ဧဝံဂေလိဓမ္မရေအေးကို ကိုယ်တိုင်ခံယူ သောက်သုံးလျက် ဖန်ဆင်းခြင်းတစ်ရပ်လုံးကိုပါ ဝေမျှနိုင်မည် ဖြစ်ပါတော့သည်။ ။         

 
ကျမ်းကိုး
Ian G. Barbour, When Science Meets Religion. New York: Herper One, 2000.
ပါမောက္ခဒေါက်တာ စောလှိုင်ဘွား၊ နောက်ဆုံးသောကာလ။ Yangon: MIT, 2007။
Dr. Saw Hlaing Bwa. Lectures on Science and Theology Class. Yangon: MIT.
  

  

No comments:

Post a Comment