Wednesday, August 21, 2019

သိပၸံ နွင့္ ဓမၼအေတြးအေခၚ။ ။ နည္းလမ္း (၈) သြယ္ ဆက္စပ္ဖြယ္

Photo ... Internet

Zawgyi
နိဒါန္း
            သိပၸံ နွင့္ ဓမၼအေတြးအေခၚသည္ နည္းလမ္းမ်ိဳးစံုျဖင့္ အျပန္အလွန္ ဆက္စပ္လ်က္ရွိပါသည္။ Ian G Barbour ၏ အဆိုအရ သမိုင္းတစ္ေလ်ွာက္တြင္ သိပၸံ နွင့္ ဓမၼအေတြးအေခၚသည္ ထိေတြ႔မႈပံုစံ (၄) မ်ိဳးျဖင့္ ထိေတြ႕ၾကပါသည္။ (အဆိုပါ ထိေတြ႔မႈ ပံုစံေလးမ်ိဳးကို စာေရးသူ၏ သိပၸံနွင့္ ဓမၼအေတြးအေခၚ မိတ္ဆက္ ေဆာင္းပါးတြင္ အက်ယ္တ၀င့္  ေဖာ္ျပျပီးျဖစ္ပါသည္။ oikostheologicalarticles.blogspots.com တြင္ ဖတ္ရႈနိုင္ပါသည္။) ဤေဆာင္းပါးတြင္ သိပၸံနွင့္ ဓမၼနယ္ပယ္ နွစ္ခု အျပန္အလွန္ ဆက္စပ္ ထိေတြ႕ၾကပံုမ်ားကုိ အျခားေသာ ပညာရွင္ တစ္ေယာက္၏ ရႈေထာင့္မွ တင္ျပမည္ ျဖစ္ပါသည္။
            ဤေဆာင္းပါး၏ ရည္ရြယ္ခ်က္မွာ စာဖတ္သူမ်ားအား သိပၸံ နွင့္ ဓမၼအေတြးအေခၚ ဆက္စပ္မႈနွင့္ ပတ္သက္လာလ်ွင္ ထင္ရွားေသာ ပညာရွင္မ်ား၏ အျမင္မ်ားနွင့္ ထိေတြ႕ေစလိုျခင္း ျဖစ္ပါသည္။ ယခုတင္ျပမည့္ အျမင္မွာ Ted Peters ဟု ေခၚေသာ ထင္ရွားသည့္ သိပၸနည္းက်ဓမၼဒႆနိက ပညာရွင္၏ အျမင္ျဖစ္ပါသည္။ ၎ကို စာေရးသူမွ ဆီေလ်ာ္စြာ  ျမန္မာမႈျပဳထားျခင္း ျဖစ္ပါသည္။ ဤေဆာင္းပါးကို ဖတ္ရႈရျခင္းျဖင့္ စာဖတ္သူမ်ား အေနျဖင့္ သိပၸံ နွင့္ ဓမၼဒႆနိက နယ္ပယ္ မည္သို႕ မည္ပံု ဆက္စပ္လ်က္ရွိသည္ကို အျခားေသာ ရႈေထာင့္တစ္ခုမွ ခံစားနိုင္မည္ျဖစ္ကာ မိမိတို႕ ကိုယ္တုိင္လည္း သိပၸံနည္းက် ဓမၼအေတြးအေခၚမ်ား ေဖာ္ထုတ္နိုင္ရန္ တြန္းအားျဖစ္လာမည္ ျဖစ္ပါသည္။


 Ted Peters: A Professor of Systematic Theology at Pacific Lutheran Seminary and the Graduate Theological Union in Berkeley, California, USA.

တိုက္ပြဲလား (သို႕မဟုတ္) ျငိမ္းခ်မ္းေရးလား
            ပါေမာကၡ Ted Peters ၏ အဆိုအရ သိပၸံနွင့္ ဓမၼအေတြးအေခၚ၏ ဆက္စပ္မႈမ်ားကို လူအမ်ားတို႕သည္ ပံုစံနွစ္မ်ိဳးျဖင့္ ေဖာ္ျပေနၾကပါသည္။ သတင္းစာမ်ား၏  ေရွ႕စာမ်က္ႏွာမ်ားတြင္ ေခါင္းစည္းအျဖစ္ အၾကီးအက်ယ္ ေတြ႕နိုင္သကဲ့သို႕ အဆိုပါ နယ္ပယ္နွစ္ခုသည္ တိုက္ပြဲျဖစ္ပြားေနသကဲ့သို႕ တစ္ဖက္နွင့္ တစ္ဖက္ မတည့္ ရန္ေစာင္ေနသည့္အလား လူအမ်ား ပံုေဖာ္ေနသည္ကိုလည္း ျမင္ေတြ႕နိုင္ပါသည္။ ၎က အဆိုပါနယ္ပယ္ နွစ္ခုသည္ ယခုအခ်ိန္တြင္ တိုက္ပြဲျဖစ္ပြားေနသည္ မဟုတ္ေပ။ ထို႕ေၾကာင့္ ရန္ဖက္ျဖစ္သည္ဟူေသာ အျမင္တစ္ခုတည္းျဖင့္ ျမင္ရန္မသင့္ေတာ္ေပ။ နယ္ပယ္နွစ္ခု၏ ဆက္ႏြယ္မႈသည္ ရန္ဖက္ဟူေသာ အျမင္မွသည္ ျငိမ္းခ်မ္းေရးဟူေသာ အျမင္အထိ က်ယ္ျပန္႕စြာ ျမင္နိုင္သည္ဟု ၎က ဆိုပါသည္။
            သိပၸံ နွင့္ ဓမၼဒႆနိက အေပၚ အျမင္ကို ၎က အမ်ိဳးအစား (၈) မ်ိဳးခြဲကာ သတ္မွတ္ပါသည္။ ၎တို႕မွာ ၁) Scientism ဟု ေခၚေသာ သိပၸံပဓာန၀ါဒ အျမင္၊ ၂) Scientific Imperialism ဟု ေခၚေသာ သိပၸံလႊမ္းမိုးမႈ
အျမင္၊ ၃) Ecclesiastical Authoritarianism ဟု ေခၚေသာ အသင္ေတာ္ပဓာန အျမင္၊ ၄) Scientific Creatioinism ဟု ေခၚေသာ က်မ္းစာလာ ဖန္ဆင္းျခင္းသည္ သိပၸံနည္းက်သည္ ဟု ယူဆသည့္ အျမင္၊ ၅) The Two Language Theory ဟု ေခၚေသာ အဆိုပါ နွစ္ခုသည္ လမ္းေၾကာင္းမတူ ဟု ယူဆသည့္ အျမင္၊ ၆) Hypothetical Consonance ဟု ေခၚေသာ နယ္ပယ္နွစ္ခုသည္ ဟာမိုနီျဖစ္သည္ဟု ယူဆသည့္ အျမင္၊ ၇) Ethical Overlap ဟု ေခၚေသာ စာရိတၱပိုင္းဆိုင္ရာ ဦးစားေပးသည့္ အျမင္ နွင့္ ၈) New Age Spirituality ဟု ေခၚေသာ နယ္ပယ္ နွစ္ခုေပါင္းစည္းျခင္းဟူေသာ အျမင္ထက္ တစ္ခုတည္းသာ ရွိျခင္းဟူေသာအျမင္ ဟူ၍ ျဖစ္ပါသည္။ ထို႕ေၾကာင့္ သိပၸံ နွင့္ ဓမၼဒႆနိကသည္ ရန္ဖက္ဟူေသာ အျမင္ကို ေက်ာ္လြန္၍ ျငိမ္းခ်မ္းေရးရနိုင္သည္ ဟု ၎က ဆိုျခင္းျဖစ္ပါသည္။ ဆက္လက္၍ အဆိုပါအျမင္မ်ားကို အက်ယ္တ၀င့္ ရွင္းျပမည္ ျဖစ္ပါသည္။ 


Scientism ဟု ေခၚေသာ သိပၸံပဓာန၀ါဒ အျမင္
            အဆိုပါ အျမင္တြင္ ရွိေနၾကသူမ်ားသည္ သိပၸံ နွင့္ ဓမၼအေတြးအေခၚ နယ္ပယ္နွစ္ခု ယွဥ္လာလ်ွင္
သိပၸံနယ္ပယ္ကသာ အမွန္ျဖစ္သည္ဟု ယူဆၾကသူမ်ား ျဖစ္ပါသည္။ သိပၸံနည္းက် ရုပ္၀ါဒသမားမ်ား ဟု ၎တို႕ကို သမုတ္နိုင္ပါသည္။ သိပၸံပညာသာလွ်င္ သိမႈအားလံုးကို ပိုင္ဆိုင္နိုင္သည္။ သဘာ၀တရားနွင့္ ပတ္သက္သည့္ သိမႈအားလံုးကို သိပၸံနယ္ပယ္ကသာ ရွင္းျပနိုင္သည္ဟု ဆိုပါသည္။ ဘာသာေရးသည္ သဘာ၀လြန္ျဖစ္ရပ္ကိုသာ အာရံုစုိက္၍ သိမႈအတုအေယာင္ (pseudo knowledge) ဟု အဆိုပါအျမင္ကို လက္ခံၾကသူမ်ားက ဆိုပါသည္။ Ted Peters က အဆိုပါ အျမင္သည္ နယ္ပယ္နွစ္ခုအၾကား တိုက္ပြဲပံုသ႑န္ ပံုေဖာ္မႈကို ျဖစ္ေစသည္ဟု ဆိုပါသည္။
            အဆိုပါ အျမင္ကို လက္ခံၾကသူမ်ားတြင္ နာမည္ေက်ာ္ ဒႆနိကပညာရွင္ Bertrand Russell နွင့္ အာကာသပညာရွင္ Fred Hoyle တို႔ ပါ၀င္ပါသည္။ Bertrand Russell က ဆိုသည္မွာ သိပၸံပညာကသာလ်ွင္ ဖြင့္မျပနိုင္ခဲ့ပါက လူသားသည္ အရာရာကို သိနိုင္မည္ မဟုတ္ေပ။ Fred Hoyle ၏ ယံုၾကည္မႈမွာ ဂ်ဴးဘာသာ နွင့္ ခရစ္ယာန္ဘာသာ ယံုၾကည္မႈမ်ားသည္ ေမာ္ဒန္သိပၸံေခတ္တြင္ ဒိတ္ေအာက္ မိႈတက္ေနျပီျဖစ္ပါသည္။ အဆိုပါ ဘာသာေရးယံုၾကည္မႈမ်ားသည္ စႀကၤ၀ဠာၾကီး၏ နက္နဲဆန္းက်ယ္မႈမ်ားကို လ်စ္လ်ဴရႈ၍ မိမိလံုျခံဳမႈကိုသာ ထင္ေယာင္ ထင္မွားစိတ္ျဖင့္ အေပၚယံ ရွာေဖြေနသည္ဟု ဆိုပါသည္။ Ted Peters က အဆိုပါ အုပ္စုတြင္ နာမည္ေက်ာ္ ရူပေဗဒပညာရွင္ Stephen Hawking ကို ပါ ထည့္သြင္းထားေပသည္။ ဘုရားသခင္မရွိ ဟု ဆိုခဲ့သူ၊ ဖန္ဆင္းရွင္၏ အခန္းက႑ ဘာမ်ွမရွိဟု ယံုၾကည္သူ Hawking အဖို႕ သိပၸံပညာသည္သာလ်ွင္ အေရးပါသည့္ အခန္းက႑အျဖစ္ ရွိေနခဲ့ပါသည္။ ဤ အျမင္သည္ နယ္ပယ္ နွစ္ခုအၾကား စစ္ပြဲမ်ားကို တာရွည္ေစနိုင္ပါသည္။ ထို႕အျပင္ ရန္သူကို အနိုင္ယူရန္၊ အျမစ္ျပတ္ေခ်မႈန္းရန္ အစဥ္အျမဲ အားထုတ္ေနမည္သာ ျဖစ္ပါသည္။

Scientific Imperialism ဟု ေခၚေသာ သိပၸံ လႊမ္းမိုးမႈ အျမင္      
          ဤအျမင္သည္ ပထမအျမင္ကဲ့သို႕ သိပၸံနယ္ပယ္က ဓမၼအေတြးအေခၚနယ္ပယ္အေပၚ အျပီးသတ္သုတ္သင္မည့္ အျမင္မ်ိဳးမဟုတ္ေပ။ သို႕ရာတြင္ အရင္းရွင္ ဟု ဆိုခဲ့သည့္ အတိုင္း သိပၸံနယ္ပယ္ က ပိုမို ေအာင္ျမင္လာျပီး ဓမၼအေေတြးအေခၚ နယ္ပယ္အေပၚ ပိုမိုလႊမ္းမိုးလာမည္ကို လက္ခံသည့္ အျမင္ျဖစ္ပါသည္။ ဤအျမင္တြင္ ဘုရားသခင္ တည္ရွိေနျခင္းကို ျငင္းဆန္မည္ မဟုတ္ေပ။ သို႕ေသာ္ ဘုရားသခင္၏ ဥာဏ္ပညာကို ဓမၼဒႆနိက နယ္ပယ္တြင္ ေတြ႕နိုင္မည္ မဟုတ္ဘဲ သိပၸံနည္းက် သုေတသန ျပဳမႈမ်ားတြင္သာ ေတြ႕နိုင္မည္ဟု လက္ခံၾကျခင္း ျဖစ္ပါသည္။ Frank Tipler ဟု ေခၚေသာ အေမရိကန္ ရူပေဗဒပညာရွင္ က အနာဂတ္တြင္ ရွင္ျပန္ထေျမာက္ျခင္း ဆိုင္ရာ အျမင္ကို ခရစ္ယာန္ ဓမၼအေတြးအေခၚ ထက္ ကြမ္တမ္ရူပေဗဒ၊ Big Bang သီအိုရီ ႏွင့္ အပူေလ်ွာက္ကူးျခင္း နိယာမမ်ားက ပိုမိုေကာင္းမြန္စြာ ရွင္းျပနိုင္လိမ့္မည္ ဟု ဆိုပါသည္။
            Margaret Wartheim ဟု ေခၚေသာ သိပၸံပညာရွင္ အမ်ိဳးသမီးက Stephen Hawking သည္ ဤအျမင္တြင္ ရွိေနသည္ဟု ဆိုပါသည္။ Ted Peters က Hawking ကို ပထမ အုပ္စုတြင္ ထည့္သြင္းထားေသာ္လည္း Margaret က ယခုအုပ္စုတြင္ သတ္မွတ္ထားပါသည္။ Margaret ၏ အဆိုအရ သဘာ၀တရား၏ နိယာမကို သိေသာသူမ်ားသည္ ဘုရားသခင္၏ စိတ္ေတာ္ကို သိရွိျခင္း ျဖစ္သည္ဟု ဆိုပါသည္။ ထို႕ေၾကာင့္ Hawking သည္ ဘုရားသခင္မရွိဟု ဆိုေသာ္လည္း ပထမအျမင္တြင္ မရွိဘဲ ဤအျမင္တြင္သာ ရွိသည္ဟု ၎ကဆိုျခင္းျဖစ္ပါသည္။
            ကိုယ္က်င့္တရား စာရိတၱပိုင္းဆိုင္ရာ နွင့္ ပတ္သက္လာလ်ွင္လည္း ဇီ၀ေဗဒပညာရွင္မ်ားက ဆိုသည္မွာ ကိုယ္က်င့္တရားသည္ ဘာသာေရးတြင္ အေျခခံသည္ မဟုတ္ဘဲ ဇီ၀ေဗဒတြင္သာ အေျခခံသည္ဟု ဆိုပါသည္။ တစ္ကိုယ္ေကာင္းဆန္ျခင္း သည္ ဓမၼအေတြးအေခၚအားျဖင့္ ျဖစ္ေပၚလာျခင္း သို႕မဟုတ္ ျပဳျပင္ေျပာင္းလဲျခင္မ်ိဳး ျပဳလုပ္နိုင္မည္ မဟုတ္ဘဲ ဗီဇအရ မေမြးခင္ကပင္ လူအတြင္းတြင္ ပါ၀င္လာျပီးျဖစ္သည္ဟု ဆိုပါသည္။
            အခ်ဳပ္အားျဖင့္ဆိုေသာ္ ဤအျမင္သည္ သိပၸံ နွင့္ ဓမၼဒႆနိက နယ္ပယ္ ဆက္စပ္ရာတြင္ ပထမအျမင္ကဲ့သို႕ သိပၸံနယ္ပယ္က ဓမၼနယ္ပယ္ကို အျပီးသတ္ ေခ်မႈန္းမည့္ အျမင္မ်ိဳးမဟုတ္ေပ။ ဤအျမင္က လက္ခံသည္မွာ   
ဓမၼနယ္ပယ္တြင္ ပညာရွင္မ်ားက ဘုရားသခင္အေၾကာင္း ေျပာဆိုၾကေသာ္လည္း လံုေလာက္မႈမရွိပဲ သိပၸံပညာကသာ ပိုမို ေျပာဆိုနိုင္မည္ဟု လက္ခံၾကျခင္း ျဖစ္ပါသည္။ သဘာ၀သိပၸံကသာလ်ွင္ ဘုရားသခင္အေၾကာင္း ေျပာျပရန္ ဓမၼအေတြးအေခၚနယ္ပယ္ထက္ ပိုမိုလံုေလာက္ေသာ အခ်က္အလက္မ်ားရွိသည္ ဟု လက္ခံၾကျခင္းျဖစ္ပါသည္။ အဆိုပါ အျမင္ကို Ted Peters က (Scientific Imperialism) သိပၸံအရင္းရွင္ အျမင္ ဟု သမုတ္ျခင္းျဖစ္ပါသည္။

Ecclesiastical Authoritarianism ဟု ေခၚေသာ အသင္ေတာ္ပဓာန အမ်ိဳးအစား
            သိပၸံနွင့္ ဓမၼအေတြးအေခၚ နယ္ပယ္ နွစ္ခု ထိေတြ႕ရာတြင္ သိပၸံပညာဖက္က မွန္ကန္သည္ ဟု လက္ခံသူမ်ား ရွိသကဲ့သို႕ အသင္းေတာ္၏ အခြင့္အာဏာကသာ အေရးပါသည္ဟူေသာ အျမင္ကို ဆုပ္ကိုင္ထားၾကသူမ်ားလည္း ရွိပါသည္။ သိပၸံပညာမွ အဓိကထားေသာ က်ိဳးေၾကာင္းဆင္ျခင္တရားသည္ ဘုရားသခင္၏ ဖြင့္ျပျခင္း ေနာက္တြင္သာ ရွိမည္ျဖစ္ပါသည္။ ဘုရားသခင္၏ ဖြင့္ျပျခင္း နွင့္ ပတ္သက္လာလ်ွင္ ဓမၼအေတြးအေခၚနွင့္ အသင္းေတာ္၏ အခြင့္အာဏာကသာလ်ွင္ သိပၸံပညာထက္ ပိုမို စိတ္ခ်ယံုၾကည္ရသည္ ဟူေသာ အျမင္ျဖစ္ပါသည္။ ထို႕ေၾကာင့္ သဘာ၀ သိပၸံသည္ ဓမၼအေတြးအေခၚေအာက္တြင္သာ ရွိသည္ဟု လက္ခံၾကျခင္း ျဖစ္ပါသည္။
            ၁၈၆၄ ခုႏွစ္တြင္ ပုပ္ရဟန္းမင္းၾကီး (Pope Pius IX) က သိပၸံနွင့္ ဒႆနိကေဗဒသည္ အသင္းေတာ္၏ အခြင့္အာဏာေအာက္မွ ကင္းလြတ္သြားျခင္းသည္ မွားယြင္းသည္ဟု ဆုိပါသည္။ အဆိုပါ အျမင္သည္ ၁၈၇၀ တြင္ က်င္းပေသာ ပထမ ဗာတီကန္ ေကာင္စီတြင္ ဆက္လက္တည္ရွိေနျပီး ရာစုနွစ္ တစ္ခုနီးပါးအထိ လက္ခံခဲ့ၾကပါသည္။ ၁၉၆၀ ၀န္းက်င္တြင္ က်င္းပေသာ ဒုတိယ ဗာတီကန္ ေကာင္စီ ေရာက္မွသာ အဆိုပါ အျမင္ကို စြန္႕ခြာခဲ့ၾကျခင္း  ျဖစ္ပါသည္။ သိပၸံ နွင့္ ဓမၼအေတြးအေခၚသည္ သီးျခားရပ္တည္ေနေသာ နယ္ပယ္မ်ားအျဖစ္ သတ္မွတ္ခဲ့ၾကျပီး ေနာက္ပိုင္းတြင္ ပုပ္ရဟန္းမင္းၾကီး (Pope John Paul II) သည္ အဆိုပါနယ္ပယ္ နွစ္ရပ္၏ တိုက္ပြဲအျမင္မ်ားကို ျငိမ္းခ်မ္းေရး အျမင္မ်ားဖက္သို႕ ဦးတည္နိုင္ခဲ့ျခင္းျဖစ္ပါသည္။

Scientific Creationism ဟု ေခၚေသာ က်မ္းစာလာ ဖန္ဆင္းျခင္းသည္ သိပၸံနည္းက်သည္ ဟု ယူဆေသာအျမင္            အဆိုပါအျမင္သည္ အသင္းေတာ္ပဓာန အျမင္အမ်ိဳးအစားကို ျပန္လည္မြမ္းမံထားျခင္းမ်ိဳး မဟုတ္ေပ။ Scientific Creationism အျမင္ကို အဦးဆံုး လက္ခံၾကသူမ်ားမွာ ေယ်ဘူယ်အားျဖင့္ အျမင္က်ဥ္းေျမာင္းၾကသူမ်ား ဟု ဆိုနိုင္ပါသည္။ သိပၸံပညာ၏ စႀကၤ၀ဠာျဖစ္တည္မႈ ဆိုင္ရာ အျမင္ တိုးတက္လာေသာအခါ အဆိုပါတိုးတက္မႈကို က်မ္းစာပါ ဖန္ဆင္ျခင္း၏ အျမင္ နွင့္ မကိုက္ ကိုက္ညီေအာင္ ျမင္ၾကသူမ်ား  ျဖစ္ၾကပါသည္။ ထိုကဲ့သို႕ လက္ခံသူမ်ားမွ တစ္ဆင့္ျပီး တစ္ဆင့္ ယခုေခတ္တြင္  သိပၸံႏွင့္ ဓမၼအေတြးအေခၚသည္ ဆင္းသက္ရာလမ္းေၾကာင္း ပံုစံတူသည္ဟု လက္ခံလာသူမ်ား အျဖစ္ ဆင့္ကဲ လက္ဆင့္ကမ္းလာျခင္း ျဖစ္ပါသည္။ သို႕ရာတြင္ ယခုေခတ္တြင္ ထိုအျမင္ကို လက္ခံၾကသူမ်ားသည္ သမၼာက်မ္းစာ၏ အခြင့္အာဏာကို ေမးခြန္းထုတ္ေနျခင္း မဟုတ္ဘဲ သိပၸံ၏ တိုးတက္မႈမ်ားေနာက္ကို  ေမးခြန္းထုတ္ေနၾကျခင္း  ျဖစ္သည္ ဟု  Ted Peters က ဆိုပါသည္။
            အဆိုပါ အျမင္ကို လက္ခံၾကသူမ်ားသည္ သိပၸံပညာက တင္ျပေသာ ဆင့္ကဲျဖစ္စဥ္ကို ေ၀ဖန္ၾကသူမ်ား ျဖစ္ပါသည္။ ၎တို႕က ကမၻာၾကီးသည္ တျဖည္းျဖည္း ဖန္ဆင္းခံလာရျခင္းမ်ိဳး မဟုတ္ဘဲ ဘာမ်ွမရွိသည့္ အေျခအေနမွ ဖန္ဆင္းခံလာရျခင္း ျဖစ္သည္ (Creation out of nothing) ဟု လက္ခံၾကသူမ်ား ျဖစ္ပါသည္။ ထို႕အျပင္ ဗီဇေျပာင္းလဲျခင္း နွင့္ သဘာ၀တရားႀကီးမွ ေရြးခ်ယ္ျခင္း (mutation and natural selection) သည္ လံုေလာက္ေသာ အေျခအျမစ္မရွိ ဟု ဆိုၾကသူမ်ားျဖစ္ပါသည္။ တည္ရွိျပီးသား မ်ိဳးစိတ္မ်ားသည္ ေနာက္ထပ္မ်ိဳးစိတ္အသစ္အျဖစ္  ေျပာင္းလဲသြားျခင္းကို ေ၀ဖန္ၾကသကဲ့သို႕ Apes ဟု ေခၚေသာ ေမ်ာက္၏ မ်ိဳးရိုး နွင့္ လူသား၏ မ်ိဳးရိုးသည္ သီးျခားရွိသည္ ဟု လက္ခံၾကသူမ်ား ျဖစ္ပါသည္။ ထို႕အျပင္ သဘာ၀ကပ္ေဘးဆိုးၾကီးမ်ားသည္ ဘူမိေဗဒ ေျပာင္းလဲလာပံုမ်ားကို ရွင္းျပနိုင္သည္ ဟု လက္ခံၾကသူမ်ား ျဖစ္ပါသည္။ ဥပမာ.. ေရလႊမ္းမိုးမႈသည္ အဘယ္ေၾကာင့္ သမုဒၶရာ ေက်ာက္ျဖစ္ ရုပ္ၾကြင္းမ်ား ေတာင္ေပၚတြင္ ေတြ႕ရသည္ ဆိုေသာ ေမးခြန္းကို အေျဖေပးေနျခင္း ျဖစ္ပါသည္။   
            ဤအျမင္ကို လက္ခံၾကသူမ်ားသည္ သိပၸံပဓာန အျမင္ကုိ တန္ျပန္တိုက္ခိုက္သည့္ အျမင္ျဖစ္ပါသည္။ သိပၸံ ပဓာန အျမင္က သိပၸံရုပ္၀ါဒကသာ အမွန္ျဖစ္သည္ ဟု ဆိုသကဲ့သို ယခုအျမင္သည္ က်မ္းစာလာ ဖန္ဆင္းျခင္းသီအိုရီသည္ သိပၸံနည္းက်သည္ဟု ေယ်ဘူယ်အားျဖင့္ ဆိုျခင္းျဖစ္သည္။ အဆိုပါ အျမင္မ်ားသည္ နွစ္ဖက္တိုက္ပြဲမ်ားကို ဆက္လက္ ရွည္ၾကာေစမည့္ သေဘာျဖစ္ပါသည္။

The Two Language Theory ဟု ေခၚေသာ နယ္ပယ္ နွစ္ခုသည္ လမ္းေၾကာင္းမတူ ဟု ယူဆသည့္ အမ်ိဳးအစား
            ဤအျမင္သည္ နယ္ပယ္နွစ္ခု အၾကား တိုက္ပြဲ ျဖစ္စဥ္မွသည္ ျငိမ္းခ်မ္းေရး ျဖစ္စဥ္သို႕ စတင္ကူးေျပာင္း နိုင္သည့္   ေျခလွမ္းအစပင္ ျဖစ္ပါသည္။ နာမည္ေက်ာ္ သိပၸံပညာရွင္ အဲဘတ္ အိန္းစတိုင္း က ဘာသာေရး အထိန္းအကြပ္ မရွိေသာ သိပၸံပညာသည္ ေျခမသန္စြမ္းသူ အျဖစ္ ရွိေနသကဲ့သို႕ သိပၸံးနည္းမက်ေသာ ဘာသာေရးသည္လည္း အျမင္အာရံု ခ်ိဳ႕တဲ႔သူကဲ့သို႕ ျဖစ္သည္ဟု ၎က ဆိုပါသည္။ ဤသည္ကို ၾကည့္ျခင္းျဖင့္ နယ္ပယ္နွစ္ခုသည္ ဆင္းသက္ရာ လမ္းေၾကာင္းမတူေသာ္လည္း အျပန္အလွန္ ေဖးမလ်က္ရွိသည္ကို ေတြ႕နိုင္ပါသည္။ Nancey Murphy ဟုေခၚေသာ အေမရိကန္ ဓမၼပညာရွင္က အဆိုပါ အျမင္ကို လက္ခံၾကသူမ်ားမွာ က်ဥ္းေျမာင္းေသာ အျမင္ရွိသည့္ ခရစ္ယာန္မ်ားႏွင့္ ဧ၀ံေဂလိ ခရစ္ယာန္မ်ား မဟုတ္ဘဲ လစ္ဘရယ္ ခရစ္ယာန္္္္္္္္္္္္္္္္္္္္္္မ်ား ျဖစ္ေၾကာင္း ၎ကဆိုပါသည္။ သိပၸံ နွင့္ ဓမၼအေတြးအေခၚသည္ တည္ေဆာက္ပံု လမ္းေၾကာင္းမတူေသာ္လည္း အျပန္အလွန္ အမွီသဟဲဲျပဳလ်က္ လူ႕ဘ၀ အသက္တာကို အက်ိဳးျပဳလ်က္ရွိေၾကာင္း လက္ခံၾကသူမ်ားျဖစ္ပါသည္။ 
            ေမာ္ဒန္ေခတ္မတိုင္ခင္ကပင္ အဆိုပါအျမင္ကို သြယ္၀ိုက္ေသာ နည္းျဖင့္ လက္ခံၾကသူမ်ားရွိပါသည္။ ၎တို႕က ဘုရားသခင္ကို နည္းလမ္း နွစ္သြယ္ သို႕မဟုတ္ စာအုပ္နွစ္အုပ္အား ျဖင့္ သိနိုင္သည္ ဟု ဆိုပါသည္။ အဆိုပါ နည္းလမ္း/ စာအုပ္မ်ားမွာ The book of Nature ဟု ေခၚေသာ သဘာ၀တရားႀကီး အားျဖင့္ ဘုရားသခင္ ကို သိနိုင္သကဲ့သို႕ The book of Scriptures ဟု ေခၚေသာ သမၼာက်မ္းစာ အားျဖင့္ သိနိုင္သည္ ဟု ဆိုၾကပါသည္။ သဘာ၀တရား စာအုပ္ကို Natural Revelation (သဘာ၀ တရားအားျဖင့္ ဖြင့္ျပျခင္း) ဟု ဆိုနိုင္သကဲ့သို႕ သမၼာက်မ္းစာ အားျဖင့္ ဖြင့္ျပျခင္းကို Special Revelation (အထူးဖြင့္ျပျခင္း) ဟု ဆိုနိုင္ပါသည္။ ထိုဖြင့္ျပခ်က္မ်ား အားလံုးသည္ ဘုရားသခင္ကိုသာ ညြန္းဆိုေနၾကျခင္း ျဖစ္ပါသည္။ သို႕ေသာ္ ဤ Two Language Theory နွင့္ မတူသည္မွာ ဤသီအိုရီတြင္ သိပၸံနွင့္ ဓမၼ အေတြးအေခၚသည္ သီးျခားျဖစ္ျခင္းကိုသာ ျဖစ္ေစျပီး တစ္ခုသည္ ဘုရားသခင္ကို ညြန္းဆိုျခင္းျဖစ္ျပီး တစ္ခုသည္ ေလာကနိယာမမ်ားကို သာ ညႊန္းဆိုသည္ဟု ခြဲျခားလိုက္ျခင္း ျဖစ္ပါသည္။ ဤအျမင္သည္ နယ္ပယ္နွစ္ခုအၾကား စစ္ခင္းေနျခင္းကို ရပ္တန္႕လိုက္ေသာ္လည္း ျပီးျပည့္စံုသည့္ ျငိမ္းခ်မ္းေရး ျဖစ္စဥ္တစ္ခု မဟုတ္ဟု Ted Peters က ဆိုပါသည္။
Hypothetical Consonance ဟု ေခၚေသာ နယ္ပယ္နွစ္ခုသည္ ဟာမိုနီျဖစ္သည္ဟု ယူဆသည့္ အျမင္    
            အဆိုပါ အျမင္မွာ နယ္ပယ္နွစ္ခုသည္ တူညီေသာ ပန္းတိုင္ ကို ရွာေဖြေနျခင္းျဖစ္သည္ ဟု ေယ်ဘူယ် လက္ခံၾက ျခင္းျဖစ္ပါသည္။ သိပၸံပညာရွင္မ်ားနွင့္ ဓမၼအေတြးအေခၚပညာရွင္မ်ားပါ တူညီေသာ အေၾကာင္းအရာကို  ေဆြးေႏြးေနၾကျခင္း ျဖစ္သည္ဟု လက္ခံျခင္းျဖစ္ပါသည္။ သို႕ပါေသာေၾကာင့္ နယ္ပယ္နွစ္ခုသည္ အနာဂတ္တြင္ ပူးေ႔ပါင္း ေဆာင္ရြက္ရန္ လိုပါသည္။
            နယ္ပယ္နွစ္ခုသည္ ဟာမိုနီျဖစ္သည္ ဟု ယူဆေသာေၾကာင့္ နယ္ပယ္တစ္ခုသည္ တစ္ခုအေပၚ ေမာက္မာရန္ မလိုအပ္သကဲ့သို႕ မိမိနယ္ပယ္ကိုသာ အာရံုစိုက္၍လည္း မရေပ။ အမွန္တရား နွင့္ပတ္သက္လာလ်ွင္ နယ္ပယ္နွစ္ခုသည္ အျပန္အလွန္ ျဖည့္စြက္တည္ေဆာက္လ်က္ရွိသည္ ဟု အဆိုပါအျမင္ကို လက္ခံၾကသူမ်ားက ဆိုပါသည္။ ထို႕ေၾကာင့္ ဤအျမင္သည္ နယ္ပယ္ နွစ္ခု အၾကား တံတားထိုးျခင္း၏ အစ ျဖစ္ပါသည္။
Ethical Overlap ဟု ေခၚေသာ စာရိတၱပိုင္းဆိုင္ရာ ဦးစားေပးသည့္ အျမင္
            သိပၸံေခတ္တြင္ နည္းပညာမ်ားထြန္းကားလာသည့္ အေလ်ာက္ ေျဖရွင္းရမည့္ ျပသနာမ်ားနွင့္ စိန္ေခၚမႈမ်ားသည္လည္း မ်ားျပားလာပါသည္။ ထင္ရွားေသာ ဥပမာျပရမည္ ဆိုလ်ွင္ သဘာ၀ပတ္၀န္းက်င္ ဆိုင္ရာ ျပသနာပင္ျဖစ္ပါသည္။ လူဦးေရပြားမ်ားလာျခင္း၊ စက္မႈထုတ္ကုန္ စိုက္ပ်ိဳးေရးထုတ္ကုန္မ်ား မ်ားျပားလာျခင္း နွင့္ အတူ အသစ္ျပန္လည္မေပၚထြန္းလာနိုင္ေသာ သဘာ၀အရင္းအျမစ္မ်ား ကုန္ခမ္းလာျခင္း၊ ဆင္းရဲ ခ်မ္းသာ ကြာဟမႈ မ်ားျပားလာျခင္းတို႕သည္ လက္ရွိရင္ဆိုင္ေနရေသာ ျပသနာမ်ားပင္ျဖစ္ပါသည္။ ေခတ္သစ္ နည္ပညာမ်ားသည္ သဘာ၀ပတ္၀န္းက်င္ဆိုင္ရာ ျပသနာမ်ားအတြက္ တာ၀န္ရွိသကဲ့သို႕ ဓမၼေၾကာင္းဖက္မွလည္း ေခတ္သစ္နည္းပညာ ေနာက္သို႕ ေကာက္ေကာက္လိုက္ျခင္းမ်ိဳးကို ထိန္းကြပ္ေပးနိုင္ရန္ လိုအပ္လာသည္ ဟု ဤအျမင္ကို လက္ခံၾကသူမ်ားက ဆိုပါသည္။ ထို႕ေၾကာင့္ နယ္ပယ္နွစ္ခုသည္ စစ္ခင္းသည့္ အျမင္မွသည္ တူညီသည့္ ဘံုျပသနာကို ရင္ဆိုင္ရန္ ေရွးရွဴရန္ လိုအပ္ပါသည္။             
New Age Spirituality ဟု ေခၚေသာ နယ္ပယ္ နွစ္ခုေပါင္းစည္းျခင္းဟူေသာ အျမင္ထက္ တစ္ခုတည္းသာ ရွိျခင္းဟူေသာ အျမင္
            ဤအျမင္သည္ Hypothetical Consonance ႏွင့္ Ethical Overlap အျမင္ကဲ့သို႔ပင္ ျဖစ္ပါသည္။ သို႕ရာတြင္ ဤအျမင္၏ အဓိကအခ်က္မွာ Holism ဟုေခၚေသာ အယူအဆပင္ျဖစ္ပါသည္။ နယ္ပယ္နွစ္ခုသည္ တစ္ခုနွင့္ တစ္ခု ေပါင္းစည္းရန္ လိုအပ္သည္ ဟူေသာ အျမင္ထက္ နယ္ပယ္နွစ္ခု ဟူ၍ မရွိေတာ့ပဲ သိပၸံနွင့္ ဓမၼအျမင္သည္ နယ္ပယ္တစ္ခုသာ ျဖစ္သည္ဟူေသာ အျမင္ပင္ျဖစ္ပါသည္။ အဆိုပါ အျမင္သည္ ဒြိဂုဏ္သတၱိကို ေက်ာ္လြန္လ်က္  ျမင္ေသာ အျမင္ပင္ျဖစ္ပါသည္။
            အဆိုပါအျမင္ကို လက္ခံလာေစရန္ တြန္းအားေပးေသာ အခ်က္ သံုးခ်က္ရွိပါသည္။ ပထမ တစ္ခ်က္မွာ ၂၀ရာစုတြင္ ေပၚထြန္းလာေသာ သိပၸံေတြ႕ရွိခ်က္မ်ားေၾကာင့္ ျဖစ္ပါသည္။ အထူးသျဖင့္ ကြမ္တမ္ရူပေဗဒ ေၾကာင့္  ျဖစ္ပါသည္။ ဒုတိယ အခ်က္မွာ နယ္ပယ္နွစ္ခုတြင္ လူသားတို႕၏ သိမႈအေပၚ အျပန္အလွန္ အသိအမွတ္ျပဳလာေသာေၾကာင့္ ျဖစ္ပါသည္။ တတိယ တစ္ခ်က္မွာ စၿကၤာ၀ဠာၾကီး၏ အနာဂတ္ နွင့္ ပတ္သက္၍ ျပဳစု  ေစာင့္ေရွာက္ရန္ လိုအပ္လာေသာ ေၾကာင့္ ျဖစ္ပါသည္။ အဆိုပါ တြန္းအားမ်ားေၾကာင့္ နယ္ပယ္ နွစ္ခုသည္ တစ္ခုနွင့္ တစ္ခု ေပါင္းစည္းရန္ ဟူေသာ အျမင္ထက္ နယ္ပယ္နွစ္ခု ဟူ၍ ခြဲရန္မလို တစ္ခုလံုးသာျဖစ္သည္။ အဆိုပါ တစ္ခုလံုးမွ ထြက္လာေသာ အားသည္ နွစ္ခုေပါင္းစည္းျခင္းေၾကာင့္ ရလာေသာ အားထက္ ပိုမိုေကာင္းမြန္သည္ ဟု လက္ခံျခင္းျဖစ္ပါသည္။
            ဤအျမင္ ၈ မ်ိဳးမွာ သိပၸံနွင့္ ဓမၼဒႆနိကနယ္ပယ္ နွစ္ခု ေတြ႕ဆံုရာတြင္ လူသားတို႕အၾကား ေပၚထြက္လာရေသာ အျမင္မ်ားကို Ted Peters က အမ်ိဳးအစားခြဲျခား ျပထားျခင္းျဖစ္ပါသည္။ ေယ်ဘူယ် အားျဖင့္ သိပၸံနွင့္ ဓမၼအေတြးအေခၚသည္ ရန္သူသဖြယ္ ဆက္ဆံေသာ ဆက္ဆံေရး ရွိသကဲ့ သို႕ ျငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ေသာ အျမင္မ်ားလည္း ရွိသည္ဟု မီးေမာင္းထိုးျပျခင္း ျဖစ္ပါသည္။
နိဂံုး
            ဤစာစုသည္ သိပၸံနွင့္ ဓမၼအေတြးအေခၚ ဆက္စပ္မႈမ်ားကို တင္ျပျခင္းျဖစ္ပါသည္။ သိပၸံ နွင့္ ဓမၼအေတြးအေခၚသည္ လူသားမ်ားအၾကား စစ္ေျမျပင္ သဖြယ္ျဖစ္ေနပါသည္။ အထူးသျဖင့္ အရာရာနိမ့္က်လ်က္ ရွိေသာ စာေရးသူတို႕ ေရခံေျမခံတြင္ ခရစ္ယာန္မ်ားသည္ သိပၸံပညာအေပၚ မိမိတို႕၏ ယံုၾကည္မႈကို ကိုင္လႈပ္ေသာ ရန္သူေတာ္အျဖစ္ ျမင္ၾက ေတြးၾကသည္ကို ေတြ႕ျမင္နိုင္ပါသည္။ ေခတ္ေပၚ ဓမၼသီခ်င္းတစ္ပုဒ္တြင္ “လူသားတို႕ အတတ္သိပၸံ ေျခတစ္လွမ္း ေနာက္က်က်န္” ဟု ေရးသား သီဆိုသည့္ အထိ နယ္ပယ္နွစ္ခုကို ရန္သူသဖြယ္၊ ဓမၼသေဘာသည္ ဘုရားသခင္ဆီမွ လာ၍ သိပၸံသေဘာသည္ စာတန္မာရ္နတ္ဆီမွ လာေသာ အျမင္မ်ိဳး ျမင္ၾကရပါသည္။
            ပါေမာကၡ Ted Peters ၏ အဆိုအရ နယ္ပယ္ နွစ္ခု ထိေတြ႕ရာတြင္ အျမင္ ၈ မ်ိဳးအထိရွိသည္ ကို ေဖာ္ျပျပီး ျဖစ္ပါသည္။ အခ်ိဳ႕ အျမင္မ်ားမွာ တစ္ဖက္နွင့္ တစ္ဖက္ တိုက္ပြဲ ပံုသ႑ာန္ေဆာင္သကဲ့သို႕ တစ္ခ်ိဳ႕ အျမင္မ်ားမွာ ျပန္လည္သင့္ျမတ္ျခင္းကို ေဖာ္ေဆာင္ပါသည္။ ယခုအခ်ိန္သည္ စစ္တလင္းအျဖစ္ ျမင္ေတြ႕ရမည့္ အခ်ိန္ မဟုတ္ေတာ့ေပ။ စစ္ပြဲဆီမွသည္ ျငိမ္းခ်မ္းေရးဆီသို႕ ေရွးရႈရင္း နယ္ပယ္တစ္ခုလံုး အျမင္ျဖင့္ ဥႆံုအျမင္ျဖင့္ ျမင္တတ္ ေတြးတတ္ရန္ လိုအပ္ေနပါေတာ့သည္။  

ကိုးကား စာအုပ္
Peters, Ted. “Science and Theology: Towards Consonance.” In Science and Theology: The New Consonance, edited by Ted Peters. Oxford: Westview Press, 1998. 
 Unicode
 
နိဒါန်း
    သိပ္ပံ နှင့် ဓမ္မအတွေးအခေါ်သည် နည်းလမ်းမျိုးစုံဖြင့် အပြန်အလှန် ဆက်စပ်လျက်ရှိပါသည်။ Ian G Barbour ၏ အဆိုအရ သမိုင်းတစ်လျှောက်တွင် သိပ္ပံ နှင့် ဓမ္မအတွေးအခေါ်သည် ထိတွေ့မှုပုံစံ (၄) မျိုးဖြင့် ထိတွေ့ကြပါသည်။ (အဆိုပါ ထိတွေ့မှု ပုံစံလေးမျိုးကို စာရေးသူ၏ သိပ္ပံနှင့် ဓမ္မအတွေးအခေါ် မိတ်ဆက် ဆောင်းပါးတွင် အကျယ်တဝင့်  ဖော်ပြပြီးဖြစ်ပါသည်။ oikostheologicalarticles.blogspots.com တွင် ဖတ်ရှုနိုင်ပါသည်။) ဤဆောင်းပါးတွင် သိပ္ပံနှင့် ဓမ္မနယ်ပယ် နှစ်ခု အပြန်အလှန် ဆက်စပ် ထိတွေ့ကြပုံများကို အခြားသော ပညာရှင် တစ်ယောက်၏ ရှုထောင့်မှ တင်ပြမည် ဖြစ်ပါသည်။
    ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ စာဖတ်သူများအား သိပ္ပံ နှင့် ဓမ္မအတွေးအခေါ် ဆက်စပ်မှုနှင့် ပတ်သက်လာလျှင် ထင်ရှားသော ပညာရှင်များ၏ အမြင်များနှင့် ထိတွေ့စေလိုခြင်း ဖြစ်ပါသည်။ ယခုတင်ပြမည့် အမြင်မှာ Ted Peters ဟု ခေါ်သော ထင်ရှားသည့် သိပ္ပနည်းကျဓမ္မဒဿနိက ပညာရှင်၏ အမြင်ဖြစ်ပါသည်။ ၎င်းကို စာရေးသူမှ ဆီလျော်စွာ  မြန်မာမှုပြုထားခြင်း ဖြစ်ပါသည်။ ဤဆောင်းပါးကို ဖတ်ရှုရခြင်းဖြင့် စာဖတ်သူများ အနေဖြင့် သိပ္ပံ နှင့် ဓမ္မဒဿနိက နယ်ပယ် မည်သို့ မည်ပုံ ဆက်စပ်လျက်ရှိသည်ကို အခြားသော ရှုထောင့်တစ်ခုမှ ခံစားနိုင်မည်ဖြစ်ကာ မိမိတို့ ကိုယ်တိုင်လည်း သိပ္ပံနည်းကျ ဓမ္မအတွေးအခေါ်များ ဖော်ထုတ်နိုင်ရန် တွန်းအားဖြစ်လာမည် ဖြစ်ပါသည်။

တိုက်ပွဲလား (သို့မဟုတ်) ငြိမ်းချမ်းရေးလား
    ပါမောက္ခ Ted Peters ၏ အဆိုအရ သိပ္ပံနှင့် ဓမ္မအတွေးအခေါ်၏ ဆက်စပ်မှုများကို လူအများတို့သည် ပုံစံနှစ်မျိုးဖြင့် ဖော်ပြနေကြပါသည်။ သတင်းစာများ၏  ရှေ့စာမျက်နှာများတွင် ခေါင်းစည်းအဖြစ် အကြီးအကျယ် တွေ့နိုင်သကဲ့သို့ အဆိုပါ နယ်ပယ်နှစ်ခုသည် တိုက်ပွဲဖြစ်ပွားနေသကဲ့သို့ တစ်ဖက်နှင့် တစ်ဖက် မတည့် ရန်စောင်နေသည့်အလား လူအများ ပုံဖော်နေသည်ကိုလည်း မြင်တွေ့နိုင်ပါသည်။ ၎င်းက အဆိုပါနယ်ပယ် နှစ်ခုသည် ယခုအချိန်တွင် တိုက်ပွဲဖြစ်ပွားနေသည် မဟုတ်ပေ။ ထို့ကြောင့် ရန်ဖက်ဖြစ်သည်ဟူသော အမြင်တစ်ခုတည်းဖြင့် မြင်ရန်မသင့်တော်ပေ။ နယ်ပယ်နှစ်ခု၏ ဆက်နွယ်မှုသည် ရန်ဖက်ဟူသော အမြင်မှသည် ငြိမ်းချမ်းရေးဟူသော အမြင်အထိ ကျယ်ပြန့်စွာ မြင်နိုင်သည်ဟု ၎င်းက ဆိုပါသည်။
    သိပ္ပံ နှင့် ဓမ္မဒဿနိက အပေါ် အမြင်ကို ၎င်းက အမျိုးအစား (၈) မျိုးခွဲကာ သတ်မှတ်ပါသည်။ ၎င်းတို့မှာ ၁) Scientism ဟု ခေါ်သော သိပ္ပံပဓာနဝါဒ အမြင်၊ ၂) Scientific Imperialism ဟု ခေါ်သော သိပ္ပံလွှမ်းမိုးမှု အမြင်၊ ၃) Ecclesiastical Authoritarianism ဟု ခေါ်သော အသင်တော်ပဓာန အမြင်၊ ၄) Scientific Creatioinism ဟု ခေါ်သော ကျမ်းစာလာ ဖန်ဆင်းခြင်းသည် သိပ္ပံနည်းကျသည် ဟု ယူဆသည့် အမြင်၊ ၅) The Two Language Theory ဟု ခေါ်သော အဆိုပါ နှစ်ခုသည် လမ်းကြောင်းမတူ ဟု ယူဆသည့် အမြင်၊ ၆) Hypothetical Consonance ဟု ခေါ်သော နယ်ပယ်နှစ်ခုသည် ဟာမိုနီဖြစ်သည်ဟု ယူဆသည့် အမြင်၊ ၇) Ethical Overlap ဟု ခေါ်သော စာရိတ္တပိုင်းဆိုင်ရာ ဦးစားပေးသည့် အမြင် နှင့် ၈) New Age Spirituality ဟု ခေါ်သော နယ်ပယ် နှစ်ခုပေါင်းစည်းခြင်းဟူသော အမြင်ထက် တစ်ခုတည်းသာ ရှိခြင်းဟူသောအမြင် ဟူ၍ ဖြစ်ပါသည်။ ထို့ကြောင့် သိပ္ပံ နှင့် ဓမ္မဒဿနိကသည် ရန်ဖက်ဟူသော အမြင်ကို ကျော်လွန်၍ ငြိမ်းချမ်းရေးရနိုင်သည် ဟု ၎င်းက ဆိုခြင်းဖြစ်ပါသည်။ ဆက်လက်၍ အဆိုပါအမြင်များကို အကျယ်တဝင့် ရှင်းပြမည် ဖြစ်ပါသည်။

Scientism ဟု ခေါ်သော သိပ္ပံပဓာနဝါဒ အမြင်
    အဆိုပါ အမြင်တွင် ရှိနေကြသူများသည် သိပ္ပံ နှင့် ဓမ္မအတွေးအခေါ် နယ်ပယ်နှစ်ခု ယှဉ်လာလျှင်
သိပ္ပံနယ်ပယ်ကသာ အမှန်ဖြစ်သည်ဟု ယူဆကြသူများ ဖြစ်ပါသည်။ သိပ္ပံနည်းကျ ရုပ်ဝါဒသမားများ ဟု ၎င်းတို့ကို သမုတ်နိုင်ပါသည်။ သိပ္ပံပညာသာလျှင် သိမှုအားလုံးကို ပိုင်ဆိုင်နိုင်သည်။ သဘာဝတရားနှင့် ပတ်သက်သည့် သိမှုအားလုံးကို သိပ္ပံနယ်ပယ်ကသာ ရှင်းပြနိုင်သည်ဟု ဆိုပါသည်။ ဘာသာရေးသည် သဘာဝလွန်ဖြစ်ရပ်ကိုသာ အာရုံစိုက်၍ သိမှုအတုအယောင် (pseudo knowledge) ဟု အဆိုပါအမြင်ကို လက်ခံကြသူများက ဆိုပါသည်။ Ted Peters က အဆိုပါ အမြင်သည် နယ်ပယ်နှစ်ခုအကြား တိုက်ပွဲပုံသဏ္ဍန် ပုံဖော်မှုကို ဖြစ်စေသည်ဟု ဆိုပါသည်။
    အဆိုပါ အမြင်ကို လက်ခံကြသူများတွင် နာမည်ကျော် ဒဿနိကပညာရှင် Bertrand Russell နှင့် အာကာသပညာရှင် Fred Hoyle တို့ ပါဝင်ပါသည်။ Bertrand Russell က ဆိုသည်မှာ သိပ္ပံပညာကသာလျှင် ဖွင့်မပြနိုင်ခဲ့ပါက လူသားသည် အရာရာကို သိနိုင်မည် မဟုတ်ပေ။ Fred Hoyle ၏ ယုံကြည်မှုမှာ ဂျူးဘာသာ နှင့် ခရစ်ယာန်ဘာသာ ယုံကြည်မှုများသည် မော်ဒန်သိပ္ပံခေတ်တွင် ဒိတ်အောက် မှိုတက်နေပြီဖြစ်ပါသည်။ အဆိုပါ ဘာသာရေးယုံကြည်မှုများသည် စြင်္ကဝဠာကြီး၏ နက်နဲဆန်းကျယ်မှုများကို လျစ်လျူရှု၍ မိမိလုံခြုံမှုကိုသာ ထင်ယောင် ထင်မှားစိတ်ဖြင့် အပေါ်ယံ ရှာဖွေနေသည်ဟု ဆိုပါသည်။ Ted Peters က အဆိုပါ အုပ်စုတွင် နာမည်ကျော် ရူပဗေဒပညာရှင် Stephen Hawking ကို ပါ ထည့်သွင်းထားပေသည်။ ဘုရားသခင်မရှိ ဟု ဆိုခဲ့သူ၊ ဖန်ဆင်းရှင်၏ အခန်းကဏ္ဍ ဘာမျှမရှိဟု ယုံကြည်သူ Hawking အဖို့ သိပ္ပံပညာသည်သာလျှင် အရေးပါသည့် အခန်းကဏ္ဍအဖြစ် ရှိနေခဲ့ပါသည်။ ဤ အမြင်သည် နယ်ပယ် နှစ်ခုအကြား စစ်ပွဲများကို တာရှည်စေနိုင်ပါသည်။ ထို့အပြင် ရန်သူကို အနိုင်ယူရန်၊ အမြစ်ပြတ်ချေမှုန်းရန် အစဉ်အမြဲ အားထုတ်နေမည်သာ ဖြစ်ပါသည်။

Scientific Imperialism ဟု ခေါ်သော သိပ္ပံလွှမ်းမိုးမှု အမြင်  
    ဤအမြင်သည် ပထမအမြင်ကဲ့သို့ သိပ္ပံနယ်ပယ်က ဓမ္မအတွေးအခေါ်နယ်ပယ်အပေါ် အပြီးသတ်သုတ်သင်မည့် အမြင်မျိုးမဟုတ်ပေ။ သို့ရာတွင် အရင်းရှင် ဟု ဆိုခဲ့သည့် အတိုင်း သိပ္ပံနယ်ပယ် က ပိုမို အောင်မြင်လာပြီး ဓမ္မအေတွေးအခေါ် နယ်ပယ်အပေါ် ပိုမိုလွှမ်းမိုးလာမည်ကို လက်ခံသည့် အမြင်ဖြစ်ပါသည်။ ဤအမြင်တွင် ဘုရားသခင် တည်ရှိနေခြင်းကို ငြင်းဆန်မည် မဟုတ်ပေ။ သို့သော် ဘုရားသခင်၏ ဉာဏ်ပညာကို ဓမ္မဒဿနိက နယ်ပယ်တွင် တွေ့နိုင်မည် မဟုတ်ဘဲ သိပ္ပံနည်းကျ သုတေသန ပြုမှုများတွင်သာ တွေ့နိုင်မည်ဟု လက်ခံကြခြင်း ဖြစ်ပါသည်။ Frank Tipler ဟု ခေါ်သော အမေရိကန် ရူပဗေဒပညာရှင် က အနာဂတ်တွင် ရှင်ပြန်ထမြောက်ခြင်း ဆိုင်ရာ အမြင်ကို ခရစ်ယာန် ဓမ္မအတွေးအခေါ် ထက် ကွမ်တမ်ရူပဗေဒ၊ Big Bang သီအိုရီ နှင့် အပူလျှောက်ကူးခြင်း နိယာမများက ပိုမိုကောင်းမွန်စွာ ရှင်းပြနိုင်လိမ့်မည် ဟု ဆိုပါသည်။
    Margaret Wartheim ဟု ခေါ်သော သိပ္ပံပညာရှင် အမျိုးသမီးက Stephen Hawking သည် ဤအမြင်တွင် ရှိနေသည်ဟု ဆိုပါသည်။ Ted Peters က Hawking ကို ပထမ အုပ်စုတွင် ထည့်သွင်းထားသော်လည်း Margaret က ယခုအုပ်စုတွင် သတ်မှတ်ထားပါသည်။ Margaret ၏ အဆိုအရ သဘာဝတရား၏ နိယာမကို သိသောသူများသည် ဘုရားသခင်၏ စိတ်တော်ကို သိရှိခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ထို့ကြောင့် Hawking သည် ဘုရားသခင်မရှိဟု ဆိုသော်လည်း ပထမအမြင်တွင် မရှိဘဲ ဤအမြင်တွင်သာ ရှိသည်ဟု ၎င်းကဆိုခြင်းဖြစ်ပါသည်။
    ကိုယ်ကျင့်တရား စာရိတ္တပိုင်းဆိုင်ရာ နှင့် ပတ်သက်လာလျှင်လည်း ဇီဝဗေဒပညာရှင်များက ဆိုသည်မှာ ကိုယ်ကျင့်တရားသည် ဘာသာရေးတွင် အခြေခံသည် မဟုတ်ဘဲ ဇီဝဗေဒတွင်သာ အခြေခံသည်ဟု ဆိုပါသည်။ တစ်ကိုယ်ကောင်းဆန်ခြင်း သည် ဓမ္မအတွေးအခေါ်အားဖြင့် ဖြစ်ပေါ်လာခြင်း သို့မဟုတ် ပြုပြင်ပြောင်းလဲခြင်မျိုး ပြုလုပ်နိုင်မည် မဟုတ်ဘဲ ဗီဇအရ မမွေးခင်ကပင် လူအတွင်းတွင် ပါဝင်လာပြီးဖြစ်သည်ဟု ဆိုပါသည်။
    အချုပ်အားဖြင့်ဆိုသော် ဤအမြင်သည် သိပ္ပံ နှင့် ဓမ္မဒဿနိက နယ်ပယ် ဆက်စပ်ရာတွင် ပထမအမြင်ကဲ့သို့ သိပ္ပံနယ်ပယ်က ဓမ္မနယ်ပယ်ကို အပြီးသတ် ချေမှုန်းမည့် အမြင်မျိုးမဟုတ်ပေ။ ဤအမြင်က လက်ခံသည်မှာ  
ဓမ္မနယ်ပယ်တွင် ပညာရှင်များက ဘုရားသခင်အကြောင်း ပြောဆိုကြသော်လည်း လုံလောက်မှုမရှိပဲ သိပ္ပံပညာကသာ ပိုမို ပြောဆိုနိုင်မည်ဟု လက်ခံကြခြင်း ဖြစ်ပါသည်။ သဘာဝသိပ္ပံကသာလျှင် ဘုရားသခင်အကြောင်း ပြောပြရန် ဓမ္မအတွေးအခေါ်နယ်ပယ်ထက် ပိုမိုလုံလောက်သော အချက်အလက်များရှိသည် ဟု လက်ခံကြခြင်းဖြစ်ပါသည်။ အဆိုပါ အမြင်ကို Ted Peters က (Scientific Imperialism) သိပ္ပံအရင်းရှင် အမြင် ဟု သမုတ်ခြင်းဖြစ်ပါသည်။

Ecclesiastical Authoritarianism ဟု ခေါ်သော အသင်တော်ပဓာန အမျိုးအစား
    သိပ္ပံနှင့် ဓမ္မအတွေးအခေါ် နယ်ပယ် နှစ်ခု ထိတွေ့ရာတွင် သိပ္ပံပညာဖက်က မှန်ကန်သည် ဟု လက်ခံသူများ ရှိသကဲ့သို့ အသင်းတော်၏ အခွင့်အာဏာကသာ အရေးပါသည်ဟူသော အမြင်ကို ဆုပ်ကိုင်ထားကြသူများလည်း ရှိပါသည်။ သိပ္ပံပညာမှ အဓိကထားသော ကျိုးကြောင်းဆင်ခြင်တရားသည် ဘုရားသခင်၏ ဖွင့်ပြခြင်း နောက်တွင်သာ ရှိမည်ဖြစ်ပါသည်။ ဘုရားသခင်၏ ဖွင့်ပြခြင်း နှင့် ပတ်သက်လာလျှင် ဓမ္မအတွေးအခေါ်နှင့် အသင်းတော်၏ အခွင့်အာဏာကသာလျှင် သိပ္ပံပညာထက် ပိုမို စိတ်ချယုံကြည်ရသည် ဟူသော အမြင်ဖြစ်ပါသည်။ ထို့ကြောင့် သဘာ၀ သိပ္ပံသည် ဓမ္မအတွေးအခေါ်အောက်တွင်သာ ရှိသည်ဟု လက်ခံကြခြင်း ဖြစ်ပါသည်။
    ၁၈၆၄ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး (Pope Pius IX) က သိပ္ပံနှင့် ဒဿနိကဗေဒသည် အသင်းတော်၏ အခွင့်အာဏာအောက်မှ ကင်းလွတ်သွားခြင်းသည် မှားယွင်းသည်ဟု ဆိုပါသည်။ အဆိုပါ အမြင်သည် ၁၈၇၀ တွင် ကျင်းပသော ပထမ ဗာတီကန် ကောင်စီတွင် ဆက်လက်တည်ရှိနေပြီး ရာစုနှစ် တစ်ခုနီးပါးအထိ လက်ခံခဲ့ကြပါသည်။ ၁၉၆၀ ဝန်းကျင်တွင် ကျင်းပသော ဒုတိယ ဗာတီကန် ကောင်စီ ရောက်မှသာ အဆိုပါ အမြင်ကို စွန့်ခွာခဲ့ကြခြင်း  ဖြစ်ပါသည်။ သိပ္ပံ နှင့် ဓမ္မအတွေးအခေါ်သည် သီးခြားရပ်တည်နေသော နယ်ပယ်များအဖြစ် သတ်မှတ်ခဲ့ကြပြီး နောက်ပိုင်းတွင် ပုပ်ရဟန်းမင်းကြီး (Pope John Paul II) သည် အဆိုပါနယ်ပယ် နှစ်ရပ်၏ တိုက်ပွဲအမြင်များကို ငြိမ်းချမ်းရေး အမြင်များဖက်သို့ ဦးတည်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

Scientific Creatioinism ဟု ခေါ်သော ကျမ်းစာလာ ဖန်ဆင်းခြင်းသည် သိပ္ပံနည်းကျသည် ဟု ယူဆသောအမြင်    
              အဆိုပါအမြင်သည် အသင်းတော်ပဓာန အမြင်အမျိုးအစားကို ပြန်လည်မွမ်းမံထားခြင်းမျိုး မဟုတ်ပေ။ Scientific Creationism အမြင်ကို အဦးဆုံး လက်ခံကြသူများမှာ ယျေဘူယျအားဖြင့် အမြင်ကျဉ်းမြောင်းကြသူများ ဟု ဆိုနိုင်ပါသည်။ သိပ္ပံပညာ၏ စြင်္ကဝဠာဖြစ်တည်မှု ဆိုင်ရာ အမြင် တိုးတက်လာသောအခါ အဆိုပါတိုးတက်မှုကို ကျမ်းစာပါ ဖန်ဆင်ခြင်း၏ အမြင် နှင့် မကိုက် ကိုက်ညီအောင် မြင်ကြသူများ  ဖြစ်ကြပါသည်။ ထိုကဲ့သို့ လက်ခံသူများမှ တစ်ဆင့်ပြီး တစ်ဆင့် ယခုခေတ်တွင်  သိပ္ပံနှင့် ဓမ္မအတွေးအခေါ်သည် ဆင်းသက်ရာလမ်းကြောင်း ပုံစံတူသည်ဟု လက်ခံလာသူများ အဖြစ် ဆင့်ကဲ လက်ဆင့်ကမ်းလာခြင်း ဖြစ်ပါသည်။ သို့ရာတွင် ယခုခေတ်တွင် ထိုအမြင်ကို လက်ခံကြသူများသည် သမ္မာကျမ်းစာ၏ အခွင့်အာဏာကို မေးခွန်းထုတ်နေခြင်း မဟုတ်ဘဲ သိပ္ပံ၏ တိုးတက်မှုများနောက်ကို  မေးခွန်းထုတ်နေကြခြင်း  ဖြစ်သည် ဟု  Ted Peters က ဆိုပါသည်။
    အဆိုပါ အမြင်ကို လက်ခံကြသူများသည် သိပ္ပံပညာက တင်ပြသော ဆင့်ကဲဖြစ်စဉ်ကို ဝေဖန်ကြသူများ ဖြစ်ပါသည်။ ၎င်းတို့က ကမ္ဘာကြီးသည် တဖြည်းဖြည်း ဖန်ဆင်းခံလာရခြင်းမျိုး မဟုတ်ဘဲ ဘာမျှမရှိသည့် အခြေအနေမှ ဖန်ဆင်းခံလာရခြင်း ဖြစ်သည် (Creation out of nothing) ဟု လက်ခံကြသူများ ဖြစ်ပါသည်။ ထို့အပြင် ဗီဇပြောင်းလဲခြင်း နှင့် သဘာဝတရားကြီးမှ ရွေးချယ်ခြင်း (mutation and natural selection) သည် လုံလောက်သော အခြေအမြစ်မရှိ ဟု ဆိုကြသူများဖြစ်ပါသည်။ တည်ရှိပြီးသား မျိုးစိတ်များသည် နောက်ထပ်မျိုးစိတ်အသစ်အဖြစ်  ပြောင်းလဲသွားခြင်းကို ဝေဖန်ကြသကဲ့သို့ Apes ဟု ခေါ်သော မျောက်၏ မျိုးရိုး နှင့် လူသား၏ မျိုးရိုးသည် သီးခြားရှိသည် ဟု လက်ခံကြသူများ ဖြစ်ပါသည်။ ထို့အပြင် သဘာဝကပ်ဘေးဆိုးကြီးများသည် ဘူမိဗေဒ ပြောင်းလဲလာပုံများကို ရှင်းပြနိုင်သည် ဟု လက်ခံကြသူများ ဖြစ်ပါသည်။ ဥပမာ.. ရေလွှမ်းမိုးမှုသည် အဘယ်ကြောင့် သမုဒ္ဓရာ ကျောက်ဖြစ် ရုပ်ကြွင်းများ တောင်ပေါ်တွင် တွေ့ရသည် ဆိုသော မေးခွန်းကို အဖြေပေးနေခြင်း ဖြစ်ပါသည်။ 
    ဤအမြင်ကို လက်ခံကြသူများသည် သိပ္ပံပဓာန အမြင်ကို တန်ပြန်တိုက်ခိုက်သည့် အမြင်ဖြစ်ပါသည်။ သိပ္ပံ ပဓာန အမြင်က သိပ္ပံရုပ်ဝါဒကသာ အမှန်ဖြစ်သည် ဟု ဆိုသကဲ့သို ယခုအမြင်သည် ကျမ်းစာလာ ဖန်ဆင်းခြင်းသီအိုရီသည် သိပ္ပံနည်းကျသည်ဟု ယျေဘူယျအားဖြင့် ဆိုခြင်းဖြစ်သည်။ အဆိုပါ အမြင်များသည် နှစ်ဖက်တိုက်ပွဲများကို ဆက်လက် ရှည်ကြာစေမည့် သဘောဖြစ်ပါသည်။

The Two Language Theory ဟု ခေါ်သော နယ်ပယ် နှစ်ခုသည် လမ်းကြောင်းမတူ ဟု ယူဆသည့် အမျိုးအစား
    ဤအမြင်သည် နယ်ပယ်နှစ်ခု အကြား တိုက်ပွဲ ဖြစ်စဉ်မှသည် ငြိမ်းချမ်းရေး ဖြစ်စဉ်သို့ စတင်ကူးပြောင်း နိုင်သည့်   ခြေလှမ်းအစပင် ဖြစ်ပါသည်။ နာမည်ကျော် သိပ္ပံပညာရှင် အဲဘတ် အိန်းစတိုင်း က ဘာသာရေး အထိန်းအကွပ် မရှိသော သိပ္ပံပညာသည် ခြေမသန်စွမ်းသူ အဖြစ် ရှိနေသကဲ့သို့ သိပ္ပံးနည်းမကျသော ဘာသာရေးသည်လည်း အမြင်အာရုံ ချို့တဲ့သူကဲ့သို့ ဖြစ်သည်ဟု ၎င်းက ဆိုပါသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် နယ်ပယ်နှစ်ခုသည် ဆင်းသက်ရာ လမ်းကြောင်းမတူသော်လည်း အပြန်အလှန် ဖေးမလျက်ရှိသည်ကို တွေ့နိုင်ပါသည်။ Nancey Murphy ဟုခေါ်သော အမေရိကန် ဓမ္မပညာရှင်က အဆိုပါ အမြင်ကို လက်ခံကြသူများမှာ ကျဉ်းမြောင်းသော အမြင်ရှိသည့် ခရစ်ယာန်များနှင့် ဧဝံဂေလိ ခရစ်ယာန်များ မဟုတ်ဘဲ လစ်ဘရယ် ခရစ်ယာန်များ ဖြစ်ကြောင်း ၎င်းကဆိုပါသည်။ သိပ္ပံ နှင့် ဓမ္မအတွေးအခေါ်သည် တည်ဆောက်ပုံ လမ်းကြောင်းမတူသော်လည်း အပြန်အလှန် အမှီသဟဲပြုလျက် လူ့ဘ၀ အသက်တာကို အကျိုးပြုလျက်ရှိကြောင်း လက်ခံကြသူများဖြစ်ပါသည်။
    မော်ဒန်ခေတ်မတိုင်ခင်ကပင် အဆိုပါအမြင်ကို သွယ်ဝိုက်သော နည်းဖြင့် လက်ခံကြသူများရှိပါသည်။ ၎င်းတို့က ဘုရားသခင်ကို နည်းလမ်း နှစ်သွယ် သို့မဟုတ် စာအုပ်နှစ်အုပ်အား ဖြင့် သိနိုင်သည် ဟု ဆိုပါသည်။ အဆိုပါ နည်းလမ်း/ စာအုပ်များမှာ The book of Nature ဟု ခေါ်သော သဘာဝတရားကြီး အားဖြင့် ဘုရားသခင် ကို သိနိုင်သကဲ့သို့ The book of Scriptures ဟု ခေါ်သော သမ္မာကျမ်းစာ အားဖြင့် သိနိုင်သည် ဟု ဆိုကြပါသည်။ သဘာဝတရား စာအုပ်ကို Natural Revelation (သဘာ၀ တရားအားဖြင့် ဖွင့်ပြခြင်း) ဟု ဆိုနိုင်သကဲ့သို့ သမ္မာကျမ်းစာ အားဖြင့် ဖွင့်ပြခြင်းကို Special Revelation (အထူးဖွင့်ပြခြင်း) ဟု ဆိုနိုင်ပါသည်။ ထိုဖွင့်ပြချက်များ အားလုံးသည် ဘုရားသခင်ကိုသာ ညွန်းဆိုနေကြခြင်း ဖြစ်ပါသည်။ သို့သော် ဤ Two Language Theory နှင့် မတူသည်မှာ ဤသီအိုရီတွင် သိပ္ပံနှင့် ဓမ္မ အတွေးအခေါ်သည် သီးခြားဖြစ်ခြင်းကိုသာ ဖြစ်စေပြီး တစ်ခုသည် ဘုရားသခင်ကို ညွန်းဆိုခြင်းဖြစ်ပြီး တစ်ခုသည် လောကနိယာမများကို သာ ညွှန်းဆိုသည်ဟု ခွဲခြားလိုက်ခြင်း ဖြစ်ပါသည်။ ဤအမြင်သည် နယ်ပယ်နှစ်ခုအကြား စစ်ခင်းနေခြင်းကို ရပ်တန့်လိုက်သော်လည်း ပြီးပြည့်စုံသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခု မဟုတ်ဟု Ted Peters က ဆိုပါသည်။
Hypothetical Consonance ဟု ခေါ်သော နယ်ပယ်နှစ်ခုသည် ဟာမိုနီဖြစ်သည်ဟု ယူဆသည့် အမြင်  
    အဆိုပါ အမြင်မှာ နယ်ပယ်နှစ်ခုသည် တူညီသော ပန်းတိုင် ကို ရှာဖွေနေခြင်းဖြစ်သည် ဟု ယျေဘူယျ လက်ခံကြ ခြင်းဖြစ်ပါသည်။ သိပ္ပံပညာရှင်များနှင့် ဓမ္မအတွေးအခေါ်ပညာရှင်များပါ တူညီသော အကြောင်းအရာကို  ဆွေးနွေးနေကြခြင်း ဖြစ်သည်ဟု လက်ခံခြင်းဖြစ်ပါသည်။ သို့ပါသောကြောင့် နယ်ပယ်နှစ်ခုသည် အနာဂတ်တွင် ပူးေ့ပါင်း ဆောင်ရွက်ရန် လိုပါသည်။
    နယ်ပယ်နှစ်ခုသည် ဟာမိုနီဖြစ်သည် ဟု ယူဆသောကြောင့် နယ်ပယ်တစ်ခုသည် တစ်ခုအပေါ် မောက်မာရန် မလိုအပ်သကဲ့သို့ မိမိနယ်ပယ်ကိုသာ အာရုံစိုက်၍လည်း မရပေ။ အမှန်တရား နှင့်ပတ်သက်လာလျှင် နယ်ပယ်နှစ်ခုသည် အပြန်အလှန် ဖြည့်စွက်တည်ဆောက်လျက်ရှိသည် ဟု အဆိုပါအမြင်ကို လက်ခံကြသူများက ဆိုပါသည်။ ထို့ကြောင့် ဤအမြင်သည် နယ်ပယ် နှစ်ခု အကြား တံတားထိုးခြင်း၏ အစ ဖြစ်ပါသည်။
Ethical Overlap ဟု ခေါ်သော စာရိတ္တပိုင်းဆိုင်ရာ ဦးစားပေးသည့် အမြင်
    သိပ္ပံခေတ်တွင် နည်းပညာများထွန်းကားလာသည့် အလျောက် ဖြေရှင်းရမည့် ပြသနာများနှင့် စိန်ခေါ်မှုများသည်လည်း များပြားလာပါသည်။ ထင်ရှားသော ဥပမာပြရမည် ဆိုလျှင် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပြသနာပင်ဖြစ်ပါသည်။ လူဦးရေပွားများလာခြင်း၊ စက်မှုထုတ်ကုန် စိုက်ပျိုးရေးထုတ်ကုန်များ များပြားလာခြင်း နှင့် အတူ အသစ်ပြန်လည်မပေါ်ထွန်းလာနိုင်သော သဘာဝအရင်းအမြစ်များ ကုန်ခမ်းလာခြင်း၊ ဆင်းရဲ ချမ်းသာ ကွာဟမှု များပြားလာခြင်းတို့သည် လက်ရှိရင်ဆိုင်နေရသော ပြသနာများပင်ဖြစ်ပါသည်။ ခေတ်သစ် နည်ပညာများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြသနာများအတွက် တာဝန်ရှိသကဲ့သို့ ဓမ္မကြောင်းဖက်မှလည်း ခေတ်သစ်နည်းပညာ နောက်သို့ ကောက်ကောက်လိုက်ခြင်းမျိုးကို ထိန်းကွပ်ပေးနိုင်ရန် လိုအပ်လာသည် ဟု ဤအမြင်ကို လက်ခံကြသူများက ဆိုပါသည်။ ထို့ကြောင့် နယ်ပယ်နှစ်ခုသည် စစ်ခင်းသည့် အမြင်မှသည် တူညီသည့် ဘုံပြသနာကို ရင်ဆိုင်ရန် ရှေးရှူရန် လိုအပ်ပါသည်။    
New Age Spirituality ဟု ခေါ်သော နယ်ပယ် နှစ်ခုပေါင်းစည်းခြင်းဟူသော အမြင်ထက် တစ်ခုတည်းသာ ရှိခြင်းဟူသော အမြင်
    ဤအမြင်သည် Hypothetical Consonance နှင့် Ethical Overlap အမြင်ကဲ့သို့ပင် ဖြစ်ပါသည်။ သို့ရာတွင် ဤအမြင်၏ အဓိကအချက်မှာ Holism ဟုခေါ်သော အယူအဆပင်ဖြစ်ပါသည်။ နယ်ပယ်နှစ်ခုသည် တစ်ခုနှင့် တစ်ခု ပေါင်းစည်းရန် လိုအပ်သည် ဟူသော အမြင်ထက် နယ်ပယ်နှစ်ခု ဟူ၍ မရှိတော့ပဲ သိပ္ပံနှင့် ဓမ္မအမြင်သည် နယ်ပယ်တစ်ခုသာ ဖြစ်သည်ဟူသော အမြင်ပင်ဖြစ်ပါသည်။ အဆိုပါ အမြင်သည် ဒွိဂုဏ်သတ္တိကို ကျော်လွန်လျက်  မြင်သော အမြင်ပင်ဖြစ်ပါသည်။
    အဆိုပါအမြင်ကို လက်ခံလာစေရန် တွန်းအားပေးသော အချက် သုံးချက်ရှိပါသည်။ ပထမ တစ်ချက်မှာ ၂၀ရာစုတွင် ပေါ်ထွန်းလာသော သိပ္ပံတွေ့ရှိချက်များကြောင့် ဖြစ်ပါသည်။ အထူးသဖြင့် ကွမ်တမ်ရူပဗေဒ ကြောင့်  ဖြစ်ပါသည်။ ဒုတိယ အချက်မှာ နယ်ပယ်နှစ်ခုတွင် လူသားတို့၏ သိမှုအပေါ် အပြန်အလှန် အသိအမှတ်ပြုလာသောကြောင့် ဖြစ်ပါသည်။ တတိယ တစ်ချက်မှာ စြင်္ကာဝဠာကြီး၏ အနာဂတ် နှင့် ပတ်သက်၍ ပြုစု  စောင့်ရှောက်ရန် လိုအပ်လာသော ကြောင့် ဖြစ်ပါသည်။ အဆိုပါ တွန်းအားများကြောင့် နယ်ပယ် နှစ်ခုသည် တစ်ခုနှင့် တစ်ခု ပေါင်းစည်းရန် ဟူသော အမြင်ထက် နယ်ပယ်နှစ်ခု ဟူ၍ ခွဲရန်မလို တစ်ခုလုံးသာဖြစ်သည်။ အဆိုပါ တစ်ခုလုံးမှ ထွက်လာသော အားသည် နှစ်ခုပေါင်းစည်းခြင်းကြောင့် ရလာသော အားထက် ပိုမိုကောင်းမွန်သည် ဟု လက်ခံခြင်းဖြစ်ပါသည်။
    ဤအမြင် ၈ မျိုးမှာ သိပ္ပံနှင့် ဓမ္မဒဿနိကနယ်ပယ် နှစ်ခု တွေ့ဆုံရာတွင် လူသားတို့အကြား ပေါ်ထွက်လာရသော အမြင်များကို Ted Peters က အမျိုးအစားခွဲခြား ပြထားခြင်းဖြစ်ပါသည်။ ယျေဘူယျ အားဖြင့် သိပ္ပံနှင့် ဓမ္မအတွေးအခေါ်သည် ရန်သူသဖွယ် ဆက်ဆံသော ဆက်ဆံရေး ရှိသကဲ့ သို့ ငြိမ်းချမ်းရေးကို ဖော်ဆောင်သော အမြင်များလည်း ရှိသည်ဟု မီးမောင်းထိုးပြခြင်း ဖြစ်ပါသည်။
နိဂုံး
    ဤစာစုသည် သိပ္ပံနှင့် ဓမ္မအတွေးအခေါ် ဆက်စပ်မှုများကို တင်ပြခြင်းဖြစ်ပါသည်။ သိပ္ပံ နှင့် ဓမ္မအတွေးအခေါ်သည် လူသားများအကြား စစ်မြေပြင် သဖွယ်ဖြစ်နေပါသည်။ အထူးသဖြင့် အရာရာနိမ့်ကျလျက် ရှိသော စာရေးသူတို့ ရေခံမြေခံတွင် ခရစ်ယာန်များသည် သိပ္ပံပညာအပေါ် မိမိတို့၏ ယုံကြည်မှုကို ကိုင်လှုပ်သော ရန်သူတော်အဖြစ် မြင်ကြ တွေးကြသည်ကို တွေ့မြင်နိုင်ပါသည်။ ခေတ်ပေါ် ဓမ္မသီချင်းတစ်ပုဒ်တွင် “လူသားတို့ အတတ်သိပ္ပံ ခြေတစ်လှမ်း နောက်ကျကျန်” ဟု ရေးသား သီဆိုသည့် အထိ နယ်ပယ်နှစ်ခုကို ရန်သူသဖွယ်၊ ဓမ္မသဘောသည် ဘုရားသခင်ဆီမှ လာ၍ သိပ္ပံသဘောသည် စာတန်မာရ်နတ်ဆီမှ လာသော အမြင်မျိုး မြင်ကြရပါသည်။
    ပါမောက္ခ Ted Peters ၏ အဆိုအရ နယ်ပယ် နှစ်ခု ထိတွေ့ရာတွင် အမြင် ၈ မျိုးအထိရှိသည် ကို ဖော်ပြပြီး ဖြစ်ပါသည်။ အချို့ အမြင်များမှာ တစ်ဖက်နှင့် တစ်ဖက် တိုက်ပွဲ ပုံသဏ္ဍာန်ဆောင်သကဲ့သို့ တစ်ချို့ အမြင်များမှာ ပြန်လည်သင့်မြတ်ခြင်းကို ဖော်ဆောင်ပါသည်။ ယခုအချိန်သည် စစ်တလင်းအဖြစ် မြင်တွေ့ရမည့် အချိန် မဟုတ်တော့ပေ။ စစ်ပွဲဆီမှသည် ငြိမ်းချမ်းရေးဆီသို့ ရှေးရှုရင်း နယ်ပယ်တစ်ခုလုံး အမြင်ဖြင့် ဥဿုံအမြင်ဖြင့် မြင်တတ် တွေးတတ်ရန် လိုအပ်နေပါတော့သည်။

ကိုးကား စာအုပ်
Peters, Ted. “Science and Theology: Towards Consonance.” In Science and Theology: The New Consonance, edited by Ted Peters. Oxford: Westview Press, 1998.
 

No comments:

Post a Comment