Sunday, July 7, 2019

ကြမ္တမ္ရူပေဗဒ ႏွင့္ ဘုရားသခင္ အရာအားလံုးကို ထိန္းခ်ဳပ္ျခင္း ဓမၼအျမင္ (ကွမ်တမ်ရူပဗေဒ နှင့် ဘုရားသခင် အရာအားလုံးကို ထိန်းချုပ်ခြင်း ဓမ္မအမြင်)


                                       Photo.....Internet
Zaw Gyi

နိဒါန္း
အစဥ္အလာအရ ခရစ္ယာန္တို႕၏ ဘုရားသခင္အေပၚ ယံုၾကည္ေသာ ယံုၾကည္မႈတစ္ခုမွာ ဘုရားသခင္သည္ အရာအားလံုး၏ အရွင္သခင္ျဖစ္သည္။ အရာအားလံုးကို ခ်ဳပ္ကိုင္ထားသည္။ ဘုရားသခင္၏ အခြင့္မရွိဘဲ အရာအားလံုး ျဖစ္ေပၚလာျခင္း မရွိ၊ ဘုရားသခင္၏ သေဘာေတာ္ ျပဌာန္းမႈေၾကာင့္သာ အရာအားလံုး အေကာင္အထည္ေပၚလာရျခင္း ျဖစ္သည္ ဟူေသာ ယံုၾကည္ခ်က္ျဖစ္ပါသည္။ အျခားတစ္ဖက္တြင္လည္း သိပၸံပညာ၏ တိုးတက္မႈတစ္ခု ျဖစ္ေသာ ကြမ္တမ္သေဘာတရား သည္  ၂၀ ရာစုတြင္ ေပၚထြန္းလာသည္။ ကြမ္တမ္ရူပေဗဒ၏ အဆိုအရ အရာအားလံုးကို ၾကိဳတင္ သတ္မွတ္ျပဌာန္း၍ မရနိုင္၊ အရာအားလံုးသည္ သူ႕သေဘာသူေဆာင္ပါေနသည္။ ထိုသေဘာတရားသည္ အစဥ္အလာအရ ခရစ္ယာန္တို႕ လက္ခံထားၾကေသာ ဘုရားသခင္၏ အရာအားလံုးကို ထိန္းခ်ဳပ္ျခင္း ဟူေသာ ယံုၾကည္မႈကို စိန္ေခၚသကဲ့သို႕   ျဖစ္လာပါသည္။
ဤေဆာင္းပါး၏ ရည္ရြယ္ခ်က္မွာ သိပၸံပညာ တိုးတက္မႈတိုင္းတြင္ သိပၸံပညာ နွင့္ ခရစ္ယာန္ယံုၾကည္မႈ ထိေတြ႕ၾကပံုမ်ားကို “ကြမ္တမ္ရူပေဗဒ ႏွင့္ ဘုရားသခင္ အရာအားလံုးကို ထိန္းခ်ဳပ္ျခင္း” ဟူေသာ ရႈေထာင့္မွ တင္ျပလိုျခင္းျဖစ္ပါသည္။ အစဥ္အျမဲ ေျပာင္းလဲေနေသာ သိပၸံအျမင္မ်ား၏ လႊမ္းမိုးမႈၾကားထဲတြင္ ခရစ္ယာန္ ယံုၾကည္မႈ ဆင့္ကဲတည္ေဆာက္ၾကပံုမ်ားကို ျပန္လည္သံုးသပ္ရင္း လက္ရွိ သိပၸံေခတ္တြင္ ျမန္မာ႕ေရခံေျမခံ၌ သိပၸံနည္းက် ဓမၼအေတြးအေခၚတည္ေဆာက္ရင္း ဘုရားသခင္ကို တိုး၍သိရွိ နားလည္နိုင္ရန္ နွင့္ ဘုရားသခင္ေပးေသာ စြမ္းအင္ကို  ေရြးခ်ယ္ အသံုးျပဳလ်က္ မေသခ်ာမႈမ်ားအတြင္း ေသခ်ာေသာ အျဖစ္အပ်က္တစ္ခု ဖန္တီးနိုင္ရန္ ရည္ရြယ္ပါသည္။

၁။ ကြမ္တမ္၏သေဘာ
            ရူပေဗဒ၏သေဘာသည္ ရုပ္၀တၳဳ နွင့္ စြမ္းအင္တို႕၏ ေျပာင္းလဲမႈျဖစ္စဥ္မ်ားနွင့္ အေျခခံသေဘာတရားမ်ားကို   ေလ့လာေသာ ပညာရပ္ျဖစ္ပါသည္။ ရုပ္ေလာကအတြင္းရွိ အနိမ့္ဆံုး ရုပ္၀တၳဳမွအစ အျမင့္ဆံုး ရုပ္အေျခအေနအထိ ၎နွင့္ ဆက္စပ္လ်က္ရွိေသာ အရာမ်ားကို ေလ့လာျခင္း၊ ေတြ႕ရွိမႈမ်ားကို အေျခခံ၍ ျပသနာမ်ားကို ေျဖရွင္းနိုင္ရန္ ညီမွ်ျခင္းမ်ား ေဖာ္ထုတ္ျခင္း အစရွိသည္တို႔နွင့္ ျပည္နွက္ေနေသာ နယ္ပယ္တစ္ခုျဖစ္ပါသည္။ ထို႕အျပင္ လူသားတို႔၏ ဒႆနိကနယ္ပယ္ နွင့္ ခရစ္ယာန္ ဓမၼဒသနိကအျမင္မ်ားကိုလည္း လႊမ္းမိုးေသာ သိပၸံ နယ္ပယ္တစ္ခုျဖစ္ပါသည္။
ေရွးရိုးစြဲသိပၸံနယ္ပယ္ မွ ေခတ္သစ္သိပၸံနယ္ပယ္သို႕ ကူးေျပာင္းလာေသာ အေျပာင္းအလဲတြင္ အေရးပါေသာ အေျပာင္းအလဲဲျပဳလုပ္ခဲ့သူမ်ားရွိခဲ့ပါသည္။ ၄င္းတို႔ အထဲမွ ေက်ာ္ၾကားသူ တစ္ေယာက္မွာ ဆာ အိုက္စက္ နယူတန္ (Sir Issac Newton)  ျဖစ္ပါသည္။ 

၁၈ ရာစုတြင္ နယူတန္က ကမၻာၾကီးသည္ အမႈန္မ်ား (Particles) ျဖင့္ ဖြဲ႕စည္းထားသည္ဟု ဆိုပါသည္။ လႈပ္ရွားမႈ တိုင္းသည္ အမႈန္မ်ားျဖင့္ လႈပ္ရွားေနသည္ ဟုဆိုပါသည္။ ၁၉ ရာစု သို႕ ေရာက္ရွိလာေသာအခါ ဓာတုေဗဒ နယ္ပယ္ ပိုမိုဖြံ႕ျဖိဳး အားေကာင္းလာပါသည္။ ထိုအခါ နယူတန္၏ အမႈန္မ်ားေနရာတြင္ ဂၽြန္ ဒယ္လ္တန္ (John Dalton) ဟုေခၚေသာ အဂၤလိပ္လူမ်ိဳး ဓာတုေဗဒ ပညာရွင္၏ အက္တမ္ က ေနရာ ၀င္ယူလိုက္ပါသည္။ ဒယ္လ္တန္ က အရာအားလံုးသည္ အက္တမ္မ်ား ျဖင့္ဖြဲ႕စည္းထားသည္ဟု ဆိုပါသည္။ 


နယူတန္၏ အမႈန္ေနရာတြင္ ဒယ္လ္တန္၏ အက္ေတာမစ္ သီအိုရီ (Dalton’s Atomic Theory) က လႊမ္းမိုးနိုင္ခဲ႔ေသာ္လည္း နယူတန္၏ စၾကာၤ၀ဠာနွင့္ ဆိုင္ေသာ အျမင္ကို ေက်ာ္လႊားနိုင္ျခင္း မရွိခဲ့ေပ။ နယူတန္က စၾကာၤ၀ဠာအတြင္းရွိ အရာအားလံုးသည္ ျပဌာန္းထားျပီးသား ျဖစ္သည္ဟု ဆိုပါသည္။ လက္ရွိ အေျခအေနကို တိတိက်က် သိရွိနိုင္လ်ွင္ အနာဂတ္တြင္ ဘာျဖစ္လာမည္ကို ခန္႔မွန္းနို္င္သည္ဟု ဆိုျခင္းျဖစ္ပါသည္။ ၄င္းမွာ ရီဒတ္ရွင္နစ္စမ္ (Reductionism) ဟု ဆိုေသာ သေဘာတရားပင္ ျဖစ္ပါသည္။ ၀တၳဳ၏ အေသးငယ္ဆံုး အစိတ္အပိုင္း တစ္ခုကို ၾကည့္၍ အရာ၀တၳဳ တစ္ခုလံုးကို သိနိုင္သကဲ့သို႔  အရာ၀တၳဳ တစ္ခုလံုးကို ၾကည့္၍ အေသးငယ္ဆံုး အစိတ္အပိုင္းကို သိနိုင္သည္ ဟု ယူဆေသာ ယူဆခ်က္မ်ိဳးျဖစ္ပါသည္။ ထို႕အျပင္ နယူတန္၏ စၾကာၤ၀ဠာဆိုင္ရာ အျမင္တြင္ ပကတိ သေဘာတရား (Realistic) အယူအဆလည္း ပါ၀င္ပါသည္။ နယူတန္က သိပၸံသီအိုရီမ်ားသည္ စၾကာၤ၀ဠာတြင္ ပကတိျဖစ္ေပၚေနသည့္ အတိုင္း တင္ျပထားသည္ဟု လက္ခံပါသည္။ သီအိုရီေဖာ္ထုတ္သူ၊ ေလ့လာသူ ျမင္သည့္အတိုင္း ေလ့လာမိသည့္ အတိုင္း တင္ျပသည့္ အတြက္ ေလ့လာသူ တင္ျပသူ၏ အခန္းက႑၊ ပါ၀င္မႈကို လ်စ္လ်ဴရႈထားပါသည္။ နယူတန္၏ စၾကာၤ၀ဠာနွင့္ ဆိုင္ေသာ အျမင္သည္ ၂၀ ရာစု ေရာက္ေသာအခါ ကြမ္တမ္ရူပေဗဒ၏ စိန္ေခၚမႈနွင့္ ထိပ္တိုက္ရင္ဆိုင္လာရပါသည္။

                                          နီေဘာ (Niels Henrik David Bohr)

            ကြမ္တမ္ရူပေဗဒ ဟု ဆိုလိုက္သည္နွင့္ ဒိန္းမတ္လူမ်ိဳး ရူပေဗဒပညာရွင္ နီေဘာ (Niels Henrik David Bohr) ကို ပစ္ပယ္ထား၍ မရေပ။ ၂၀ရာစု အေစာပိုင္းတြင္ သိပၸံပညာ၏ စမ္းသပ္မႈမ်ားကဆိုၾကသည္မွာ အလင္းသည္ ကြာတာ (quata) ဟုေခၚေသာ သီးျခားလႈိုင္းမ်ားျဖင့္သာ ေရြ႕လ်ားသည္ ဟု လက္ခံၾကပါသည္။ နီေဘာက အက္တမ္၏ ပံုစံကို ေဖာ္ထုတ္ခဲ့ပါသည္။ ၁၉၁၃ ခုတြင္ သူက အက္တမ္တစ္လံုးတြင္ အီလက္ထရြန္မ်ားသည္ န်ဴးကလိယပ္စ္ ကို ဗဟိုျပဳ၍ လည္ပတ္ေနသည္ဟု ဆိုပါသည္။

 နီေဘာ၏ အက္တမ္ ေမာ္ဒယ္တြင္ လည္ပတ္ေနေသာ အီလက္ထရြန္မ်ား၏ စြမ္းအင္ အေၾကာင္းကို နႈတ္ဆိတ္ေနေသာ္လည္း အီလက္ထရြန္မ်ားလည္ပတ္ေနရာတြင္ ၾကိမ္နႈန္းကို ထည့္သြင္းစဥ္းစား ထားသည္ကိုေတြ႕ရပါသည္။ ထိုမွတစ္ဆင့္ တစ္ဆင့္ခ်င္းတိုး၍ ေဖာ္ထုတ္လာရာမွ ထုတ္လႊတ္လိုက္ေသာ အလင္းသည္ အမႈန္မ်ား စီးဆင္းသကဲ့သို႕ ျပဳမူျပီး ၄င္းတြင္ စြမ္းအင္ႏွင့္ အရွိန္ပါရွိေၾကာင္း လက္ခံလာၾကပါသည္။
              

၁၉၂၀ သို႕ ေရာက္ရွိလာေသာအခါ အာ၀င္ ရႈိးဒင္းဂါး (Erwin Schrodinger) ဟု ေခၚေသာ ၾသစၾတီးယား ရူပေဗဒ ပညာရွင္က ကြမ္တမ္သီအိုုရီ ၏ လႈိုင္းညီမ်ွျခင္း (wave equation of quantum theory) ကို ေဖာ္ထုတ္ခဲ့ပါသည္။ အဆိုပါ ညီမ်ွျခင္းတြင္  အက္တမ္တစ္လံုးထဲတြင္ အီလက္ထရြန္တစ္ခုခ်င္းဆီ၏ စြမ္းအင္ သီးျခားစီ ရွိေနပံုကို အေလးေပးခဲ့ပါသည္။ အဆိုပါ ညီမွ်ျခင္းတြင္ လႈိင္းမ်ား၏ ျဖစ္တန္စြမ္းမ်ား မ်ားျပား အလြန္တစ္ရာ ရႈပ္ေထြးပံုကို တင္ျပခဲ့ပါသည္။ နီေဘာ၏ အက္တမ္ေဖာ္ျပခ်က္တြင္ အီလက္ထရြန္မ်ားကို တစ္လံုးခ်င္းပံုေဖာ္နိုင္ေသာ္လည္း ကြမ္တမ္သီအိုရီတြင္ အီလက္ထရြန္မ်ားသည္ ပံုေဖာ္၍မရနိုင္ေလာက္ေအာင္ ျဖစ္တန္စြမ္းမ်ား မ်ားျပား အလြန္တစ္ရာ ရႈပ္ေထြးလွပါသည္။
            ၁၉၂၇ တြင္ ဂ်ာမန္လူမ်ိဳး ဟိုင္ဇင္ဘတ္ (Werner Heisenberg) က သူ၏ မတိက်ျခင္း၊ မေသခ်ာမေရရာျခင္း သီအိုရီ (Heisnberg’s principle of uncertainty) ကို တင္ျပခဲ့ပါသည္။ အရာ၀တၳဳ တစ္ခု၏ အလ်င္ နွင့္ တည္ရွိမႈပံုစံသည္ တိက်မႈမရွိ၊ တိတိက်က် တိုင္းတာ၍ မရဟု အဆိုပါ သီအိုရီက ဆိုပါသည္။ ထိုနည္းတူစြာပင္ အခ်ိန္ နွင့္ စြမ္းအင္ ကိုလည္း တိတိက်က် ဆို၍ မရေပ။ ထို႕ေၾကာင့္ အရာအားလံုးသည္ တိတိက်က် ျဖစ္မည္ဟု ဆို၍မရဘဲ ကြမ္တမ္ရူပေဗဒ သေဘာအရ အရာအားလံုးတြင္ မေသခ်ာမႈမ်ားနွင့္သာ ျပည့္နွက္ေနမည္ျဖစ္ပါသည္။ နယူတန္၏ အျမင္တြင္ စၾကာၤ၀ဠာသည္ တိတိက်က် ျပဌာန္းခံထားရျခင္း ျဖစ္ေသာ္လည္း ကြမ္တမ္သေဘာအရ အရာအားလံုးသည္ မေသခ်ာမႈမ်ားထဲက ထြက္ေပၚလာရျခင္းဟူေသာ သေဘာကိုေဆာင္ပါသည္။
            ကြမ္တမ္မကၠင္းနစ္ နွင့္ ပတ္သက္လာပါက ထင္ျမင္ယူဆပံုကို သံုးမ်ိဳးခြဲျခားထားနိုင္ပါသည္။ ပထမ အျမင္မွာ “မေသခ်ာမႈမ်ားသည္ လူသားတို႕၏ မသိရွိမႈ လ်စ္လ်ဴရွဳမႈတို႕ ေၾကာင့္ ျဖစ္သည္ (Uncertainty as Human Ignorance)” ဟူေသာ အျမင္ျဖစ္သည္။ အဆိုပါ အျမင္ကို လက္ခံၾကသူမ်ားတြင္ ဂ်ာမန္ရူပေဗဒပညာရွင္ မက္စ္ပလန္႔ (Max Planck) နွင့္ နာမည္ေက်ာ္ အိုင္းစတိုင္း (Albert Einstein) တို႕ပါ၀င္ၾကပါသည္။ ၄င္းတို႕ ယံုၾကည္ၾကသည္မွာ တိတိက်က် ေဖာ္ျပ တြက္ထုတ္၍ မရနိုင္ျခင္းမွာ လူသားတို႕၏ အားနည္းမႈပင္ျဖစ္ပါသည္။ အရာအားလံုးသည္ ဘုရားသခင္၏ ျပဌာန္းထားျခင္းကို ခံထားရျပီးျဖစ္ပါသည္။ မည္သို႕မည္ပံု ျဖစ္တည္ေနသည္ကို မသိနားမလည္ရျခင္းမွာ လူသားတို႕၏ အားနည္းခ်က္သာျဖစ္ျပီး တစ္ေန႕တြင္ တိတိက်က် ေဖာ္ျပနိုင္မည္ဟု ဆိုၾကပါသည္။ ထို႕ေၾကာင့္ အိုင္းစတိုင္းက ဘုရားသခင္သည္ အံစာတုန္း မကစားပါ (God does not play dice) ဟု ဆိုပါသည္။ တနည္းအားျဖင့္ အရာအားလံုးသည္ တိတိက်က် မရွိျခင္း မဟုတ္ဘဲ ဘုရားသခင္ ရည္ရြယ္ခ်က္ရွိရွိ တိတိက်က် သတ္မွတ္ထားျပီးသားကို လူသားမ်ား နားမလည္ နိုင္ေသးျခင္းသာ ျဖစ္ပါသည္။
            ဒုတိယ အျမင္မွာ “မတိက် မေရရာမႈမ်ားသည္ စမ္းသပ္မႈမ်ား၊ သိမႈမ်ား၌ အကန္႕အသတ္ရွိေသာေၾကာင့္ ျဖစ္ပါသည္ (Uncertainty as Experimental or Conceptual Limitation)” ဟူေသာ အျမင္ျဖစ္ပါသည္။ အဆိုပါ အျမင္ကို ပညာရွင္ ေတာ္ေတာ္မ်ားမ်ား လက္ခံၾကပါသည္။ အက္တမ္မ်ားျဖင့္ ဖြဲ႕စည္းထားေသာ ေလာကၾကီးတြင္ လူသားတို႕၏ လ်စ္လ်ဴရႈမႈေၾကာင့္မဟုတ္ဘဲ သိမႈဆိုင္ရာ ကန္႕သတ္ခ်က္ေၾကာင့္သာ အရာအားလံုးခန္႔မွန္း၍ မရျခင္း  ျဖစ္သည္ ဟူေသာ အျမင္ျဖစ္ပါသည္။ အဆိုပါ အျမင္ကို လက္ခံၾကသူမ်ားတြင္ နီေဘာတို႕ ပါ၀င္ပါသည္။
            တတိယ အျမင္မွာ “မတိက် မေရရာမႈမ်ားသည္ သဘာ၀တရားၾကီးကိုယ္၌က ျပဌာန္းမခံရျခင္းေၾကာင့္ ျဖစ္သည္ (Uncertainty as Indeterminacy in Nature) ” ဟူေသာ အျမင္ျဖစ္သည္။ ဟိုင္ဇင္ဘတ္က ျပဌာန္းမခံရျခင္းသည္ သဘာ၀တရားၾကီး၏ အရွိတရားျဖစ္ျပီး လူသားတို႕၏ ဥာဏ္ပညာနွင့္ မဆိုင္ဟု ဆိုပါသည္။ ထို႕ေၾကာင့္ အေၾကာင္းအခ်င္းအရာ တစ္ခုတြင္ ျဖစ္တန္စြမ္းမ်ား မ်ားစြာရွိသည္။ ၄င္းျဖစ္တန္စြမ္းမ်ား မ်ားစြာထဲကမွ အေၾကာင္းတရားမ်ားေၾကာင့္ အက်ိဳးတစ္ခု သို႕မဟုတ္ တစ္ခုထက္မက ေပၚထြန္းလာရျခင္း ျဖစ္သည္ဟု ဆိုပါသည္။

                                                  Heisenberg
 
 ဟုခ်္ အဲဗရက္ (Hugh Everett) ဟုေခၚေသာ သခ်ာၤပညာရွင္၏ စၾကာၤ၀ဠာအမ်ားအျပားရွိသည္ ဟူေသာ သီအိုရီသည္ ဤကြမ္တမ္အျမင္အေပၚ တည္ေဆာက္ထားျခင္း ျဖစ္ပါသည္။ မေသခ်ာမေရရာမႈမ်ားသည္ အက္တမ္ တစ္လံုးအတြင္းတြင္ပင္ အခ်ိန္တိုင္း ရွိနိုင္ပါသည္။ ထို႕ေၾကာင့္ ႀကိဳတင္ခန္႕မွန္းလို႔မရနိုင္ေသာ အျဖစ္အပ်က္မ်ား စၾကာၤ၀ဠာၾကီးအတြင္းတြင္ ရွိပါသည္။ အခ်ိန္တိုင္းတြင္ ႀကံဳသလို ျဖစ္ပ်က္ေသာ အျဖစ္အပ်က္မ်ား ျဖစ္ေနပါသည္။ စၾကာၤ၀ဠာၾကီးသည္လည္း ျဖစ္နိုင္ေျခ အမ်ားအျပား ရွိပါသည္။ အဆိုပါ ျဖစ္နိုင္ေျခမ်ားအေပၚတည္၍ ထြက္လာနိုင္ေသာ ရလာဒ္မ်ား ေျမာက္မ်ားစြာရွိပါသည္။ ထို႕ေၾကာင့္ ဤ စၾကာၤ၀ဠာၾကီးမွသည္ စၾကာၤ၀ဠာေျမာက္မ်ားစြာ ေပၚထြက္လာနိုင္ပါသည္။ ပင္စည္တစ္ခုမွ အခက္ အရြက္ အပင္အသစ္ မ်ားစြာ ေပၚထြက္လာနိုင္ေသာ သစ္ပင္ကဲ့သို႔ျဖစ္သည္ဟု အဆိုပါ သီအိုရီက ဆိုပါသည္။
            ကြမ္တမ္ရူပေဗဒအေပၚ ဒုတိယအျမင္နွင့္ တတိယအျမင္ မ်ားသည္ နယူတန္၏ အရာအားလံုးသည္ ျပဌာန္းခံထားရသည္ ဟူေသာ အျမင္နွင့္ ဆန္႕က်င္ဖက္ ျဖစ္ေနပါသည္။ ထို႕အတူ ဘုရားသခင္သည္ အရာအားလံုးကို ခြဲခန္႔ သတ္မွတ္ ထိန္းခ်ဳပ္ထားသည္ဟူေသာ ဓမၼသေဘာကိုပါ ရိုက္ခတ္လာပါသည္။
၂။ ပဋိပကၡအသြင္ ထိေတြ႕မႈ
            နယူတန္၏ အျမင္သည္ ခရစ္ယာန္ ဓမၼအေတြးအေခၚနွင့္ ဆန္႔က်င္ဖက္ျဖစ္မလာေသးေပ။ အရာအားလံုးသည္  ျပဌာန္းခံထားရသည္ ဟူေသာ နယူတန္၏ အျမင္သည္ ဘုရားသခင္သည္ အရာအားလံုးကို ထိန္းခ်ဳပ္ထားသည္ ဟူေသာ ဓမၼအျမင္နွင့္ ပဋိပကၡျဖစ္စရာမရွိေပ။ သို႕ရာတြင္ နယူတန္ေခတ္မွသည္ ကြမ္တမ္ေခတ္သို႔ ေျပာင္းလဲလာေသာအခါ သိပၸံ နွင့္ ဓမၼဒႆနိက တို႔သည္ ပြတ္တိုက္မႈ ျဖစ္လာပါသည္။
၂.၁။ အရာရာကို ျပဌာန္းထားေသာ ဘုရားသခင္
            ၁၇ ရာစုအထိ သိပၸံပညာရွင္မ်ားသည္ ဘာသာေရးကိုင္းရိႈင္းေသာသူမ်ား ျဖစ္ၾကပါသည္။ နယူတန္ ကိုယ္တိုင္ပင္ ဘုရားသခင္သည္ ၾကယ္မ်ားကို ကမၻာေျမ၏ ဆြဲအားမွ လြတ္ကင္းေစရန္ စီမံထားသည္ဟု ယံုၾကည္သူျဖစ္ပါသည္။ အရာအားလံုးသည္ ဘုရားသခင္၏ လက္ရာေတာ္ေၾကာင့္သာ ဟန္ခ်က္ညီစြာ လႈပ္ရွားလည္ပတ္ေနျခင္းဟု လက္ခံၾကသူမ်ားျဖစ္ပါသည္။
            ကမၻာႀကီးကို ျမင္ရာတြင္ နိယာမမ်ားျဖင့္ ဖြဲ႕စည္းထားသည္ (Law abiding world) ဟု ျမင္ပါသည္။ ဘုရားသခင္သည္ အဆိုပါ နိယာမမ်ားကို ဖန္ဆင္းရံုသာမက ကမၻာၾကီးကိုလည္း အဆိုပါ နိယာမမ်ားျဖင့္ အလုပ္လုပ္ေစသည္ ဟု လက္ခံၾကသူမ်ားျဖစ္ပါသည္။ ထို႕ေၾကာင့္ အဆိုပါ နိယာမမ်ားသည္ ဘုရားသခင္၏ ဘုဥ္းေတာ္၊ အခ်ဳပ္အျခာအာဏာကို ေဖာ္ျပရာပင္ ျဖစ္သည္ဟု လက္ခံၾကပါသည္။ ဘုရားသခင္သည္ အျဖစ္အပ်က္အားလံုးကို ၾကိဳတင္ျပဌာန္းထားျပီး ျဖစ္ပ်က္ေနေသာ အရာအားလံုးသည္ ဘုရားသခင္၏ အလိုေတာ္သာျဖစ္သည္။ ထို႕ေၾကာင့္ ဘုရားသခင္သည္ အက်ိဳးတရားအားလံုး၏ မူလ အေၾကာင္းတရား ျဖစ္သည္ (Primary Cause) ဟု ဆိုပါသည္။ 


            သို႕ရာတြင္ ၁၈ ရာစုသို႕ ေရာက္ရွိလာေသာအခါ Deism (ဒိေရဆမ္) ဟုေခၚေသာ အျမင္သစ္ ေပၚလာပါသည္။ အဆိုပါအျမင္၏ သေဘာမွာ ဘုရားသခင္သည္ စၾကၤာ၀ဠာၾကီးကို အစျပဳျပီး ဒီအတိုင္းထားခဲ့ပါသည္။ ၀ီလီယမ္ ပယ္ေလ (William Paley) ဟု ေခၚေသာ အဂၤလိပ္ ဘုဥ္းေတာ္ၾကီးက ဘုရားသခင္သည္ နာရီကို ျပဳလုပ္သူနွင့္ တူသည္ဟုဆိုပါသည္။ နာရီျပဳလုပ္ျပီးသည္နွင့္ နာရီသည္ စက္သြား လည္ပတ္မႈအတိုင္း ဆက္လက္လႈပ္ရွားေနမည္  ျဖစ္ပါသည္။ နာရီပ်က္သြားမွသာ နာရီျပဳလုပ္သူထံ ျပန္လည္ေရာက္ရွိလာမည္ ျဖစ္ပါသည္။ ဤအျမင္တြင္လည္း ဘုရားသခင္သည္ အရာအားလံုးကို အစျပဳျပီး နိယာမအားျဖင့္ ဆက္လက္လည္ပတ္ေစသည္ဟု ဆိုသျဖင့္ ဘုရားသခင္သည္သာ အဆံုး၌ တာ၀န္ယူရဦးမည္ ျဖစ္ပါသည္။
            နယူတန္က စၾကၤာ၀ဠာၾကီးကို စက္ယႏၱရားသဖြယ္ ျမင္ပါသည္။  ဘုရားသခင္သည္ စက္ယႏၱရားကို တီထြင္ေသာ သူျဖစ္ပါသည္။ ရူပ ေလာကတြင္ ဘုရားသခင္သည္ ဆက္လက္ပါ၀င္ လႈပ္ရွားေနမည္ျဖစ္ပါသည္။ ဘုရားသခင္သည္ စၾကၤာ၀ဠာစက္ယႏၱရားကို မူလဖန္တီးသူ အေၾကာင္းတရားအျဖစ္ တည္ရွိေနမည္ျဖစ္ပါသည္။ နယူတန္က ၄င္း၏ နိယာမ ေလးခုသည္ စက္ယႏၱရားအေၾကာင္း အရာအားလံုးကို ရွင္းျပနိုင္သည္ဟု ဆိုပါသည္။  အမွန္တကယ္တြင္ တကယ့္  ေသးငယ္ေသာ အျဖစ္အပ်က္မ်ားကိုသာ ရွင္းျပနိုင္ေသာ္လည္း ဧရာမ အျဖစ္အပ်က္မ်ားအတြက္ မွန္ကန္မႈမရွိနိုင္ေပ။ ဥပမာဆိုရေသာ္ သက္ေရာက္မႈတိုင္းတြင္ တန္ျပန္သက္ေရာက္မႈ ရွိသည္၊ အက်ိဳးတရားအားလံုး၌ အေၾကာင္းတရားရွိသည္ ဟူေသာ နယူတန္၏ ဒုတိယ နိယာမ သည္  စၾကၤာ၀ဠာၾကီး၏ ေသးငယ္ေသာ အစိတ္အပိုင္းျဖစ္သည့္ ကမၻာအတြက္ မွန္ကန္နိုင္ေသာ္လည္း အာကာသသို႕ ေရာက္သြားသည့္အခါ မမွန္ကန္နိုင္ေတာ့ေပ။ 

            သိပၸံအေျပာင္းအလဲအတြက္ နယူတန္သည္ အေရးၾကီးသည့္ အခန္းက႑တြင္ ရွိခဲ့ေသာ္လည္း နယူတန္၏ အျမင္မ်ားသည္ ခရစ္ယာန္ဓမၼအေတြးအေခၚနွင့္ ထိပ္တိုက္မေတြ႕ခဲ့ေပ။ အေၾကာင္းမွာ ဘုရားသခင္သည္ အရာအားလံုးကို စီမံခန္႕ခြဲ ျပဌာန္းထားသည္ ဟူေသာ အျမင္ကို တူညီစြာ ကိုင္စြဲထားေသာေၾကာင့္ ျဖစ္ပါသည္။
၂.၂။ ဘုရားသခင္ ႏွင့္ ကံ
            ကြမ္တမ္တြင္ အျမင္သံုးမ်ိဳးရွိသည္ကို တင္ျပျပီး ျဖစ္ပါသည္။ ပထမ အျမင္ သည္ ဘုရားသခင္အရာအားလံုးကို စီမံခန္႕ခြဲ ျပဌာန္းထားသည္  ဟူေသာ ဓမၼအေတြးအေခၚနွင့္ ပဋိပကၡျဖစ္စရာ အေၾကာင္းမရွိေပ။ တတိယ အျမင္သည္ ဤဓမၼအေတြးအေခၚ ကို တိုက္ရိုက္စိန္ေခၚသကဲ့သို႕ ျဖစ္လာပါသည္။ အက္တမ္ တစ္လံုးအတြင္းတြင္ မေသခ်ာ မေရရာမႈမ်ား၊ ျဖစ္တန္စြမ္းမ်ား ေျမာက္မ်ားစြာရွိပါသည္။ ၄င္းေျမာက္မ်ားစြာအတြင္းမွ တကယ္ျဖစ္ေပၚလာေသာ အရာမွာ အခါအခြင့္သင့္၊ သို႕မဟုတ္ က်ိဳးေၾကာင္းဆီေလ်ာ္၍ ကံေကာင္း၍သာ ျဖစ္လာသည္ဟု တတိယအျမင္က ဆိုပါသည္။ တစ္ဖက္တြင္ ဘုရားသခင္၏ ျပဌာန္းခ်က္၊ ရည္ရြယ္ခ်က္၊ အလိုေတာ္ တို႕ကို ေဖာ္ျပေနေသာ္လည္း ဤတတိယ ကြမ္တမ္အျမင္က အခါအခြင့္သင့္ျခင္း၊ ကံေကာင္းျခင္း တို႕ကို ဆိုေနသျဖင့္ ဤအျမင္နွစ္ခုသည္ သမိုင္းတြင္ ပဋိပကၡပံုစံ ျဖင့္ ထိေတြ႔ခဲ့ၾကပါသည္။ 

                                                              Jacques Monod

            ၁၉၆၅ တြင္ ဇီ၀ကမၼေဗဒ (Physiology) ျဖင့္ ေဆးပညာ နိုဗယ္ဆု ရရွိခဲ့သူ ျပင္သစ္ပညာရွင္ မိုေနာ့ဒ္ (Jacques Monod) က စၾကာၤ၀ဠာၾကီးသည္ chance ဟုေခၚေသာ အေၾကာင္း အက်ိဳး၊ Necessity ဟုဆိုေသာ အေျခအေနတြန္းအားတို႕ေၾကာင့္သာ ေပၚထြန္းလာသည္ ဟူေသာအျမင္သည္ ဘုရားရွိ ၀ါဒကို ေမွးမွိန္ေစျပီး ရုပ္၀ါဒကို ပိုမိုအားေကာင္းေစသည္ဟု ဆိုပါသည္။ ၄င္းက သက္ရွိအရာအားလံုးကို အရင္းစစ္ၾကည့္လိုက္လ်ွင္ စက္ သာျဖစ္လာမည္  ျဖစ္ပါသည္။ ဆဲလ္ သည္လည္း စက္ပစၥည္း သေဘာသာျဖစ္ပါသည္။ တိရစၦာန္ မ်ားသည္လည္း စက္ပစၥည္း သေဘာသာျဖစ္ပါသည္။ လူသည္လည္း စက္ပစၥည္း သေဘာသာျဖစ္ပါသည္ ဟု ဆိုပါသည္။
            အဆိုပါ ႀကိဳတင္သတ္မွတ္ျခင္း မခံရ ဟူေသာအျမင္ကို ဓမၼဒႆနိက ဖက္မွလည္း တံု႕ျပန္မႈမ်ား ရွိပါသည္။ ပထမ တုံ႕ျပန္မႈမွာ ထိုကဲ့သို႕ အေၾကာင္း အက်ိဳး၊ အေျခအေနတြန္းအားတို႕ေၾကာင့္ ျဖစ္ေပၚလာျခင္းသည္ပင္လ်ွင္ ဘုရားသခင္၏ အစီအမံ ျဖစ္သည္ ဟူ၍ ျဖစ္ပါသည္။ ဘုရားသခင္ေၾကာင့္သာ ျဖစ္ပါသည္။ ဘုရားသခင္သည္ အေၾကာင္း အက်ိဳး၊ အေျခအေနတြန္းအားတို႕ေၾကာင့္ ျဖစ္ေပၚလာသည္ဟုဆိုေသာ သဘာ၀နိယာမ ကို မေဖာက္ဖ်က္ဘဲ ခန္႕ခြဲမွတ္သားျခင္း  ျဖစ္သည္ဟုဆိုပါသည္။ သဘာ၀ နိယာမအရ ျဖစ္တန္စြမ္းမ်ား ရွိမည္ျဖစ္ပါသည္။ သို႕ရာတြင္ အဆံုးသတ္တြင္ မည္သည့္တစ္ခုသည္သာ တကယ္ျဖစ္လာရမည္ ဟု သတ္မွတ္သည္မွာ ဘုရားသခင္သာျဖစ္သည္ဟု ဓမၼေၾကာင္းဖက္မွ တံု႕ျပန္ၾကသူမ်ားက ဆိုပါသည္။
            ဒုတိယ တုံ႕ျပန္မႈမွာ နိယာမျဖစ္ေစ၊ ကံေၾကာင့္ျဖစ္ေစ နွစ္ခုစလံုးမွာ ဘုရားသခင္၏ လက္ရာ အစိတ္အပိုင္းတစ္ခု သာ ျဖစ္သည္ဟု ဆိုပါသည္။ ထင္ရွားေသာ ဓမၼပညာရွင္ တစ္ျဖစ္လဲ ဇီ၀ဓာတုေဗဒပညာရွင္ အာသာပီးေကာ့ (Arthur Peacocke) က ကံ ေၾကာင့္ျဖစ္သည္ဆိုေသာအရာသည္လည္း ဘုရားသခင္ ၿကိဳတင္ျပဌာန္းထားျပီးသား မဟုတ္ေပမယ့္  ဘုရားသခင္၏ ဆက္လက္ဖန္ဆင္းသည့္ အပိုင္းျဖစ္ပါသည္ ဟု ဆိုပါသည္။ အခ်ဳပ္အားျဖင့္ဆိုေသာ္ ပဋိပကၡျဖစ္စဥ္မွာ ဟိုင္ဇင္ဘတ္၏ ကြမ္တမ္သေဘာတရားကို က်ယ္က်ယ္ျပန္႕ျပန္႕ လက္ခံခ်ိန္ေရာက္မွသာ ျဖစ္ပြားလာျခင္းျဖစ္ပါသည္။ နယူတန္၏ သိပၸံသေဘာတရား၊ အိုင္းစတိုင္း၏ ကြမ္တမ္အျမင္တို႕သည္ ဘုရားသခင္အရာအားလံုးကို စီမံခန္႕ခြဲ ျပဌာန္းထားသည္ဟုဆိုေသာ ဓမၼအေတြးအေခၚနွင့္ ပြတ္တိုက္မႈမျဖစ္ပြားခဲ့ေပ။ 
၃။ သီးျခားရပ္တည္မႈ      
            သိပၸံႏွင့္ ဓမၼအေတြးအေခၚ တို႕သည္ ဆက္စပ္မႈမရွိ၊ သီးျခားရပ္တည္ေနသည္ ဟူေသာ အျမင္ကို ဤကြမ္တမ္ နွင့္ ဘုရားသခင္အရာအားလံုးကို ၾကိဳတင္စီမံခန္႔ခြဲျခင္း ဟူေသာ ေခါင္းစဥ္ေအာက္တြင္လည္း ေတြ႕နိုင္ပါသည္။ ကြမ္တမ္ ရူပေဗဒတြင္ အီလက္ထရြန္ တစ္ခုကို အမႈန္အျဖစ္ နားလည္နိုင္သကဲ့သို႕ လႈိင္းျဖစ္လည္း သီးျခားစီ နားလည္နိုင္ပါသည္။ ထိုနည္းတူစြာပင္ သိပၸံ ႏွင့္ ဓမၼဒႆနိကေဗဒ သည္လည္း အရွိတရား အစစ္အမွန္တရားတစ္ခု၏ အပိုင္း နွစ္ခု အျဖစ္ သီးျခားစြာ နားလည္ရပ္တည္ရန္လိုအပ္ပါသည္။ ဤသို႕လက္ခံပါက ပဋိပကၡ ျဖစ္ရန္ မလိုအပ္ေပ ဟု သီးျခားရပ္တည္မႈ အျမင္ကို လက္ခံၾကသူမ်ားက ဆိုပါသည္။ 
                                                      Electron; Wave and Particle
            ၄င္းတို႕က ကြမ္တမ္ရူပေဗဒတြင္ နီေဘာ ၏ တစ္ခုကို တစ္ခု ျဖည့္စြက္ျပည္႕စံုေစေသာ သီအိုရီ (Complementary Theory) ကို ဥပမာေပးၾကပါသည္။ အီလက္ထရြန္တစ္ခုတြင္ ဒြိ ဂုဏ္သတၱိရွိပါသည္။ အီလက္ထရြန္သည္ အမႈန္ျဖစ္ပါသည္ ဟုဆိုပါက မွန္သကဲ့သို႕ လႈိင္းျဖစ္ပါသည္ဟု ဆိုပါကလည္း မွန္ပါသည္။ မည္သို႕ ေလ့လာသည္ နွင့္ ေလ့လာသူအေပၚမူတည္၍ အျမင္ကြဲသြားနိုင္ပါသည္။ ထို႕ေၾကာင့္ နီေဘာက အရာ၀တၳဳကို ေလ့လာသည့္ ျဖစ္စဥ္ (The process of Observation) နွင့္ မည္သည့္အရာကို ေလ့လာျခင္း (What is observed) ကို ခြဲျခားထား၍မရဟု ဆိုပါသည္။ ကၽြနု္ပ္တို႕ ကိုယ္တိုင္ ဤအရာအထဲတြင္ ၀င္ေရာက္အသံုးေတာ္ခံ ပါ၀င္ေနျခင္းျဖစ္ပါသည္။ ေဘးတြင္ရပ္၍ အရာ၀တၳဳ တစ္ခု မည္သို႕ ျဖစ္သြားသည္ကို ေလ့လာေနသည့္ ပြဲၾကည့္ပရိတ္သတ္မဟုတ္ဟု သူကဆိုပါသည္။ ထို႕ေၾကာင့္ ေလ့လာသူနွင့္  ေလ့လာေနေသာအရာသည္ တစ္ခုနွင့္ တစ္ခု အျပန္အလွန္ ျဖည့္စြက္ျပည္႕စံုေစပါသည္ ဟုဆိုပါသည္။
            အဆိုပါ ဒြိ ပံုစံျဖင့္ နားလည္မႈ ပံုစံကို ကြမ္တမ္ရူပေဗဒတြင္သာမက အျခားနယ္ပယ္မ်ားတြင္လည္း ေတြ႕နိုင္ပါသည္။ ဇီ၀ေဗဒ နယ္ပယ္တြင္လည္း ေအာဂဲနစ္ ႏွင့္ ေအာဂဲနစ္ မဟုတ္မႈ၊ ဒႆနိက နွင့္ ဓမၼဒႆနိက နယ္ပယ္တြင္လည္း ဘုရားသခင္ ၾကိဳတင္ျပဌာန္းခံရျခင္း နွင့္ လြတ္လပ္စြာ ေရြးခ်ယ္ျခင္း၊ စိတ္ပညာတြင္လည္း အျပဳအမူကို အေျခခံျခင္း (Behavioristic model) နွင့္ ခံစားမႈ အေတြးအေခၚကို အေျခခံျခင္း (Introspective model) အစရွိသည္တို႕ ျဖစ္ပါသည္။
            သို႕ရာတြင္ တစ္ခ်ိဳ႕ေသာ  သိပၸံနွင့္ ဓမၼအေတြးအေခၚကို သီးျခားစီ ရွိေနသည္ဟု လက္ခံသူမ်ားက အဆိုပါ တစ္ခုကို တစ္ခု ျဖည့္စြက္ျပည္႕စံုေစေသာ သီအိုရီကို လက္မခံနိုင္ၾကေပ။ အေၾကာင္းမွာ အဆိုပါ သီအိုရီတြင္ တစ္ခုတည္းေသာ အရင္းအျမစ္မွ ဂုဏ္သတၱိမ်ား ဆင္းသက္လာေသာေၾကာင့္ ျဖစ္ပါသည္။ လႈိင္း နွင့္ အမႈန္ ဟူေသာ  ျဖစ္တည္မႈသည္ အီလက္ထရြန္ဟူေသာ တစ္ခုတည္းေသာ အရင္းအျမစ္မွ ထြက္ေပၚလာပါသည္။ ထို႕ေၾကာင့္ ဤသီအိုရီကို လက္ခံပါက သိပၸံနွင့္ ဓမၼအေတြးအေခၚသည္ အရင္းအျမစ္တစ္ခုထဲမွ ထြက္ေပၚလာသည္ကို လက္ခံရမည္ျဖစ္ပါသည္။ ၄င္းတို႕သည္ တူညီေသာ အရင္းအျမစ္မွ ထြက္ေပၚမလာ၊ သီးျခားစီ ရွိေနသည္ဟု လက္ခံၾကသူမ်ားက နီေဘာ၏ သီအိုရီကို လက္မခံနိုင္ၾကျခင္းျဖစ္ေပသည္။ ဥပမာဆိုရေသာ္ ဓမၼေၾကာင္းသည္ ဘုရားသခင္ဆီမွ လာ၍ သိပၸံအတတ္သည္ စာတန္ဆီမွ လာသည္ဟု လက္ခံၾကသူမ်ားသည္ ယခုကဲ့သို႕ အျပန္အလွန္ျဖည့္စြက္တည္ေဆာက္ရင္း သီးျခားျဖစ္ျခင္း အျမင္ကို လက္ခံၾကမည္မဟုတ္ေပ။
            ကြမ္တမ္သေဘာ၏ တစ္ခုကို တစ္ခု ျဖည့္စြက္ျပည္႕စံုေစေသာ သီအိုရီသည္ သိပၸံႏွင့္ ဓမၼဒႆနိက နယ္ပယ္တြင္ သီးျခားျဖစ္တည္ျခင္းကို အေထာက္အပံ့ ျဖစ္ေစပါသည္။ သိပၸံနွင့္ ဓမၼအေတြးအေခၚသည္ အျပန္အလွန္တည္ေဆာက္ရင္း သီးျခားျဖစ္တည္ေနသည္ ဟူေသာ သေဘာသည္ အဆိုပါသီအိုရီ၏ ေနာက္ဆက္တြဲရလာဒ္အျဖစ္ ရႈျမင္နိုင္ပါသည္။ သို႕ရာတြင္ နယ္ပယ္နွစ္ခုစလံုးကို လံုးလံုးလ်ားလ်ား သီးျခားျမင္သူမ်ားအဖို႕ အဆိုပါ နယ္ပယ္ နွစ္ခုသည္ အရင္းအျမစ္ သီးျခားစီက ထြက္ေပၚလာသည္ ဟု လက္ခံပါသည္။ ထို႕ေၾကာင့္ ဘုရားသခင္ အရာအားလံုးကို စီမံခန္႕ခြဲ ျပဌာန္းျခင္းသည္ ဓမၼလမ္းေၾကာင္းသီးသန္႕သာျဖစ္၍ သိပၸံ၏ မေသခ်ာ၊မတိက် မေရမရာ အျဖစ္မ်ားနွင့္ လံုး၀ မဆိုင္သျဖင့္ ထိပ္တိုက္ေတြ႕ရန္ မလုိအပ္ ဟု နယ္ပယ္နွစ္ခုစလံုးကို လံုးလံုးလ်ားလ်ား သီးျခားျမင္သူမ်ားက လက္ခံၾကပါသည္။


၄။ ဒိုင္ယာေလာ့ဂ္ အျမင္
          ကြမ္တမ္ ဟူေသာ ေခါင္းစဥ္ေအာက္တြင္ သိပၸံႏွင့္ ဓမၼဒႆနိက ကို သီးျခားလက္ခံသူမ်ား ရွိသကဲ့သို႕ ဒိုင္ယာေလာဂ့္ အျမင္ျဖင့္ ျမင္ၾကသူမ်ားလည္းရွိပါသည္။ ဒိုင္ယာေလာဂ့္ အျမင္ျဖင့္  ျမင္ၾကသူမ်ားသည္ ကြမ္တမ္တြင္ ေလ့လာသူ (Observer) ၏ အခန္းက႑ကို အဓိကထား ေဆြးေႏြးၾကျခင္း ျဖစ္ပါသည္။

            နယူတန္၏ သိပၸံအျမင္တြင္ ေလ့လာသူ၏ အခန္းက႑သည္ အေရးမပါေပ။ နယူတန္က သိပၸံသီအိုရီမ်ားသည္ ေလာကၾကီး၏ အရွိကို အရွိအတိုင္း ပကတိေဖာ္ျပသည္ဟု လက္ခံပါသည္။ Classical Realism ဟု ဆိုနိုင္ပါသည္။ ေလ့လာသူ၏ အျမင္၊ ေဖာ္ျပခ်က္ တို႕ကို လ်စ္လ်ဴရႈထားသည့္ ဘေဘာပင္ျဖစ္ပါသည္။ ဥပမာဆိုရေသာ္ ကၽြနု္ပ္တို႕ သည္ ရပ္ေနသည့္ အေနအထားမွ ကၽြနု္ပ္တို႕ဆီ ေရြ႕လ်ားေနေသာ ရထားေပၚမွာ ကၽြနု္ပ္တို႔ရွိရာသို႕  ေျပးေနေသာ လူတစ္ေယာက္၏ အရွိန္ ကို တြက္ခ်က္မည္ ဆိုပါစို႕။ ထိုအရွိန္သည္ ကၽြနု္ပ္တို႕ဆီေျပးေနေသာ လူ၏ အရွိန္ နွင့္ ကၽြနု္ပ္တို႕ ဆီလာေနေသာ ရထား၏ အရွိန္ ေပါင္းျခင္းျဖစ္ပါသည္။ အကယ္၍ ကၽြနု္ပ္တို႕သည္လည္း ေျပးေနပါက ကၽြနု္ပ္တို႔၏ အရွိန္ကိုပါ ေပါင္းထည့္ရမည္ ျဖစ္ပါသည္။ ကၽြနု္ပ္တို႕ ရပ္ေနစဥ္ နွင့္ ေျပးေနစဥ္ ကၽြနု္ပ္တို႕ထံလာသည့္ အရွိန္ မတူေပ။ ဤတြင္ ေလ့လာသူ၏ အခန္းက႑ကို ေတြ႔နိုင္ပါသည္။
ေလ့လာသူ၏ အခန္းက႑သည္ အေရးပါေၾကာင္း သိပၸံမတိုးတက္ခင္ အခ်ိန္ကာလကပင္ ေတြ႕နိုင္ပါသည္။ ဆိုကေရးတီးေခတ္မတိုင္မီကပင္  ပိုက္သာဂိုရပ္စ္ (Pythagoras) က ကိန္း ဂဏန္းမ်ား ဆက္ႏြယ္မႈသည္ သဘာ၀တရား ၏ အရွိတရား အစစ္အမွန္ တရားဟု ဆိုပါသည္။ ပေလတို ေခတ္သို႕ ေရာက္ရွိလာေသာအခါ ပေလတို၀ါဒကို လက္ကိုင္ထားသူမ်ားက လက္ရွိေတြ႕ရေသာ သဘာ၀တရားသည္ ျပီးျပည့္စံုေသာ အရွိတရား၏ မျပည့္စံုေသာ အေရာင္ျပန္မႈ ဟု ဆိုျပန္ပါသည္။ ေနွာင္းပိုင္း အီမန္န်ဴယယ္ ကန္႔ (Immanuel Kant) ေခတ္သို႕ ေရာက္ရွိလာေသာအခါ ကန္႕ က လက္ရွိျမင္ေတြ႕ေနရေသာအရာမ်ားသည္ ပံုရိပ္မ်ား ျဖစ္သည္၊ ပံုရိပ္၏ ေနာက္ကြယ္တြင္ အစစ္အမွန္တရားရွိသည္ ဟု ဆိုလာျပန္ပါသည္။ ေလ့လာသူ၏ အခန္းက႑၊ စိတ္၀င္စားမႈသည္ ထည့္သြင္းစဥ္းစားရမည့္ အခ်က္ပင္ျဖစ္ပါသည္။
ကြမ္တမ္ရူပေဗဒတြင္ ေလ့လာသူ၏ ပါ၀င္မႈသည္ အလြန္ပင္ အေရးပါပါသည္။ ေလ့လာသူသည္  ျဖစ္စဥ္ၾကီးတစ္ခုလံုးတြင္ ၀င္ေရာက္လႈပ္ရွားေနေသာ သူျဖစ္ပါသည္။ နႈိင္းရသေဘာတြင္ အခ်ိန္ နွင့္ ေနရာသည္ တိတိက်က် မရွိဘဲ ေလ့လာသူအေပၚလိုက္၍ ေျပာင္းလဲနိုင္ပါသည္။ ဥပမာဆိုရေသာ္ ကၽြနု္ပ္တို႕ ၏ ကမၻာေျမေပၚ အခ်ိန္ နွင့္ ကၽြနု္ပ္တို႕ အာကာသေပၚေရာက္ေသာအခါ အခ်ိန္လည္ပတ္ပံု ေျပာင္းသြားျခင္းသည္ အခ်ိန္၏ ႏိႈင္းရသေဘာပင္ ျဖစ္ပါသည္။ အခ်ိန္၏ ပကတိျဖစ္ျခင္း မူလသေဘာထက္ အခ်ိန္ နွင့္ ေလ့လာသူ၏ ဆက္ႏြယ္မႈသည္ ၾကီးမားေသာ အေျပာင္းအလဲကို ဖန္တီးနိုင္ပါသည္။
ဤသို႕ နႈိင္းရျဖစ္ျခင္း သေဘာသည္ ဓမၼသေဘာ ရႈေထာင့္ တြင္ မ်ားစြာ အက်ိဳးျပဳလ်က္ရွိပါသည္။ ဓမၼအေတြးအေခၚ တစ္ခု တည္ေဆာက္ရာတြင္ ဘုရားသခင္၏ ဖြင့္ျပျခင္း (Revelation) သည္ အလြန္ပင္ အေရးပါေသာ အရင္းအျမစ္ တစ္ခုျဖစ္ပါသည္။ ဤေနရာတြင္ စဥ္းစားဖို႕ေကာင္းသည္မွာ သမၼာက်မ္းစာ သည္ ဘုရားသခင္၏ ဖြင့္ျပျခင္း စစ္စစ္ေလာဟု ေမးရန္ရွိလာပါသည္။ နယူတန္၏ သိပၸံအျမင္နွင့္ ၾကည့္ပါက သမၼာက်မ္းစာသည္ ဘုရားသခင္၏ သေဘာေတာ္ ကို တိတိက်က် ေဖာ္ျပသည့္ ဖြင့္ျပျခင္းဟု ဆိုနိုင္ပါသည္။ သို႕ရာတြင္ ေလ့လာသူ၏ အခန္းက႑၊ ေရးသားသူ၏ အခန္းက႑ကို ပစ္ပယ္၍မရေပ။ နႈိင္းရသေဘာျဖင့္ ရႈျမင္ပါက သမၼာက်မ္းစာသည္ ဘုရားသခင္၏ ဖြင့္ျပျခင္းကို လူသားတို႕ နားလည္နိုင္သေလာက္ မွတ္တမ္းတင္ထားသည့္ အရာျဖစ္ပါသည္။ ထို႕ေၾကာင့္ သမၼာက်မ္းစာတြင္ ဘုရားသခင္နွင့္ လူသားတုိ႕၏ ဆက္ႏြယ္မႈကို က်မ္းေရးသူ၊ ဖတ္ရႈသူ အားျဖင့္ ေတြ႕ရမည္ျဖစ္ျပီး ဘုရားသခင္၏ ပကတိသေဘာေတာ္ကို အနည္းငယ္သာ ေတြ႕နိုင္မည္ျဖစ္ပါသည္။ ဥပမာဆိုရေသာ္ ဂ်ဴးလူမ်ိဳးတို႕၏ ရန္သူမ်ားကို ဘုရားသခင္ သတ္ေပးသည္ ဆုိုေသာ ဓမၼေဟာင္းကာလ အေရးအသားမ်ားသည္ က်မ္းေရးသူ၏ အခန္းက႑ကို မီးေမာင္းထိုးျပလ်က္ရွိပါသည္။ ထိုနည္းတူ ထိုက်မ္းစာကို ယေန႔ေခတ္တြင္ မိမိဖတ္ရႈေသာအခါ ဘ၀ေနနည္းသစၥာ ခြန္အားရသည္ဟူေသာ အျမင္သည္လည္း ေလ့လာသူ နွင့္ ဘုရားသခင္၏ ဆက္ႏြယ္မႈ၊ နႈိင္းရသေဘာပင္ ျဖစ္ပါသည္။ ဘုရားသခင္၏ ပကတိသေဘာေတာ္ ဟု မဆိုနိုင္ေပ။
ကြမ္တမ္သေဘာမွ ေလ့လာသူ၏ အခန္းက႑ကို နားလည္ျခင္းျဖင့္ ဓမၼသေဘာတြင္ ဖြင့္ျပျခင္း၊ ဘုရားသခင္၏ ပကတိတရား နွင့္ လူသားတို႕၏ အခန္းက႑၊ က်မ္းစာ၏ ဘုရားသေဘာနွင့္ လူသားအမွား (Divine Truth & Human Error) တို႕ကို တိုး၍ နားလည္နိုင္သျဖင့္ အျပန္အလွန္ ဒိုင္ယာေလာဂ့္ လုပ္သင့္သည္ ဟူေသာ အျမင္ကို လက္ခံသူမ်ားလည္း ရွိပါသည္။
၅။ ႏွစ္ဖက္အျမင္မ်ားကို စုစည္းျပီး ပိုမိုေကာင္းမြန္ေစျခင္း 
            ဤအျမင္သည္ ကြမ္တမ္သိပၸံသေဘာနွင့္ ဓမၼေၾကာင္းကို တိုး၍ အျပန္အလွန္တည္ေဆာက္ကာ သိပၸံေခတ္ႏွင့္ ဆီေလ်ာ္ေသာ ဘုရားသခင္၏ ဖြင့္ျပျခင္းကို နားလည္နိုင္ရန္ ၾကိဳးစားျခင္းပင္ ျဖစ္ပါသည္။ အထူးသျဖင့္ ကြမ္တမ္၏ မေရမရာျခင္း နွင့္ ၾကိဳတင္ျပဌာန္းခံရျခင္းကို ျငင္းပယ္ျခင္း အျမင္ကို ဘုရားသခင္အေပၚ အျမင္ နွင့္ ခ်ိတ္ဆက္ျခင္းပင္ ျဖစ္ပါသည္။ ၁၉၅၀ တြင္ ၀ီလီယမ္ ဂ်ီ ပိုလဒ္ (William G Pollard) ဟု ေခၚေသာ ရူပေဗဒပညာရွင္ တစ္ျဖစ္လဲ အက္ပီစေကာ္ပယ္ဘုဥ္းေတာ္ၾကီး က ဘုရားသခင္သည္ သဘာ၀ နိယာမမ်ားကို အၾကမ္းမဖက္သည့္ အျပင္ ဘုရားသခင္၏ လုပ္ေဆာင္ပံုမ်ားကိုလည္း သိပၸံနည္းက် သက္ေသျပနိုင္လိမ့္မည္ မဟုတ္ဟု ဆိုပါသည္။ သူ၏ အဆိုအရ ဘုရားသခင္၏ ျပဌာန္းခ်က္သည္ သဘာ၀နိယာမအတြင္း ျဖစ္တန္စြမ္းမ်ားအတိုင္း ျဖစ္ေပၚေစျပီးမွ ထြက္ေပၚလာသည္ဟု ဆိုပါသည္။ တနည္းအားျဖင့္ ဘုရားသခင္သည္ အျဖစ္အပ်က္အားလံုးအေပၚ ထိန္းခ်ဳပ္ျပီး သဘာ၀နိယာမအတိုင္း ျဖစ္ေစျပီးမွ သူ႕အလိုေတာ္အတိုင္း ျပဌာန္းသည္ ဟု ဆိုလိုျခင္းျဖစ္ပါသည္။  
                                                      William G Pollard
            သို႕ရာတြင္ ၀ီလီယမ္၏ အျမင္ကို ေ၀ဖန္ၾကသူမ်ားလည္းရွိပါသည္။ ပထမတစ္ခ်က္မွာ သူသည္ ဘုရားသခင္ ၾကိဳတင္ျပဌာန္းျခင္းကို လက္မခံေသာ္လည္း ဘုရားသခင္၏ အျဖစ္အပ်က္အားလံုးကို ထိန္းခ်ဳပ္သည္ ဟု ဆိုေသာ အရာမွာ ေရွ႕ေနာက္မညီ ျဖစ္သည္ဟု ေ၀ဖန္ၾကပါသည္။ လူသားတို႕၏ လြတ္လပ္ျခင္း နွင့္ မေကာင္းမႈ၏ အရွိတရားကို မ်က္ကြယ္ျပဳသည္ ဟု ဆိုနိုင္ပါသည္။ ဒုတိယ ေ၀ဖန္စရာေကာင္းေသာ အခ်က္မွာ ဘုရားသခင္၏ အလိုေတာ္သည္  သူတီထြင္ထားေသာ သဘာ၀ နိယာမကို ေက်ာ္လြန္၍ ျပည့္စံုလာျခင္းမွာ တစ္ဖက္သတ္ ဆန္ျခင္းျဖစ္သည္ ဟူေသာ အခ်က္ျဖစ္သည္။ အစပိုင္းတြင္ ေဖာ္ျပခဲ့ေသာ ဒီေရဆမ္ (Deism) ၏ တစ္ျခားတစ္ဖက္ကဲ့သို႕ ျဖစ္သည္ဟုလည္း  ေ၀ဖန္ပါသည္။ ဒီေရဆမ္ (Deism) ၏ အဆိုမွာ ဘုရားသခင္သည္ ဖန္ဆင္းျပီး နိယာမအတုိင္း လည္ပတ္ေစကာ ၀င္ေရာက္ပတ္သက္မႈမရွိ ဟူေသာ အျမင္ျဖစ္သည္။ ယခု ၀ီလီယမ္၏ အျမင္မွာ ဒီေရဆမ္ (Deism) ၏ဆန္႔က်င္ဖက္ ျဖစ္ေနပါသည္။ ဘုရားသခင္သည္ ဖန္ဆင္းျပီး နိယာမအတုိင္း လည္ပတ္ေစေသာ္လည္း သူကိုယ္တိုင္ နိယာမကို ဆန္႕က်င္၍ အလိုအတိုင္း ၀င္ေရာက္ပတ္သက္မည္ ဟူေသာ သေဘာပင္ျဖစ္သည္။ ေနာက္ဆံုးတစ္ခ်က္မွာ ပထမ ေ၀ဖန္မႈ၏ ေနာက္ဆက္တြဲ ျဖစ္ပါသည္။ သူက ၾကိဳတင္ျပဌာန္းျခင္းကို လက္မခံသည့္အတြက္ လူသား၏ လြတ္လပ္စြာ ေရြးခ်ယ္မႈကို လက္ခံပါသည္။ သို႕ရာတြင္ တစ္ဖက္တြင္လည္း အျဖစ္အပ်က္အားလံုးကို ထိန္းခ်ဳပ္သည္ဟု ဆိုသျဖင့္  ေလာကၾကီး၏ အေသးငယ္ဆံုးအဆင့္ အက္တမ္ သို႕မဟုတ္ ကြာက္ (quark) ေနရာမွ ေန၍ လႊမ္းမိုးေနသလား ဟူ၍ ေ၀ဖန္ၾကျခင္း ျဖစ္ပါသည္။
            ၀ီလီယမ္၏ အျမင္ထက္ ပိုမိုေကာင္းမြန္ေသာ အျမင္မွာ ဘုရားသခင္သည္ ေသခ်ာေသာ ကြမ္တမ္ ျဖစ္ရပ္မ်ားကို သာ လႊမ္းမိုးသည္ဟူေသာ Graduate Theological Union မွ ပါေမာကၡ ရပ္ဆဲလ္ (Robert John Russell) ၏ အျမင္ပင္ျဖစ္ပါသည္။ ဤသည္မွာ ဘုရားသခင္၏ အရာအားလံုးကို တတ္နိုင္ျခင္းဟူေသာ ဂုဏ္အဂၤါကို လူသားက ကန္႕သတ္လိုက္ျခင္း မဟုတ္ဘဲ ဘုရားသခင္ကိုယ္ေတာ္တိုင္ မိမိဘာသာ ကန္႕သတ္ျပီး လူသား၏ ေရြးခ်ယ္မႈ အေပၚမွာ ေနာက္မွေန၍ စြမ္းအင္မ်ားေပးေနသည္၊ ရုန္းကန္နိုင္ရန္ ခြန္အားမ်ားေပးေနသည္ ဟူေသာ နက္ရႈိင္းသည့္ ဘုရားသခင္ကို ပံုေဖာ္လာနိုင္ၾကပါသည္။ ဤအျမင္သည္ သိပၸံေရခံေျမခံနွင့္လည္း လိုက္ေလ်ာညီေထြ ရွိသည့္အျပင္ မိမိတို႕ သမရိုးက် လက္ခံထားသည့္ ဘုရားသခင္၏ အျခားတစ္ဖက္ကိုလည္း ျမင္ေတြ႕လာနိုင္ပါသည္။ ထို႕အျပင္ မိမိတို႕၏ ျဖစ္တည္မႈ ဆိုင္ရာ ျပသနာမ်ားကိုလည္း ေျဖရွင္းလာနိုင္ပါသည္။


နိဂံုး
            ကြမ္တမ္ရူပေဗဒသည္ ခရစ္ယာန္မ်ား သမရိုးက် လက္ခံထားေသာ နားလည္ေသာ ဘုရားသခင္ကို စိန္ေခၚေသာ အၾကီးမားဆံုး စိန္ေခၚမႈ  ျဖစ္လာပါသည္။ ဘုရားသခင္သည္ အျဖစ္အပ်က္ အားလံုးကို ထိန္းခ်ဳပ္သည္၊ ၾကိဳတင္ျပဌာန္းသည္ ဟူေသာ သမရိုးက် အျမင္ကို ဖက္တြယ္ထားရာမွ နယ္ပယ္နွစ္ခု ထိပ္တိုက္ ေတြ႕ခဲ႕ရသည္မ်ား ရွိခဲ့ပါသည္။ အျပန္အလွန္ ျဖည့္စြက္တည္ေဆာက္ရင္း ကြမ္တမ္နွင့္ ၾကိဳတင္ျပဌာန္းျခင္း ဓမၼသေဘာသည္ သီးျခားျဖစ္တည္ေနသည္ ဟု လက္ခံၾကသူမ်ားလည္း ရွိသလို ၄င္းတို႕နွစ္ခုသည္ ဆင္းသက္လာရာ အရင္းအျမစ္မတူသျဖင့္ အျပန္အလွန္ ျဖည့္စြက္တည္ေဆာက္စရာ မရွိဟု လံုး၀ သီးျခားရပ္တည္သူမ်ားလည္း ရွိပါသည္။ ထို႕အတူ နယ္ပယ္နွစ္ခုတြင္ တူညီစရာမ်ားလည္းရွိပါသည္။ အျပန္အလွန္ ဒိုင္ယာေလာဂ့္ လုပ္ျခင္းျဖင့္ နိႈင္းရသေဘာကို နယ္ပယ္နွစ္ခုတြင္ တိုး၍နားလည္လာသည္မ်ားလည္း ရွိပါသည္။ အဆံုးတြင္ ဘုရားသခင္သည္ မိမိဘာသာ ကန္႕သတ္ျပီး လူသား၏ ေရြးခ်ယ္မႈ အေပၚမွာ ေနာက္မွေန၍ စြမ္းအင္မ်ားေပးေနသည္၊ ရုန္းကန္နိုင္ရန္ ခြန္အားမ်ားေပးေနသည္ ဟူေသာ သေဘာကို တိုး၍နားလည္ျခင္းျဖင့္ ကြမ္တမ္ သေဘာနွင့္ သဟဇာတျဖစ္ရံုသာမက လက္ရွိ ရင္ဆိုင္ေနရေသာ အခက္အခဲမ်ားတြင္းမွ ရုန္းထြက္နိုင္ေသာ ဓမၼသတၱိ ၀ိဥာဏ္ေရးကို ရရွိနိုင္မည္ ျဖစ္ပါသည္။  
            ျမန္မာနိုင္ငံသည္ အဖက္ဖက္မွ နိမ့္က် ရုန္းကန္ေနရေသာ နိုင္ငံျဖစ္ပါသည္။ ျမန္မာနိုင္ငံ၏ ကံၾကမၼာသည္ ဤကဲ့သို႕ ျဖစ္လာရမည္ဟု ဘုရားသခင္ ျပဌာန္းကာ အျဖစ္အပ်က္တိုင္းကို ထိန္းခ်ဳပ္ထားသလား ဟူေသာ အေမး၏ ေနာက္ကြယ္တြင္ ကြမ္တမ္ သိပၸံနွင့္ ဆက္စပ္ေျဖဆိုစရာမ်ားစြာရွိပါသည္။ မေကာင္းမႈတရား ၏ အစစ္အမွန္ ျဖစ္ျခင္း (The reality of Evil) ကို နားလည္ကာ ထိုမေကာင္းမႈမ်ားစြာထဲမွ ရုန္ထြက္နိုင္ေသာ ရလာဒ္၊ မေသခ်ာမႈမ်ားထဲက ေသခ်ာေသာ ရလာဒ္ ထြက္လာနိုင္ရန္ ဘုရားသခင္ ကၽြနု္ပ္တို႕နွင့္ အတူ ရုန္းကန္လ်က္ စြမ္းအင္မ်ားေပးေနသည္ကို ျမင္ရန္လိုအပ္ပါသည္။ ထို႕ေနာက္ ဘုရားသခင္ေပးေသာစြမ္းအင္မ်ားကို ေရြးခ်ယ္လ်က္ ၀ိဥာဏ္ေတာ္၌ တည္ေဆာက္၍ ကၽြနု္ပ္တို႕ ကိုယ္တိုင္ ကိုယ့္ကံၾကမၼာ ကိုယ္ဖန္တီးရန္ လိုအပ္ေၾကာင္းကို ဤ “ကြမ္တမ္ နွင့္ ဘုရားသခင္ အရာအားလံုးကို ထိန္းခ်ဳပ္ျခင္း” ဟူေသာ  ေခါင္းစဥ္ျဖင့္ သိပၸံနွင့္ ဓမၼေၾကာင္း ဆက္စပ္မႈမ်ားကို တင္ျပလ်က္ မီးေမာင္းထိုးျပျခင္း ျဖစ္ပါသည္။ ဤသိတင္းေကာင္းသည္ ျမန္မာနိုင္ငံ အရပ္ရပ္ကို ပ်ံ႕ႏွ႕ံလ်က္ ဘုရားသခင္၏ ကယ္တင္ျခင္းစြမ္းအားကို ဆြတ္ယူလ်က္ တိက်ေသာ အျဖစ္အပ်က္ကို ကိုယ္တိုင္ ဖန္တီးနိုင္ေစရန္ ျဖစ္ပါေတာ့သည္။      
က်မ္းကိုး             
Ian G. Barbour, When Science Meets Religion. New York: Herper One, 2000.
Allister E. McGrath, Christian Theology: An Introduction, 6th ed., Willey Blackwell, 2017.
Dr. Saw Hlaing Bwa. Lectures. Science and Theology Class. Yangon: MIT. 2018.
Rev. Dr. Samuel Ngun Ling. Lectures. Systematic Theology Class. Yangon: MIT. 2017.



Unicode

နိဒါန်း
အစဉ်အလာအရ ခရစ်ယာန်တို့၏ ဘုရားသခင်အပေါ် ယုံကြည်သော ယုံကြည်မှုတစ်ခုမှာ ဘုရားသခင်သည် အရာအားလုံး၏ အရှင်သခင်ဖြစ်သည်။ အရာအားလုံးကို ချုပ်ကိုင်ထားသည်။ ဘုရားသခင်၏ အခွင့်မရှိဘဲ အရာအားလုံး ဖြစ်ပေါ်လာခြင်း မရှိ၊ ဘုရားသခင်၏ သဘောတော် ပြဌာန်းမှုကြောင့်သာ အရာအားလုံး အကောင်အထည်ပေါ်လာရခြင်း ဖြစ်သည် ဟူသော ယုံကြည်ချက်ဖြစ်ပါသည်။ အခြားတစ်ဖက်တွင်လည်း သိပ္ပံပညာ၏ တိုးတက်မှုတစ်ခု ဖြစ်သော ကွမ်တမ်သဘောတရား သည်  ၂၀ ရာစုတွင် ပေါ်ထွန်းလာသည်။ ကွမ်တမ်ရူပဗေဒ၏ အဆိုအရ အရာအားလုံးကို ကြိုတင် သတ်မှတ်ပြဌာန်း၍ မရနိုင်၊ အရာအားလုံးသည် သူ့သဘောသူဆောင်ပါနေသည်။ ထိုသဘောတရားသည် အစဉ်အလာအရ ခရစ်ယာန်တို့ လက်ခံထားကြသော ဘုရားသခင်၏ အရာအားလုံးကို ထိန်းချုပ်ခြင်း ဟူသော ယုံကြည်မှုကို စိန်ခေါ်သကဲ့သို့   ဖြစ်လာပါသည်။
ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ သိပ္ပံပညာ တိုးတက်မှုတိုင်းတွင် သိပ္ပံပညာ နှင့် ခရစ်ယာန်ယုံကြည်မှု ထိတွေ့ကြပုံများကို “ကွမ်တမ်ရူပဗေဒ နှင့် ဘုရားသခင် အရာအားလုံးကို ထိန်းချုပ်ခြင်း” ဟူသော ရှုထောင့်မှ တင်ပြလိုခြင်းဖြစ်ပါသည်။ အစဉ်အမြဲ ပြောင်းလဲနေသော သိပ္ပံအမြင်များ၏ လွှမ်းမိုးမှုကြားထဲတွင် ခရစ်ယာန် ယုံကြည်မှု ဆင့်ကဲတည်ဆောက်ကြပုံများကို ပြန်လည်သုံးသပ်ရင်း လက်ရှိ သိပ္ပံခေတ်တွင် မြန်မာ့ရေခံမြေခံ၌ သိပ္ပံနည်းကျ ဓမ္မအတွေးအခေါ်တည်ဆောက်ရင်း ဘုရားသခင်ကို တိုး၍သိရှိ နားလည်နိုင်ရန် နှင့် ဘုရားသခင်ပေးသော စွမ်းအင်ကို  ရွေးချယ် အသုံးပြုလျက် မသေချာမှုများအတွင်း သေချာသော အဖြစ်အပျက်တစ်ခု ဖန်တီးနိုင်ရန် ရည်ရွယ်ပါသည်။
၁။ ကွမ်တမ်၏သဘော
    ရူပဗေဒ၏သဘောသည် ရုပ်ဝတ္ထု နှင့် စွမ်းအင်တို့၏ ပြောင်းလဲမှုဖြစ်စဉ်များနှင့် အခြေခံသဘောတရားများကို   လေ့လာသော ပညာရပ်ဖြစ်ပါသည်။ ရုပ်လောကအတွင်းရှိ အနိမ့်ဆုံး ရုပ်ဝတ္ထုမှအစ အမြင့်ဆုံး ရုပ်အခြေအနေအထိ ၎င်းနှင့် ဆက်စပ်လျက်ရှိသော အရာများကို လေ့လာခြင်း၊ တွေ့ရှိမှုများကို အခြေခံ၍ ပြသနာများကို ဖြေရှင်းနိုင်ရန် ညီမျှခြင်းများ ဖော်ထုတ်ခြင်း အစရှိသည်တို့နှင့် ပြည်နှက်နေသော နယ်ပယ်တစ်ခုဖြစ်ပါသည်။ ထို့အပြင် လူသားတို့၏ ဒဿနိကနယ်ပယ် နှင့် ခရစ်ယာန် ဓမ္မဒသနိကအမြင်များကိုလည်း လွှမ်းမိုးသော သိပ္ပံ နယ်ပယ်တစ်ခုဖြစ်ပါသည်။
ရှေးရိုးစွဲသိပ္ပံနယ်ပယ် မှ ခေတ်သစ်သိပ္ပံနယ်ပယ်သို့ ကူးပြောင်းလာသော အပြောင်းအလဲတွင် အရေးပါသော အပြောင်းအလဲပြုလုပ်ခဲ့သူများရှိခဲ့ပါသည်။ ၎င်းတို့ အထဲမှ ကျော်ကြားသူ တစ်ယောက်မှာ ဆာ အိုက်စက် နယူတန် (Sir Issac Newton)  ဖြစ်ပါသည်။ ၁၈ ရာစုတွင် နယူတန်က ကမ္ဘာကြီးသည် အမှုန်များ (Particles) ဖြင့် ဖွဲ့စည်းထားသည်ဟု ဆိုပါသည်။ လှုပ်ရှားမှု တိုင်းသည် အမှုန်များဖြင့် လှုပ်ရှားနေသည် ဟုဆိုပါသည်။ ၁၉ ရာစု သို့ ရောက်ရှိလာသောအခါ ဓာတုဗေဒ နယ်ပယ် ပိုမိုဖွံ့ဖြိုး အားကောင်းလာပါသည်။ ထိုအခါ နယူတန်၏ အမှုန်များနေရာတွင် ဂျွန် ဒယ်လ်တန် (John Dalton) ဟုခေါ်သော အင်္ဂလိပ်လူမျိုး ဓာတုဗေဒ ပညာရှင်၏ အက်တမ် က နေရာ ဝင်ယူလိုက်ပါသည်။ ဒယ်လ်တန် က အရာအားလုံးသည် အက်တမ်များ ဖြင့်ဖွဲ့စည်းထားသည်ဟု ဆိုပါသည်။ နယူတန်၏ အမှုန်နေရာတွင် ဒယ်လ်တန်၏ အက်တောမစ် သီအိုရီ (Dalton’s Atomic Theory) က လွှမ်းမိုးနိုင်ခဲ့သော်လည်း နယူတန်၏ စကြာၤဝဠာနှင့် ဆိုင်သော အမြင်ကို ကျော်လွှားနိုင်ခြင်း မရှိခဲ့ပေ။ နယူတန်က စကြာၤဝဠာအတွင်းရှိ အရာအားလုံးသည် ပြဌာန်းထားပြီးသား ဖြစ်သည်ဟု ဆိုပါသည်။ လက်ရှိ အခြေအနေကို တိတိကျကျ သိရှိနိုင်လျှင် အနာဂတ်တွင် ဘာဖြစ်လာမည်ကို ခန့်မှန်းနိုင်သည်ဟု ဆိုခြင်းဖြစ်ပါသည်။ ၎င်းမှာ ရီဒတ်ရှင်နစ်စမ် (Reductionism) ဟု ဆိုသော သဘောတရားပင် ဖြစ်ပါသည်။ ဝတ္ထု၏ အသေးငယ်ဆုံး အစိတ်အပိုင်း တစ်ခုကို ကြည့်၍ အရာဝတ္ထု တစ်ခုလုံးကို သိနိုင်သကဲ့သို့  အရာဝတ္ထု တစ်ခုလုံးကို ကြည့်၍ အသေးငယ်ဆုံး အစိတ်အပိုင်းကို သိနိုင်သည် ဟု ယူဆသော ယူဆချက်မျိုးဖြစ်ပါသည်။ ထို့အပြင် နယူတန်၏ စကြာၤဝဠာဆိုင်ရာ အမြင်တွင် ပကတိ သဘောတရား (Realistic) အယူအဆလည်း ပါဝင်ပါသည်။ နယူတန်က သိပ္ပံသီအိုရီများသည် စကြာၤဝဠာတွင် ပကတိဖြစ်ပေါ်နေသည့် အတိုင်း တင်ပြထားသည်ဟု လက်ခံပါသည်။ သီအိုရီဖော်ထုတ်သူ၊ လေ့လာသူ မြင်သည့်အတိုင်း လေ့လာမိသည့် အတိုင်း တင်ပြသည့် အတွက် လေ့လာသူ တင်ပြသူ၏ အခန်းကဏ္ဍ၊ ပါဝင်မှုကို လျစ်လျူရှုထားပါသည်။ နယူတန်၏ စကြာၤဝဠာနှင့် ဆိုင်သော အမြင်သည် ၂၀ ရာစု ရောက်သောအခါ ကွမ်တမ်ရူပဗေဒ၏ စိန်ခေါ်မှုနှင့် ထိပ်တိုက်ရင်ဆိုင်လာရပါသည်။
    ကွမ်တမ်ရူပဗေဒ ဟု ဆိုလိုက်သည်နှင့် ဒိန်းမတ်လူမျိုး ရူပဗေဒပညာရှင် နီဘော (Niels Henrik David Bohr) ကို ပစ်ပယ်ထား၍ မရပေ။ ၂၀ရာစု အစောပိုင်းတွင် သိပ္ပံပညာ၏ စမ်းသပ်မှုများကဆိုကြသည်မှာ အလင်းသည် ကွာတာ (quata) ဟုခေါ်သော သီးခြားလှိုင်းများဖြင့်သာ ရွေ့လျားသည် ဟု လက်ခံကြပါသည်။ နီဘောက အက်တမ်၏ ပုံစံကို ဖော်ထုတ်ခဲ့ပါသည်။ ၁၉၁၃ ခုတွင် သူက အက်တမ်တစ်လုံးတွင် အီလက်ထရွန်များသည် နျူးကလိယပ်စ် ကို ဗဟိုပြု၍ လည်ပတ်နေသည်ဟု ဆိုပါသည်။ နီဘော၏ အက်တမ် မော်ဒယ်တွင် လည်ပတ်နေသော အီလက်ထရွန်များ၏ စွမ်းအင် အကြောင်းကို နှုတ်ဆိတ်နေသော်လည်း အီလက်ထရွန်များလည်ပတ်နေရာတွင် ကြိမ်နှုန်းကို ထည့်သွင်းစဉ်းစား ထားသည်ကိုတွေ့ရပါသည်။ ထိုမှတစ်ဆင့် တစ်ဆင့်ချင်းတိုး၍ ဖော်ထုတ်လာရာမှ ထုတ်လွှတ်လိုက်သော အလင်းသည် အမှုန်များ စီးဆင်းသကဲ့သို့ ပြုမူပြီး ၎င်းတွင် စွမ်းအင်နှင့် အရှိန်ပါရှိကြောင်း လက်ခံလာကြပါသည်။   
      ၁၉၂၀ သို့ ရောက်ရှိလာသောအခါ အာဝင် ရှိုးဒင်းဂါး (Erwin Schrodinger) ဟု ခေါ်သော သြစတြီးယား ရူပဗေဒ ပညာရှင်က ကွမ်တမ်သီအိုရီ ၏ လှိုင်းညီမျှခြင်း (wave equation of quantum theory) ကို ဖော်ထုတ်ခဲ့ပါသည်။ အဆိုပါ ညီမျှခြင်းတွင်  အက်တမ်တစ်လုံးထဲတွင် အီလက်ထရွန်တစ်ခုချင်းဆီ၏ စွမ်းအင် သီးခြားစီ ရှိနေပုံကို အလေးပေးခဲ့ပါသည်။ အဆိုပါ ညီမျှခြင်းတွင် လှိုင်းများ၏ ဖြစ်တန်စွမ်းများ များပြား အလွန်တစ်ရာ ရှုပ်ထွေးပုံကို တင်ပြခဲ့ပါသည်။ နီဘော၏ အက်တမ်ဖော်ပြချက်တွင် အီလက်ထရွန်များကို တစ်လုံးချင်းပုံဖော်နိုင်သော်လည်း ကွမ်တမ်သီအိုရီတွင် အီလက်ထရွန်များသည် ပုံဖော်၍မရနိုင်လောက်အောင် ဖြစ်တန်စွမ်းများ များပြား အလွန်တစ်ရာ ရှုပ်ထွေးလှပါသည်။
    ၁၉၂၇ တွင် ဂျာမန်လူမျိုး ဟိုင်ဇင်ဘတ် (Werner Heisenberg) က သူ၏ မတိကျခြင်း၊ မသေချာမရေရာခြင်း သီအိုရီ (Heisnberg’s principle of uncertainty) ကို တင်ပြခဲ့ပါသည်။ အရာဝတ္ထု တစ်ခု၏ အလျင် နှင့် တည်ရှိမှုပုံစံသည် တိကျမှုမရှိ၊ တိတိကျကျ တိုင်းတာ၍ မရဟု အဆိုပါ သီအိုရီက ဆိုပါသည်။ ထိုနည်းတူစွာပင် အချိန် နှင့် စွမ်းအင် ကိုလည်း တိတိကျကျ ဆို၍ မရပေ။ ထို့ကြောင့် အရာအားလုံးသည် တိတိကျကျ ဖြစ်မည်ဟု ဆို၍မရဘဲ ကွမ်တမ်ရူပဗေဒ သဘောအရ အရာအားလုံးတွင် မသေချာမှုများနှင့်သာ ပြည့်နှက်နေမည်ဖြစ်ပါသည်။ နယူတန်၏ အမြင်တွင် စကြာၤဝဠာသည် တိတိကျကျ ပြဌာန်းခံထားရခြင်း ဖြစ်သော်လည်း ကွမ်တမ်သဘောအရ အရာအားလုံးသည် မသေချာမှုများထဲက ထွက်ပေါ်လာရခြင်းဟူသော သဘောကိုဆောင်ပါသည်။
    ကွမ်တမ်မက္ကင်းနစ် နှင့် ပတ်သက်လာပါက ထင်မြင်ယူဆပုံကို သုံးမျိုးခွဲခြားထားနိုင်ပါသည်။ ပထမ အမြင်မှာ “မသေချာမှုများသည် လူသားတို့၏ မသိရှိမှု လျစ်လျူရှုမှုတို့ ကြောင့် ဖြစ်သည် (Uncertainty as Human Ignorance)” ဟူသော အမြင်ဖြစ်သည်။ အဆိုပါ အမြင်ကို လက်ခံကြသူများတွင် ဂျာမန်ရူပဗေဒပညာရှင် မက်စ်ပလန့် (Max Planck) နှင့် နာမည်ကျော် အိုင်းစတိုင်း (Albert Einstein) တို့ပါဝင်ကြပါသည်။ ၎င်းတို့ ယုံကြည်ကြသည်မှာ တိတိကျကျ ဖော်ပြ တွက်ထုတ်၍ မရနိုင်ခြင်းမှာ လူသားတို့၏ အားနည်းမှုပင်ဖြစ်ပါသည်။ အရာအားလုံးသည် ဘုရားသခင်၏ ပြဌာန်းထားခြင်းကို ခံထားရပြီးဖြစ်ပါသည်။ မည်သို့မည်ပုံ ဖြစ်တည်နေသည်ကို မသိနားမလည်ရခြင်းမှာ လူသားတို့၏ အားနည်းချက်သာဖြစ်ပြီး တစ်နေ့တွင် တိတိကျကျ ဖော်ပြနိုင်မည်ဟု ဆိုကြပါသည်။ ထို့ကြောင့် အိုင်းစတိုင်းက ဘုရားသခင်သည် အံစာတုန်း မကစားပါ (God does not play dice) ဟု ဆိုပါသည်။ တနည်းအားဖြင့် အရာအားလုံးသည် တိတိကျကျ မရှိခြင်း မဟုတ်ဘဲ ဘုရားသခင် ရည်ရွယ်ချက်ရှိရှိ တိတိကျကျ သတ်မှတ်ထားပြီးသားကို လူသားများ နားမလည် နိုင်သေးခြင်းသာ ဖြစ်ပါသည်။
    ဒုတိယ အမြင်မှာ “မတိကျ မရေရာမှုများသည် စမ်းသပ်မှုများ၊ သိမှုများ၌ အကန့်အသတ်ရှိသောကြောင့် ဖြစ်ပါသည် (Uncertainty as Experimental or Conceptual Limitation)” ဟူသော အမြင်ဖြစ်ပါသည်။ အဆိုပါ အမြင်ကို ပညာရှင် တော်တော်များများ လက်ခံကြပါသည်။ အက်တမ်များဖြင့် ဖွဲ့စည်းထားသော လောကကြီးတွင် လူသားတို့၏ လျစ်လျူရှုမှုကြောင့်မဟုတ်ဘဲ သိမှုဆိုင်ရာ ကန့်သတ်ချက်ကြောင့်သာ အရာအားလုံးခန့်မှန်း၍ မရခြင်း  ဖြစ်သည် ဟူသော အမြင်ဖြစ်ပါသည်။ အဆိုပါ အမြင်ကို လက်ခံကြသူများတွင် နီဘောတို့ ပါဝင်ပါသည်။
    တတိယ အမြင်မှာ “မတိကျ မရေရာမှုများသည် သဘာဝတရားကြီးကိုယ်၌က ပြဌာန်းမခံရခြင်းကြောင့် ဖြစ်သည် (Uncertainty as Indeterminacy in Nature) ” ဟူသော အမြင်ဖြစ်သည်။ ဟိုင်ဇင်ဘတ်က ပြဌာန်းမခံရခြင်းသည် သဘာဝတရားကြီး၏ အရှိတရားဖြစ်ပြီး လူသားတို့၏ ဉာဏ်ပညာနှင့် မဆိုင်ဟု ဆိုပါသည်။ ထို့ကြောင့် အကြောင်းအချင်းအရာ တစ်ခုတွင် ဖြစ်တန်စွမ်းများ များစွာရှိသည်။ ၎င်းဖြစ်တန်စွမ်းများ များစွာထဲကမှ အကြောင်းတရားများကြောင့် အကျိုးတစ်ခု သို့မဟုတ် တစ်ခုထက်မက ပေါ်ထွန်းလာရခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဟုချ် အဲဗရက် (Hugh Everett) ဟုခေါ်သော သချာၤပညာရှင်၏ စကြာၤဝဠာအများအပြားရှိသည် ဟူသော သီအိုရီသည် ဤကွမ်တမ်အမြင်အပေါ် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ မသေချာမရေရာမှုများသည် အက်တမ် တစ်လုံးအတွင်းတွင်ပင် အချိန်တိုင်း ရှိနိုင်ပါသည်။ ထို့ကြောင့် ကြိုတင်ခန့်မှန်းလို့မရနိုင်သော အဖြစ်အပျက်များ စကြာၤဝဠာကြီးအတွင်းတွင် ရှိပါသည်။ အချိန်တိုင်းတွင် ကြုံသလို ဖြစ်ပျက်သော အဖြစ်အပျက်များ ဖြစ်နေပါသည်။ စကြာၤဝဠာကြီးသည်လည်း ဖြစ်နိုင်ခြေ အများအပြား ရှိပါသည်။ အဆိုပါ ဖြစ်နိုင်ခြေများအပေါ်တည်၍ ထွက်လာနိုင်သော ရလာဒ်များ မြောက်များစွာရှိပါသည်။ ထို့ကြောင့် ဤ စကြာၤဝဠာကြီးမှသည် စကြာၤဝဠာမြောက်များစွာ ပေါ်ထွက်လာနိုင်ပါသည်။ ပင်စည်တစ်ခုမှ အခက် အရွက် အပင်အသစ် များစွာ ပေါ်ထွက်လာနိုင်သော သစ်ပင်ကဲ့သို့ဖြစ်သည်ဟု အဆိုပါ သီအိုရီက ဆိုပါသည်။
    ကွမ်တမ်ရူပဗေဒအပေါ် ဒုတိယအမြင်နှင့် တတိယအမြင် များသည် နယူတန်၏ အရာအားလုံးသည် ပြဌာန်းခံထားရသည် ဟူသော အမြင်နှင့် ဆန့်ကျင်ဖက် ဖြစ်နေပါသည်။ ထို့အတူ ဘုရားသခင်သည် အရာအားလုံးကို ခွဲခန့် သတ်မှတ် ထိန်းချုပ်ထားသည်ဟူသော ဓမ္မသဘောကိုပါ ရိုက်ခတ်လာပါသည်။
၂။ ပဋိပက္ခအသွင် ထိတွေ့မှု
    နယူတန်၏ အမြင်သည် ခရစ်ယာန် ဓမ္မအတွေးအခေါ်နှင့် ဆန့်ကျင်ဖက်ဖြစ်မလာသေးပေ။ အရာအားလုံးသည်  ပြဌာန်းခံထားရသည် ဟူသော နယူတန်၏ အမြင်သည် ဘုရားသခင်သည် အရာအားလုံးကို ထိန်းချုပ်ထားသည် ဟူသော ဓမ္မအမြင်နှင့် ပဋိပက္ခဖြစ်စရာမရှိပေ။ သို့ရာတွင် နယူတန်ခေတ်မှသည် ကွမ်တမ်ခေတ်သို့ ပြောင်းလဲလာသောအခါ သိပ္ပံ နှင့် ဓမ္မဒဿနိက တို့သည် ပွတ်တိုက်မှု ဖြစ်လာပါသည်။
၂.၁။ အရာရာကို ပြဌာန်းထားသော ဘုရားသခင်
    ၁၇ ရာစုအထိ သိပ္ပံပညာရှင်များသည် ဘာသာရေးကိုင်းရှိုင်းသောသူများ ဖြစ်ကြပါသည်။ နယူတန် ကိုယ်တိုင်ပင် ဘုရားသခင်သည် ကြယ်များကို ကမ္ဘာမြေ၏ ဆွဲအားမှ လွတ်ကင်းစေရန် စီမံထားသည်ဟု ယုံကြည်သူဖြစ်ပါသည်။ အရာအားလုံးသည် ဘုရားသခင်၏ လက်ရာတော်ကြောင့်သာ ဟန်ချက်ညီစွာ လှုပ်ရှားလည်ပတ်နေခြင်းဟု လက်ခံကြသူများဖြစ်ပါသည်။
    ကမ္ဘာကြီးကို မြင်ရာတွင် နိယာမများဖြင့် ဖွဲ့စည်းထားသည် (Law abiding world) ဟု မြင်ပါသည်။ ဘုရားသခင်သည် အဆိုပါ နိယာမများကို ဖန်ဆင်းရုံသာမက ကမ္ဘာကြီးကိုလည်း အဆိုပါ နိယာမများဖြင့် အလုပ်လုပ်စေသည် ဟု လက်ခံကြသူများဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါ နိယာမများသည် ဘုရားသခင်၏ ဘုဉ်းတော်၊ အချုပ်အခြာအာဏာကို ဖော်ပြရာပင် ဖြစ်သည်ဟု လက်ခံကြပါသည်။ ဘုရားသခင်သည် အဖြစ်အပျက်အားလုံးကို ကြိုတင်ပြဌာန်းထားပြီး ဖြစ်ပျက်နေသော အရာအားလုံးသည် ဘုရားသခင်၏ အလိုတော်သာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် အကျိုးတရားအားလုံး၏ မူလ အကြောင်းတရား ဖြစ်သည် (Primary Cause) ဟု ဆိုပါသည်။
    သို့ရာတွင် ၁၈ ရာစုသို့ ရောက်ရှိလာသောအခါ Deism (ဒိရေဆမ်) ဟုခေါ်သော အမြင်သစ် ပေါ်လာပါသည်။ အဆိုပါအမြင်၏ သဘောမှာ ဘုရားသခင်သည် စြင်္ကာဝဠာကြီးကို အစပြုပြီး ဒီအတိုင်းထားခဲ့ပါသည်။ ဝီလီယမ် ပယ်လေ (William Paley) ဟု ခေါ်သော အင်္ဂလိပ် ဘုဉ်းတော်ကြီးက ဘုရားသခင်သည် နာရီကို ပြုလုပ်သူနှင့် တူသည်ဟုဆိုပါသည်။ နာရီပြုလုပ်ပြီးသည်နှင့် နာရီသည် စက်သွား လည်ပတ်မှုအတိုင်း ဆက်လက်လှုပ်ရှားနေမည်  ဖြစ်ပါသည်။ နာရီပျက်သွားမှသာ နာရီပြုလုပ်သူထံ ပြန်လည်ရောက်ရှိလာမည် ဖြစ်ပါသည်။ ဤအမြင်တွင်လည်း ဘုရားသခင်သည် အရာအားလုံးကို အစပြုပြီး နိယာမအားဖြင့် ဆက်လက်လည်ပတ်စေသည်ဟု ဆိုသဖြင့် ဘုရားသခင်သည်သာ အဆုံး၌ တာဝန်ယူရဦးမည် ဖြစ်ပါသည်။
    နယူတန်က စြင်္ကာဝဠာကြီးကို စက်ယန္တရားသဖွယ် မြင်ပါသည်။  ဘုရားသခင်သည် စက်ယန္တရားကို တီထွင်သော သူဖြစ်ပါသည်။ ရူပ လောကတွင် ဘုရားသခင်သည် ဆက်လက်ပါဝင် လှုပ်ရှားနေမည်ဖြစ်ပါသည်။ ဘုရားသခင်သည် စြင်္ကာဝဠာစက်ယန္တရားကို မူလဖန်တီးသူ အကြောင်းတရားအဖြစ် တည်ရှိနေမည်ဖြစ်ပါသည်။ နယူတန်က ၎င်း၏ နိယာမ လေးခုသည် စက်ယန္တရားအကြောင်း အရာအားလုံးကို ရှင်းပြနိုင်သည်ဟု ဆိုပါသည်။  အမှန်တကယ်တွင် တကယ့်  သေးငယ်သော အဖြစ်အပျက်များကိုသာ ရှင်းပြနိုင်သော်လည်း ဧရာမ အဖြစ်အပျက်များအတွက် မှန်ကန်မှုမရှိနိုင်ပေ။ ဥပမာဆိုရသော် သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိသည်၊ အကျိုးတရားအားလုံး၌ အကြောင်းတရားရှိသည် ဟူသော နယူတန်၏ ဒုတိယ နိယာမ သည်  စြင်္ကာဝဠာကြီး၏ သေးငယ်သော အစိတ်အပိုင်းဖြစ်သည့် ကမ္ဘာအတွက် မှန်ကန်နိုင်သော်လည်း အာကာသသို့ ရောက်သွားသည့်အခါ မမှန်ကန်နိုင်တော့ပေ။
    သိပ္ပံအပြောင်းအလဲအတွက် နယူတန်သည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိခဲ့သော်လည်း နယူတန်၏ အမြင်များသည် ခရစ်ယာန်ဓမ္မအတွေးအခေါ်နှင့် ထိပ်တိုက်မတွေ့ခဲ့ပေ။ အကြောင်းမှာ ဘုရားသခင်သည် အရာအားလုံးကို စီမံခန့်ခွဲ ပြဌာန်းထားသည် ဟူသော အမြင်ကို တူညီစွာ ကိုင်စွဲထားသောကြောင့် ဖြစ်ပါသည်။
၂.၂။ ဘုရားသခင် နှင့် ကံ
    ကွမ်တမ်တွင် အမြင်သုံးမျိုးရှိသည်ကို တင်ပြပြီး ဖြစ်ပါသည်။ ပထမ အမြင် သည် ဘုရားသခင်အရာအားလုံးကို စီမံခန့်ခွဲ ပြဌာန်းထားသည်    ဟူသော ဓမ္မအတွေးအခေါ်နှင့် ပဋိပက္ခဖြစ်စရာ အကြောင်းမရှိပေ။ တတိယ အမြင်သည် ဤဓမ္မအတွေးအခေါ် ကို တိုက်ရိုက်စိန်ခေါ်သကဲ့သို့ ဖြစ်လာပါသည်။ အက်တမ် တစ်လုံးအတွင်းတွင် မသေချာ မရေရာမှုများ၊ ဖြစ်တန်စွမ်းများ မြောက်များစွာရှိပါသည်။ ၎င်းမြောက်များစွာအတွင်းမှ တကယ်ဖြစ်ပေါ်လာသော အရာမှာ အခါအခွင့်သင့်၊ သို့မဟုတ် ကျိုးကြောင်းဆီလျော်၍ ကံကောင်း၍သာ ဖြစ်လာသည်ဟု တတိယအမြင်က ဆိုပါသည်။ တစ်ဖက်တွင် ဘုရားသခင်၏ ပြဌာန်းချက်၊ ရည်ရွယ်ချက်၊ အလိုတော် တို့ကို ဖော်ပြနေသော်လည်း ဤတတိယ ကွမ်တမ်အမြင်က အခါအခွင့်သင့်ခြင်း၊ ကံကောင်းခြင်း တို့ကို ဆိုနေသဖြင့် ဤအမြင်နှစ်ခုသည် သမိုင်းတွင် ပဋိပက္ခပုံစံ ဖြင့် ထိတွေ့ခဲ့ကြပါသည်။
    ၁၉၆၅ တွင် ဇီဝကမ္မဗေဒ (Physiology) ဖြင့် ဆေးပညာ နိုဗယ်ဆု ရရှိခဲ့သူ ပြင်သစ်ပညာရှင် မိုနော့ဒ် (Jacques Monod) က စကြာၤဝဠာကြီးသည် chance ဟုခေါ်သော အကြောင်း အကျိုး၊ Necessity ဟုဆိုသော အခြေအနေတွန်းအားတို့ကြောင့်သာ ပေါ်ထွန်းလာသည် ဟူသောအမြင်သည် ဘုရားရှိ ဝါဒကို မှေးမှိန်စေပြီး ရုပ်ဝါဒကို ပိုမိုအားကောင်းစေသည်ဟု ဆိုပါသည်။ ၎င်းက သက်ရှိအရာအားလုံးကို အရင်းစစ်ကြည့်လိုက်လျှင် စက် သာဖြစ်လာမည်  ဖြစ်ပါသည်။ ဆဲလ် သည်လည်း စက်ပစ္စည်း သဘောသာဖြစ်ပါသည်။ တိရစ္ဆာန် များသည်လည်း စက်ပစ္စည်း သဘောသာဖြစ်ပါသည်။ လူသည်လည်း စက်ပစ္စည်း သဘောသာဖြစ်ပါသည် ဟု ဆိုပါသည်။
    အဆိုပါ ကြိုတင်သတ်မှတ်ခြင်း မခံရ ဟူသောအမြင်ကို ဓမ္မဒဿနိက ဖက်မှလည်း တုံ့ပြန်မှုများ ရှိပါသည်။ ပထမ တုံ့ပြန်မှုမှာ ထိုကဲ့သို့ အကြောင်း အကျိုး၊ အခြေအနေတွန်းအားတို့ကြောင့် ဖြစ်ပေါ်လာခြင်းသည်ပင်လျှင် ဘုရားသခင်၏ အစီအမံ ဖြစ်သည် ဟူ၍ ဖြစ်ပါသည်။ ဘုရားသခင်ကြောင့်သာ ဖြစ်ပါသည်။ ဘုရားသခင်သည် အကြောင်း အကျိုး၊ အခြေအနေတွန်းအားတို့ကြောင့် ဖြစ်ပေါ်လာသည်ဟုဆိုသော သဘာဝနိယာမ ကို မဖောက်ဖျက်ဘဲ ခန့်ခွဲမှတ်သားခြင်း  ဖြစ်သည်ဟုဆိုပါသည်။ သဘာ၀ နိယာမအရ ဖြစ်တန်စွမ်းများ ရှိမည်ဖြစ်ပါသည်။ သို့ရာတွင် အဆုံးသတ်တွင် မည်သည့်တစ်ခုသည်သာ တကယ်ဖြစ်လာရမည် ဟု သတ်မှတ်သည်မှာ ဘုရားသခင်သာဖြစ်သည်ဟု ဓမ္မကြောင်းဖက်မှ တုံ့ပြန်ကြသူများက ဆိုပါသည်။
    ဒုတိယ တုံ့ပြန်မှုမှာ နိယာမဖြစ်စေ၊ ကံကြောင့်ဖြစ်စေ နှစ်ခုစလုံးမှာ ဘုရားသခင်၏ လက်ရာ အစိတ်အပိုင်းတစ်ခု သာ ဖြစ်သည်ဟု ဆိုပါသည်။ ထင်ရှားသော ဓမ္မပညာရှင် တစ်ဖြစ်လဲ ဇီဝဓာတုဗေဒပညာရှင် အာသာပီးကော့ (Arthur Peacocke) က ကံ ကြောင့်ဖြစ်သည်ဆိုသောအရာသည်လည်း ဘုရားသခင် ကြိုတင်ပြဌာန်းထားပြီးသား မဟုတ်ပေမယ့်  ဘုရားသခင်၏ ဆက်လက်ဖန်ဆင်းသည့် အပိုင်းဖြစ်ပါသည် ဟု ဆိုပါသည်။ အချုပ်အားဖြင့်ဆိုသော် ပဋိပက္ခဖြစ်စဉ်မှာ ဟိုင်ဇင်ဘတ်၏ ကွမ်တမ်သဘောတရားကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံချိန်ရောက်မှသာ ဖြစ်ပွားလာခြင်းဖြစ်ပါသည်။ နယူတန်၏ သိပ္ပံသဘောတရား၊ အိုင်းစတိုင်း၏ ကွမ်တမ်အမြင်တို့သည် ဘုရားသခင်အရာအားလုံးကို စီမံခန့်ခွဲ ပြဌာန်းထားသည်ဟုဆိုသော ဓမ္မအတွေးအခေါ်နှင့် ပွတ်တိုက်မှုမဖြစ်ပွားခဲ့ပေ။
၃။ သီးခြားရပ်တည်မှု      
    သိပ္ပံနှင့် ဓမ္မအတွေးအခေါ် တို့သည် ဆက်စပ်မှုမရှိ၊ သီးခြားရပ်တည်နေသည် ဟူသော အမြင်ကို ဤကွမ်တမ် နှင့် ဘုရားသခင်အရာအားလုံးကို ကြိုတင်စီမံခန့်ခွဲခြင်း ဟူသော ခေါင်းစဉ်အောက်တွင်လည်း တွေ့နိုင်ပါသည်။ ကွမ်တမ် ရူပဗေဒတွင် အီလက်ထရွန် တစ်ခုကို အမှုန်အဖြစ် နားလည်နိုင်သကဲ့သို့ လှိုင်းဖြစ်လည်း သီးခြားစီ နားလည်နိုင်ပါသည်။ ထိုနည်းတူစွာပင် သိပ္ပံ နှင့် ဓမ္မဒဿနိကဗေဒ သည်လည်း အရှိတရား အစစ်အမှန်တရားတစ်ခု၏ အပိုင်း နှစ်ခု အဖြစ် သီးခြားစွာ နားလည်ရပ်တည်ရန်လိုအပ်ပါသည်။ ဤသို့လက်ခံပါက ပဋိပက္ခ ဖြစ်ရန် မလိုအပ်ပေ ဟု သီးခြားရပ်တည်မှု အမြင်ကို လက်ခံကြသူများက ဆိုပါသည်။
    ၎င်းတို့က ကွမ်တမ်ရူပဗေဒတွင် နီဘော ၏ တစ်ခုကို တစ်ခု ဖြည့်စွက်ပြည့်စုံစေသော သီအိုရီ (Complementary Theory) ကို ဥပမာပေးကြပါသည်။ အီလက်ထရွန်တစ်ခုတွင် ဒွိ ဂုဏ်သတ္တိရှိပါသည်။ အီလက်ထရွန်သည် အမှုန်ဖြစ်ပါသည် ဟုဆိုပါက မှန်သကဲ့သို့ လှိုင်းဖြစ်ပါသည်ဟု ဆိုပါကလည်း မှန်ပါသည်။ မည်သို့ လေ့လာသည် နှင့် လေ့လာသူအပေါ်မူတည်၍ အမြင်ကွဲသွားနိုင်ပါသည်။ ထို့ကြောင့် နီဘောက အရာဝတ္ထုကို လေ့လာသည့် ဖြစ်စဉ် (The process of Observation) နှင့် မည်သည့်အရာကို လေ့လာခြင်း (What is observed) ကို ခွဲခြားထား၍မရဟု ဆိုပါသည်။ ကျွနု်ပ်တို့ ကိုယ်တိုင် ဤအရာအထဲတွင် ဝင်ရောက်အသုံးတော်ခံ ပါဝင်နေခြင်းဖြစ်ပါသည်။ ဘေးတွင်ရပ်၍ အရာဝတ္ထု တစ်ခု မည်သို့ ဖြစ်သွားသည်ကို လေ့လာနေသည့် ပွဲကြည့်ပရိတ်
သတ်မဟုတ်ဟု သူကဆိုပါသည်။ ထို့ကြောင့် လေ့လာသူနှင့်  လေ့လာနေသောအရာသည် တစ်ခုနှင့် တစ်ခု အပြန်အလှန် ဖြည့်စွက်ပြည့်စုံစေပါသည် ဟုဆိုပါသည်။
    အဆိုပါ ဒွိ ပုံစံဖြင့် နားလည်မှု ပုံစံကို ကွမ်တမ်ရူပဗေဒတွင်သာမက အခြားနယ်ပယ်များတွင်လည်း တွေ့နိုင်ပါသည်။ ဇီဝဗေဒ နယ်ပယ်တွင်လည်း အောဂဲနစ် နှင့် အောဂဲနစ် မဟုတ်မှု၊ ဒဿနိက နှင့် ဓမ္မဒဿနိက နယ်ပယ်တွင်လည်း ဘုရားသခင် ကြိုတင်ပြဌာန်းခံရခြင်း နှင့် လွတ်လပ်စွာ ရွေးချယ်ခြင်း၊ စိတ်ပညာတွင်လည်း အပြုအမူကို အခြေခံခြင်း (Behavioristic model) နှင့် ခံစားမှု အတွေးအခေါ်ကို အခြေခံခြင်း (Introspective model) အစရှိသည်တို့ ဖြစ်ပါသည်။
    သို့ရာတွင် တစ်ချို့သော  သိပ္ပံနှင့် ဓမ္မအတွေးအခေါ်ကို သီးခြားစီ ရှိနေသည်ဟု လက်ခံသူများက အဆိုပါ တစ်ခုကို တစ်ခု ဖြည့်စွက်ပြည့်စုံစေသော သီအိုရီကို လက်မခံနိုင်ကြပေ။ အကြောင်းမှာ အဆိုပါ သီအိုရီတွင် တစ်ခုတည်းသော အရင်းအမြစ်မှ ဂုဏ်သတ္တိများ ဆင်းသက်လာသောကြောင့် ဖြစ်ပါသည်။ လှိုင်း နှင့် အမှုန် ဟူသော  ဖြစ်တည်မှုသည် အီလက်ထရွန်ဟူသော တစ်ခုတည်းသော အရင်းအမြစ်မှ ထွက်ပေါ်လာပါသည်။ ထို့ကြောင့် ဤသီအိုရီကို လက်ခံပါက သိပ္ပံနှင့် ဓမ္မအတွေးအခေါ်သည် အရင်းအမြစ်တစ်ခုထဲမှ ထွက်ပေါ်လာသည်ကို လက်ခံရမည်ဖြစ်ပါသည်။ ၎င်းတို့သည် တူညီသော အရင်းအမြစ်မှ ထွက်ပေါ်မလာ၊ သီးခြားစီ ရှိနေသည်ဟု လက်ခံကြသူများက နီဘော၏ သီအိုရီကို လက်မခံနိုင်ကြခြင်းဖြစ်ပေသည်။ ဥပမာဆိုရသော် ဓမ္မကြောင်းသည် ဘုရားသခင်ဆီမှ လာ၍ သိပ္ပံအတတ်သည် စာတန်ဆီမှ လာသည်ဟု လက်ခံကြသူများသည် ယခုကဲ့သို့ အပြန်အလှန်ဖြည့်စွက်တည်ဆောက်ရင်း သီးခြားဖြစ်ခြင်း အမြင်ကို လက်ခံကြမည်မဟုတ်ပေ။
    ကွမ်တမ်သဘော၏ တစ်ခုကို တစ်ခု ဖြည့်စွက်ပြည့်စုံစေသော သီအိုရီသည် သိပ္ပံနှင့် ဓမ္မဒဿနိက နယ်ပယ်တွင် သီးခြားဖြစ်တည်ခြင်းကို အထောက်အပံ့ ဖြစ်စေပါသည်။ သိပ္ပံနှင့် ဓမ္မအတွေးအခေါ်သည် အပြန်အလှန်တည်ဆောက်ရင်း သီးခြားဖြစ်တည်နေသည် ဟူသော သဘောသည် အဆိုပါသီအိုရီ၏ နောက်ဆက်တွဲရလာဒ်အဖြစ် ရှုမြင်နိုင်ပါသည်။ သို့ရာတွင် နယ်ပယ်နှစ်ခုစလုံးကို လုံးလုံးလျားလျား သီးခြားမြင်သူများအဖို့ အဆိုပါ နယ်ပယ် နှစ်ခုသည် အရင်းအမြစ် သီးခြားစီက ထွက်ပေါ်လာသည် ဟု လက်ခံပါသည်။ ထို့ကြောင့် ဘုရားသခင် အရာအားလုံးကို စီမံခန့်ခွဲ ပြဌာန်းခြင်းသည် ဓမ္မလမ်းကြောင်းသီးသန့်သာဖြစ်၍ သိပ္ပံ၏ မသေချာ၊မတိကျ မရေမရာ အဖြစ်များနှင့် လုံး၀ မဆိုင်သဖြင့် ထိပ်တိုက်တွေ့ရန် မလိုအပ် ဟု နယ်ပယ်နှစ်ခုစလုံးကို လုံးလုံးလျားလျား သီးခြားမြင်သူများက လက်ခံကြပါသည်။


၄။ ဒိုင်ယာလော့ဂ် အမြင်
    ကွမ်တမ် ဟူသော ခေါင်းစဉ်အောက်တွင် သိပ္ပံနှင့် ဓမ္မဒဿနိက ကို သီးခြားလက်ခံသူများ ရှိသကဲ့သို့ ဒိုင်ယာလောဂ့် အမြင်ဖြင့် မြင်ကြသူများလည်းရှိပါသည်။ ဒိုင်ယာလောဂ့် အမြင်ဖြင့်  မြင်ကြသူများသည် ကွမ်တမ်တွင် လေ့လာသူ (Observer) ၏ အခန်းကဏ္ဍကို အဓိကထား ဆွေးနွေးကြခြင်း ဖြစ်ပါသည်။
    နယူတန်၏ သိပ္ပံအမြင်တွင် လေ့လာသူ၏ အခန်းကဏ္ဍသည် အရေးမပါပေ။ နယူတန်က သိပ္ပံသီအိုရီများသည် လောကကြီး၏ အရှိကို အရှိအတိုင်း ပကတိဖော်ပြသည်ဟု လက်ခံပါသည်။ Classical Realism ဟု ဆိုနိုင်ပါသည်။ လေ့လာသူ၏ အမြင်၊ ဖော်ပြချက် တို့ကို လျစ်လျူရှုထားသည့် ဘဘောပင်ဖြစ်ပါသည်။ ဥပမာဆိုရသော် ကျွနု်ပ်တို့ သည် ရပ်နေသည့် အနေအထားမှ ကျွနု်ပ်တို့ဆီ ရွေ့လျားနေသော ရထားပေါ်မှာ ကျွနု်ပ်တို့ရှိရာသို့  ပြေးနေသော လူတစ်ယောက်၏ အရှိန် ကို တွက်ချက်မည် ဆိုပါစို့။ ထိုအရှိန်သည် ကျွနု်ပ်တို့ဆီပြေးနေသော လူ၏ အရှိန် နှင့် ကျွနု်ပ်တို့ ဆီလာနေသော ရထား၏ အရှိန် ပေါင်းခြင်းဖြစ်ပါသည်။ အကယ်၍ ကျွနု်ပ်တို့သည်လည်း ပြေးနေပါက ကျွနု်ပ်တို့၏ အရှိန်ကိုပါ ပေါင်းထည့်ရမည် ဖြစ်ပါသည်။ ကျွနု်ပ်တို့ ရပ်နေစဉ် နှင့် ပြေးနေစဉ် ကျွနု်ပ်တို့ထံလာသည့် အရှိန် မတူပေ။ ဤတွင် လေ့လာသူ၏ အခန်းကဏ္ဍကို တွေ့နိုင်ပါသည်။
လေ့လာသူ၏ အခန်းကဏ္ဍသည် အရေးပါကြောင်း သိပ္ပံမတိုးတက်ခင် အချိန်ကာလကပင် တွေ့နိုင်ပါသည်။ ဆိုကရေးတီးခေတ်မတိုင်မီကပင်  ပိုက်သာဂိုရပ်စ် (Pythagoras) က ကိန်း ဂဏန်းများ ဆက်နွယ်မှုသည် သဘာဝတရား ၏ အရှိတရား အစစ်အမှန် တရားဟု ဆိုပါသည်။ ပလေတို ခေတ်သို့ ရောက်ရှိလာသောအခါ ပလေတိုဝါဒကို လက်ကိုင်ထားသူများက လက်ရှိတွေ့ရသော သဘာဝတရားသည် ပြီးပြည့်စုံသော အရှိတရား၏ မပြည့်စုံသော အရောင်ပြန်မှု ဟု ဆိုပြန်ပါသည်။ နှောင်းပိုင်း အီမန်နျူယယ် ကန့် (Immanuel Kant) ခေတ်သို့ ရောက်ရှိလာသောအခါ ကန့် က လက်ရှိမြင်တွေ့နေရသောအရာများသည် ပုံရိပ်များ ဖြစ်သည်၊ ပုံရိပ်၏ နောက်ကွယ်တွင် အစစ်အမှန်တရားရှိသည် ဟု ဆိုလာပြန်ပါသည်။ လေ့လာသူ၏ အခန်းကဏ္ဍ၊ စိတ်ဝင်စားမှုသည် ထည့်သွင်းစဉ်းစားရမည့် အချက်ပင်ဖြစ်ပါသည်။
ကွမ်တမ်ရူပဗေဒတွင် လေ့လာသူ၏ ပါဝင်မှုသည် အလွန်ပင် အရေးပါပါသည်။ လေ့လာသူသည်  ဖြစ်စဉ်ကြီးတစ်ခုလုံးတွင် ဝင်ရောက်လှုပ်ရှားနေသော သူဖြစ်ပါသည်။ နှိုင်းရသဘောတွင် အချိန် နှင့် နေရာသည် တိတိကျကျ မရှိဘဲ လေ့လာသူအပေါ်လိုက်၍ ပြောင်းလဲနိုင်ပါသည်။ ဥပမာဆိုရသော် ကျွနု်ပ်တို့ ၏ ကမ္ဘာမြေပေါ် အချိန် နှင့် ကျွနု်ပ်တို့ အာကာသပေါ်ရောက်သောအခါ အချိန်လည်ပတ်ပုံ ပြောင်းသွားခြင်းသည် အချိန်၏ နှိုင်းရသဘောပင် ဖြစ်ပါသည်။ အချိန်၏ ပကတိဖြစ်ခြင်း မူလသဘောထက် အချိန် နှင့် လေ့လာသူ၏ ဆက်နွယ်မှုသည် ကြီးမားသော အပြောင်းအလဲကို ဖန်တီးနိုင်ပါသည်။
ဤသို့ နှိုင်းရဖြစ်ခြင်း သဘောသည် ဓမ္မသဘော ရှုထောင့် တွင် များစွာ အကျိုးပြုလျက်ရှိပါသည်။ ဓမ္မအတွေးအခေါ် တစ်ခု တည်ဆောက်ရာတွင် ဘုရားသခင်၏ ဖွင့်ပြခြင်း (Revelation) သည် အလွန်ပင် အရေးပါသော အရင်းအမြစ် တစ်ခုဖြစ်ပါသည်။ ဤနေရာတွင် စဉ်းစားဖို့ကောင်းသည်မှာ သမ္မာကျမ်းစာ သည် ဘုရားသခင်၏ ဖွင့်ပြခြင်း စစ်စစ်လောဟု မေးရန်ရှိလာပါသည်။ နယူတန်၏ သိပ္ပံအမြင်နှင့် ကြည့်ပါက သမ္မာကျမ်းစာသည် ဘုရားသခင်၏ သဘောတော် ကို တိတိကျကျ ဖော်ပြသည့် ဖွင့်ပြခြင်းဟု ဆိုနိုင်ပါသည်။ သို့ရာတွင် လေ့လာသူ၏ အခန်းကဏ္ဍ၊ ရေးသားသူ၏ အခန်းကဏ္ဍကို ပစ်ပယ်၍မရပေ။ နှိုင်းရသဘောဖြင့် ရှုမြင်ပါက သမ္မာကျမ်းစာသည် ဘုရားသခင်၏ ဖွင့်ပြခြင်းကို လူသားတို့ နားလည်နိုင်သလောက် မှတ်တမ်းတင်ထားသည့် အရာဖြစ်ပါသည်။ ထို့ကြောင့် သမ္မာကျမ်းစာတွင် ဘုရားသခင်နှင့် လူသားတို့၏ ဆက်နွယ်မှုကို ကျမ်းရေးသူ၊ ဖတ်ရှုသူ အားဖြင့် တွေ့ရမည်ဖြစ်ပြီး ဘုရားသခင်၏ ပကတိသဘောတော်ကို အနည်းငယ်သာ တွေ့နိုင်မည်ဖြစ်ပါသည်။ ဥပမာဆိုရသော် ဂျူးလူမျိုးတို့၏ ရန်သူများကို ဘုရားသခင် သတ်ပေးသည် ဆိုသော ဓမ္မဟောင်းကာလ အရေးအသားများသည် ကျမ်းရေးသူ၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြလျက်ရှိပါသည်။ ထိုနည်းတူ ထိုကျမ်းစာကို ယနေ့ခေတ်တွင် မိမိဖတ်ရှုသောအခါ ဘဝနေနည်းသစ္စာ ခွန်အားရသည်ဟူသော အမြင်သည်လည်း လေ့လာသူ နှင့် ဘုရားသခင်၏ ဆက်နွယ်မှု၊ နှိုင်းရသဘောပင် ဖြစ်ပါသည်။ ဘုရားသခင်၏ ပကတိသဘောတော် ဟု မဆိုနိုင်ပေ။
ကွမ်တမ်သဘောမှ လေ့လာသူ၏ အခန်းကဏ္ဍကို နားလည်ခြင်းဖြင့် ဓမ္မသဘောတွင် ဖွင့်ပြခြင်း၊ ဘုရားသခင်၏ ပကတိတရား နှင့် လူသားတို့၏ အခန်းကဏ္ဍ၊ ကျမ်းစာ၏ ဘုရားသဘောနှင့် လူသားအမှား (Divine Truth & Human Error) တို့ကို တိုး၍ နားလည်နိုင်သဖြင့် အပြန်အလှန် ဒိုင်ယာလောဂ့် လုပ်သင့်သည် ဟူသော အမြင်ကို လက်ခံသူများလည်း ရှိပါသည်။
၅။ နှစ်ဖက်အမြင်များကို စုစည်းပြီး ပိုမိုကောင်းမွန်စေခြင်း 
    ဤအမြင်သည် ကွမ်တမ်သိပ္ပံသဘောနှင့် ဓမ္မကြောင်းကို တိုး၍ အပြန်အလှန်တည်ဆောက်ကာ သိပ္ပံခေတ်နှင့် ဆီလျော်သော ဘုရားသခင်၏ ဖွင့်ပြခြင်းကို နားလည်နိုင်ရန် ကြိုးစားခြင်းပင် ဖြစ်ပါသည်။ အထူးသဖြင့် ကွမ်တမ်၏ မရေမရာခြင်း နှင့် ကြိုတင်ပြဌာန်းခံရခြင်းကို ငြင်းပယ်ခြင်း အမြင်ကို ဘုရားသခင်အပေါ် အမြင် နှင့် ချိတ်ဆက်ခြင်းပင် ဖြစ်ပါသည်။ ၁၉၅၀ တွင် ဝီလီယမ် ဂျီ ပိုလဒ် (William G Pollard) ဟု ခေါ်သော ရူပဗေဒပညာရှင် တစ်ဖြစ်လဲ အက်ပီစကော်ပယ်ဘုဉ်းတော်ကြီး က ဘုရားသခင်သည် သဘာ၀ နိယာမများကို အကြမ်းမဖက်သည့် အပြင် ဘုရားသခင်၏ လုပ်ဆောင်ပုံများကိုလည်း သိပ္ပံနည်းကျ သက်သေပြနိုင်လိမ့်မည် မဟုတ်ဟု ဆိုပါသည်။ သူ၏ အဆိုအရ ဘုရားသခင်၏ ပြဌာန်းချက်သည် သဘာဝနိယာမအတွင်း ဖြစ်တန်စွမ်းများအတိုင်း ဖြစ်ပေါ်စေပြီးမှ ထွက်ပေါ်လာသည်ဟု ဆိုပါသည်။ တနည်းအားဖြင့် ဘုရားသခင်သည် အဖြစ်အပျက်အားလုံးအပေါ် ထိန်းချုပ်ပြီး သဘာဝနိယာမအတိုင်း ဖြစ်စေပြီးမှ သူ့အလိုတော်အတိုင်း ပြဌာန်းသည် ဟု ဆိုလိုခြင်းဖြစ်ပါသည်။ 
    သို့ရာတွင် ဝီလီယမ်၏ အမြင်ကို ဝေဖန်ကြသူများလည်းရှိပါသည်။ ပထမတစ်ချက်မှာ သူသည် ဘုရားသခင် ကြိုတင်ပြဌာန်းခြင်းကို လက်မခံသော်လည်း ဘုရားသခင်၏ အဖြစ်အပျက်အားလုံးကို ထိန်းချုပ်သည် ဟု ဆိုသော အရာမှာ ရှေ့နောက်မညီ ဖြစ်သည်ဟု ဝေဖန်ကြပါသည်။ လူသားတို့၏ လွတ်လပ်ခြင်း နှင့် မကောင်းမှု၏ အရှိတရားကို မျက်ကွယ်ပြုသည် ဟု ဆိုနိုင်ပါသည်။ ဒုတိယ ဝေဖန်စရာကောင်းသော အချက်မှာ ဘုရားသခင်၏ အလိုတော်သည်  သူတီထွင်ထားသော သဘာ၀ နိယာမကို ကျော်လွန်၍ ပြည့်စုံလာခြင်းမှာ တစ်ဖက်သတ် ဆန်ခြင်းဖြစ်သည် ဟူသော အချက်ဖြစ်သည်။ အစပိုင်းတွင် ဖော်ပြခဲ့သော ဒီရေဆမ် (Deism) ၏ တစ်ခြားတစ်ဖက်ကဲ့သို့ ဖြစ်သည်ဟုလည်း  ဝေဖန်ပါသည်။ ဒီရေဆမ် (Deism) ၏ အဆိုမှာ ဘုရားသခင်သည် ဖန်ဆင်းပြီး နိယာမအတိုင်း လည်ပတ်စေကာ ဝင်ရောက်ပတ်သက်မှုမရှိ ဟူသော အမြင်ဖြစ်သည်။ ယခု ဝီလီယမ်၏ အမြင်မှာ ဒီရေဆမ် (Deism) ၏ဆန့်ကျင်ဖက် ဖြစ်နေပါသည်။ ဘုရားသခင်သည် ဖန်ဆင်းပြီး နိယာမအတိုင်း လည်ပတ်စေသော်လည်း သူကိုယ်တိုင် နိယာမကို ဆန့်ကျင်၍ အလိုအတိုင်း ဝင်ရောက်ပတ်သက်မည် ဟူသော သဘောပင်ဖြစ်သည်။ နောက်ဆုံးတစ်ချက်မှာ ပထမ ဝေဖန်မှု၏ နောက်ဆက်တွဲ ဖြစ်ပါသည်။ သူက ကြိုတင်ပြဌာန်းခြင်းကို လက်မခံသည့်အတွက် လူသား၏ လွတ်လပ်စွာ ရွေးချယ်မှုကို လက်ခံပါသည်။ သို့ရာတွင် တစ်ဖက်တွင်လည်း အဖြစ်အပျက်အားလုံးကို ထိန်းချုပ်သည်ဟု ဆိုသဖြင့်  လောကကြီး၏ အသေးငယ်ဆုံးအဆင့် အက်တမ် သို့မဟုတ် ကွာက် (quark) နေရာမှ နေ၍ လွှမ်းမိုးနေသလား ဟူ၍ ဝေဖန်ကြခြင်း ဖြစ်ပါသည်။
    ဝီလီယမ်၏ အမြင်ထက် ပိုမိုကောင်းမွန်သော အမြင်မှာ ဘုရားသခင်သည် သေချာသော ကွမ်တမ် ဖြစ်ရပ်များကို သာ လွှမ်းမိုးသည်ဟူသော Graduate Theological Union မှ ပါမောက္ခ ရပ်ဆဲလ် (Robert John Russell) ၏ အမြင်ပင်ဖြစ်ပါသည်။ ဤသည်မှာ ဘုရားသခင်၏ အရာအားလုံးကို တတ်နိုင်ခြင်းဟူသော ဂုဏ်အင်္ဂါကို လူသားက ကန့်သတ်လိုက်ခြင်း မဟုတ်ဘဲ ဘုရားသခင်ကိုယ်တော်တိုင် မိမိဘာသာ ကန့်သတ်ပြီး လူသား၏ ရွေးချယ်မှု အပေါ်မှာ နောက်မှနေ၍ စွမ်းအင်များပေးနေသည်၊ ရုန်းကန်နိုင်ရန် ခွန်အားများပေးနေသည် ဟူသော နက်ရှိုင်းသည့် ဘုရားသခင်ကို ပုံဖော်လာနိုင်ကြပါသည်။ ဤအမြင်သည် သိပ္ပံရေခံမြေခံနှင့်လည်း လိုက်လျောညီထွေ ရှိသည့်အပြင် မိမိတို့ သမရိုးကျ လက်ခံထားသည့် ဘုရားသခင်၏ အခြားတစ်ဖက်ကိုလည်း မြင်တွေ့လာနိုင်ပါသည်။ ထို့အပြင် မိမိတို့၏ ဖြစ်တည်မှု ဆိုင်ရာ ပြသနာများကိုလည်း ဖြေရှင်းလာနိုင်ပါသည်။


နိဂုံး
    ကွမ်တမ်ရူပဗေဒသည် ခရစ်ယာန်များ သမရိုးကျ လက်ခံထားသော နားလည်သော ဘုရားသခင်ကို စိန်ခေါ်သော အကြီးမားဆုံး စိန်ခေါ်မှု  ဖြစ်လာပါသည်။ ဘုရားသခင်သည် အဖြစ်အပျက် အားလုံးကို ထိန်းချုပ်သည်၊ ကြိုတင်ပြဌာန်းသည် ဟူသော သမရိုးကျ အမြင်ကို ဖက်တွယ်ထားရာမှ နယ်ပယ်နှစ်ခု ထိပ်တိုက် တွေ့ခဲ့ရသည်များ ရှိခဲ့ပါသည်။ အပြန်အလှန် ဖြည့်စွက်တည်ဆောက်ရင်း ကွမ်တမ်နှင့် ကြိုတင်ပြဌာန်းခြင်း ဓမ္မသဘောသည် သီးခြားဖြစ်တည်နေသည် ဟု လက်ခံကြသူများလည်း ရှိသလို ၎င်းတို့နှစ်ခုသည် ဆင်းသက်လာရာ အရင်းအမြစ်မတူသဖြင့် အပြန်အလှန် ဖြည့်စွက်တည်ဆောက်စရာ မရှိဟု လုံး၀ သီးခြားရပ်တည်သူများလည်း ရှိပါသည်။ ထို့အတူ နယ်ပယ်နှစ်ခုတွင် တူညီစရာများလည်းရှိပါသည်။ အပြန်အလှန် ဒိုင်ယာလောဂ့် လုပ်ခြင်းဖြင့် နှိုင်းရသဘောကို နယ်ပယ်နှစ်ခုတွင် တိုး၍နားလည်လာသည်များလည်း ရှိပါသည်။ အဆုံးတွင် ဘုရားသခင်သည် မိမိဘာသာ ကန့်သတ်ပြီး လူသား၏ ရွေးချယ်မှု အပေါ်မှာ နောက်မှနေ၍ စွမ်းအင်များပေးနေသည်၊ ရုန်းကန်နိုင်ရန် ခွန်အားများပေးနေသည် ဟူသော သဘောကို တိုး၍နားလည်ခြင်းဖြင့် ကွမ်တမ် သဘောနှင့် သဟဇာတဖြစ်ရုံသာမက လက်ရှိ ရင်ဆိုင်နေရသော အခက်အခဲများတွင်းမှ ရုန်းထွက်နိုင်သော ဓမ္မသတ္တိ ဝိဉာဏ်ရေးကို ရရှိနိုင်မည် ဖြစ်ပါသည်။
    မြန်မာနိုင်ငံသည် အဖက်ဖက်မှ နိမ့်ကျ ရုန်းကန်နေရသော နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ကံကြမ္မာသည် ဤကဲ့သို့ ဖြစ်လာရမည်ဟု ဘုရားသခင် ပြဌာန်းကာ အဖြစ်အပျက်တိုင်းကို ထိန်းချုပ်ထားသလား ဟူသော အမေး၏ နောက်ကွယ်တွင် ကွမ်တမ် သိပ္ပံနှင့် ဆက်စပ်ဖြေဆိုစရာများစွာရှိပါသည်။ မကောင်းမှုတရား ၏ အစစ်အမှန် ဖြစ်ခြင်း (The reality of Evil) ကို နားလည်ကာ ထိုမကောင်းမှုများစွာထဲမှ ရုန်ထွက်နိုင်သော ရလာဒ်၊ မသေချာမှုများထဲက သေချာသော ရလာဒ် ထွက်လာနိုင်ရန် ဘုရားသခင် ကျွနု်ပ်တို့နှင့် အတူ ရုန်းကန်လျက် စွမ်းအင်များပေးနေသည်ကို မြင်ရန်လိုအပ်ပါသည်။ ထို့နောက် ဘုရားသခင်ပေးသောစွမ်းအင်များကို ရွေးချယ်လျက် ဝိဉာဏ်တော်၌ တည်ဆောက်၍ ကျွနု်ပ်တို့ ကိုယ်တိုင် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရန် လိုအပ်ကြောင်းကို ဤ “ကွမ်တမ် နှင့် ဘုရားသခင် အရာအားလုံးကို ထိန်းချုပ်ခြင်း” ဟူသော  ခေါင်းစဉ်ဖြင့် သိပ္ပံနှင့် ဓမ္မကြောင်း ဆက်စပ်မှုများကို တင်ပြလျက် မီးမောင်းထိုးပြခြင်း ဖြစ်ပါသည်။ ဤသိတင်းကောင်းသည် မြန်မာနိုင်ငံ အရပ်ရပ်ကို ပျံ့နှံ့လျက် ဘုရားသခင်၏ ကယ်တင်ခြင်းစွမ်းအားကို ဆွတ်ယူလျက် တိကျသော အဖြစ်အပျက်ကို ကိုယ်တိုင် ဖန်တီးနိုင်စေရန် ဖြစ်ပါတော့သည်။      ။
ကျမ်းကိုး            
Ian G. Barbour, When Science Meets Religion. New York: Herper One, 2000.
Allister E. McGrath, Christian Theology: An Introduction, 6th ed., Willey Blackwell, 2017.
Dr. Saw Hlaing Bwa. Lectures. Science and Theology Class. Yangon: MIT. 2018.
Rev. Dr. Samuel Ngun Ling. Lectures. Systematic Theology Class. Yangon: MIT. 2017.
 

2 comments: