Zawgyi ...
နိဒါန္း
မေကာင္းမႈ၊ အျပစ္တရား၊ မိစၦာသည္ ေလာကၾကီးတြင္
အမွန္တကယ္ တည္ရွိေနေသာ အရွိတရားျဖစ္ပါသည္။ တစ္ခ်ိဳ႕ေသာ မေကာင္းမႈမ်ား - မီးေတာင္ေပါက္ကြဲျခင္း၊
ေျမငလ်င္မ်ား လႈပ္ျခင္း၊ အီဘိုလာ ကဲ့သို႕ ေရာဂါမ်ိဳး ပ်ံ႕ႏွံံံျခင္း အစရွိသည္တို႕သည္
-ေယ်ဘူယ်အားျဖင့္ လူသားတို႕လုပ္ရပ္ ေၾကာင့္ မဟုတ္ေသာ သဘာ၀အားျဖင့္ ျဖစ္ေပၚလာေသာ မေကာင္းမႈ
(Natural Evil) ဟု ဆိုနိုင္ပါသည္။ (သို႕ရာတြင္ မုန္တိုင္းကဲ့သို႕ မေကာင္းမႈမ်ိဳးသည္
လူသားတို႕၏ သဘာ၀ပတ္၀န္းက်င္အေပၚ မေတာ္မတရား ျပဳက်င့္မႈေၾကာင့္ ျဖစ္ေပၚလာေသာ ရလာဒ္ဟု
တစ္စံုတစ္ေယာက္မွ မွတ္ခ်က္ဆိုလ်ွင္လည္း ကန္႕ကြက္ရန္ အေၾကာင္းမရွိေပ။) တစ္ခ်ိဳ႕ေသာ မေကာင္းမႈမ်ားသည္
လူသားတို႕၏ စာရိတၱပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းမႈေၾကာင့္ ျဖစ္ေပၚလာေသာ မေကာင္းမႈမ်ား
(Moral Evil) ျဖစ္ပါသည္။ လူသားတို႕၏ စာရိတၱပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းမႈ ဟု ဆိုရာ၌ လူသားတို႕
ျပဳလုပ္မိေသာေသာ မေကာင္းမႈမ်ား (Sin of commission) နွင့္ လူသားတို႔ ျပဳလုပ္ရန္ ပ်က္ကြက္မႈေၾကာင့္
ျဖစ္ေပၚလာရေသာ မေကာင္းမႈမ်ား (Sin of
omission) စသည့္ နွစ္မ်ိဳးစလံုး အက်ံဳး၀င္ပါသည္။
ေရာဘတ္ ဂၽြန္ ရပ္ဆဲလ္ (Robert John
Russell) ဟု ေခၚေသာ ရူပေဗဒ ပါရဂူ တစ္ျဖစ္လဲ ခရစ္ယာန္ အေတြးအေခၚပညာရွင္ က မေကာင္းမႈ
သည္ အပူေလ်ွာက္ကူးျခင္း ဒုတိယ နိယာမ (Second Law of Thermodynamics) တြင္ တိုင္းတာေသာ
ယူနစ္ျဖစ္သည့္ အန္ထရိုပီ (entropy) ႏွင့္ သေဘာသဘာ၀တူသည္ဟု ဆိုပါသည္။ ၄င္းက မေကာင္းမႈ
နွင့္ အန္ထရိုပီသည္ အေျခအေနအရ ျဖစ္တည္ေနသည္ (universal contingent) ဟုဆိုပါသည္။ ဤေဆာင္းပါးသည္
ခရစ္ယာန္တို႕ လက္ခံထားေသာ မေကာင္းမႈ ဟူေသာ အျမင္ကို သိပၸံ နွင့္ ဓမၼေၾကာင္း ဆက္စပ္မႈမ်ားျဖင့္
တင္ျပလိုျခင္း ျဖစ္ပါသည္။ ထိုသို႕ ဆက္စပ္နားလည္ျခင္းျဖင့္ မေကာင္းမႈ၊ အျပစ္တရားကို
တိုး၍ နားလည္ကာ ဧဖက္ၾသ၀ါဒစာ ၆း ၁၀ မွ ၁၈ တြင္ ေဖာ္ျပထားသည့္အတိုင္း မေကာင္းမႈကို ေပ်ာက္ကြယ္သြားနိုင္ရန္
ဘုရားသခင္နွင့္အတူ ပူးေပါင္းလုပ္ေဆာင္သြားနိုင္ရန္ ျဖစ္ပါသည္။
သဘာ၀ မေကာင္းမႈအားျဖင့္ လူသားတို႕အား
ဒဏ္ခတ္ပါသလား?
အစဥ္အလာအားျဖင့္ ျမန္မာခရစ္ယာန္အမ်ားစုမွာ
ဘုရားသခင္ကို ရိုးရိုးေလးယံုၾကည္ၾကသူမ်ား ျဖစ္ပါသည္။
သဘာ၀အားျဖင့္ ျဖစ္ေပၚလာေသာ မေကာင္းမႈမ်ားသည္ ဘုရားသခင္၏ အလိုေတာ္ေၾကာင့္သာ ျဖစ္ေပၚလာသည္ ဟု လက္ခံၾကသူမ်ား ျဖစ္ၾကပါသည္။ လူသားတို႕၏
မေကာင္းမႈမ်ားကို ဒဏ္ခတ္သည့္ အေနျဖင့္ သဘာ၀မေကာင္းမႈမ်ားကို လူသားတို႕ရွိရာသို႕ ေစလႊတ္သည္
ဟု ရိုးသားစြာ ယံုၾကည္ၾကသူမ်ား ျဖစ္ပါသည္။ ဥပမာအားျဖင့္ ဆိုရေသာ္ ၂၀၀၈ ခုႏွစ္ ေမလ ၂ ရက္ေန႕တြင္ နာဂစ္မုန္တိုင္းတိုက္ခတ္ ခံရေသာအခါ
ဘုရားသခင္ဒဏ္ခတ္သည္ ဟု လက္ခံၾကပါသည္။ ဘုရားသခင္ အမ်က္ေတာ္ျငိမ္းေစရန္၊ ေဘးလြတ္ရန္ ဆုေတာင္းၾကပါသည္။
နာဂစ္ မုန္တိုင္းျပီးေသာအခါ အသက္ရွင္က်န္ရစ္ေသာ ခရစ္ယာန္မ်ားအဖို႕ ဘုရားသခင္ကယ္ဆယ္သျဖင့္
ေဘးလြတ္သည္ဟု ၀န္ခံၾကပါသည္။ သို႔ရာတြင္ ေျမာက္မ်ားစြာေသာ လူ၊တိရ စၦာန္ သက္ရွိ သက္မဲ့မ်ား
ပ်က္စီးဆံုးရံႈးခဲ႔ရပါသည္။
မူလ လက္ခံထားေသာ အျမင္ျဖစ္သည့္ “သဘာ၀အားျဖင့္
ျဖစ္ေပၚလာေသာ မေကာင္းမႈမ်ားသည္ ဘုရားသခင္၏ အလိုေတာ္” ဟူေသာ အေျဖမွာ ေက်နပ္စရာမေကာင္းေပ။
အကယ္၍ လူသားတို႕၏ မေကာင္းမႈေၾကာင့္ ဒဏ္ခတ္သည္ ဟု ဆိုပါက အဘယ္ေၾကာင့္ ထိုသူမ်ားကိုမွ
ေရြး၍ ဒဏ္ခတ္ရသနည္း။ လူသားတို႕၏ အျပစ္ေၾကာင့္ ဒဏ္ခတ္ခံရသည္ ဟုဆိုပါက ဘုရားသခင္၏ ဒဏ္ခတ္ခံရျခင္းျဖင့္
ကင္းလႊတ္သူ အျပစ္မရွိသူ ရွိပါဦးမည္လား။ ဘုရားသခင္၏ အမ်က္ေတာ္ေၾကာင့္ အျပစ္ရွိသူ အားလံုးကို
ဒဏ္ခတ္သည္ ဟုယူဆေသာ္ ေလာကတြင္ လူသားဟူ၍ က်န္ရစ္စရာ မရွိေတာ့မည့္ အျပင္ ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာသည္
တန္ဖိုး အဓိပၸာယ္ ကင္းမဲ့သြားပါလိမ့္မည္။ အထူးသျဖင့္ ေလာကၾကီးထဲသို႕ သက္ဆင္းကာ လူသားတို႕ကို
တန္ဖိုးရွိေစေသာ ဘုရားသခင္၏ ခ်စ္ျခင္းေမတၱာသည္ ပို၍အဓိပၸာယ္ ကင္းမဲ့သြြားေပလိမ့္မည္။
ထို႕အျပင္ ဘုရားသခင္၏ ဖန္ဆင္ျခင္းသည္ ဤကဲ့သို႕ သဘာ၀မေကာင္းမႈအားျဖင့္ ပ်က္စီးသြားပါက
ကစဥ့္ကလ်ားအေျခအေနမွ ဖန္ဆင္းခဲ႕ေသာ ဖန္ဆင္းျခင္းသည္လည္း အဓိပၸာယ္ ရွိလိမ့္မည္ မဟုတ္ေပ။
ဘုရားသခင္ ဖန္ဆင္းခဲ့၊ ကယ္နုတ္ခဲ႔၊ ပံ့ပိုးခဲ႔သမ်ွသည္ ပ်က္စီးဖို႔ ဟု ဆိုပါက အဓိပၸာယ္မဲ႕ရာမွ
အဓိပၸာယ္မဲ႔ရာသို႕ သာ ျဖစ္ေနပါလိမ့္မည္။
မေကာင္းမႈ ႏွင့္ ခရစ္ယာန္
ဓမၼ အေတြးအေခၚ
ခရစ္ယာန္ သမိုင္းတစ္ေလ်ွာက္တြင္ မေကာင္းမႈ
အျမင္ကို ဘုရားသခင္နွင့္ ပထမဆံုး ခ်ိတ္ဆက္ေပးသူမွာ စိန္႕
အာေရးႏီးယပ္စ္ (Irenaeus of Lyon) ျဖစ္ပါသည္။ ေအဒီ ၂ ရာစုတြင္ ေပၚထြန္းခဲ့ေသာ သူေတာ္စင္
အာေရးနီးယပ္စ္ က မေကာင္းမႈသည္ ဘုရားသခင္၏ အစီအမံျဖစ္သည္ ဟု ဆိုပါသည္။ ဤသို႕ဆိုရျခင္း
အေၾကာင္းမွာ သူ၏ လူသားအေပၚ ျမင္ေသာ အျမင္ကို အေျခခံ၍ ဆိုျခင္းျဖစ္ပါသည္။ ၄င္းက လူသားသည္
ဘုရား၏ ပံုသ႑ာန္ေတာ္ (Image & Likeness) နွင့္ အညီ ဖန္ဆင္းခံရသည္ဟု ဆိုပါသည္။ ပံုသ႑ာန္ေတာ္ဟု
ဆိုရာ၀ယ္ Image သည္ အပိုင္း တစ္ပိုင္း ျဖစ္ျပီး Likeness သည္ အပိုင္းတစ္ပိုင္း အျဖစ္ပါ၀င္ပါသည္။
ဘုရားသခင္သည္ လူသားကို သူ၏ ပံုစံအတိုင္း ဖန္ဆင္းထားသည္ဟု ဆိုရာတြင္ သူ႕ပံုအတိုင္း
Image သည္ အစကတည္း ေမြးကတည္းက ဖန္ဆင္းထားျပီး ျဖစ္ပါသည္။ သူ႕လိုမ်ိဳး likeness သည္
သူကဲ့သို႕ ကိုယ္ေရကိုယ္ေသြး ဥာဏ္ပညာသည္ တစ္ျဖည္းျဖည္း နွင့္ တိုးတက္ဖြံ႕ျဖိဳးလာျပီး
ရင့္က်က္လာရန္ ျဖစ္ပါသည္။ ထိုသို႕ ရင့္က်က္လာရန္အတြက္ မေကာင္းမႈသည္ ေက်ာ္ျဖတ္ရမည့္
အဆီးအတားတစ္ခုအျဖစ္ ဘုရားသခင္ ဖန္တီးထားေပးျခင္းျဖစ္သည္ ဟု အာေရးနီးယပ္စ္ က ဆိုပါသည္။
ထို႕အတြက္ေၾကာင့္ သဘာ၀အားျဖင့္ ျဖစ္ေပၚလာသည့္ မေကာင္းမႈမ်ားသည္ အာေရးနီးယပ္စ္ ၏ အဆိုအရ
ဘုရားသခင္စီမံထားေသာ အရာမ်ားပင္ျဖစ္ပါသည္။ ၄င္း၏ မေကာင္းမႈအေပၚ အျမင္သည္ ေမးခြန္းထုတ္စရာ
မ်ားစြာရွိပါသည္။ ထိုကဲ့သို႕ မေကာင္းမႈမ်ားကို ဖန္ဆင္းထားျခင္းမွာ လူသားမ်ား ဘုရားကဲ့သို႕
ကိုယ္ေရကိုယ္ေသြး ရင့္က်က္လာေစရန္ ဟုဆိုလ်ွင္ ယခုအခ်ိန္အထိ ကၽြနု္ပ္တို႕၏ ရင့္က်က္မႈသည္
ကေလးသာသာ ရွိေနသည္မွာ အံ႔ဖြယ္ျဖစ္ပါသည္။
သဘာ၀မေကာင္းမႈ အျမင္ကို လူသားတို႕၏ ဇာတိမူလ
အျပစ္တရားအျဖစ္ ဆက္စပ္ ရႈျမင္သူမွာ စိန္႕ ၾသဂတ္စတင္း (Augustine of Hippo) ျဖစ္ပါသည္။
၄င္းက ေကာင္းျခင္း သည္ ဘုရားသခင္ထံမွ လာေသာ အရင္းအျမစ္ျဖစ္ျပီး လူသားတို႕၏ လြတ္လပ္စြာေရြးခ်ယ္မႈ
(Free will) သည္ လူသားတို႕အား မေကာင္းမႈ နာက်ဥ္မႈမ်ားကို ျဖစ္ေပၚေစသည္ဟု ဆိုပါသည္။
အာဒံ နွင့္ ဧ၀မွ အစျပဳကာ လူသားတို႕၏ မနာခံမႈေၾကာင့္ အျပစ္တရားသည္ လူသားမ်ိဳးႏြယ္တစ္ခုလံုးတြင္
စိမ့္၀င္ကာ တည္ရွိေနျခင္းျဖစ္ပါသည္။ ထို႕ေၾကာင့္ မေကာင္းမႈ အျပစ္တရားသည္ လူသားတို႕၏
သဘာ၀နွင့္ လူသားျဖစ္ျခင္း တြင္ ေတြ႕ရမည္ ျဖစ္ပါသည္။ ေလာကၾကီးထဲသို႕ မေကာင္းမႈသည္ လူတစ္ဦးမွ
တစ္ဆင့္၀င္ေရာက္ျပီး သူ႕အားျဖင့္ လူသားအားလံုးသည္ အျပစ္ရွိလာၾကကာ၊ ထိုမေကာင္းမႈ အျပစ္အားျဖင့္
ေသျခင္းသည္လည္း လူသားအားလံုးသို႕ ကူးစက္သြားသည္ ဟု စိန္႕ ၾသဂတ္စတင္း က ဆိုပါသည္။ ထို႕ေၾကာင့္
ေလာကၾကီးသည္ လူသားအားျဖင့္ မေကာင္းမႈ မ၀င္ေရာက္လာခင္က
ျပီးျပည့္စံုသည္ ဟု ယူဆနိုင္ပါသည္။ မေကာင္းမႈ သည္ ေကာင္းျခင္းကို ပ်က္စီးေစေသာအရာျဖစ္သည္
ဟုလည္း ဆိုနုိင္ပါသည္။ သို႕ရာတြင္ ၄င္း၏ မေကာင္းမႈအေပၚ အျမင္သည္လည္း ေမးခြန္းထုတ္စရာ
မ်ားစြာရွိပါသည္။ လူသားတို႕၏ လြတ္လပ္စြာေရြးခ်ယ္မႈအေပၚ အလြဲသံုးစား ျပဳမႈေၾကာင့္ မေကာင္းမႈမ်ားသည္
ေလာကၾကီးအတြင္း ၀င္ေရာက္လာသည္ ဟု ဆုိပါက နွစ္ ဘီလီယံေပါင္း ၄ ဒသမ ၅၆၇ အခ်ိန္ကာလ ေလာက္
တည္ရွိခဲ့ျပီျဖစ္ေသာ ကမၻာၾကီးတြင္ အားလံုးေသာ သဘာ၀မေကာင္းမႈမ်ားသည္ လူသားေၾကာင္ ့ ျဖစ္ေပၚလာသည္
ဟု ဆိုရန္ လံုေလာက္ေသာ အေၾကာင္းျပခ်က္မ်ား မေတြ႕နိုင္ေပ။
ေအဒီ ၂၀ ရာစု၏ အျပစ္နွင့္ ပတ္သက္ေသာ ဓမၼ
ပညာရွင္ ဟု ဆိုနိုင္သူ တစ္ဦးမွာ ဂ်ာမန္ အေမရိကန္ ကျပား ခရစ္ယာန္ ကိုယ္က်င့္တရားေဗဒ
ပညာရွင္ ရိန္းဟိုး နီဘာ (Reinhold Niehubr) ျဖစ္ပါသည္။ နီဘာက ေရာမၾသ၀ါဒစာ ၅း၁၄ တြင္
ေဖာ္ျပထားေသာ တမန္ေတာ္ၾကီး ရွင္ေပါလု၏ ေသျခင္းနွင့္ပတ္သက္ေသာ အေျဖကို သမိုင္းတစ္ေလ်ွာက္တြင္
ၾသဂတ္စတင္း၊ ဂၽြန္ ကယ္ဗင္ (John Calvin) နွင့္ မာတင္လူသာ (Martin Luther) တို႕က ခရစ္ယာန္ယံုၾကည္မႈအျဖစ္
အတင္းေဖာ္ျပၾကသည္ ဟုဆိုပါသည္။ ၄င္းတို႕၏ မေကာင္းမႈနွင့္ ပတ္သက္၍ နီဘာအတြက္ ယုတၱိအတန္ဆံုး
အခ်က္ နွစ္ခ်က္ ရွိပါသည္။ ပထမ တစ္ခ်က္မွာ မေကာင္းမႈ၊ အျပစ္ ေၾကာင့္ လူ၏ကိုယ္က်င့္တရား
ဥႆံုပ်က္စီးျခင္း မွာ ယုတၱိမရွိဟု ဆုိပါသည္။ ဒုတိယအခ်က္မွာ ေရွ႕ေနာက္မညီျခင္း ျဖစ္ပါသည္။
လူသည္ ဘုရားသခင္၏ ေက်းဇူးေတာ္ေၾကာင့္သာ မဟုတ္ဘဲ မည္သည့္အရာမွ မိမိအစြမ္းအစျဖင့္ မစြမ္းေဆာင္နိုင္ဟု
ဆိုေသာ္လည္း တစ္ဖက္တြင္ လူသည္ မိမိအျပစ္အတြက္ တာ၀န္ရွိသည္ ဟူေသာ ဂြတိဂြက် ယူဆမႈပင္ျဖစ္သည္။
နီဘာအဖို႔ ဤအခ်က္သည္လည္း ယုတၱိတန္စရာျဖစ္ပါသည္။ နီဘာ အဖို႕ မေကာင္းမႈ အျပစ္သည္ အကန္႕အသတ္ရွိျခင္း
နွင့္ အကန္႕အသတ္မဲ႔ျခင္းတို႕ အၾကားရွိ တင္းမာမႈ ပင္ (tension between finitude and
infinitude) ျဖစ္ပါသည္။ နီဘာ အဖို႔ ဘုရားသခင္သည္သာ လ်ွင္ အကန္႕အသတ္မဲ့ပါသည္။ ဘုရားသခင္ဖန္ဆင္းေသာ
အရာအားလံုးသည္ အကန္႕အသတ္ရွိပါသည္။ လူသားတို႕သည္လည္း အကန္႕အသတ္ရွိသည့္ ေလာကၾကီးတြင္
မိမိတို႕ ဘ၀ရပ္တည္မႈ၊ လံုျခံဳမႈအတြက္ စိုးရိမ္ပူပန္ရာမွ တစ္ဆင့္ ျပိဳင္ဆိုင္မႈမ်ား
ျဖစ္ေပၚလာကာ မာန၊ေလာဘ အတၱအေျချပဳမႈမ်ား အထိ ျဖစ္လာရျခင္းျဖစ္ပါသည္။ ထို႕ေၾကာင့္ မေကာင္းမႈသည္
အကန္႕အသတ္ေဆာင္ျခင္း ႏွင့္ အကန္႕အသတ္မဲ႔ျခင္းတို႕ၾကား ေပၚေပါက္လာေသာ သဘာ၀ တင္းမာမႈပင္
ျဖစ္ပါသည္ ဟု၄င္းက ဆိုပါသည္။ ထို႕ေၾကာင့္ မေကာင္းမႈသည္ ရွိရန္ မလုိအပ္ေသာ္လည္း ေရွာင္လြဲမရနိုင္
(unnecessary but inevitable) ဟု ၎ကဆိုပါသည္။
အခ်ဳပ္အားျဖင့္ဆိုေသာ္ မေကာင္းမႈသည္ ခရစ္ယာန္
ဓမၼအေတြးအေခၚတြင္ ဘုရားသခင္ နွင့္ ခ်ိတ္ဆက္နားလည္ၾကပါသည္။ မေကာင္းမႈကို လူသားရင့္က်က္ဖြံ႔ျဖိဳးမႈအတြက္
ဘုရားသခင္ ဖန္ဆင္းထားသည့္ အတားအဆီးတစ္ခု အျဖစ္ နားလည္ၾကသကဲ့သို႕ မေကာင္းမႈကို ဘုရားသခင္၏
ေကာင္းျခင္းကို ပ်က္စီးေစေသာ အရာအျဖစ္လည္း နားလည္ၾကပါသည္။ မေကာင္းမႈသည္ လူသားနွင့္
ဘုရားသခင္တို႕အၾကား ေပၚေပါက္လာေသာ သဘာ၀ တင္းမာမႈ ဟုဆို၍လည္း နားလည္နိုင္ပါသည္။
ခ်စ္ျခင္းေမတၱာျဖင့္ စြဲေဆာင္မႈ
ဘုရားသခင္သည္ သဘာ၀အားျဖင့္ ျဖစ္ေပၚလာေသာမေကာင္းမႈမ်ား
ၾကားထဲမွ ေကာင္းေသာ အရာမ်ားကို သယ္ေဆာင္လာေပးသည္ဟု ၀မ္းဘတ္ (R Wennberg) က
Christian Scholar’s Review ဂ်ာနယ္ အတြဲ ၂၁ တြင္ သူ၏ Animal Suffering and The
Problem of Evil ေဆာင္းပါး၌ ေဖာ္ျပခဲ့ပါသည္။ အကယ္၍ ဘုရားသခင္သည္ သဘာ၀အားျဖင့္ ျဖစ္ေပၚလာေသာမေကာင္းမႈမ်ား
ၾကားထဲမွ ေကာင္းေသာ အရာမ်ားကို သယ္ေဆာင္လာေပးသည္ ဟူေသာ အဆိုကို လက္ခံပါက ဘုရားသခင္သည္
ပရမ္းပတာ ရႈပ္ေထြးမႈ ျဖစ္ရပ္မ်ားစြာထဲမွ အသစ္ေသာဖန္ဆင္းျခင္းကို ဆက္လက္ဖန္ဆင္းေနသည္
ဟူေသာ အဆိုကို လက္ခံရမည္ျဖစ္ပါသည္။ တနည္းအားျဖင့္ သဘာ၀အားျဖင့္ ျဖစ္ေပၚလာေသာမေကာင္းမႈမ်ား
ၾကားထဲမွ ဆင့္ကဲဆင့္ကဲ ေကာင္းေသာ အသစ္အသစ္မ်ားကို ဖန္ဆင္းေနျခင္း ျဖစ္ပါသည္။
ခ်ာလ္ဒင္ (Pierre Teilhard de
Chardin) ဟု ေခၚေသာ ျပင္သစ္လူမ်ိဳး ေက်ာက္ျဖစ္ရုပ္ၾကြင္းပညာရွင္
တစ္ျဖစ္လဲ ဓမၼဒႆနိကပညာရွင္ က သဘာ၀အားျဖင့္ ျဖစ္ေပၚလာေသာမေကာင္းမႈမ်ား ၾကားထဲမွ ဆင့္ကဲဆင့္ကဲ
ေကာင္းေသာ အသစ္အသစ္မ်ား ျဖစ္ေပၚလာျခင္းသည္ ဘုရားသခင္၌ ျပည့္စံုျခင္း (Pleroma) ကို
ဦးတည္ေနသည္ဟု ဆိုပါသည္။ အဆိုပါ ျပီးျပည့္စံုသည့္ အေျခအေနကို ၄င္းက အိုမီဂါ အမွတ္
(Omega Point) ဟု ဆိုပါသည္။ ခ်ာလ္ဒင္က လူသားသည္ ဆင့္ကဲျဖစ္စဥ္၏ အေရးၾကီးဆံုးအပိုင္းတြင္
ပါ၀င္သည္ ဟုဆုိပါသည္။ ဆင့္ကဲျဖစ္စဥ္သည္ အဲလ္ဖာအမွတ္ (Alpha point) မွသည္ အိုမီဂါအမွတ္
အထိ ဆင့္ကဲဆင့္ကဲ တိုးတက္ေျပာင္းလဲသြားသည္ဟု ဆိုပါသည္။
၄င္းက စၾကာၤ၀ဠာ စတင္ျခင္းသည္ စြမ္းအင္မ်ား
စတင္ဖြံ႕ၿဖိဳးစုစည္းရာမွ အစျပဳသည္ ဟုဆိုပါသည္။ ထိုမွတစ္ဆင့္ စြမ္းအင္ရႈပ္ေထြးမႈမ်ားလာေလေလ
ေနာက္ထပ္တိုးတက္မႈ အသစ္တစ္ခုထြက္လာေလေလဟု ဆုိပါသည္။ ဆင့္ကဲဆင့္ကဲဖြံ႕ၿဖိဳးလာမႈတြင္
အဆင့္ေလးခုရွိသည္ဟု ဆိုပါသည္။ ၎တို႕မွာ cosmophere ဟုေခၚေသာ စၾကၤ၀ဠာရပ္၀န္း၊
biosphere ဟုေခၚေသာ သက္ရွိရပ္၀န္း၊ noosphere ဟုေခၚေသာ စိတ္နွင့္အသိရွိလာေသာ ရပ္၀န္း
နွင့္ ထိုမွတစ္ဆင့္ Christosphere ဟုေခၚေသာ ခရစ္ေတာ္၌ျပည့္စံုျခင္း ဟူေသာရပ္၀န္း ဟု
၄င္းကဆိုပါသည္။ ပထမအဆင့္တြင္ ေအာ္ဂဲနစ္မဟုတ္ေသာ (inorganic matter) ထြက္ေပၚလာကာ ကမၻာၾကီး၏
ေအးခဲျခင္း ျဖစ္စဥ္ကေန စၾကၤ၀ဠာရပ္၀န္း အစျပဳသည္ဟု ၄င္းကဆိုပါသည္။ ထိုမွတစ္ဆင့္ နွစ္ကာလေပါင္းမ်ားစြာ
ဖြံ႕ျဖိဳးတိုးတက္လာကာမွ အသက္အစျပဳသည္ ဟုဆိုပါသည္။ ၎သည္ သက္ရွိရပ္၀န္းျဖစ္ပါသည္။ ထိုမွတစ္ဆင့္
အသိစိတ္ရွိလာကာ လူသားအျဖစ္ တိုးတက္လာေသာေၾကာင့္ noosphere ဟု ၄င္းက ဆိုပါသည္။ ဆင့္ကဲျဖစ္စဥ္၏
ျပည့္စံုမႈသည္ ခရစ္ေတာ္၌ သာ ျဖစ္မည္ဟု ခ်ာလ္ဒင္ကဆိုပါသည္။ အဆိုပါ ျပည့္စံုမႈကို
Christosphere ဟု ေခၚပါသည္။
တစ္ဖန္ ျဖစ္ရပ္တိုင္း၊ ဖန္ဆင္းမႈတိုင္းသည္
တစ္ခါတည္း အျပီးသတ္ ဖန္ဆင္းျခင္းမ်ိဳးမဟုတ္ဘဲ ကစဥ့္ကလ်ား ျဖစ္စဥ္မ်ား ျဖစ္ရပ္မ်ားအတြင္းမွ ဆက္လက္ဖန္ဆင္းျခင္းမ်ိဳး
(creatio-continuca) အျဖစ္ သမရိုးက် ဓမၼေတြးေခၚမႈမွ
ခြဲထြက္လာကာ သိပၸံနည္းက် နားလည္လာၾကပါသည္။ စနစ္မက်၊ ပရမ္းပတာ၊ ကစဥ့္ကလ်ား ျဖစ္ရပ္မ်ားထဲမွ
ဘုရားသခင္သည္ စြမ္းအင္၊ အက္တမ္၊ အီလက္ထရြန္၊ ပရိုတြန္၊ နယူထရြန္ သို႔မဟုတ္ ကြာခ္
(quark) တို႔ကိုယူေဆာင္လာေပးသူအျဖစ္ နားလည္လာၾကပါသည္။ သို႕ရာတြင္ ထိုစြမ္းအင္တို႕၏
အမွန္တကယ္ ျဖစ္တည္မႈ (actual entity) အစျပဴသည္မွာ မိမိဘာသာ ျပဌာန္းမႈေၾကာင့္သာ ျဖစ္ကာ
ထိုမွတစ္ဆင့္ သဘာ၀နိယာမၾကီး ဆက္လက္ အသက္၀င္ေနမည္ ျဖစ္ပါသည္။ ဘုရားသခင္သည္ အဆိုပါ နိယာမမ်ား၊
သဘာ၀တရားမ်ားကို ေျပာင္းလဲပစ္မည္ မဟုတ္ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ ဘုရားသခင္သည္ ထိုကဲ့သို႔
ဖန္ဆင္းခဲ့ေသာေၾကာင့္ ျဖစ္ေပသည္။ ထို႕ေၾကာင့္ ဘုရားသခင္ ရူပစႀကၤ၀ဠာၾကီးနွင့္ ၀င္ေရာက္ပတ္သက္
စပ္ယွက္မႈသည္ သဘာ၀ နိယာမမ်ားကို ကေျပာင္းကျပန္ လုပ္မည္မဟုတ္ဘဲ ခ်စ္ျခင္းေမတၱာအားျဖင့္သာ
စြဲေဆာင္ေနမည္ဟု ျဖစ္စဥ္ဓမၼအေတြးအေခၚ (Process Theology) က ဆိုပါသည္။ သို႕ျဖစ္၍ ဘုရားသခင္သည္
ျဖစ္ရပ္တစ္ခုကို အမွန္တကယ္ျဖစ္လာေစရန္ စတင္လိုက္ေသာအခါ မိမိကိုယ္ကို ျပဌာန္းနိုင္ေသာ
စြမ္းအင္ကိုပါ တစ္ပါတည္း ထည့္သြင္းျပီး ျဖစ္ပါသည္။ အဆိုပါ စြမ္းအင္သည္ လြတ္လပ္စြာ ျပဌာန္းနိုင္မႈ၊
ေရြးခ်ယ္နိုင္မႈ ႏွင့္ လြတ္လပ္မႈ (Freedom) ပင္ ျဖစ္ပါသည္။ ဂလက္စီ နဂါးေငြ႕တန္း ေပၚေပါက္လာမႈ၊
ျဂိဳလ္ နကၡတ္တို႕ကို ေလ့လာပါက တစ္ျပိဳက္နက္တည္း ေပၚေပါက္လာျခင္းမ်ိဳး မဟုတ္ဘဲ တစ္ျဖည္းျဖည္းခ်င္း
ေျပာင္းလဲကာ ဆင့္ကဲဆင့္ကဲ ေပၚေပါက္လာသည္ကို ေတြ႕နိုင္မည္ ျဖစ္ပါသည္။
ဘုရားသခင္သည္ သဘာ၀နိယာမမ်ားကို အလြဲသံုးစားလုပ္မည္မဟုတ္ဘဲ
ျဖစ္တည္မႈ အစကတည္းကပင္ မိမိကိုယ္ကို ျပဌာန္းနိုင္သည့္ စြမ္းအင္ ေပးထားျပီး ျဖစ္သျဖင့္
မိမိျပဌာန္းမႈေၾကာင့္သာ ေကာင္းမႈ၊ မေကာင္းမႈ သည္ ဆင့္ကဲဆင့္ကဲ ျဖစ္လာမည္ ျဖစ္ပါသည္။
ဘုရားသခင္သည္ သူ၏အလိုေတာ္ဆီသို႕ ေရာက္လာေစရန္ ခ်စ္ျခင္းေမတၱာျဖင့္သာ အနိုင္အထက္ေသြးေဆာင္မႈ
ျပဳေနမည္သာ ျဖစ္ပါသည္။
အသစ္ေသာသိပၸံ နွင့္ အေျခအေနအရ
ျဖစ္ေပၚလာေသာ မေကာင္းမႈ
သိပၸံသေဘာသည္လည္း ေျပာင္းလဲေနေသာ သေဘာျဖစ္ပါသည္။
တိုလမီ၏ စၾကာၤ၀ဠာ ဆိုင္ရာ နားလည္မႈမွသည္ နယူတန္၏ နားလည္မႈအထိ ေရွးရိုးစြဲသိပၸံဟု ေခၚဆိုနိုင္ပါသည္။
(စကားခ်ပ္။ ။ တိုလမီ၏ စၾကာၤ၀ဠာဆိုင္ရာ နားလည္မႈကို
စာေရးသူ၏ သိပၸံနွင့္ ဓမၼအေတြးအေခၚ (မိတ္ဆက္) ေဆာင္းပါးတြင္လည္းေကာင္း၊ နယူတန္၏ သိပၸံကို
စာေရးသူ၏ ကြမ္တမ္ရူပေဗဒ ႏွင့္ ဘုရားသခင္ အရာအားလံုးကို
ထိန္းခ်ဳပ္ျခင္း ဓမၼအျမင္ ေဆာင္းပါးတြင္လည္းေကာင္း အက်ယ္တ၀င့္ ဖတ္ရႈနိုင္ပါသည္။)
အစဥ္အလာသိပၸံအရ စၾကာၤ၀ဠာၾကီး တစ္ခုလံုးသည္ အလံုပိတ္ စနစ္ (closed system) ျဖစ္ပါသည္။
သို႕ရာတြင္ ေျပာင္းလဲလာေသာ သိပၸံအရ စၾကာၤ၀ဠာၾကီး တစ္ခုလံုးသည္ အလံုပိတ္ စနစ္မဟုတ္ေတာ့ေပ။
အဖြင့္စနစ္၊ ဆင့္ကဲျဖစ္စဥ္မ်ားဆက္လက္ျဖစ္ေပၚေနမည့္ Open system တစ္ခု ျဖစ္ပါသည္။ ပရမ္းပတာျဖစ္ရပ္မ်ားနွင့္ ရႈပ္ေထြးမႈမ်ားၾကားမွ
ေျပာင္းလဲမႈမ်ား အဆက္မျပတ္ ထြက္ေပၚေနပါသည္။ ပရမ္းပတာျဖစ္ရပ္မ်ားနွင့္ ရႈပ္ေထြးမႈမ်ားသည္
၎တုိ႕၏ အျမင့္ဆံုးအေျခအေန၌ အသစ္ေသာ ရႈပ္ေထြးမႈမ်ား (new complexity) ကို ျဖစ္ေပၚေစမည္ျဖစ္ပါသည္။
အသက္မည္သို႕ျဖစ္ေပၚလာသည္ကို ရူပေဗဒ နွင့္ ဓာတုေဗဒ သေဘာအရ ဤနည္းျဖင့္ နားလည္နိုင္မည္
ျဖစ္ပါသည္။
အဆိုပါ သိပၸံသေဘာကို အေျခခံ၍ ဓမၼအျမင္ေဖာ္ထုတ္ပါက
ဘုရားသခင္သည္ ေသဆံုးျခင္းမ်ားထဲက အသက္ကို ယူေဆာင္လာျခင္း၊ ပရမ္းပတာ ကစဥ့္ကလ်ားျဖစ္စဥ္မ်ားထဲက
အစီအစဥ္က်ျခင္းကို ယူေဆာင္လာျခင္း၊ ေမ်ွာ္လင့္ျခင္းမဲ့ေသာ အေျခအေနမွ ေမ်ွာ္လင့္ျခင္းကို
ယူေဆာင္လာျခင္း သေဘာပင္ျဖစ္ပါသည္။ ထို႕ေၾကာင့္ ဆင့္ကဲျဖစ္စဥ္မ်ားအတြင္းမွ ေသဆံုးျခင္း၊
နာက်ဥ္ခံစားရျခင္း စေသာ မေကာင္းမႈမ်ားသည္ အမွန္တကယ္ ျဖစ္ေပၚလာေသာ မေကာင္းမႈမ်ား မဟုတ္ဘဲ
အေျခအေနတစ္ခု ျဖစ္ေပၚလာရန္အတြက္ ေက်ာ္ျဖတ္ရမည္ျဖစ္ေသာ ျဖစ္ရပ္မ်ားပင္ ျဖစ္လာပါသည္။
အေျခအေနအရ ျဖစ္ေပၚလာေသာ မေကာင္းမႈမ်ား ျဖစ္ပါသည္။
ေသဆံုးျခင္းသည္ မေကာင္းမႈလား?
ေသဆံုးမႈကို မေကာင္းမႈ အျဖစ္ နားလည္ရျခင္းမွာ
ကမၻာဦးက်မ္း အခန္းႀကီး ၃ တြင္ လူသားက်ဆံုးျခင္း ဒ႑ာရီ
မွ
အစျပဳသည္ဟု ဆိုနိုင္ပါသည္။ လူသားႏွင့္ ဘုရားအၾကား၊ လူသားနွင့္ လူသားအၾကား၊ လူသားႏွင့္
သဘာ၀တရား ဆက္ႏြယ္မႈ ပ်က္စီးသြားသည့္အခါ ေသဆံုးျခင္းကို အဆိုပါပ်က္စီးမႈ၏ ရလာဒ္၊ ဆက္ႏြယ္မႈ
ကြဲသြားျခင္း၏ ရလာဒ္အျဖစ္ ပံုေဖာ္လာရာမွ ေသဆံုးျခင္းကို မေကာင္းမႈအျဖစ္ ျမင္လာရျခင္းျဖစ္ပါသည္။
ေခတ္သစ္ သိပၸံအေပၚကို အေျခခံ၍ ဘုရားသခင္ကို နားလည္ပါက ေသဆံုးျခင္းသည္ ဘုရားသခင္၏ ဖန္ဆင္းျခင္း
အစိတ္အပိုင္း တစ္ခုအျဖစ္ နားလည္နိုင္ပါသည္။ အသစ္ေသာ ရႈပ္ေထြးမႈမ်ား ထြက္ေပၚလာနိုင္ေရးအတြက္
ေသဆံုးျခင္းသည္ အေျပာင္းအလဲ လုပ္ေပးမည့္ အေရးၾကီးသည့္ ဘုရားသခင္၏ ဖန္ဆင္းျခင္းတစ္ရပ္
ျဖစ္လာပါသည္။
ထို႕ေၾကာင့္ chance ဟုေခၚသည့္ ေၾကာင္းက်ိဳးတိုက္ဆိုင္မႈသည္
ဆင့္ကဲျဖစ္စဥ္တြင္ ခ်ားလ္ ဒါ၀င္၏ သဘာ၀က ေရြးခ်ယ္ျခင္း (Natural Selection) သက္သက္ မဟုတ္ေတာ့ေပ။
အဆိုပါ ေၾကာင္းက်ိဳးတိုက္ဆိုင္မႈသည္ ၾကိဳတင္ခန္႔မွန္း၍ မရနိုင္ေသာ္လည္း အဓိပၸာယ္မရွိဟု
မယူဆနိုင္ေပ။ ဓမၼေၾကာင္းအရ စဥ္းစားလွ်င္ ၎သည္ ဘုရားသခင္၏ နက္နဲ က်ယ္ျပန္႕ေသာ သစၥာေတာ္
အေထာက္အပံ့ (Divine Providence) ေအာက္တြင္ ရွိေနမည္သာ ျဖစ္ပါသည္။
အန္ထရိုပီ နွင့္ မေကာင္းမႈ
မေကာင္းမႈနွင့္ အန္ထရိုပီသည္ သေဘာသဘာ၀တူသည္ဟု
ရပ္ဆဲလ္ က ဆိုေၾကာင္းကို ဤေဆာင္းပါး၏ အစတြင္ ေဖာ္ျပခဲ့ျပီးျဖစ္ပါသည္။ မည္သို႕မည္ပံု
သေဘာသဘာ၀တူေၾကာင္းကို ဤအပိုင္းတြင္ တင္ျပသြားမည္ ျဖစ္ပါသည္။ ပထမအဆင့္ အေနျဖင့္ အန္ထရိုပီဆိုသည္မွာ
အဘယ္နည္း ဟူေသာ အေမးႏွင့္ စတင္ရမည္ ျဖစ္ပါသည္။
အလြယ္ဆိုရေသာ္
အန္ထရိုပီဆိုသည္မွာ အပူေလ်ွာက္ကူးသည့္ နိယာမတြင္ တိုင္းတာသည့္ ယူနစ္ျဖစ္ပါသည္။ အန္ထရိုပီကို
အသံုးျပဳသည့္ ေနရာသံုးခုရွိပါသည္။ အပူေလ်ွာက္ကူးသည့္ နိယာမ (Law of
Thermodynamics)၊ စက္တို႔၏ ရုပ္အေျခအေန ႏွင့္ ပတ္သက္သည့္ အခ်က္အလက္တို႕၏ လုပ္ေဆာင္ပံု
(Statical Mechanics) နွင့္ သတင္းအခ်က္အလက္ ဆက္သြယ္မႈ သီအိုရီ (Communication
Theory) တြင္ သတင္းအခ်က္အလက္ကို ထုတ္လႊတ္သည့္စနစ္၏ စြမ္းေဆာင္ရည္ကို တုိင္းတာသည့္ အခါတြင္
အသံုးျပဳပါသည္။
ဤေနရာတြင္မူ အန္ထရိုပီသည္ အပူေလ်ွာက္ကူးျခင္းဆုိင္ရာ
ဒုတိယ နိယာမတြင္ တိုင္းတာျခင္းကို ဆုိလိုျခင္းျဖစ္ပါသည္။ ပထမအခ်က္အေနျဖင့္ အန္ထရိုပီသည္
စြမ္းအင္ကို တိုင္းတာျခင္း (Entropy as a measure of available energy) ျဖစ္သည္။ အလံုပိတ္စနစ္အတြင္း
အျပန္အလွန္ေျပာင္းနိုင္ေသာျဖစ္စဥ္ (reversible process of closed system) တြင္ အန္ထရိုပီသည္ တစ္သမတ္တည္း ရွိေနမည္ျဖစ္ပါသည္။ သို႕ရာတြင္
အျပန္အလွန္မေျပာင္းနိုင္ေသာ ျဖစ္စဥ္ (irreversible process of closed system) တြင္
အန္ထရိုပီသည္ တက္ေနမည္ျဖစ္ပါသည္။ အဖြင့္စနစ္တြင္ (ဥပမာ- ပတ္၀န္းက်င္နွင့္ ထိေတြ႕ေနရေသာ
စနစ္) ၎စနစ္၏ အန္ထရုိပီသည္ က်ေနမည္ျဖစ္ျပီး ၎နွင့္ထိေတြ႕ရေသာ ပတ္၀န္းက်င္၏ အန္ထရိုပီသည္
တက္ေနမည္ ျဖစ္ပါသည္။ အန္ထရိုပီတက္ေလေလ စြမ္းအင္ဆံုးရႈံးမႈ မ်ားေလေလျဖစ္ပါသည္။ ထို႕ေၾကာင္
အန္ထရိုပီသည္ စြမ္းအင္ဆံုးရႈံးျခင္း၊ ျဖဳန္းတီးခံရျခင္းမ်ားကို တိုင္းတာျခင္းျဖစ္သည္။ဒုတိယအခ်က္အေနျဖင့္
အန္ထရိုပီသည္ အစီအစဥ္မက် ျဖစ္ေနသည္မ်ားကို တုိင္းတာျခင္း (Entropy as a measure of
disorder) ျဖစ္ပါသည္။ အန္ထရိုပီတက္ေလေလ စနစ္အတြင္း ကစဥ့္ကလ်ားျဖစ္စဥ္မ်ား ပိုမိုမ်ားလာေလေလျဖစ္ပါသည္။
ေယ်ဘူယ်အားျဖင့္ မေကာင္းမႈနွင့္ အန္ထရိုပီသည္
အခ်က္သံုးခ်က္အားျဖင့္ တူညီမႈရွိသည္ကို ေတြ႕ရပါသည္။ စိန္႕ အာေရးနီးယပ္စ္၏ အဆိုအရ မေကာင္းမႈသည္
ဖြံ႕ျဖိဳးတိုးတက္မႈအတြက္ ျဖတ္ေက်ာ္ရမည့္ အဆင့္တစ္ခုျဖစ္ပါသည္။ မေကာင္းမႈသည္ ကစဥ့္ကလ်ားျဖစ္စဥ္တစ္ခုသာ
ျဖစ္သည္။ အန္ထရိုပီသည္ ထိုကစဥ့္ကလ်ားပမာဏကို တုိင္းတာျခင္းပင္ ျဖစ္သည္။ ဒုတိယအခ်က္အေနျဖင့္
စိန္႕ၾသဂတ္စတင္း၏ နားလည္မႈတြင္ မေကာင္းမႈသည္ လူသားကိုအမွီျပဳ၍ ေပၚထြက္လာျခင္းျဖစ္သည္။
အန္ထရိုပီသည္လည္း သဘာ၀တရားၾကီးအေပၚ မွီခို၍ထြက္လာျခင္းျဖစ္သည္။ ေနာက္ဆံုးအခ်က္မွာ အန္ထရိုပီသည္
အလံုပိတ္စနစ္တြင္ အျမဲတက္ေနမည္သာ ျဖစ္သည္။ မေကာင္းမႈသည္လည္း အျမဲတမ္းရွိေနမည္ျဖစ္ျပီး
နီဘာဆိုသကဲ့သို႕ ေရွာင္လြဲ၍ ရနိုင္မည္ မဟုတ္ေပ။ ထို႕ေၾကာင့္ ရပ္ဆဲလ္က အန္ထရိုပီ ႏွင့္
မေကာင္းမႈသည္ သေဘာသဘာ၀အရ အေျခအေနအေပၚတြင္ ျဖစ္တည္လာကာ ေရွာင္လြဲ၍မရဟု ဆိုရျခင္းျဖစ္ပါသည္။
မေကာင္းမႈ - အေျခအေနအရ ျဖစ္ေပၚလာပါသလား?
အပူေလ်ွာက္ကူးျခင္းဆိုင္ရာ ဒုတိယ နိယာမ က ေဖာ္ျပေနသည္မွာ
အလံုပိတ္စနစ္တြင္ အန္ထရိုပီသည္ ေတာက္ေလွ်ာက္တက္ေနမည္ျဖစ္ပါသည္။ အျမင့္ဆံုးေသာ
ပ်က္စီးျခင္း၊ ပရမ္းပတာျဖစ္ျခင္းကိုသာ ဦးတည္ေနမည္ ျဖစ္ပါသည္။ ၎ကို Heat Death ဟု ေခၚပါသည္။
သို႕ရာတြင္ ကၽြႏု္ပ္တို႕၏ စၾကာၤ၀ဠာၾကီးသည္ အလံုပိတ္စနစ္တစ္ခု မဟုတ္ေပ။ ၎တြင္ အဖြင့္စနစ္
အေသးစားေလးမ်ား “open subsystems” ရွိေနေသးသည္။ ၎ open subsystem သည္ ့အန္ထရိုပီ က်ေစရန္
လုပ္နိုင္စြမ္းရွိသည္ကို ေတြ႕ရမည္ ျဖစ္ပါသည္။ ထို႕ေၾကာင့္ အန္ထရိုပီ ႏွင့္ မေကာင္းမႈသည္ သေဘာသဘာ၀အရ အေျခအေနအေပၚတြင္
ျဖစ္တည္လာကာ စၾကာၤ၀ဠာၾကီးတြင္ မရွိေအာင္ လုပ္လို႕မရနိုင္ေသာ္လည္း တကယ္တမ္းတြင္ မျဖစ္မေနရွိကိုရွိေနရမည္၊့
ေရွာင္လြဲ၍ မရနိုင္မည့္ အရာေတာ့မဟုတ္ေပ။
ေခတ္သစ္သိပၸံကို အေျခခံ၍ ဓမၼသေဘာကို တည္ေဆာက္ရာ၌
ဘုရားသခင္သည္ စၾကာၤ၀ဠာၾကီးနွင့္ ဆက္စပ္တည္ရွိေနေသာ ဘုရားသခင္ျဖစ္ပါသည္။ တစ္ဖက္တြင္လည္း
ဘုရားသခင္သည္ အရာအားလံုးကို အစျပဳရာ၌ ဆင့္ကဲျဖစ္စဥ္မွ တစ္ဆင့္ မိမိကိုယ္ကို ျပဌာန္းနိုင္ေသာ
အစြမ္း (self-realization through contingent self-transcendence)၊ လြတ္လပ္ျခင္း အားျဖင့္
လည္ပတ္ေစခဲ့ျပီျဖစ္ပါသည္။ မေကာင္းမႈဆိုေသာအရာသည္လည္း လြတ္လပ္ျခင္းႏွင့္ အတူရွိေနျပီး
ျဖစ္ပါသည္။ မေကာင္းမႈဆိုသည္ကို မရွိေအာင္လုပ္ပါက အသက္ဆိုသည္မွာလည္း ရွိမည္မဟုတ္ေပ။
သို႕ရာတြင္ လူတိုင္းတြင္ လြတ္လပ္စြာေရြးခ်ယ္နိုင္ေသာ အစြမ္းသတၱိမ်ား ရွိျပီးျဖစ္ပါသည္။
မေကာင္းမႈကို ေရွာင္လႊဲနိုင္ရန္ ၾကိဳးစားမည္လား၊ သို႕မဟုတ္ ေပြ႕ပိုက္မည္လား မွာ လူသားတို႕
ကိုယ္တိုင္ ေရြးခ်ယ္ရမည့္အရာသာျဖစ္ပါသည္။ ဘုရားသခင္သည္
ခ်စ္ျခင္းေမတၱာျဖင့္ အနိုင္အထက္ေသြးေဆာင္ေနမည္သာ ျဖစ္ပါသည္။ ကၽြနု္ပ္တို႕၏ အသက္တာတြင္
မေကာင္းမႈႏွင့္ ကင္းလြတ္ေနသည့္ အသက္တာကိုေတာ့ ရနိုင္မည္ မဟုတ္ေပ။ သို႕ရာတြင္ ကၽြနု္ပ္တို႕၏အထဲတြင္
မေကာင္းမႈမ်ား မျဖစ္ေစရန္ လြတ္လပ္စြာေရြးခ်ယ္နိုင္ေသာ လြတ္လပ္သည့္ အသက္တာကိုေတာ့ ရနိုင္မည္
ျဖစ္ပါသည္။
နိဂံုး
သဘာ၀အားျဖင့္ ျဖစ္ေပၚလာေသာ မေကာင္းမႈ
(Natural evil) နွင့္ လူသားတို႕ေၾကာင့္ ျဖစ္ေပၚလာေသာ မေကာင္းမႈ (Moral evil) ဟူ၍ နွစ္မ်ိဳးရွိသည္ကို
ဤေဆာင္းပါးအစကတည္းက ေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္။ သမၼာက်မ္းစာ ေဖာ္ျပခ်က္ ေတာ္ေတာ္မ်ားမ်ားသည္လည္း လူသားတို႕ေၾကာင့္
ျဖစ္ေပၚလာေသာ မေကာင္းမႈမ်ားကို အာရံုစိုက္သတိေပး ေနသည္ကိုေတြ႕နိုင္ပါသည္။ အဆိုပါ
Moral evil ကို တစ္ဦးခ်င္းျဖစ္ေစ၊ အစုအဖြဲ႕ျဖင့္ျဖစ္ေစ ကာသတ္နိုင္ေကာင္း နိုင္ပါလိမ့္မည္။
မာကု ၇း ၂၁-၂၂ တြင္ ေဖာ္ျပထားေသာ သခင္ခရစ္ေတာ္၏ မေကာင္းမႈအျမင္သည္ လူသားတို႕ေၾကာင့္ ျဖစ္ေပၚလာေသာ မေကာင္းမႈကို ညႊန္းဆိုေနျခင္းျဖစ္ပါသည္။
၎တို႕သည္ လူသားတို႕၏ အတြင္းနွလံုးသား (corrupted heart) မွ လာေသာေၾကာင့္ နွလံုးသားကို
သန္႕စင္ရန္လိုအပ္ပါသည္။ အျခားတစ္ဖက္တြင္လည္း
ဧဖက္ၾသ၀ါဒစာကို ေရးသားသူ ဧဖက္ ၆း၁၂တြင္ ေဖာ္ျပထားေသာ မေကာင္းမႈမ်ိဳးကိုလည္း ေတြ႕နိုင္ပါေသးသည္။
စာတန္၊ မေကာင္းဆိုး၀ါး (ေျမြ၊ နဂါး) အစရွိသျဖင့္ ပံုေဖာ္ၾကသည့္ မေကာင္းမႈမ်ိဳး ျဖစ္ပါသည္။ ၎ကို cosmic evil ဟုလည္း ေခၚၾကျပန္သည္။
အဆိုပါ မေကာင္းမႈမ်ိဳးသည္ တစ္ဦးခ်င္းျဖစ္ေစ၊ အစုအဖြဲ႕ျဖင့္ျဖစ္ေစ မတားဆီးနိုင္သျဖင့္
ဘုရားသခင္၏ အကူအညီ လိုအပ္ပါသည္။ အဆိုပါ မေကာင္းမႈမ်ိဳးကို ဘုရားသခင္၏ ဓမၼ၊ သစၥာတရားျဖင့္သာ
ကာသတ္နိုင္မည္ ျဖစ္ပါသည္။
အခ်ဳပ္အားျဖင့္ဆိုေသာ္ အစဥ္အလာ ခရစ္ယာန္
နားလည္မႈအရ မေကာင္းမႈသည္ ဘုရားသခင္ထံမွ လာသည္ဟု ယူဆပါက ဘုရားသခင္ထံတြင္သာ လံုးလံုးလ်ားလ်ား
တာ၀န္ရွိမည္ ျဖစ္ပါသည္။ သို႕ရာတြင္ ထိုအျမင္ထက္ မေကာင္းမႈကို ေခတ္သစ္ သိပၸံ-ဓမၼေၾကာင္း
ဆက္စပ္မႈျဖင့္ နားလည္ရန္ သင့္ပါသည္။ မေကာင္းမႈသည္
သေဘာသဘာ၀အားျဖင့္ အေျခအေနအေပၚတြင္ ျဖစ္တည္လာေသာ္လည္း စၾကာၤ၀ဠာၾကီးနွင့္ ဆက္စပ္တည္ရွိေနေသာ ဘုရားသခင္၏
ခ်စ္ျခင္းေမတၱာ စြဲေဆာင္မႈေအာက္တြင္ လူသား၏ လြတ္လပ္စြာေရြးခ်ယ္နိုင္ေသာ အစြမ္းသတၱိကုိ
အသံုးျပဳ၍ မေကာင္းမႈကို ေရွာင္လႊဲနိုင္ရန္ ဘုရားသခင္၏ အကူအညီျဖင့္ ၾကိဳးစားရန္သာ ျဖစ္ပါေတာ့သည္။
က်မ္းကိုး
Robert John Russell. Cosmology: From Alpha to Omega. Minneapolis: Fortress Press, 2008.
Edmund
Za Bik. Doctrine of Sin: Original Sin Reinterpreted. Yangon: Myanmar
Institute of Thrology, 2005.
Saw
Hlaing Bwa. “Evil” (Paper presented at the 4th Academic Level
Buddhist Christian Dialogue Forum, International Theravada Buddhist Mission
University, Yangon, 2016)
David
Ray Griffin. Evil Revisited: Response and
Reconsiderations. Albany: State University of New York Press, 1991.
Jonathan
Hills, The History of Christian Thought.
Oxford: Lion Book, 2003.
Dr.
Saw Hlaing Bwa. Lectures. Science and Theology Class. Yangon: MIT. 2018.
Dr.
Saw Aurgulion. Lectures. History of Christian Thought. Yangon: MIT. 2018.
Saw
Nathanayla. Lectures. Doctrine of Sin. Yangon: MIT. 2016.
Saw
Nathanayla. Lectures. Life and Thought of Reinhold Niehubr. Yangon: MIT. 2018.
Unicode
နိဒါန်း
မကောင်းမှု၊ အပြစ်တရား၊ မိစ္ဆာသည် လောကကြီးတွင် အမှန်တကယ် တည်ရှိနေသော အရှိတရားဖြစ်ပါသည်။ တစ်ချို့သော မကောင်းမှုများ - မီးတောင်ပေါက်ကွဲခြင်း၊ မြေငလျင်များ လှုပ်ခြင်း၊ အီဘိုလာ ကဲ့သို့ ရောဂါမျိုး ပျံ့နှံံံခြင်း အစရှိသည်တို့သည် -ယျေဘူယျအားဖြင့် လူသားတို့လုပ်ရပ် ကြောင့် မဟုတ်သော သဘာဝအားဖြင့် ဖြစ်ပေါ်လာသော မကောင်းမှု (Natural Evil) ဟု ဆိုနိုင်ပါသည်။ (သို့ရာတွင် မုန်တိုင်းကဲ့သို့ မကောင်းမှုမျိုးသည် လူသားတို့၏ သဘာဝပတ်ဝန်းကျင်အပေါ် မတော်မတရား ပြုကျင့်မှုကြောင့် ဖြစ်ပေါ်လာသော ရလာဒ်ဟု တစ်စုံတစ်ယောက်မှ မှတ်ချက်ဆိုလျှင်လည်း ကန့်ကွက်ရန် အကြောင်းမရှိပေ။) တစ်ချို့သော မကောင်းမှုများသည် လူသားတို့၏ စာရိတ္တပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသော မကောင်းမှုများ (Moral Evil) ဖြစ်ပါသည်။ လူသားတို့၏ စာရိတ္တပိုင်းဆိုင်ရာ ချို့ယွင်းမှု ဟု ဆိုရာ၌ လူသားတို့ ပြုလုပ်မိသောသော မကောင်းမှုများ (Sin of commission) နှင့် လူသားတို့ ပြုလုပ်ရန် ပျက်ကွက်မှုကြောင့် ဖြစ်ပေါ်လာရသော မကောင်းမှုများ (Sin of omission) စသည့် နှစ်မျိုးစလုံး အကျုံးဝင်ပါသည်။
ရောဘတ် ဂျွန် ရပ်ဆဲလ် (Robert John Russell) ဟု ခေါ်သော ရူပဗေဒ ပါရဂူ တစ်ဖြစ်လဲ ခရစ်ယာန် အတွေးအခေါ်ပညာရှင် က မကောင်းမှု သည် အပူလျှောက်ကူးခြင်း ဒုတိယ နိယာမ (Second Law of Thermodynamics) တွင် တိုင်းတာသော ယူနစ်ဖြစ်သည့် အန်ထရိုပီ (entropy) နှင့် သဘောသဘာဝတူသည်ဟု ဆိုပါသည်။ ၎င်းက မကောင်းမှု နှင့် အန်ထရိုပီသည် အခြေအနေအရ ဖြစ်တည်နေသည် (universal contingent) ဟုဆိုပါသည်။ ဤဆောင်းပါးသည် ခရစ်ယာန်တို့ လက်ခံထားသော မကောင်းမှု ဟူသော အမြင်ကို သိပ္ပံ နှင့် ဓမ္မကြောင်း ဆက်စပ်မှုများဖြင့် တင်ပြလိုခြင်း ဖြစ်ပါသည်။ ထိုသို့ ဆက်စပ်နားလည်ခြင်းဖြင့် မကောင်းမှု၊ အပြစ်တရားကို တိုး၍ နားလည်ကာ ဧဖက်သြဝါဒစာ ၆း ၁၀ မှ ၁၈ တွင် ဖော်ပြထားသည့်အတိုင်း မကောင်းမှုကို ပျောက်ကွယ်သွားနိုင်ရန် ဘုရားသခင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်သွားနိုင်ရန် ဖြစ်ပါသည်။
သဘာ၀ မကောင်းမှုအားဖြင့် လူသားတို့အား ဒဏ်ခတ်ပါသလား?
အစဉ်အလာအားဖြင့် မြန်မာခရစ်ယာန်အများစုမှာ ဘုရားသခင်ကို ရိုးရိုးလေးယုံကြည်ကြသူများ ဖြစ်ပါသည်။ သဘာဝအားဖြင့် ဖြစ်ပေါ်လာသော မကောင်းမှုများသည် ဘုရားသခင်၏ အလိုတော်ကြောင့်သာ ဖြစ်ပေါ်လာသည် ဟု လက်ခံကြသူများ ဖြစ်ကြပါသည်။ လူသားတို့၏ မကောင်းမှုများကို ဒဏ်ခတ်သည့် အနေဖြင့် သဘာဝမကောင်းမှုများကို လူသားတို့ရှိရာသို့ စေလွှတ်သည် ဟု ရိုးသားစွာ ယုံကြည်ကြသူများ ဖြစ်ပါသည်။ ဥပမာအားဖြင့် ဆိုရသော် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် နာဂစ်မုန်တိုင်းတိုက်ခတ် ခံရသောအခါ ဘုရားသခင်ဒဏ်ခတ်သည် ဟု လက်ခံကြပါသည်။ ဘုရားသခင် အမျက်တော်ငြိမ်းစေရန်၊ ဘေးလွတ်ရန် ဆုတောင်းကြပါသည်။ နာဂစ် မုန်တိုင်းပြီးသောအခါ အသက်ရှင်ကျန်ရစ်သော ခရစ်ယာန်များအဖို့ ဘုရားသခင်ကယ်ဆယ်သဖြင့် ဘေးလွတ်သည်ဟု ဝန်ခံကြပါသည်။ သို့ရာတွင် မြောက်များစွာသော လူ၊တိရ စ္ဆာန် သက်ရှိ သက်မဲ့များ ပျက်စီးဆုံးရှုံးခဲ့ရပါသည်။
မူလ လက်ခံထားသော အမြင်ဖြစ်သည့် “သဘာဝအားဖြင့် ဖြစ်ပေါ်လာသော မကောင်းမှုများသည် ဘုရားသခင်၏ အလိုတော်” ဟူသော အဖြေမှာ ကျေနပ်စရာမကောင်းပေ။ အကယ်၍ လူသားတို့၏ မကောင်းမှုကြောင့် ဒဏ်ခတ်သည် ဟု ဆိုပါက အဘယ်ကြောင့် ထိုသူများကိုမှ ရွေး၍ ဒဏ်ခတ်ရသနည်း။ လူသားတို့၏ အပြစ်ကြောင့် ဒဏ်ခတ်ခံရသည် ဟုဆိုပါက ဘုရားသခင်၏ ဒဏ်ခတ်ခံရခြင်းဖြင့် ကင်းလွှတ်သူ အပြစ်မရှိသူ ရှိပါဦးမည်လား။ ဘုရားသခင်၏ အမျက်တော်ကြောင့် အပြစ်ရှိသူ အားလုံးကို ဒဏ်ခတ်သည် ဟုယူဆသော် လောကတွင် လူသားဟူ၍ ကျန်ရစ်စရာ မရှိတော့မည့် အပြင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် တန်ဖိုး အဓိပ္ပာယ် ကင်းမဲ့သွားပါလိမ့်မည်။ အထူးသဖြင့် လောကကြီးထဲသို့ သက်ဆင်းကာ လူသားတို့ကို တန်ဖိုးရှိစေသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပို၍အဓိပ္ပာယ် ကင်းမဲ့သွားပေလိမ့်မည်။ ထို့အပြင် ဘုရားသခင်၏ ဖန်ဆင်ခြင်းသည် ဤကဲ့သို့ သဘာဝမကောင်းမှုအားဖြင့် ပျက်စီးသွားပါက ကစဉ့်ကလျားအခြေအနေမှ ဖန်ဆင်းခဲ့သော ဖန်ဆင်းခြင်းသည်လည်း အဓိပ္ပာယ် ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင် ဖန်ဆင်းခဲ့၊ ကယ်နုတ်ခဲ့၊ ပံ့ပိုးခဲ့သမျှသည် ပျက်စီးဖို့ ဟု ဆိုပါက အဓိပ္ပာယ်မဲ့ရာမှ အဓိပ္ပာယ်မဲ့ရာသို့ သာ ဖြစ်နေပါလိမ့်မည်။
မကောင်းမှု နှင့် ခရစ်ယာန် ဓမ္မ အတွေးအခေါ်
ခရစ်ယာန် သမိုင်းတစ်လျှောက်တွင် မကောင်းမှု အမြင်ကို ဘုရားသခင်နှင့် ပထမဆုံး ချိတ်ဆက်ပေးသူမှာ စိန့် အာရေးနီးယပ်စ် (Irenaeus of Lyon) ဖြစ်ပါသည်။ အေဒီ ၂ ရာစုတွင် ပေါ်ထွန်းခဲ့သော သူတော်စင် အာရေးနီးယပ်စ် က မကောင်းမှုသည် ဘုရားသခင်၏ အစီအမံဖြစ်သည် ဟု ဆိုပါသည်။ ဤသို့ဆိုရခြင်း အကြောင်းမှာ သူ၏ လူသားအပေါ် မြင်သော အမြင်ကို အခြေခံ၍ ဆိုခြင်းဖြစ်ပါသည်။ ၎င်းက လူသားသည် ဘုရား၏ ပုံသဏ္ဍာန်တော် (Image & Likeness) နှင့် အညီ ဖန်ဆင်းခံရသည်ဟု ဆိုပါသည်။ ပုံသဏ္ဍာန်တော်ဟု ဆိုရာဝယ် Image သည် အပိုင်း တစ်ပိုင်း ဖြစ်ပြီး Likeness သည် အပိုင်းတစ်ပိုင်း အဖြစ်ပါဝင်ပါသည်။ ဘုရားသခင်သည် လူသားကို သူ၏ ပုံစံအတိုင်း ဖန်ဆင်းထားသည်ဟု ဆိုရာတွင် သူ့ပုံအတိုင်း Image သည် အစကတည်း မွေးကတည်းက ဖန်ဆင်းထားပြီး ဖြစ်ပါသည်။ သူ့လိုမျိုး likeness သည် သူကဲ့သို့ ကိုယ်ရေကိုယ်သွေး ဉာဏ်ပညာသည် တစ်ဖြည်းဖြည်း နှင့် တိုးတက်ဖွံ့ဖြိုးလာပြီး ရင့်ကျက်လာရန် ဖြစ်ပါသည်။ ထိုသို့ ရင့်ကျက်လာရန်အတွက် မကောင်းမှုသည် ကျော်ဖြတ်ရမည့် အဆီးအတားတစ်ခုအဖြစ် ဘုရားသခင် ဖန်တီးထားပေးခြင်းဖြစ်သည် ဟု အာရေးနီးယပ်စ် က ဆိုပါသည်။ ထို့အတွက်ကြောင့် သဘာဝအားဖြင့် ဖြစ်ပေါ်လာသည့် မကောင်းမှုများသည် အာရေးနီးယပ်စ် ၏ အဆိုအရ ဘုရားသခင်စီမံထားသော အရာများပင်ဖြစ်ပါသည်။ ၎င်း၏ မကောင်းမှုအပေါ် အမြင်သည် မေးခွန်းထုတ်စရာ များစွာရှိပါသည်။ ထိုကဲ့သို့ မကောင်းမှုများကို ဖန်ဆင်းထားခြင်းမှာ လူသားများ ဘုရားကဲ့သို့ ကိုယ်ရေကိုယ်သွေး ရင့်ကျက်လာစေရန် ဟုဆိုလျှင် ယခုအချိန်အထိ ကျွနု်ပ်တို့၏ ရင့်ကျက်မှုသည် ကလေးသာသာ ရှိနေသည်မှာ အံ့ဖွယ်ဖြစ်ပါသည်။
သဘာဝမကောင်းမှု အမြင်ကို လူသားတို့၏ ဇာတိမူလ အပြစ်တရားအဖြစ် ဆက်စပ် ရှုမြင်သူမှာ စိန့် သြဂတ်စတင်း (Augustine of Hippo) ဖြစ်ပါသည်။ ၎င်းက ကောင်းခြင်း သည် ဘုရားသခင်ထံမှ လာသော အရင်းအမြစ်ဖြစ်ပြီး လူသားတို့၏ လွတ်လပ်စွာရွေးချယ်မှု (Free will) သည် လူသားတို့အား မကောင်းမှု နာကျဉ်မှုများကို ဖြစ်ပေါ်စေသည်ဟု ဆိုပါသည်။ အာဒံ နှင့် ဧဝမှ အစပြုကာ လူသားတို့၏ မနာခံမှုကြောင့် အပြစ်တရားသည် လူသားမျိုးနွယ်တစ်ခုလုံးတွင် စိမ့်ဝင်ကာ တည်ရှိနေခြင်းဖြစ်ပါသည်။ ထို့ကြောင့် မကောင်းမှု အပြစ်တရားသည် လူသားတို့၏ သဘာဝနှင့် လူသားဖြစ်ခြင်း တွင် တွေ့ရမည် ဖြစ်ပါသည်။ လောကကြီးထဲသို့ မကောင်းမှုသည် လူတစ်ဦးမှ တစ်ဆင့်ဝင်ရောက်ပြီး သူ့အားဖြင့် လူသားအားလုံးသည် အပြစ်ရှိလာကြကာ၊ ထိုမကောင်းမှု အပြစ်အားဖြင့် သေခြင်းသည်လည်း လူသားအားလုံးသို့ ကူးစက်သွားသည် ဟု စိန့် သြဂတ်စတင်း က ဆိုပါသည်။ ထို့ကြောင့် လောကကြီးသည် လူသားအားဖြင့် မကောင်းမှု မဝင်ရောက်လာခင်က ပြီးပြည့်စုံသည် ဟု ယူဆနိုင်ပါသည်။ မကောင်းမှု သည် ကောင်းခြင်းကို ပျက်စီးစေသောအရာဖြစ်သည် ဟုလည်း ဆိုနိုင်ပါသည်။ သို့ရာတွင် ၎င်း၏ မကောင်းမှုအပေါ် အမြင်သည်လည်း မေးခွန်းထုတ်စရာ များစွာရှိပါသည်။ လူသားတို့၏ လွတ်လပ်စွာရွေးချယ်မှုအပေါ် အလွဲသုံးစား ပြုမှုကြောင့် မကောင်းမှုများသည် လောကကြီးအတွင်း ဝင်ရောက်လာသည် ဟု ဆိုပါက နှစ် ဘီလီယံပေါင်း ၄ ဒသမ ၅၆၇ အချိန်ကာလ လောက် တည်ရှိခဲ့ပြီဖြစ်သော ကမ္ဘာကြီးတွင် အားလုံးသော သဘာဝမကောင်းမှုများသည် လူသားကြောင့် ဖြစ်ပေါ်လာသည် ဟု ဆိုရန် လုံလောက်သော အကြောင်းပြချက်များ မတွေ့နိုင်ပေ။
အေဒီ ၂၀ ရာစု၏ အပြစ်နှင့် ပတ်သက်သော ဓမ္မ ပညာရှင် ဟု ဆိုနိုင်သူ တစ်ဦးမှာ ဂျာမန် အမေရိကန် ကပြား ခရစ်ယာန် ကိုယ်ကျင့်တရားဗေဒ ပညာရှင် ရိန်းဟိုး နီဘာ (Reinhold Niehubr) ဖြစ်ပါသည်။ နီဘာက ရောမသြဝါဒစာ ၅း၁၄ တွင် ဖော်ပြထားသော တမန်တော်ကြီး ရှင်ပေါလု၏ သေခြင်းနှင့်ပတ်သက်သော အဖြေကို သမိုင်းတစ်လျှောက်တွင် သြဂတ်စတင်း၊ ဂျွန် ကယ်ဗင် (John Calvin) နှင့် မာတင်လူသာ (Martin Luther) တို့က ခရစ်ယာန်ယုံကြည်မှုအဖြစ် အတင်းဖော်ပြကြသည် ဟုဆိုပါသည်။ ၎င်းတို့၏ မကောင်းမှုနှင့် ပတ်သက်၍ နီဘာအတွက် ယုတ္တိအတန်ဆုံး အချက် နှစ်ချက် ရှိပါသည်။ ပထမ တစ်ချက်မှာ မကောင်းမှု၊ အပြစ် ကြောင့် လူ၏ကိုယ်ကျင့်တရား ဥဿုံပျက်စီးခြင်း မှာ ယုတ္တိမရှိဟု ဆိုပါသည်။ ဒုတိယအချက်မှာ ရှေ့နောက်မညီခြင်း ဖြစ်ပါသည်။ လူသည် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ မဟုတ်ဘဲ မည်သည့်အရာမှ မိမိအစွမ်းအစဖြင့် မစွမ်းဆောင်နိုင်ဟု ဆိုသော်လည်း တစ်ဖက်တွင် လူသည် မိမိအပြစ်အတွက် တာဝန်ရှိသည် ဟူသော ဂွတိဂွကျ ယူဆမှုပင်ဖြစ်သည်။ နီဘာအဖို့ ဤအချက်သည်လည်း ယုတ္တိတန်စရာဖြစ်ပါသည်။ နီဘာ အဖို့ မကောင်းမှု အပြစ်သည် အကန့်အသတ်ရှိခြင်း နှင့် အကန့်အသတ်မဲ့ခြင်းတို့ အကြားရှိ တင်းမာမှု ပင် (tension between finitude and infinitude) ဖြစ်ပါသည်။ နီဘာ အဖို့ ဘုရားသခင်သည်သာ လျှင် အကန့်အသတ်မဲ့ပါသည်။ ဘုရားသခင်ဖန်ဆင်းသော အရာအားလုံးသည် အကန့်အသတ်ရှိပါသည်။ လူသားတို့သည်လည်း အကန့်အသတ်ရှိသည့် လောကကြီးတွင် မိမိတို့ ဘဝရပ်တည်မှု၊ လုံခြုံမှုအတွက် စိုးရိမ်ပူပန်ရာမှ တစ်ဆင့် ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်လာကာ မာန၊လောဘ အတ္တအခြေပြုမှုများ အထိ ဖြစ်လာရခြင်းဖြစ်ပါသည်။ ထို့ကြောင့် မကောင်းမှုသည် အကန့်အသတ်ဆောင်ခြင်း နှင့် အကန့်အသတ်မဲ့ခြင်းတို့ကြား ပေါ်ပေါက်လာသော သဘာ၀ တင်းမာမှုပင် ဖြစ်ပါသည် ဟု၎င်းက ဆိုပါသည်။ ထို့ကြောင့် မကောင်းမှုသည် ရှိရန် မလိုအပ်သော်လည်း ရှောင်လွဲမရနိုင် (unnecessary but inevitable) ဟု ၎င်းကဆိုပါသည်။
အချုပ်အားဖြင့်ဆိုသော် မကောင်းမှုသည် ခရစ်ယာန် ဓမ္မအတွေးအခေါ်တွင် ဘုရားသခင် နှင့် ချိတ်ဆက်နားလည်ကြပါသည်။ မကောင်းမှုကို လူသားရင့်ကျက်ဖွံ့ဖြိုးမှုအတွက် ဘုရားသခင် ဖန်ဆင်းထားသည့် အတားအဆီးတစ်ခု အဖြစ် နားလည်ကြသကဲ့သို့ မကောင်းမှုကို ဘုရားသခင်၏ ကောင်းခြင်းကို ပျက်စီးစေသော အရာအဖြစ်လည်း နားလည်ကြပါသည်။ မကောင်းမှုသည် လူသားနှင့် ဘုရားသခင်တို့အကြား ပေါ်ပေါက်လာသော သဘာ၀ တင်းမာမှု ဟုဆို၍လည်း နားလည်နိုင်ပါသည်။
ချစ်ခြင်းမေတ္တာဖြင့် စွဲဆောင်မှု
ဘုရားသခင်သည် သဘာဝအားဖြင့် ဖြစ်ပေါ်လာသောမကောင်းမှုများ ကြားထဲမှ ကောင်းသော အရာများကို သယ်ဆောင်လာပေးသည်ဟု ဝမ်းဘတ် (R Wennberg) က Christian Scholar’s Review ဂျာနယ် အတွဲ ၂၁ တွင် သူ၏ Animal Suffering and The Problem of Evil ဆောင်းပါး၌ ဖော်ပြခဲ့ပါသည်။ အကယ်၍ ဘုရားသခင်သည် သဘာဝအားဖြင့် ဖြစ်ပေါ်လာသောမကောင်းမှုများ ကြားထဲမှ ကောင်းသော အရာများကို သယ်ဆောင်လာပေးသည် ဟူသော အဆိုကို လက်ခံပါက ဘုရားသခင်သည် ပရမ်းပတာ ရှုပ်ထွေးမှု ဖြစ်ရပ်များစွာထဲမှ အသစ်သောဖန်ဆင်းခြင်းကို ဆက်လက်ဖန်ဆင်းနေသည် ဟူသော အဆိုကို လက်ခံရမည်ဖြစ်ပါသည်။ တနည်းအားဖြင့် သဘာဝအားဖြင့် ဖြစ်ပေါ်လာသောမကောင်းမှုများ ကြားထဲမှ ဆင့်ကဲဆင့်ကဲ ကောင်းသော အသစ်အသစ်များကို ဖန်ဆင်းနေခြင်း ဖြစ်ပါသည်။
ချာလ်ဒင် (Pierre Teilhard de Chardin) ဟု ခေါ်သော ပြင်သစ်လူမျိုး ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် တစ်ဖြစ်လဲ ဓမ္မဒဿနိကပညာရှင် က သဘာဝအားဖြင့် ဖြစ်ပေါ်လာသောမကောင်းမှုများ ကြားထဲမှ ဆင့်ကဲဆင့်ကဲ ကောင်းသော အသစ်အသစ်များ ဖြစ်ပေါ်လာခြင်းသည် ဘုရားသခင်၌ ပြည့်စုံခြင်း (Pleroma) ကို ဦးတည်နေသည်ဟု ဆိုပါသည်။ အဆိုပါ ပြီးပြည့်စုံသည့် အခြေအနေကို ၎င်းက အိုမီဂါ အမှတ် (Omega Point) ဟု ဆိုပါသည်။ ချာလ်ဒင်က လူသားသည် ဆင့်ကဲဖြစ်စဉ်၏ အရေးကြီးဆုံးအပိုင်းတွင် ပါဝင်သည် ဟုဆိုပါသည်။ ဆင့်ကဲဖြစ်စဉ်သည် အဲလ်ဖာအမှတ် (Alpha point) မှသည် အိုမီဂါအမှတ် အထိ ဆင့်ကဲဆင့်ကဲ တိုးတက်ပြောင်းလဲသွားသည်ဟု ဆိုပါသည်။
၎င်းက စကြာၤဝဠာ စတင်ခြင်းသည် စွမ်းအင်များ စတင်ဖွံ့ဖြိုးစုစည်းရာမှ အစပြုသည် ဟုဆိုပါသည်။ ထိုမှတစ်ဆင့် စွမ်းအင်ရှုပ်ထွေးမှုများလာလေလေ နောက်ထပ်တိုးတက်မှု အသစ်တစ်ခုထွက်လာလေလေဟု ဆိုပါသည်။ ဆင့်ကဲဆင့်ကဲဖွံ့ဖြိုးလာမှုတွင် အဆင့်လေးခုရှိသည်ဟု ဆိုပါသည်။ ၎င်းတို့မှာ cosmophere ဟုခေါ်သော စြင်္ကဝဠာရပ်ဝန်း၊ biosphere ဟုခေါ်သော သက်ရှိရပ်ဝန်း၊ noosphere ဟုခေါ်သော စိတ်နှင့်အသိရှိလာသော ရပ်ဝန်း နှင့် ထိုမှတစ်ဆင့် Christosphere ဟုခေါ်သော ခရစ်တော်၌ပြည့်စုံခြင်း ဟူသောရပ်ဝန်း ဟု ၎င်းကဆိုပါသည်။ ပထမအဆင့်တွင် အော်ဂဲနစ်မဟုတ်သော (inorganic matter) ထွက်ပေါ်လာကာ ကမ္ဘာကြီး၏ အေးခဲခြင်း ဖြစ်စဉ်ကနေ စြင်္ကဝဠာရပ်ဝန်း အစပြုသည်ဟု ၎င်းကဆိုပါသည်။ ထိုမှတစ်ဆင့် နှစ်ကာလပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာကာမှ အသက်အစပြုသည် ဟုဆိုပါသည်။ ၎င်းသည် သက်ရှိရပ်ဝန်းဖြစ်ပါသည်။ ထိုမှတစ်ဆင့် အသိစိတ်ရှိလာကာ လူသားအဖြစ် တိုးတက်လာသောကြောင့် noosphere ဟု ၎င်းက ဆိုပါသည်။ ဆင့်ကဲဖြစ်စဉ်၏ ပြည့်စုံမှုသည် ခရစ်တော်၌ သာ ဖြစ်မည်ဟု ချာလ်ဒင်ကဆိုပါသည်။ အဆိုပါ ပြည့်စုံမှုကို Christosphere ဟု ခေါ်ပါသည်။
တစ်ဖန် ဖြစ်ရပ်တိုင်း၊ ဖန်ဆင်းမှုတိုင်းသည် တစ်ခါတည်း အပြီးသတ် ဖန်ဆင်းခြင်းမျိုးမဟုတ်ဘဲ ကစဉ့်ကလျား ဖြစ်စဉ်များ ဖြစ်ရပ်များအတွင်းမှ ဆက်လက်ဖန်ဆင်းခြင်းမျိုး (creatio-continuca) အဖြစ် သမရိုးကျ ဓမ္မတွေးခေါ်မှုမှ ခွဲထွက်လာကာ သိပ္ပံနည်းကျ နားလည်လာကြပါသည်။ စနစ်မကျ၊ ပရမ်းပတာ၊ ကစဉ့်ကလျား ဖြစ်ရပ်များထဲမှ ဘုရားသခင်သည် စွမ်းအင်၊ အက်တမ်၊ အီလက်ထရွန်၊ ပရိုတွန်၊ နယူထရွန် သို့မဟုတ် ကွာခ် (quark) တို့ကိုယူဆောင်လာပေးသူအဖြစ် နားလည်လာကြပါသည်။ သို့ရာတွင် ထိုစွမ်းအင်တို့၏ အမှန်တကယ် ဖြစ်တည်မှု (actual entity) အစပြူသည်မှာ မိမိဘာသာ ပြဌာန်းမှုကြောင့်သာ ဖြစ်ကာ ထိုမှတစ်ဆင့် သဘာဝနိယာမကြီး ဆက်လက် အသက်ဝင်နေမည် ဖြစ်ပါသည်။ ဘုရားသခင်သည် အဆိုပါ နိယာမများ၊ သဘာဝတရားများကို ပြောင်းလဲပစ်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ထိုကဲ့သို့ ဖန်ဆင်းခဲ့သောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ဘုရားသခင် ရူပစြင်္ကဝဠာကြီးနှင့် ဝင်ရောက်ပတ်သက် စပ်ယှက်မှုသည် သဘာ၀ နိယာမများကို ကပြောင်းကပြန် လုပ်မည်မဟုတ်ဘဲ ချစ်ခြင်းမေတ္တာအားဖြင့်သာ စွဲဆောင်နေမည်ဟု ဖြစ်စဉ်ဓမ္မအတွေးအခေါ် (Process Theology) က ဆိုပါသည်။ သို့ဖြစ်၍ ဘုရားသခင်သည် ဖြစ်ရပ်တစ်ခုကို အမှန်တကယ်ဖြစ်လာစေရန် စတင်လိုက်သောအခါ မိမိကိုယ်ကို ပြဌာန်းနိုင်သော စွမ်းအင်ကိုပါ တစ်ပါတည်း ထည့်သွင်းပြီး ဖြစ်ပါသည်။ အဆိုပါ စွမ်းအင်သည် လွတ်လပ်စွာ ပြဌာန်းနိုင်မှု၊ ရွေးချယ်နိုင်မှု နှင့် လွတ်လပ်မှု (Freedom) ပင် ဖြစ်ပါသည်။ ဂလက်စီ နဂါးငွေ့တန်း ပေါ်ပေါက်လာမှု၊ ဂြိုလ် နက္ခတ်တို့ကို လေ့လာပါက တစ်ပြိုက်နက်တည်း ပေါ်ပေါက်လာခြင်းမျိုး မဟုတ်ဘဲ တစ်ဖြည်းဖြည်းချင်း ပြောင်းလဲကာ ဆင့်ကဲဆင့်ကဲ ပေါ်ပေါက်လာသည်ကို တွေ့နိုင်မည် ဖြစ်ပါသည်။
ဘုရားသခင်သည် သဘာဝနိယာမများကို အလွဲသုံးစားလုပ်မည်မဟုတ်ဘဲ ဖြစ်တည်မှု အစကတည်းကပင် မိမိကိုယ်ကို ပြဌာန်းနိုင်သည့် စွမ်းအင် ပေးထားပြီး ဖြစ်သဖြင့် မိမိပြဌာန်းမှုကြောင့်သာ ကောင်းမှု၊ မကောင်းမှု သည် ဆင့်ကဲဆင့်ကဲ ဖြစ်လာမည် ဖြစ်ပါသည်။ ဘုရားသခင်သည် သူ၏အလိုတော်ဆီသို့ ရောက်လာစေရန် ချစ်ခြင်းမေတ္တာဖြင့်သာ အနိုင်အထက်သွေးဆောင်မှု ပြုနေမည်သာ ဖြစ်ပါသည်။
အသစ်သောသိပ္ပံ နှင့် အခြေအနေအရ ဖြစ်ပေါ်လာသော မကောင်းမှု
သိပ္ပံသဘောသည်လည်း ပြောင်းလဲနေသော သဘောဖြစ်ပါသည်။ တိုလမီ၏ စကြာၤဝဠာ ဆိုင်ရာ နားလည်မှုမှသည် နယူတန်၏ နားလည်မှုအထိ ရှေးရိုးစွဲသိပ္ပံဟု ခေါ်ဆိုနိုင်ပါသည်။ (စကားချပ်။ ။ တိုလမီ၏ စကြာၤဝဠာဆိုင်ရာ နားလည်မှုကို စာရေးသူ၏ သိပ္ပံနှင့် ဓမ္မအတွေးအခေါ် (မိတ်ဆက်) ဆောင်းပါးတွင်လည်းကောင်း၊ နယူတန်၏ သိပ္ပံကို စာရေးသူ၏ ကွမ်တမ်ရူပဗေဒ နှင့် ဘုရားသခင် အရာအားလုံးကို ထိန်းချုပ်ခြင်း ဓမ္မအမြင် ဆောင်းပါးတွင်လည်းကောင်း အကျယ်တဝင့် ဖတ်ရှုနိုင်ပါသည်။) အစဉ်အလာသိပ္ပံအရ စကြာၤဝဠာကြီး တစ်ခုလုံးသည် အလုံပိတ် စနစ် (closed system) ဖြစ်ပါသည်။ သို့ရာတွင် ပြောင်းလဲလာသော သိပ္ပံအရ စကြာၤဝဠာကြီး တစ်ခုလုံးသည် အလုံပိတ် စနစ်မဟုတ်တော့ပေ။ အဖွင့်စနစ်၊ ဆင့်ကဲဖြစ်စဉ်များဆက်လက်ဖြစ်ပေါ်နေမည့် Open system တစ်ခု ဖြစ်ပါသည်။ ပရမ်းပတာဖြစ်ရပ်များနှင့် ရှုပ်ထွေးမှုများကြားမှ ပြောင်းလဲမှုများ အဆက်မပြတ် ထွက်ပေါ်နေပါသည်။ ပရမ်းပတာဖြစ်ရပ်များနှင့် ရှုပ်ထွေးမှုများသည် ၎င်းတို့၏ အမြင့်ဆုံးအခြေအနေ၌ အသစ်သော ရှုပ်ထွေးမှုများ (new complexity) ကို ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။ အသက်မည်သို့ဖြစ်ပေါ်လာသည်ကို ရူပဗေဒ နှင့် ဓာတုဗေဒ သဘောအရ ဤနည်းဖြင့် နားလည်နိုင်မည် ဖြစ်ပါသည်။
အဆိုပါ သိပ္ပံသဘောကို အခြေခံ၍ ဓမ္မအမြင်ဖော်ထုတ်ပါက ဘုရားသခင်သည် သေဆုံးခြင်းများထဲက အသက်ကို ယူဆောင်လာခြင်း၊ ပရမ်းပတာ ကစဉ့်ကလျားဖြစ်စဉ်များထဲက အစီအစဉ်ကျခြင်းကို ယူဆောင်လာခြင်း၊ မျှော်လင့်ခြင်းမဲ့သော အခြေအနေမှ မျှော်လင့်ခြင်းကို ယူဆောင်လာခြင်း သဘောပင်ဖြစ်ပါသည်။ ထို့ကြောင့် ဆင့်ကဲဖြစ်စဉ်များအတွင်းမှ သေဆုံးခြင်း၊ နာကျဉ်ခံစားရခြင်း စသော မကောင်းမှုများသည် အမှန်တကယ် ဖြစ်ပေါ်လာသော မကောင်းမှုများ မဟုတ်ဘဲ အခြေအနေတစ်ခု ဖြစ်ပေါ်လာရန်အတွက် ကျော်ဖြတ်ရမည်ဖြစ်သော ဖြစ်ရပ်များပင် ဖြစ်လာပါသည်။ အခြေအနေအရ ဖြစ်ပေါ်လာသော မကောင်းမှုများ ဖြစ်ပါသည်။
သေဆုံးခြင်းသည် မကောင်းမှုလား?
သေဆုံးမှုကို မကောင်းမှု အဖြစ် နားလည်ရခြင်းမှာ ကမ္ဘာဦးကျမ်း အခန်းကြီး ၃ တွင် လူသားကျဆုံးခြင်း ဒဏ္ဍာရီ
မှ အစပြုသည်ဟု ဆိုနိုင်ပါသည်။ လူသားနှင့် ဘုရားအကြား၊ လူသားနှင့် လူသားအကြား၊ လူသားနှင့် သဘာဝတရား ဆက်နွယ်မှု ပျက်စီးသွားသည့်အခါ သေဆုံးခြင်းကို အဆိုပါပျက်စီးမှု၏ ရလာဒ်၊ ဆက်နွယ်မှု ကွဲသွားခြင်း၏ ရလာဒ်အဖြစ် ပုံဖော်လာရာမှ သေဆုံးခြင်းကို မကောင်းမှုအဖြစ် မြင်လာရခြင်းဖြစ်ပါသည်။ ခေတ်သစ် သိပ္ပံအပေါ်ကို အခြေခံ၍ ဘုရားသခင်ကို နားလည်ပါက သေဆုံးခြင်းသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း အစိတ်အပိုင်း တစ်ခုအဖြစ် နားလည်နိုင်ပါသည်။ အသစ်သော ရှုပ်ထွေးမှုများ ထွက်ပေါ်လာနိုင်ရေးအတွက် သေဆုံးခြင်းသည် အပြောင်းအလဲ လုပ်ပေးမည့် အရေးကြီးသည့် ဘုရားသခင်၏ ဖန်ဆင်းခြင်းတစ်ရပ် ဖြစ်လာပါသည်။
ထို့ကြောင့် chance ဟုခေါ်သည့် ကြောင်းကျိုးတိုက်ဆိုင်မှုသည် ဆင့်ကဲဖြစ်စဉ်တွင် ချားလ် ဒါဝင်၏ သဘာဝက ရွေးချယ်ခြင်း (Natural Selection) သက်သက် မဟုတ်တော့ပေ။ အဆိုပါ ကြောင်းကျိုးတိုက်ဆိုင်မှုသည် ကြိုတင်ခန့်မှန်း၍ မရနိုင်သော်လည်း အဓိပ္ပာယ်မရှိဟု မယူဆနိုင်ပေ။ ဓမ္မကြောင်းအရ စဉ်းစားလျှင် ၎င်းသည် ဘုရားသခင်၏ နက်နဲ ကျယ်ပြန့်သော သစ္စာတော် အထောက်အပံ့ (Divine Providence) အောက်တွင် ရှိနေမည်သာ ဖြစ်ပါသည်။
အန်ထရိုပီ နှင့် မကောင်းမှု
မကောင်းမှုနှင့် အန်ထရိုပီသည် သဘောသဘာဝတူသည်ဟု ရပ်ဆဲလ် က ဆိုကြောင်းကို ဤဆောင်းပါး၏ အစတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ မည်သို့မည်ပုံ သဘောသဘာဝတူကြောင်းကို ဤအပိုင်းတွင် တင်ပြသွားမည် ဖြစ်ပါသည်။ ပထမအဆင့် အနေဖြင့် အန်ထရိုပီဆိုသည်မှာ အဘယ်နည်း ဟူသော အမေးနှင့် စတင်ရမည် ဖြစ်ပါသည်။
အလွယ်ဆိုရသော် အန်ထရိုပီဆိုသည်မှာ အပူလျှောက်ကူးသည့် နိယာမတွင် တိုင်းတာသည့် ယူနစ်ဖြစ်ပါသည်။ အန်ထရိုပီကို အသုံးပြုသည့် နေရာသုံးခုရှိပါသည်။ အပူလျှောက်ကူးသည့် နိယာမ (Law of Thermodynamics)၊ စက်တို့၏ ရုပ်အခြေအနေ နှင့် ပတ်သက်သည့် အချက်အလက်တို့၏ လုပ်ဆောင်ပုံ (Statical Mechanics) နှင့် သတင်းအချက်အလက် ဆက်သွယ်မှု သီအိုရီ (Communication Theory) တွင် သတင်းအချက်အလက်ကို ထုတ်လွှတ်သည့်စနစ်၏ စွမ်းဆောင်ရည်ကို တိုင်းတာသည့် အခါတွင် အသုံးပြုပါသည်။
ဤနေရာတွင်မူ အန်ထရိုပီသည် အပူလျှောက်ကူးခြင်းဆိုင်ရာ ဒုတိယ နိယာမတွင် တိုင်းတာခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ပထမအချက်အနေဖြင့် အန်ထရိုပီသည် စွမ်းအင်ကို တိုင်းတာခြင်း (Entropy as a measure of available energy) ဖြစ်သည်။ အလုံပိတ်စနစ်အတွင်း အပြန်အလှန်ပြောင်းနိုင်သောဖြစ်စဉ် (reversible process of closed system) တွင် အန်ထရိုပီသည် တစ်သမတ်တည်း ရှိနေမည်ဖြစ်ပါသည်။ သို့ရာတွင် အပြန်အလှန်မပြောင်းနိုင်သော ဖြစ်စဉ် (irreversible process of closed system) တွင် အန်ထရိုပီသည် တက်နေမည်ဖြစ်ပါသည်။ အဖွင့်စနစ်တွင် (ဥပမာ- ပတ်ဝန်းကျင်နှင့် ထိတွေ့နေရသော စနစ်) ၎င်းစနစ်၏ အန်ထရိုပီသည် ကျနေမည်ဖြစ်ပြီး ၎င်းနှင့်ထိတွေ့ရသော ပတ်ဝန်းကျင်၏ အန်ထရိုပီသည် တက်နေမည် ဖြစ်ပါသည်။ အန်ထရိုပီတက်လေလေ စွမ်းအင်ဆုံးရှုံးမှု များလေလေဖြစ်ပါသည်။ ထို့ကြောင် အန်ထရိုပီသည် စွမ်းအင်ဆုံးရှုံးခြင်း၊ ဖြုန်းတီးခံရခြင်းများကို တိုင်းတာခြင်းဖြစ်သည်။ဒုတိယအချက်အနေဖြင့် အန်ထရိုပီသည် အစီအစဉ်မကျ ဖြစ်နေသည်များကို တိုင်းတာခြင်း (Entropy as a measure of disorder) ဖြစ်ပါသည်။ အန်ထရိုပီတက်လေလေ စနစ်အတွင်း ကစဉ့်ကလျားဖြစ်စဉ်များ ပိုမိုများလာလေလေဖြစ်ပါသည်။
ယျေဘူယျအားဖြင့် မကောင်းမှုနှင့် အန်ထရိုပီသည် အချက်သုံးချက်အားဖြင့် တူညီမှုရှိသည်ကို တွေ့ရပါသည်။ စိန့် အာရေးနီးယပ်စ်၏ အဆိုအရ မကောင်းမှုသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖြတ်ကျော်ရမည့် အဆင့်တစ်ခုဖြစ်ပါသည်။ မကောင်းမှုသည် ကစဉ့်ကလျားဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။ အန်ထရိုပီသည် ထိုကစဉ့်ကလျားပမာဏကို တိုင်းတာခြင်းပင် ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် စိန့်သြဂတ်စတင်း၏ နားလည်မှုတွင် မကောင်းမှုသည် လူသားကိုအမှီပြု၍ ပေါ်ထွက်လာခြင်းဖြစ်သည်။ အန်ထရိုပီသည်လည်း သဘာဝတရားကြီးအပေါ် မှီခို၍ထွက်လာခြင်းဖြစ်သည်။ နောက်ဆုံးအချက်မှာ အန်ထရိုပီသည် အလုံပိတ်စနစ်တွင် အမြဲတက်နေမည်သာ ဖြစ်သည်။ မကောင်းမှုသည်လည်း အမြဲတမ်းရှိနေမည်ဖြစ်ပြီး နီဘာဆိုသကဲ့သို့ ရှောင်လွဲ၍ ရနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ရပ်ဆဲလ်က အန်ထရိုပီ နှင့် မကောင်းမှုသည် သဘောသဘာဝအရ အခြေအနေအပေါ်တွင် ဖြစ်တည်လာကာ ရှောင်လွဲ၍မရဟု ဆိုရခြင်းဖြစ်ပါသည်။
မကောင်းမှု - အခြေအနေအရ ဖြစ်ပေါ်လာပါသလား?
အပူလျှောက်ကူးခြင်းဆိုင်ရာ ဒုတိယ နိယာမ က ဖော်ပြနေသည်မှာ အလုံပိတ်စနစ်တွင် အန်ထရိုပီသည် တောက်လျှောက်တက်နေမည်ဖြစ်ပါသည်။ အမြင့်ဆုံးသော ပျက်စီးခြင်း၊ ပရမ်းပတာဖြစ်ခြင်းကိုသာ ဦးတည်နေမည် ဖြစ်ပါသည်။ ၎င်းကို Heat Death ဟု ခေါ်ပါသည်။ သို့ရာတွင် ကျွနု်ပ်တို့၏ စကြာၤဝဠာကြီးသည် အလုံပိတ်စနစ်တစ်ခု မဟုတ်ပေ။ ၎င်းတွင် အဖွင့်စနစ် အသေးစားလေးများ “open subsystems” ရှိနေသေးသည်။ ၎င်း open subsystem သည့်အန်ထရိုပီ ကျစေရန် လုပ်နိုင်စွမ်းရှိသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ထို့ကြောင့် အန်ထရိုပီ နှင့် မကောင်းမှုသည် သဘောသဘာဝအရ အခြေအနေအပေါ်တွင် ဖြစ်တည်လာကာ စကြာၤဝဠာကြီးတွင် မရှိအောင် လုပ်လို့မရနိုင်သော်လည်း တကယ်တမ်းတွင် မဖြစ်မနေရှိကိုရှိနေရမည်၊့ ရှောင်လွဲ၍ မရနိုင်မည့် အရာတော့မဟုတ်ပေ။
ခေတ်သစ်သိပ္ပံကို အခြေခံ၍ ဓမ္မသဘောကို တည်ဆောက်ရာ၌ ဘုရားသခင်သည် စကြာၤဝဠာကြီးနှင့် ဆက်စပ်တည်ရှိနေသော ဘုရားသခင်ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း ဘုရားသခင်သည် အရာအားလုံးကို အစပြုရာ၌ ဆင့်ကဲဖြစ်စဉ်မှ တစ်ဆင့် မိမိကိုယ်ကို ပြဌာန်းနိုင်သော အစွမ်း (self-realization through contingent self-transcendence)၊ လွတ်လပ်ခြင်း အားဖြင့် လည်ပတ်စေခဲ့ပြီဖြစ်ပါသည်။ မကောင်းမှုဆိုသောအရာသည်လည်း လွတ်လပ်ခြင်းနှင့် အတူရှိနေပြီး ဖြစ်ပါသည်။ မကောင်းမှုဆိုသည်ကို မရှိအောင်လုပ်ပါက အသက်ဆိုသည်မှာလည်း ရှိမည်မဟုတ်ပေ။ သို့ရာတွင် လူတိုင်းတွင် လွတ်လပ်စွာရွေးချယ်နိုင်သော အစွမ်းသတ္တိများ ရှိပြီးဖြစ်ပါသည်။ မကောင်းမှုကို ရှောင်လွှဲနိုင်ရန် ကြိုးစားမည်လား၊ သို့မဟုတ် ပွေ့ပိုက်မည်လား မှာ လူသားတို့ ကိုယ်တိုင် ရွေးချယ်ရမည့်အရာသာဖြစ်ပါသည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြင့် အနိုင်အထက်သွေးဆောင်နေမည်သာ ဖြစ်ပါသည်။ ကျွနု်ပ်တို့၏ အသက်တာတွင် မကောင်းမှုနှင့် ကင်းလွတ်နေသည့် အသက်တာကိုတော့ ရနိုင်မည် မဟုတ်ပေ။ သို့ရာတွင် ကျွနု်ပ်တို့၏အထဲတွင် မကောင်းမှုများ မဖြစ်စေရန် လွတ်လပ်စွာရွေးချယ်နိုင်သော လွတ်လပ်သည့် အသက်တာကိုတော့ ရနိုင်မည် ဖြစ်ပါသည်။
နိဂုံး
သဘာဝအားဖြင့် ဖြစ်ပေါ်လာသော မကောင်းမှု (Natural evil) နှင့် လူသားတို့ကြောင့် ဖြစ်ပေါ်လာသော မကောင်းမှု (Moral evil) ဟူ၍ နှစ်မျိုးရှိသည်ကို ဤဆောင်းပါးအစကတည်းက ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ သမ္မာကျမ်းစာ ဖော်ပြချက် တော်တော်များများသည်လည်း လူသားတို့ကြောင့် ဖြစ်ပေါ်လာသော မကောင်းမှုများကို အာရုံစိုက်သတိပေး နေသည်ကိုတွေ့နိုင်ပါသည်။ အဆိုပါ Moral evil ကို တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့ဖြင့်ဖြစ်စေ ကာသတ်နိုင်ကောင်း နိုင်ပါလိမ့်မည်။ မာကု ရး ၂၁-၂၂ တွင် ဖော်ပြထားသော သခင်ခရစ်တော်၏ မကောင်းမှုအမြင်သည် လူသားတို့ကြောင့် ဖြစ်ပေါ်လာသော မကောင်းမှုကို ညွှန်းဆိုနေခြင်းဖြစ်ပါသည်။ ၎င်းတို့သည် လူသားတို့၏ အတွင်းနှလုံးသား (corrupted heart) မှ လာသောကြောင့် နှလုံးသားကို သန့်စင်ရန်လိုအပ်ပါသည်။ အခြားတစ်ဖက်တွင်လည်း ဧဖက်သြဝါဒစာကို ရေးသားသူ ဧဖက် ၆း၁၂တွင် ဖော်ပြထားသော မကောင်းမှုမျိုးကိုလည်း တွေ့နိုင်ပါသေးသည်။ စာတန်၊ မကောင်းဆိုးဝါး (မြွေ၊ နဂါး) အစရှိသဖြင့် ပုံဖော်ကြသည့် မကောင်းမှုမျိုး ဖြစ်ပါသည်။ ၎င်းကို cosmic evil ဟုလည်း ခေါ်ကြပြန်သည်။ အဆိုပါ မကောင်းမှုမျိုးသည် တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့ဖြင့်ဖြစ်စေ မတားဆီးနိုင်သဖြင့် ဘုရားသခင်၏ အကူအညီ လိုအပ်ပါသည်။ အဆိုပါ မကောင်းမှုမျိုးကို ဘုရားသခင်၏ ဓမ္မ၊ သစ္စာတရားဖြင့်သာ ကာသတ်နိုင်မည် ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် အစဉ်အလာ ခရစ်ယာန် နားလည်မှုအရ မကောင်းမှုသည် ဘုရားသခင်ထံမှ လာသည်ဟု ယူဆပါက ဘုရားသခင်ထံတွင်သာ လုံးလုံးလျားလျား တာဝန်ရှိမည် ဖြစ်ပါသည်။ သို့ရာတွင် ထိုအမြင်ထက် မကောင်းမှုကို ခေတ်သစ် သိပ္ပံ-ဓမ္မကြောင်း ဆက်စပ်မှုဖြင့် နားလည်ရန် သင့်ပါသည်။ မကောင်းမှုသည် သဘောသဘာဝအားဖြင့် အခြေအနေအပေါ်တွင် ဖြစ်တည်လာသော်လည်း စကြာၤဝဠာကြီးနှင့် ဆက်စပ်တည်ရှိနေသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ စွဲဆောင်မှုအောက်တွင် လူသား၏ လွတ်လပ်စွာရွေးချယ်နိုင်သော အစွမ်းသတ္တိကို အသုံးပြု၍ မကောင်းမှုကို ရှောင်လွှဲနိုင်ရန် ဘုရားသခင်၏ အကူအညီဖြင့် ကြိုးစားရန်သာ ဖြစ်ပါတော့သည်။
ကျမ်းကိုး
Robert John Russell. Cosmology: From Alpha to Omega. Minneapolis: Fortress Press, 2008.
Edmund Za Bik. Doctrine of Sin: Original Sin Reinterpreted. Yangon: Myanmar Institute of Thrology, 2005.
Saw Hlaing Bwa. “Evil” (Paper presented at the 4th Academic Level Buddhist Christian Dialogue Forum, International Theravada Buddhist Mission University, Yangon, 2016)
David Ray Griffin. Evil Revisited: Response and Reconsiderations. Albany: State University of New York Press, 1991.
Jonathan Hills, The History of Christian Thought. Oxford: Lion Book, 2003.
Dr. Saw Hlaing Bwa. Lectures. Science and Theology Class. Yangon: MIT. 2018.
Dr. Saw Aurgulion. Lectures. History of Christian Thought. Yangon: MIT. 2018.
Saw Nathanayla. Lectures. Doctrine of Sin. Yangon: MIT. 2016.
Saw Nathanayla. Lectures. Life and Thought of Reinhold Niehubr. Yangon: MIT. 2018.