Zaw Gyi
(အပိုင္း
၁ အက်ဥ္း။ ။ အပိုင္း၁ တြင္ ဤအခန္းဆက္
ေဆာင္းပါးတစ္ပုဒ္လံုး၏ နိဒါန္း ႏွင့္ atonement အျမင္ ၈ မ်ိဳးကို အမည္တပ္ ေဖာ္ျပခဲ့ပါသည္။
ဤေဆာင္းပါး၏ ရည္ရြယ္ခ်က္ကိုလည္း ေဖာ္ျပခဲ့ပါသည္။ ဤေဆာင္းပါး၏ ရည္ရြယ္ခ်က္မွာ
atonement ဟု ေခၚေသာ အျပစ္လႊတ္ျခင္းဆိုင္ရာ ယံုၾကည္မႈနွင့္ ပတ္သက္၍ ခရစ္ယာန္တို႕ နားလည္ေသာ
နားလည္မႈ အမ်ိဳးမ်ိဳးကို သိရွိေစရန္နွင့္ စာဖတ္သူ ခရစ္ယာန္မ်ားသည္လည္း မည္သည့္ နားလည္မႈမ်ိဳးတြင္
ရပ္တည္ေနသည္ကို ျပန္လည္ ဆန္းစစ္ျပီး မိမိတို႕၏ ခရစ္ယာန္ ဓမၼဒႆနိက အျမင္ နွင့္ အသိမ်ားကို
တိုးတက္ေစရန္ ရည္ရြယ္ျခင္းျဖစ္ပါသည္။ ထို႕အျပင္ ျမန္မာ့ ေရခံ ေျမခံတြင္ မည္သို႕ေသာ
အျပစ္လႊတ္ျခင္းဆိုင္ရာ နားလည္မႈမ်ိဳးက ပိုမို အံ၀င္ခြင္က်ျဖစ္မည္နည္း ဟူေသာ စာေရးသူ၏
အျမင္ကိုလည္း တင္ျပသြားလိုျခင္း ျဖစ္ပါသည္။ ထို႕အျပင္ အျမင္ ၈ မ်ိဳး ထဲမွ Ransom
Theory ကို အားနည္းခ်က္ အားသာခ်က္မ်ားျဖင့္ အျပဳသေဘာ ေ၀ဖန္ေထာက္ျပ တင္ျပခဲ့ပါသည္။
ဤအပိုင္း ၂ တြင္ ေနာက္ထပ္ အျမင္ နွစ္ခုကို တင္ျပမည္ျဖစ္ပါသည္။)
Photo credit ... Internet
၂) ခမည္းေတာ္ဘုရားကို ေက်နပ္ေစေသာ
နားလည္မႈ (The Satisfaction Theory)
ဤအျမင္ကို စတင္မိတ္ဆက္သူမွာ သူေတာ္စင္ အန္စလမ္
(St. Anselm of Canterbury) ျဖစ္ပါသည္။ အန္စလမ္သည္ ေအဒီ ၁၀၃၃ တြင္ ေမြးဖြားျပီး ေသဆံုးခ်ိန္
ေအဒီ ၁၁၀၉ အထိ ခရစ္ယာန္ ဓမၼေတြးေခၚမႈတြင္ လႊမ္းမိုးခဲ့ေသာ ဘုဥ္းေတာ္ၾကီးတစ္ပါး ျဖစ္ပါသည္။
အန္စလမ္က သူ၏ Cur Deus Homo ( အဘယ္ေၾကာင့္
ဘုရားသခင္သည္ လူသားျဖစ္လာရသနည္း) ဟူေသာ စာအုပ္တြင္ လူ႕ဇာတိခံယူျခင္း၊ ေသဆံုးျခင္းနွင့္
ရွင္ျပန္ထေျမာက္ျခင္း စသည့္ အေၾကာင္းအရာမ်ားကို ေဆြးေႏြးရင္း ရမ္ဆမ္သီအိုရီ ကိုပါ စတင္ေ၀ဖန္ခဲ့ပါသည္။
ဘုရားသခင္သည္ တန္းခိုးဘုဥ္းအာနုေဘာ္ေတာ္ နွင့္
ျပီးျပည့္စံုျပီး အရာအားလံုးကို တတ္နိုင္ေသာေၾကာင့္ လူသားတို႕ လြတ္ေျမာက္ရန္အတြက္ စာတန္ဆိုေသာ
သူနွင့္ ညွိနိွဳင္းရန္ မလိုအပ္ေပ။ ထို႕အျပင္ ဤအျပစ္တရား ဟူေသာ ျပသနာသည္ ဘုရားသခင္နွင့္ လူသားတို႕ အၾကားသာ ျဖစ္ေပၚလာေသာ
ျပသနာျဖစ္သည္။ ဘုရားသခင္ ႏွင့္ စာတန္ အၾကား ျဖစ္ပြားေသာ ျပသနာ မဟုတ္ေပ။ ဘုရားသခင္သည္
သူ႕နည္းသူ႕ဟန္ျဖင့္ လူသားမ်ားကိုကယ္တင္နိုင္သည္ ဟု အန္စလမ္က ဆိုပါသည္။
ဘုရားသခင္ထံမွလာေသာ တရားမ်ွတျခင္းမပါဘဲ သနားျခင္းဂရုဏာသက္သက္ျဖင့္
အျပစ္မ်ားကို လြယ္လြယ္ကူကူ ခြင့္လြတ္ျခင္းသည္ နည္းလမ္းက်ပါရဲ့လား။ ဘုရားသခင္ကို အသေရဖ်က္ေစေသာ
အျပစ္သားမ်ားကို ၎တို႕၏ အျပစ္မ်ားအတြက္ ေပးဆပ္မႈ မရွိေစျခင္း ဟူေသာ အယူအဆကို အန္စလမ္က
ျပင္းျပင္းထန္ထန္ ကန္႕ကြက္ပါသည္။ လူသားသည္ ဘုရားသခင္၏ အသေရေတာ္ကို ျပန္လည္ရရွိ သိမ္းဆည္းထားနိုင္ရန္
အတြက္ ဘုရားသခင္ ေက်နပ္ေစရန္ တာ၀န္ယူမႈ ရွိရဦးမည္ ဟု ၎ကဆိုပါသည္။ တာ၀န္ယူမႈ တာ၀န္ခံမႈ
ရွိမွသာ ဘုရားသခင္ထံမွ ကယ္တင္ျခင္း ဆုေက်းဇူးကို ရနိုင္မည္ျဖစ္ကာ မူလ ဘ၀သို႕ ျပန္လည္ေရာက္ရွိမည္
ျဖစ္ပါသည္။
အျပစ္တရား ဟူသည္မွာ အဆံုးအစမဲ့ေသာ ဘုရားသခင္ကို
ဆန္႔က်င္ျခင္းျဖစ္ပါသည္။ ထို႕ေၾကာင္ ၎သည္ အကန္႕အသတ္မဲ့စြာ ညစ္ညဴးေစေသာ အရာျဖစ္ျပီး
ထိုအျပစ္မွ ေဆးေၾကာနိုင္ရန္အတြက္ ဘုရားသခင္ အၾကီးအက်ယ္ စိတ္ေက်နပ္မႈ ရမွသာလ်ွင္ ျဖစ္မည္။
အဆံုးအစမဲ့ေသာ ဘုရားသခင္ထံမွ အျပစ္ေျဖလႊတ္ျခင္းကို ရရွိရန္အလို႔ငွာ အကန္႕အသတ္ရွိေသာ
လူသားမ်ားသာမက ေကာင္းကင္တမန္မ်ားပင္ မတတ္နိုင္ေပ။ ထို႕ေၾကာင့္ ဘုရားသခင္ ေက်နပ္မႈ ရရွိေစရန္
ဘုရားသခင္ကိုယ္ေတာ္တိုင္ကသာ လုပ္နိုင္ပါသည္။ လူသားနွင့္ ဘုရားသခင္ ျပန္လည္သင့္ျမတ္ျခင္း
ရရွိေစရန္ ဘုရားသခင္ကိုယ္ေတာ္တိုင္ကသာ လုပ္ေဆာင္နိုင္မည္ျဖစ္ပါသည္။ ဤသည္မွာ သခင္ခရစ္ေတာ္
လူ႕ဇာတိခံယူရျခင္း၏ အေျခခံအရင္းအျမစ္၊ အာဒံ၏ လူသားမ်ိဳးရိုးထဲသို႕ အပ်ိဳစင္မာရိမွ တစ္ဆင့္
၀င္ေရာက္လာရျခင္း၏ အျခခံ အေၾကာင္းတရားပင္ ျဖစ္ပါသည္။
သခင္ခရစ္ေတာ္မွာ လူသားစစ္စစ္ျဖစ္ပါသည္။ ထို႕အတူ
ဘုရားစစ္စစ္ပင္ ျဖစ္ပါသည္။ ခမည္းေတာ္ ဘုရားသခင္
ထံ
အျပစ္ေၾကြး ေပးဆပ္ရန္ တရားမ်ွတမႈ ရရန္ သားေတာ္ကိုယ္တိုင္ပင္္ မိမိကိုယ္ကို အေသခံျခင္းျဖင့္
လူသားတို႕အား ဘုရားသခင္၏ အသေရေတာ္ကို ျပန္လည္ယူေဆာင္ေပးျခင္း ျဖစ္ပါသည္။ ဘုရား နွင့္
လူသားတို႕ အေၾကား ျပန္လည္သင့္ျမတ္ျ့ခင္း ကို ယူေဆာင္လာေပးသည္ ဟု ဤနားလည္မႈက ဆိုပါသည္။
Ransom Theory က သခင္ခရစ္ေတာ္၏ အေသခံျခင္း
အျပစ္လြတ္ျခင္းကို နားလည္ရာတြင္ စာတန္ ဟု နားလည္ေသာ တတိယပါတီ ထံမွ ေရြးယူသည့္ နားလည္မႈမ်ိဳးျဖင့္
နားလည္ပါသည္။ အဖိုးအချဖင့္ ေရြးနုတ္ျခင္း၊ ၀ယ္ယူျခင္း အစရွိသည့္ အျမင္ျဖစ္ပါသည္။ သို႕ရာတြင္
ယခု Satisfaction Theory အျမင္၌ စာတန္ဟူေသာ ဘုရားသခင္နွင့္ ေနာက္ထပ္စင္ျပိဳင္ ရွိေနမည့္
လႊမ္းမိုးမႈမ်ိဳး မရွိေပ။ ဘုရားသခင္ နွင့္ လူသားတို႕ အၾကားက ျပသနာပင္ ျဖစ္သည္ ဟု နားလည္လက္ခံပါသည္။
အမ္စလမ္ မွ အစျပဳခဲ့ေသာ ဤနားလည္မႈသည္ Ransom Theory ၏ လစ္ဟာမႈမ်ားကို ေျဖရွင္းနိုင္ခဲ့ပါသည္။
သို႕ေသာ္လည္း အားနည္းခ်က္ အားသာခ်က္မ်ားကေတာ့ ရွိေနစျမဲသာ ျဖစ္ပါသည္။
ဤအျမင္၏ အၾကီးမားဆံုး အားသာခ်က္မွာ Ransom
Theory ၏ အားနည္းခ်က္ကို ဖာေထးနိုင္ခဲ့ျခင္း ျဖစ္ျပီး Ransom Theory ကုိ ဆက္လက္ခံယူနိုင္ေစခဲ့ျခင္းျဖစ္ပါသည္။
အသင္းေတာ္တြင္ က်မ္းစာလာ ေဖာ္ျပခ်က္မ်ားနွင့္ အညီ ခရစ္ေတာ္သည္ အေသြးေတာ္ျဖင့္ ေရြးနုတ္ခဲ့သည္ကို
ဤ Satisfaction Theory အျမင္ျဖင့္ သြန္သင္နိုင္မည္ျဖစ္ပါသည္။ သခင္ခရစ္ေတာ္ အေသြးေတာ္ျဖင့္
အဖိုးအခေပးခဲ့သည္မွာ က်မ္းစာလာသကဲ့သို႕ပင္ျဖစ္ပါသည္။ သို႕ရာတြင္ ထိုသို႕ အေသြးသြန္းသည္မွာ
စာတန္ထံမွ ေရြးနုတ္ျခင္းမ်ိဳး မဟုတ္ေပ။ ခမည္းေတာ္ နွင့္ လူသားတို႕အၾကား တရားမ်ွတမႈရရန္
အလို႕ငွာ တနည္းအားျဖင္ ့ခမည္းေတာ္ဘုရား ေက်နပ္မႈရေစရန္ အလို႔ငွာ သခင္ခရစ္ေတာ္က ေရြးနုတ္ျခင္းျဖစ္သည္
ဟူ၍ လက္ခံနိုင္ပါသည္။
ဤအျမင္အေပၚ၌လည္း ေမးခြန္းထုတ္စရာ မ်ားစြာရွိပါသည္။
ပထမတစ္ခ်က္မွာ လူသား၏ အျပစ္ကို ခြင့္လႊတ္ရန္ အတြက္ ဘုရားသခင္သည္ သူ၏ တရားမ်ွတျခင္းစံနႈန္းကို
အေျခခံ၍ လူသားမ်ားထံမွ အေလ်ာ္ေတာင္းေလသလား ဟု ေမးခြန္းထုတ္ရမည္ ျဖစ္ပါသည္။ အကယ္၍ အေလ်ာ္ေတာင္းခဲ့ေသာ္
ဤသို႕ အေလ်ာ္ေပး တရားမ်ွတျခင္းကို ေဖာ္ေဆာင္ျခင္းသည္
ဘုရား နွင့္ လူသားအၾကား နဂိုမူရင္းကို ျပန္လည္ေရာက္ေစသည့္ တရားမ်ွတမႈမ်ိဳး (Restrorative
Justice) မဟုတ္ဘဲ မ်က္လံုး တစ္လံုးအတြက္ မ်က္လံုးတစ္လံုး ေပးရသည့္ ဒဏ္ခတ္သည့္ တရားမ်ွတမႈမ်ိဳး
(Retributive Justice) သာ ျဖစ္ေပမည္။ ဒုတိယ တစ္ခ်က္မွာ ဤသို႕ ေက်နပ္ေစေသာ အခင္းအက်င္းမ်ိဳးတြင္
လူသား၏ အခန္းက႑ မရွိဘဲ ခမည္းေတာ္ဘုရားႏွင့္ သားေတာ္ ခရစ္ေတာ္၏ အခန္းက႑ကသာ ေပၚလြင္ေနျခင္း
ျဖစ္ပါသည္။ တတိယ အခ်က္မွာ သခင္ခရစ္ေတာ္၏ ကယ္တင္ျခင္း ဇာတ္လမ္း တစ္ခုလံုးတြင္ အျပစ္တရား(သို႕မဟုတ္)
မေကာင္းမႈ (သို႕မဟုတ္) စာတန္ ၏ အရွိတရားကို လံုး၀မ်က္ကြယ္ျပဳထားပါသည္။ သခင္ခရစ္ေတာ္
အေသခံျခင္းသည္ ဘုရားသခင္ ႏွင့္ လူသားတို႕ၾကား ျပသနာကို ေျဖရွင္းျခင္းဟု နားလည္ပါက မေကာင္းမႈ၏
စြမ္းအင္သည္ ဤေလာကၾကီးတြင္ အမွန္တကယ္ မရွိေတာ့ေပလား၊ စာတန္၏ ပါ၀ါကို မည္သို႕နားလည္မည္နည္း
ဟု ေမးခြန္းထုတ္စရာပင္ ျဖစ္ပါသည္။
အကယ္၍ ခမည္းေတာ္ ဘုရားသခင္သည္ ေက်နပ္ကာ၊ သခင္ခရစ္ေတာ္
အေသြးသြန္းျခင္းကို လက္ခံကာ လူသား၏ အျပစ္တရားကို ခြင့္လႊတ္မည္ ဆိုပါက မည္သို႕ေသာ ခြင့္လႊတ္ျခင္းမ်ိဳး
ျဖစ္လာမည္နည္း။ ခရစ္ေတာ္ အေသခံျခင္းသည္ ထိုေခတ္က လူသားမ်ား၏ အျပစ္အတြက္ပင္ေလာ၊ သို႕မဟုတ္
ခရစ္ေတာ္မတိုင္ခင္က လူသားမ်ား အားလံုး၏ အျပစ္ပါ အက်ံဳး၀င္ပါသေလာ။ သို႕မဟုတ္ အတိတ္ ပစၥဳပၸန္
အနာဂတ္ လူသားမ်ိဳးႏြယ္ အားလံုး၏ အျပစ္အတြက္ပင္ေလာ။ ဟုတ္ပါသည္ ဟု ဆိုလ်ွင္ လူသားအားလံုးသည္
သခင္ခရစ္ေတာ္၏ အေသြးေတာ္အားျဖင့္ အျပစ္လႊတ္ကာ လြတ္ေျမာက္ျခင္းရမည္ ျဖစ္ပါသည္။ သို႕မဟုတ္ပါက
ေနာက္ထပ္ သခင္ခရစ္ေတာ္ မ်ားစြာ လိုအပ္ေနဦးမည္ ျဖစ္ပါသည္။
satisfaction theory ၏ ေနာက္ထပ္ အားနည္းခ်က္
တစ္ခုမွာ ဤအျမင္သည္ သခင္ခရစ္ေတာ္ ရွင္ျပန္ထေျမာက္ျခင္း ႏွင့္ ကယ္တင္ျခင္း ပတ္သက္မႈကို
လ်စ္လ်ဴရႈထားျခင္း ျဖစ္ပါသည္။ သခင္ခရစ္ေတာ္ အေသြးသြန္းျခင္းသည္ လူသားတို႕ အျပစ္အတြက္
ၾကား၀င္ တရားမ်ွတမႈ ေဖာ္ေဆာင္ျခင္းဟု ဆိုလ်ွင္ ရွင္ျပန္ထေျမာက္ျခင္းသည္ အေရးပါသည့္
ေနာက္ဆက္တြဲ ျဖစ္ရပ္တစ္ခု မဟုတ္ေတာ့ေပ။ ေနာက္ထပ္ ေမးခြန္းထုတ္စရာ မွာ သခင္ခရစ္ေတာ္၏
သဘာ၀ပင္ျဖစ္ပါသည္။ ဘုရားဇာတိ လူ႔ဇာတိ အျပည့္ရွိျခင္း ေၾကာင့္ သခင္ခရစ္ေတာ္၏ လူသားျဖစ္ျခင္းသည္
ဘုရားျဖစ္ျခင္းသေဘာေတာ္နွင့္ ခြဲျခား၍ မရနိုင္ေပ။ သံုးပါးတစ္ဆူျဖစ္ေသာ ဘုရားသေဘာ ျဖစ္တည္မႈတြင္
သခင္ခရစ္ေတာ္ သူ၏ လူဇာတိအေသြးသြန္းျခင္းသည္ သူႏွင့္ ဘုရားသေဘာဆက္စပ္ေနေသာ ခမည္းေတာ္ဘုရားအတြက္
ဟု ဆိုသည္မွာ အေတာ္႔ကို စဥ္းစားယူရမည့္ ကိစၥပင္ ျဖစ္ပါသည္။
သခင္ခရစ္ေတာ္ အေသြးသြန္း ကိုယ္စားအေသခံျခင္း
နွင့္ ပတ္သက္၍ ဤ Satisfaction Theory သည္ ခရစ္ယာန္ ေတာ္ေတာ္မ်ားမ်ား လက္ခံေသာ အျမင္ျဖစ္ခဲ့ပါသည္။
အထူးသျဖင့္ က်မ္းစာလာ ေဖာ္ျပခ်က္မ်ားနွင့္ အညီ လက္ခံနိုင္ခဲ့သည့္ အျပင္ စာတန္ကုိ အေလ်ာ္ေပးမႈမ်ိဳး
မဟုတ္သျဖင့္ ယေန႕ေခတ္ သမရိုးက် ႏွင့္ က်မ္းစာကို အေလးထားေသာ ခရစ္ယာန္မ်ားၾကားတြင္လည္း
ေတြ႕နိုင္သည့္ အျမင္မ်ိဳးျဖစ္ပါသည္။ သို႕ရာတြင္ အားနည္းခ်က္ မ်ားစြာလည္း ရွိေနေသးသည္ကို
လ်စ္လ်ဴရႈထား၍ေတာ့ မရနိုင္ေပ။
၃) ခရစ္ေတာ္သာလ်ွင္ ေအာင္နိုင္သည္
ဟူေသာ နားလည္မႈ (The Christus Victor Theory)
Atonement ႏွင့္ ပတ္သက္လာလ်ွင္ ခရစ္ယာန္မ်ား
ေနာက္ထပ္လက္ခံထားေသာ အျမင္တစ္မ်ိဳးမွာ ခရစ္ေတာ္၏ အေသြးေတာ္သည္ စာတန္ကို ေအာင္နိုင္သည္
ဟူေသာ အျမင္ျဖစ္ပါသည္။ “တက္ၾက ခရစ္ယာန္စစ္သည္ တိုက္ဖို႔ ခ်ီသည္နည္း……..ေယရႈကားတိုင္ထမ္း၍
ေရွ႕တက္ စိတ္အားၾကီး (Onwards Christian soldiers, marching as to war)” အစရွိသည့္
ဓမၼသီခ်င္းကို ခရစ္ယာန္မ်ား ၀တ္ျပဳရာတြင္ သီဆိုၾကဖူးၾကပါသည္။ နာမည္ေက်ာ္ၾကားသည့္ ဤသီခ်င္းတြင္ပင္
ယခုေဖာ္ျပမည့္ Atonement idea ကို ေတြ႕နိုင္ပါသည္။ သခင္ ခရစ္ေတာ္ကို စစ္တပ္ေခါင္းေဆာင္
ဗိုလ္ခ်ဳပ္တစ္ဦး အျဖစ္ျမင္ျပီး စာတန္ရန္သူကို ေခ်မႈန္းမည့္ အျမင္ျဖစ္ပါသည္။ ခရစ္ေတာ္၏
အေသြးေတာ္အားျဖင့္ ေမွာင္မိုက္တန္ခိုး၊ ေသဆံုးျခင္းမွ
လြတ္ကင္းသည္ ဟု နားလည္ေသာ နားလည္မႈမ်ိဳးျဖစ္ပါသည္။ ဧဖက္ ၆း၁၂ တြင္ ေဖာ္ျပေသာ ၀ိဥာဏ္ေရးရာ
တိုက္ပြဲ၊ ဗ်ာဒိတ္က်မ္း ၁၂း၇-၁၇ တြင္ ေဖာ္ျပေသာ တိုက္ပြဲ အစရွိသည္တို႕သည္ ဤအျမင္ကို
ေထာက္ပံ့ေပးသည့္ သမၼာက်မ္းစာ အေျခခံမ်ားျဖစ္ပါသည္။
အသင္းေတာ္ဖခင္မ်ားသည္လည္း ဤအျမင္ကို သြန္သင္ခဲ့ၾကပါသည္။
ဂ်တ္စတင္မာတာ Justin Martyr (AD 100-165) က သခင္ခရစ္ေတာ္သည္ ေသျခင္းကို ေအာင္နိုင္သည္။
မယ္ေတာ္ မာရိအားျဖင့္ က်မ္းစာလာအတိုင္း ေမြးဖြားကာ ေျမြနဂါးကဲ့ သို႕ေသာ မေကာင္းဆိုး၀ါးမ်ား
ကို ေအာင္နိုင္သည္ဟု ဆိုပါသည္။ အာေရးနီးယပ္စ္ Irenaeus of Lyon က စာတန္သည္ ဖန္ဆင္းျခင္း
ျပီးသည့္အခါ လူသားတို႕ကို ဘုရားသခင္အားသစၥာေဖာက္ရန္ စည္းရံုးနိုင္ခဲ့ျခင္းျဖင့္ ဘုရားသခင္၏ အၾကံအစည္ေတာ္ကုိ အသာရသြားခဲ့သည္။ သို႕ေသာ္လည္း
သခင္ခရစ္ေတာ္အားျဖင့္ စာတန္ကို အနိုင္ယူကာ လူသားတို႕က္ို အျပစ္မွကယ္နုတ္ေပးခဲ့သည္ ဟု
ဆိုပါသည္။ ခရစ္ေတာ္၏ ပံုရိပ္သည္ စာတန္ကို နိုင္ရာ ျဖစ္သည္။ ခရစ္ေတာ္သည္ လူသားကို ျပန္လည္ဖန္ဆင္းရာ
အသစ္ေသာ ဖန္ဆင္းျခင္းျဖစ္သည္ ဟုနားလည္ျပီး စာတန္ကို အနုိင္ယူသည့္ နားလည္မႈမ်ိဳး ျဖစ္ပါသည္။
Gustaf Aulen (1879-1977) ဟုေခၚေသာ ဆြီဒင္အသင္းေတာ္မွ
ဘုဥ္းေတာ္ၾကီးက သူ၏ Christus Victor ဟုေခၚေသာ နာမည္ေက်ာ္စာအုပ္တြင္ ဤ ခရစ္ေတာ္သာ ေအာင္နိုင္သည္
ဟူေသာ Atonement ဆိုင္ရာ နားလည္မႈသည္ က်မ္းစာနွင့္ ကိုက္ညီမႈရွိသည္ ဟုဆိုပါသည္။ သူက
ဤအျမင္သည္ အလြန္ပင္ ထူးျခားျပီး ေကာင္းမြန္သည့္ Atonement ဆိုင္ရာ အျမင္ဟု ဆိုပါသည္။
၎က ဤအျမင္သည္ အထက္တြင္ ေဖာ္ျပခဲ့ေသာ အန္စလမ္၏ Satisfaction Theory နွင့္ ေနာက္တြင္ေဖာ္ျပမည့္ ပီတာ အားဘီးလတ္ ၏ စာရိတၱပိုင္းဆိုင္ရာ
နားလည္မႈ အျမင္ Moral Influence Theory ထက္ ပိုမိုေကာင္းမြန္သည္ဟု ဆိုပါသည္။ Satisfaction
Theory တြင္ လူသားခရစ္ေတာ္က အေသြးသြန္းျခင္း ျဖစ္သည္ ဟု ၄င္းကဆိုပါသည္။ atonement ဟု
ဆိုရာတြင္ လူသားအလုပ္ မဟုတ္ဘဲ ဘုရားအလုပ္ျဖစ္ရမည္ဟု ဆိုပါသည္။ ထို႕အျပင္ အားဘီးလတ္၏
အျမင္သည္လည္း ႏွလံုးသားေျပာင္းလဲမႈ ဟုဆိုရာ၌ ခ်ိုဳ႕ယြင္းမႈ မ်ားစြာရွိသည္ဟု ဆိုပါသည္။
(Peter Abelard ၏ Moral Influence Theory ကို
ေနာက္လာမည့္ အပိုင္းတြင္ အက်ယ္တ၀င့္ တင္ျပသြားမည္ျဖစ္ပါသည္။)
ဤ atonement ဆိုင္ရာ အျမင္သည္ Aulen ၏
နားလည္မႈမွ အစျပဳ၍ အက်ယ္တ၀င့္ လက္ခံလာၾကျခင္း ျဖစ္ပါသည္။ ခရစ္ေတာ္ ကားတိုင္တြင္ အေသခံျခင္းမွာ
စာတန္ကို အနိုင္ယူျခင္း ျဖစ္ပါသည္။ ကၽြနု္ပ္တို႕သည္လည္း အေသြးေတာ္ကေပးေသာ ကယ္တင္ျခင္းျဖင့္
မေကာင္းမႈကို အနိုင္ရသည္ ဟူေသာ အျမင္ျဖစ္ပါသည္။ ဤအျမင္သည္ ေန႕စဥ္ အသက္တာတြင္ မတရားမႈ၊
မေကာင္းမႈမ်ားနွင့္ လြန္ဆြဲရာ၌ ခြန္အားေပးေနေသာ အျမင္ျဖစ္ပါသည္။
သို႕ရာတြင္ ဤအျမင္သည္ Ransom Theory ႏွင့္
အထူးတလည္ကြာဟမႈ မရွိနိုင္ဟု ျမင္နိုင္ပါသည္။ Ransom Theory က အေသြးေတာ္သြန္းျခင္းသည္
စာတန္ထံမွ ေရြးနုတ္ျခင္းျဖစ္သည္။ စာတန္ကို ေစ်းနႈန္းတစ္ခုျဖင့္ ညွိနႈိင္းသည့္ သေဘာမ်ိဳးျဖစ္ပါသည္။
ဤ Christus Victor Theory တြင္ စာတန္နွင့္ ညွိနႈိင္းျခင္းမ်ိဳး မဟုတ္ဘဲ အေသြးေတာ္ျဖင့္
စာတန္ကို ေအာင္နိုင္ျခင္း ျဖစ္ပါသည္။ Ransom Theory တြင္ စာတန္သည္ ဘုရားသခင္နွင့္ အျပိဳင္ရွိေနသည့္
အရင္းအျမစ္တစ္ခုျဖစ္ပါသည္။ သို႕ရာတြင္ ယခု အျမင္တြင္ စာတန္သည္ ခရစ္ေတာ္၏ ေခ်မႈန္းျခင္းကိုခံရမည့္
ရန္သူသာ ျဖစ္ပါသည္။
ဤ Christus Victor Theory တြင္ ခရစ္ေတာ္၏
အေသြးေတာ္သည္ စာတန္ကို အနိုင္ယူသည္ ဟု ဆိုေသာ္လည္း ယခုအခ်ိန္အထိ စာတန္၏ ေမွာင္မိုက္တန္ခိုးသည္
ၾကီးထြားေနဆဲပင္ျဖစ္ပါသည္။ အနိုင္ယူျပီး ခရစ္ေတာ္ အုပ္စိုးပါက အဘယ္ေၾကာင့္ ထာ၀ရျငိမ္းခ်မ္းျခင္းအရသာကို
မခံစားရသနည္း။ ဤသည္မွာ Christus Victor Theory အတြက္ ေမးခြန္းထုတ္စရာပင္ ျဖစ္ပါသည္။
ထို႕အျပင္ ကယ္တင္ျခင္း ျဖစ္စဥ္တစ္ရပ္လံုးတြင္ လူသား၏ အခန္းက႑သည္ ေမွးမွိန္လ်က္ရွိပါသည္။
ဤအျမင္သည္ အရာအားလံုးကို စာတန္အေပၚ အျပစ္ဖို႕ထားျခင္း မ်ိဳး ျဖစ္ပါသည္။ ကမၻာၾကီးတြင္
ျဖစ္ေပၚေနေသာ မေကာင္းမႈ၊ မတရားမႈ မ်ားအတြက္ လူသား၏ တာ၀န္မရွိေတာ့ျပီလား ဟု ေမးခြန္းထုတ္စရာပင္
ျဖစ္ပါသည္။ ေနာက္ထပ္ အားနည္းခ်က္တစ္ခုမွာ ဤအျမင္သည္ သခင္ခရစ္ေတာ္၏ စာတန္အေပၚေအာင္နိုင္ျခင္းအားျဖင့္
လူသားမ်ား အားလံုး အျပစ္လႊတ္ျခင္း ကယ္တင္ျခင္း ခံစားရသည္ဟု ဆိုပါသည္။ သို႕ရာတြင္ ခရစ္ေတာ္သည္သာ
စာတန္ကို ေအာင္နိုင္ျခင္း ျဖစ္ျပီး အျပစ္သားအားလံုး ကယ္တင္ျခင္း ခံစားရျခင္း မဟုတ္ေပ။
ဤအျမင္တြင္ အားသာခ်က္မ်ားလည္း ရွိပါသည္။
Ransom Theory ကဲ့သို႕ပင္ ခရစ္ေတာ္၏ ေသျခင္း၊ ရွင္ျပန္ထေျမာက္ျခင္း သည္ လူသားတို႕ ကယ္တင္ျခင္းခံရရန္အတြက္
ဆိုသည္မွာ ဤအျမင္တြင္ ေတြ႕နိုင္ပါသည္။ ထို႕အျပင္ လက္ရွိအခ်ိန္တြင္လည္း မေကာင္းမႈမ်ားနွင့္
ဆိုင္ျပိဳင္တြန္းလွန္ရာတြင္ ဤ Atonement အျမင္သည္ အေသြးေတာ္အားျဖင့္ ေအာင္ျမင္နိုင္သည္ဟူေသာ
ခြန္အားကို ေပးလ်က္ရွိပါသည္။ လက္ရွိဘ၀၏ ရုန္းကန္မႈ အစစ္အမွန္အေျခအေနကို ထင္ဟပ္ေနေသာ
atonement အျမင္မ်ိဳးျဖစ္ပါသည္။
ခရစ္ယာန္မ်ားၾကားတြင္ ဤ Christus
Victor Theory သည္ စိမ့္၀င္ လက္ခံလ်က္ရွိပါသည္။ လူမႈေရး၊ စီးပြားေရး အဖက္ဖက္မွ နိမ့္က်ေသာ
ရုန္းကန္ေနရေသာ နိုင္ငံမ်ားတြင္ ရွိေနေသာ ခရစ္ယာန္မ်ားအဖို႕ ဤအျမင္သည္ လက္ခံဖြယ္ေကာင္းေသာ
အျမင္မ်ိဳးျဖစ္ပါသည္။ ခရစ္ေတာ္အေသြးေတာ္အားျဖင့္ ေနမေကာင္းမႈ၊ နာမက်န္းမႈမွ ေပ်ာက္ေစသည္၊ မေကာင္းမႈမွ လြန္ေျမာက္ေစသည္ ဟု ၀န္ခံ
ဆုေတာင္းၾကသူမ်ားမွာ ဤ atonement အျမင္ကို သိလ်က္ေသာ္လည္းေကာင္း မသိ၍ေသာ္လည္းေကာင္း
လက္ခံၾကသူမ်ားဟု အၾကမ္းဖ်ဥ္း ဆိုနိုင္ပါသည္။
ATONEMENT အျပစ္ေျဖလႊတ္ ကယ္တင္ျခင္း
(အပိုင္း ၂) ျပီးပါျပီ။
(က်န္ရွိေနေသးေသာ
atonement ဆိုင္ရာ အျမင္မ်ားနွင့္ ျမန္မာ့ ေရခံ ေျမခံတြင္ မည္သို႕ေသာ အျပစ္လႊတ္ျခင္းဆိုင္ရာ
နားလည္မႈမ်ိဳးက ပိုမို အံ၀င္ခြင္က်ျဖစ္မည္နည္း ဟူေသာ စာေရးသူ၏ အျမင္ကို လာမည့္ အပိုင္းမ်ားတြင္
ဆက္လက္ ဖတ္ရႈပါရန္။)
ကိုးကား စာအုပ္မ်ား
Enns,
Paul. The Moody Handbook of Theology.
Hyderabad: Authentic, 2008.
Hills,
Jonathan.The History of Christian Thought.
Oxford: Lion Book, 2003.
McGrath,
Allister E. Christian Theology: An
Introduction. 6th ed., Willey Blackwell, 2017.
Park,
Andrew Sung. Triune Atonement: Christ’s
Healing for Sinners, Victims, and the Whole Creation. Louisvulle:
Westminster John Knox Press, 2009.
Unicode
(အပိုင်း ၁ အကျဉ်း။ ။ အပိုင်း၁ တွင် ဤအခန်းဆက် ဆောင်းပါးတစ်ပုဒ်လုံး၏ နိဒါန်း နှင့် atonement အမြင် ၈ မျိုးကို အမည်တပ် ဖော်ပြခဲ့ပါသည်။ ဤဆောင်းပါး၏ ရည်ရွယ်ချက်ကိုလည်း ဖော်ပြခဲ့ပါသည်။ ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ atonement ဟု ခေါ်သော အပြစ်လွှတ်ခြင်းဆိုင်ရာ ယုံကြည်မှုနှင့် ပတ်သက်၍ ခရစ်ယာန်တို့ နားလည်သော နားလည်မှု အမျိုးမျိုးကို သိရှိစေရန်နှင့် စာဖတ်သူ ခရစ်ယာန်များသည်လည်း မည်သည့် နားလည်မှုမျိုးတွင် ရပ်တည်နေသည်ကို ပြန်လည် ဆန်းစစ်ပြီး မိမိတို့၏ ခရစ်ယာန် ဓမ္မဒဿနိက အမြင် နှင့် အသိများကို တိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ထို့အပြင် မြန်မာ့ ရေခံ မြေခံတွင် မည်သို့သော အပြစ်လွှတ်ခြင်းဆိုင်ရာ နားလည်မှုမျိုးက ပိုမို အံဝင်ခွင်ကျဖြစ်မည်နည်း ဟူသော စာရေးသူ၏ အမြင်ကိုလည်း တင်ပြသွားလိုခြင်း ဖြစ်ပါသည်။ ထို့အပြင် အမြင် ၈ မျိုး ထဲမှ Ransom Theory ကို အားနည်းချက် အားသာချက်များဖြင့် အပြုသဘော ဝေဖန်ထောက်ပြ တင်ပြခဲ့ပါသည်။
ဤအပိုင်း ၂ တွင် နောက်ထပ် အမြင် နှစ်ခုကို တင်ပြမည်ဖြစ်ပါသည်။)
၂) ခမည်းတော်ဘုရားကို ကျေနပ်စေသော နားလည်မှု (The Satisfaction Theory)
ဤအမြင်ကို စတင်မိတ်ဆက်သူမှာ သူတော်စင် အန်စလမ် (St. Anselm of Canterbury) ဖြစ်ပါသည်။ အန်စလမ်သည် အေဒီ ၁၀၃၃ တွင် မွေးဖွားပြီး သေဆုံးချိန် အေဒီ ၁၁၀၉ အထိ ခရစ်ယာန် ဓမ္မတွေးခေါ်မှုတွင် လွှမ်းမိုးခဲ့သော ဘုဉ်းတော်ကြီးတစ်ပါး ဖြစ်ပါသည်။ အန်စလမ်က သူ၏ Cur Deus Homo ( အဘယ်ကြောင့် ဘုရားသခင်သည် လူသားဖြစ်လာရသနည်း) ဟူသော စာအုပ်တွင် လူ့ဇာတိခံယူခြင်း၊ သေဆုံးခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း စသည့် အကြောင်းအရာများကို ဆွေးနွေးရင်း ရမ်ဆမ်သီအိုရီ ကိုပါ စတင်ဝေဖန်ခဲ့ပါသည်။
ဘုရားသခင်သည် တန်းခိုးဘုဉ်းအာနုဘော်တော် နှင့် ပြီးပြည့်စုံပြီး အရာအားလုံးကို တတ်နိုင်သောကြောင့် လူသားတို့ လွတ်မြောက်ရန်အတွက် စာတန်ဆိုသော သူနှင့် ညှိနှိုင်းရန် မလိုအပ်ပေ။ ထို့အပြင် ဤအပြစ်တရား ဟူသော ပြသနာသည် ဘုရားသခင်နှင့် လူသားတို့ အကြားသာ ဖြစ်ပေါ်လာသော ပြသနာဖြစ်သည်။ ဘုရားသခင် နှင့် စာတန် အကြား ဖြစ်ပွားသော ပြသနာ မဟုတ်ပေ။ ဘုရားသခင်သည် သူ့နည်းသူ့ဟန်ဖြင့် လူသားများကိုကယ်တင်နိုင်သည် ဟု အန်စလမ်က ဆိုပါသည်။
ဘုရားသခင်ထံမှလာသော တရားမျှတခြင်းမပါဘဲ သနားခြင်းဂရုဏာသက်သက်ဖြင့် အပြစ်များကို လွယ်လွယ်ကူကူ ခွင့်လွတ်ခြင်းသည် နည်းလမ်းကျပါရဲ့လား။ ဘုရားသခင်ကို အသရေဖျက်စေသော အပြစ်သားများကို ၎င်းတို့၏ အပြစ်များအတွက် ပေးဆပ်မှု မရှိစေခြင်း ဟူသော အယူအဆကို အန်စလမ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်။ လူသားသည် ဘုရားသခင်၏ အသရေတော်ကို ပြန်လည်ရရှိ သိမ်းဆည်းထားနိုင်ရန် အတွက် ဘုရားသခင် ကျေနပ်စေရန် တာဝန်ယူမှု ရှိရဦးမည် ဟု ၎င်းကဆိုပါသည်။ တာဝန်ယူမှု တာဝန်ခံမှု ရှိမှသာ ဘုရားသခင်ထံမှ ကယ်တင်ခြင်း ဆုကျေးဇူးကို ရနိုင်မည်ဖြစ်ကာ မူလ ဘဝသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။
အပြစ်တရား ဟူသည်မှာ အဆုံးအစမဲ့သော ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်ပါသည်။ ထို့ကြောင် ၎င်းသည် အကန့်အသတ်မဲ့စွာ ညစ်ညူးစေသော အရာဖြစ်ပြီး ထိုအပြစ်မှ ဆေးကြောနိုင်ရန်အတွက် ဘုရားသခင် အကြီးအကျယ် စိတ်ကျေနပ်မှု ရမှသာလျှင် ဖြစ်မည်။ အဆုံးအစမဲ့သော ဘုရားသခင်ထံမှ အပြစ်ဖြေလွှတ်ခြင်းကို ရရှိရန်အလို့ငှာ အကန့်အသတ်ရှိသော လူသားများသာမက ကောင်းကင်တမန်များပင် မတတ်နိုင်ပေ။ ထို့ကြောင့် ဘုရားသခင် ကျေနပ်မှု ရရှိစေရန် ဘုရားသခင်ကိုယ်တော်တိုင်ကသာ လုပ်နိုင်ပါသည်။ လူသားနှင့် ဘုရားသခင် ပြန်လည်သင့်မြတ်ခြင်း ရရှိစေရန် ဘုရားသခင်ကိုယ်တော်တိုင်ကသာ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ဤသည်မှာ သခင်ခရစ်တော် လူ့ဇာတိခံယူရခြင်း၏ အခြေခံအရင်းအမြစ်၊ အာဒံ၏ လူသားမျိုးရိုးထဲသို့ အပျိုစင်မာရိမှ တစ်ဆင့် ဝင်ရောက်လာရခြင်း၏ အခြခံ အကြောင်းတရားပင် ဖြစ်ပါသည်။
သခင်ခရစ်တော်မှာ လူသားစစ်စစ်ဖြစ်ပါသည်။ ထို့အတူ ဘုရားစစ်စစ်ပင် ဖြစ်ပါသည်။ ခမည်းတော် ဘုရားသခင်
ထံ အပြစ်ကြွေး ပေးဆပ်ရန် တရားမျှတမှု ရရန် သားတော်ကိုယ်တိုင်ပင် မိမိကိုယ်ကို အသေခံခြင်းဖြင့် လူသားတို့အား ဘုရားသခင်၏ အသရေတော်ကို ပြန်လည်ယူဆောင်ပေးခြင်း ဖြစ်ပါသည်။ ဘုရား နှင့် လူသားတို့ အကြေား ပြန်လည်သင့်မြတ်ြ့ခင်း ကို ယူဆောင်လာပေးသည် ဟု ဤနားလည်မှုက ဆိုပါသည်။
Ransom Theory က သခင်ခရစ်တော်၏ အသေခံခြင်း အပြစ်လွတ်ခြင်းကို နားလည်ရာတွင် စာတန် ဟု နားလည်သော တတိယပါတီ ထံမှ ရွေးယူသည့် နားလည်မှုမျိုးဖြင့် နားလည်ပါသည်။ အဖိုးအခဖြင့် ရွေးနုတ်ခြင်း၊ ဝယ်ယူခြင်း အစရှိသည့် အမြင်ဖြစ်ပါသည်။ သို့ရာတွင် ယခု Satisfaction Theory အမြင်၌ စာတန်ဟူသော ဘုရားသခင်နှင့် နောက်ထပ်စင်ပြိုင် ရှိနေမည့် လွှမ်းမိုးမှုမျိုး မရှိပေ။ ဘုရားသခင် နှင့် လူသားတို့ အကြားက ပြသနာပင် ဖြစ်သည် ဟု နားလည်လက်ခံပါသည်။ အမ်စလမ် မှ အစပြုခဲ့သော ဤနားလည်မှုသည် Ransom Theory ၏ လစ်ဟာမှုများကို ဖြေရှင်းနိုင်ခဲ့ပါသည်။ သို့သော်လည်း အားနည်းချက် အားသာချက်များကတော့ ရှိနေစမြဲသာ ဖြစ်ပါသည်။
ဤအမြင်၏ အကြီးမားဆုံး အားသာချက်မှာ Ransom Theory ၏ အားနည်းချက်ကို ဖာထေးနိုင်ခဲ့ခြင်း ဖြစ်ပြီး Ransom Theory ကို ဆက်လက်ခံယူနိုင်စေခဲ့ခြင်းဖြစ်ပါသည်။ အသင်းတော်တွင် ကျမ်းစာလာ ဖော်ပြချက်များနှင့် အညီ ခရစ်တော်သည် အသွေးတော်ဖြင့် ရွေးနုတ်ခဲ့သည်ကို ဤ Satisfaction Theory အမြင်ဖြင့် သွန်သင်နိုင်မည်ဖြစ်ပါသည်။ သခင်ခရစ်တော် အသွေးတော်ဖြင့် အဖိုးအခပေးခဲ့သည်မှာ ကျမ်းစာလာသကဲ့သို့ပင်ဖြစ်ပါသည်။ သို့ရာတွင် ထိုသို့ အသွေးသွန်းသည်မှာ စာတန်ထံမှ ရွေးနုတ်ခြင်းမျိုး မဟုတ်ပေ။ ခမည်းတော် နှင့် လူသားတို့အကြား တရားမျှတမှုရရန် အလို့ငှာ တနည်းအားဖြင့်ခမည်းတော်ဘုရား ကျေနပ်မှုရစေရန် အလို့ငှာ သခင်ခရစ်တော်က ရွေးနုတ်ခြင်းဖြစ်သည် ဟူ၍ လက်ခံနိုင်ပါသည်။
ဤအမြင်အပေါ်၌လည်း မေးခွန်းထုတ်စရာ များစွာရှိပါသည်။ ပထမတစ်ချက်မှာ လူသား၏ အပြစ်ကို ခွင့်လွှတ်ရန် အတွက် ဘုရားသခင်သည် သူ၏ တရားမျှတခြင်းစံနှုန်းကို အခြေခံ၍ လူသားများထံမှ အလျော်တောင်းလေသလား ဟု မေးခွန်းထုတ်ရမည် ဖြစ်ပါသည်။ အကယ်၍ အလျော်တောင်းခဲ့သော် ဤသို့ အလျော်ပေး တရားမျှတခြင်းကို ဖော်ဆောင်ခြင်းသည် ဘုရား နှင့် လူသားအကြား နဂိုမူရင်းကို ပြန်လည်ရောက်စေသည့် တရားမျှတမှုမျိုး (Restrorative Justice) မဟုတ်ဘဲ မျက်လုံး တစ်လုံးအတွက် မျက်လုံးတစ်လုံး ပေးရသည့် ဒဏ်ခတ်သည့် တရားမျှတမှုမျိုး (Retributive Justice) သာ ဖြစ်ပေမည်။ ဒုတိယ တစ်ချက်မှာ ဤသို့ ကျေနပ်စေသော အခင်းအကျင်းမျိုးတွင် လူသား၏ အခန်းကဏ္ဍ မရှိဘဲ ခမည်းတော်ဘုရားနှင့် သားတော် ခရစ်တော်၏ အခန်းကဏ္ဍကသာ ပေါ်လွင်နေခြင်း ဖြစ်ပါသည်။ တတိယ အချက်မှာ သခင်ခရစ်တော်၏ ကယ်တင်ခြင်း ဇာတ်လမ်း တစ်ခုလုံးတွင် အပြစ်တရား(သို့မဟုတ်) မကောင်းမှု (သို့မဟုတ်) စာတန် ၏ အရှိတရားကို လုံးဝမျက်ကွယ်ပြုထားပါသည်။ သခင်ခရစ်တော် အသေခံခြင်းသည် ဘုရားသခင် နှင့် လူသားတို့ကြား ပြသနာကို ဖြေရှင်းခြင်းဟု နားလည်ပါက မကောင်းမှု၏ စွမ်းအင်သည် ဤလောကကြီးတွင် အမှန်တကယ် မရှိတော့ပေလား၊ စာတန်၏ ပါဝါကို မည်သို့နားလည်မည်နည်း ဟု မေးခွန်းထုတ်စရာပင် ဖြစ်ပါသည်။
အကယ်၍ ခမည်းတော် ဘုရားသခင်သည် ကျေနပ်ကာ၊ သခင်ခရစ်တော် အသွေးသွန်းခြင်းကို လက်ခံကာ လူသား၏ အပြစ်တရားကို ခွင့်လွှတ်မည် ဆိုပါက မည်သို့သော ခွင့်လွှတ်ခြင်းမျိုး ဖြစ်လာမည်နည်း။ ခရစ်တော် အသေခံခြင်းသည် ထိုခေတ်က လူသားများ၏ အပြစ်အတွက်ပင်လော၊ သို့မဟုတ် ခရစ်တော်မတိုင်ခင်က လူသားများ အားလုံး၏ အပြစ်ပါ အကျုံးဝင်ပါသလော။ သို့မဟုတ် အတိတ် ပစ္စုပ္ပန် အနာဂတ် လူသားမျိုးနွယ် အားလုံး၏ အပြစ်အတွက်ပင်လော။ ဟုတ်ပါသည် ဟု ဆိုလျှင် လူသားအားလုံးသည် သခင်ခရစ်တော်၏ အသွေးတော်အားဖြင့် အပြစ်လွှတ်ကာ လွတ်မြောက်ခြင်းရမည် ဖြစ်ပါသည်။ သို့မဟုတ်ပါက နောက်ထပ် သခင်ခရစ်တော် များစွာ လိုအပ်နေဦးမည် ဖြစ်ပါသည်။
satisfaction theory ၏ နောက်ထပ် အားနည်းချက် တစ်ခုမှာ ဤအမြင်သည် သခင်ခရစ်တော် ရှင်ပြန်ထမြောက်ခြင်း နှင့် ကယ်တင်ခြင်း ပတ်သက်မှုကို လျစ်လျူရှုထားခြင်း ဖြစ်ပါသည်။ သခင်ခရစ်တော် အသွေးသွန်းခြင်းသည် လူသားတို့ အပြစ်အတွက် ကြားဝင် တရားမျှတမှု ဖော်ဆောင်ခြင်းဟု ဆိုလျှင် ရှင်ပြန်ထမြောက်ခြင်းသည် အရေးပါသည့် နောက်ဆက်တွဲ ဖြစ်ရပ်တစ်ခု မဟုတ်တော့ပေ။ နောက်ထပ် မေးခွန်းထုတ်စရာ မှာ သခင်ခရစ်တော်၏ သဘာဝပင်ဖြစ်ပါသည်။ ဘုရားဇာတိ လူ့ဇာတိ အပြည့်ရှိခြင်း ကြောင့် သခင်ခရစ်တော်၏ လူသားဖြစ်ခြင်းသည် ဘုရားဖြစ်ခြင်းသဘောတော်နှင့် ခွဲခြား၍ မရနိုင်ပေ။ သုံးပါးတစ်ဆူဖြစ်သော ဘုရားသဘော ဖြစ်တည်မှုတွင် သခင်ခရစ်တော် သူ၏ လူဇာတိအသွေးသွန်းခြင်းသည် သူနှင့် ဘုရားသဘောဆက်စပ်နေသော ခမည်းတော်ဘုရားအတွက် ဟု ဆိုသည်မှာ အတော့်ကို စဉ်းစားယူရမည့် ကိစ္စပင် ဖြစ်ပါသည်။
သခင်ခရစ်တော် အသွေးသွန်း ကိုယ်စားအသေခံခြင်း နှင့် ပတ်သက်၍ ဤ Satisfaction Theory သည် ခရစ်ယာန် တော်တော်များများ လက်ခံသော အမြင်ဖြစ်ခဲ့ပါသည်။ အထူးသဖြင့် ကျမ်းစာလာ ဖော်ပြချက်များနှင့် အညီ လက်ခံနိုင်ခဲ့သည့် အပြင် စာတန်ကို အလျော်ပေးမှုမျိုး မဟုတ်သဖြင့် ယနေ့ခေတ် သမရိုးကျ နှင့် ကျမ်းစာကို အလေးထားသော ခရစ်ယာန်များကြားတွင်လည်း တွေ့နိုင်သည့် အမြင်မျိုးဖြစ်ပါသည်။ သို့ရာတွင် အားနည်းချက် များစွာလည်း ရှိနေသေးသည်ကို လျစ်လျူရှုထား၍တော့ မရနိုင်ပေ။
၃) ခရစ်တော်သာလျှင် အောင်နိုင်သည် ဟူသော နားလည်မှု (The Christus Victor Theory)
Atonement နှင့် ပတ်သက်လာလျှင် ခရစ်ယာန်များ နောက်ထပ်လက်ခံထားသော အမြင်တစ်မျိုးမှာ ခရစ်တော်၏ အသွေးတော်သည် စာတန်ကို အောင်နိုင်သည် ဟူသော အမြင်ဖြစ်ပါသည်။ “တက်ကြ ခရစ်ယာန်စစ်သည် တိုက်ဖို့ ချီသည်နည်း……..ယေရှုကားတိုင်ထမ်း၍ ရှေ့တက် စိတ်အားကြီး (Onwards Christian soldiers, marching as to war)” အစရှိသည့် ဓမ္မသီချင်းကို ခရစ်ယာန်များ ဝတ်ပြုရာတွင် သီဆိုကြဖူးကြပါသည်။ နာမည်ကျော်ကြားသည့် ဤသီချင်းတွင်ပင် ယခုဖော်ပြမည့် Atonement idea ကို တွေ့နိုင်ပါသည်။ သခင် ခရစ်တော်ကို စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်တစ်ဦး အဖြစ်မြင်ပြီး စာတန်ရန်သူကို ချေမှုန်းမည့် အမြင်ဖြစ်ပါသည်။ ခရစ်တော်၏ အသွေးတော်အားဖြင့် မှောင်မိုက်တန်ခိုး၊ သေဆုံးခြင်းမှ လွတ်ကင်းသည် ဟု နားလည်သော နားလည်မှုမျိုးဖြစ်ပါသည်။ ဧဖက် ၆း၁၂ တွင် ဖော်ပြသော ဝိဉာဏ်ရေးရာ တိုက်ပွဲ၊ ဗျာဒိတ်ကျမ်း ၁၂း၇-၁၇ တွင် ဖော်ပြသော တိုက်ပွဲ အစရှိသည်တို့သည် ဤအမြင်ကို ထောက်ပံ့ပေးသည့် သမ္မာကျမ်းစာ အခြေခံများဖြစ်ပါသည်။
အသင်းတော်ဖခင်များသည်လည်း ဤအမြင်ကို သွန်သင်ခဲ့ကြပါသည်။ ဂျတ်စတင်မာတာ Justin Martyr (AD 100-165) က သခင်ခရစ်တော်သည် သေခြင်းကို အောင်နိုင်သည်။ မယ်တော် မာရိအားဖြင့် ကျမ်းစာလာအတိုင်း မွေးဖွားကာ မြွေနဂါးကဲ့ သို့သော မကောင်းဆိုးဝါးများ ကို အောင်နိုင်သည်ဟု ဆိုပါသည်။ အာရေးနီးယပ်စ် Irenaeus of Lyon က စာတန်သည် ဖန်ဆင်းခြင်း ပြီးသည့်အခါ လူသားတို့ကို ဘုရားသခင်အားသစ္စာဖောက်ရန် စည်းရုံးနိုင်ခဲ့ခြင်းဖြင့် ဘုရားသခင်၏ အကြံအစည်တော်ကို အသာရသွားခဲ့သည်။ သို့သော်လည်း သခင်ခရစ်တော်အားဖြင့် စာတန်ကို အနိုင်ယူကာ လူသားတို့ကို အပြစ်မှကယ်နုတ်ပေးခဲ့သည် ဟု ဆိုပါသည်။ ခရစ်တော်၏ ပုံရိပ်သည် စာတန်ကို နိုင်ရာ ဖြစ်သည်။ ခရစ်တော်သည် လူသားကို ပြန်လည်ဖန်ဆင်းရာ အသစ်သော ဖန်ဆင်းခြင်းဖြစ်သည် ဟုနားလည်ပြီး စာတန်ကို အနိုင်ယူသည့် နားလည်မှုမျိုး ဖြစ်ပါသည်။
Gustaf Aulen (1879-1977) ဟုခေါ်သော ဆွီဒင်အသင်းတော်မှ ဘုဉ်းတော်ကြီးက သူ၏ Christus Victor ဟုခေါ်သော နာမည်ကျော်စာအုပ်တွင် ဤ ခရစ်တော်သာ အောင်နိုင်သည် ဟူသော Atonement ဆိုင်ရာ နားလည်မှုသည် ကျမ်းစာနှင့် ကိုက်ညီမှုရှိသည် ဟုဆိုပါသည်။ သူက ဤအမြင်သည် အလွန်ပင် ထူးခြားပြီး ကောင်းမွန်သည့် Atonement ဆိုင်ရာ အမြင်ဟု ဆိုပါသည်။ ၎င်းက ဤအမြင်သည် အထက်တွင် ဖော်ပြခဲ့သော အန်စလမ်၏ Satisfaction Theory နှင့် နောက်တွင်ဖော်ပြမည့် ပီတာ အားဘီးလတ် ၏ စာရိတ္တပိုင်းဆိုင်ရာ နားလည်မှု အမြင် Moral Influence Theory ထက် ပိုမိုကောင်းမွန်သည်ဟု ဆိုပါသည်။ Satisfaction Theory တွင် လူသားခရစ်တော်က အသွေးသွန်းခြင်း ဖြစ်သည် ဟု ၎င်းကဆိုပါသည်။ atonement ဟု ဆိုရာတွင် လူသားအလုပ် မဟုတ်ဘဲ ဘုရားအလုပ်ဖြစ်ရမည်ဟု ဆိုပါသည်။ ထို့အပြင် အားဘီးလတ်၏ အမြင်သည်လည်း နှလုံးသားပြောင်းလဲမှု ဟုဆိုရာ၌ ချိုု့ယွင်းမှု များစွာရှိသည်ဟု ဆိုပါသည်။ (Peter Abelard ၏ Moral Influence Theory ကို နောက်လာမည့် အပိုင်းတွင် အကျယ်တဝင့် တင်ပြသွားမည်ဖြစ်ပါသည်။)
ဤ atonement ဆိုင်ရာ အမြင်သည် Aulen ၏ နားလည်မှုမှ အစပြု၍ အကျယ်တဝင့် လက်ခံလာကြခြင်း ဖြစ်ပါသည်။ ခရစ်တော် ကားတိုင်တွင် အသေခံခြင်းမှာ စာတန်ကို အနိုင်ယူခြင်း ဖြစ်ပါသည်။ ကျွနု်ပ်တို့သည်လည်း အသွေးတော်ကပေးသော ကယ်တင်ခြင်းဖြင့် မကောင်းမှုကို အနိုင်ရသည် ဟူသော အမြင်ဖြစ်ပါသည်။ ဤအမြင်သည် နေ့စဉ် အသက်တာတွင် မတရားမှု၊ မကောင်းမှုများနှင့် လွန်ဆွဲရာ၌ ခွန်အားပေးနေသော အမြင်ဖြစ်ပါသည်။
သို့ရာတွင် ဤအမြင်သည် Ransom Theory နှင့် အထူးတလည်ကွာဟမှု မရှိနိုင်ဟု မြင်နိုင်ပါသည်။ Ransom Theory က အသွေးတော်သွန်းခြင်းသည် စာတန်ထံမှ ရွေးနုတ်ခြင်းဖြစ်သည်။ စာတန်ကို ဈေးနှုန်းတစ်ခုဖြင့် ညှိနှိုင်းသည့် သဘောမျိုးဖြစ်ပါသည်။ ဤ Christus Victor Theory တွင် စာတန်နှင့် ညှိနှိုင်းခြင်းမျိုး မဟုတ်ဘဲ အသွေးတော်ဖြင့် စာတန်ကို အောင်နိုင်ခြင်း ဖြစ်ပါသည်။ Ransom Theory တွင် စာတန်သည် ဘုရားသခင်နှင့် အပြိုင်ရှိနေသည့် အရင်းအမြစ်တစ်ခုဖြစ်ပါသည်။ သို့ရာတွင် ယခု အမြင်တွင် စာတန်သည် ခရစ်တော်၏ ချေမှုန်းခြင်းကိုခံရမည့် ရန်သူသာ ဖြစ်ပါသည်။
ဤ Christus Victor Theory တွင် ခရစ်တော်၏ အသွေးတော်သည် စာတန်ကို အနိုင်ယူသည် ဟု ဆိုသော်လည်း ယခုအချိန်အထိ စာတန်၏ မှောင်မိုက်တန်ခိုးသည် ကြီးထွားနေဆဲပင်ဖြစ်ပါသည်။ အနိုင်ယူပြီး ခရစ်တော် အုပ်စိုးပါက အဘယ်ကြောင့် ထာဝရငြိမ်းချမ်းခြင်းအရသာကို မခံစားရသနည်း။ ဤသည်မှာ Christus Victor Theory အတွက် မေးခွန်းထုတ်စရာပင် ဖြစ်ပါသည်။ ထို့အပြင် ကယ်တင်ခြင်း ဖြစ်စဉ်တစ်ရပ်လုံးတွင် လူသား၏ အခန်းကဏ္ဍသည် မှေးမှိန်လျက်ရှိပါသည်။ ဤအမြင်သည် အရာအားလုံးကို စာတန်အပေါ် အပြစ်ဖို့ထားခြင်း မျိုး ဖြစ်ပါသည်။ ကမ္ဘာကြီးတွင် ဖြစ်ပေါ်နေသော မကောင်းမှု၊ မတရားမှု များအတွက် လူသား၏ တာဝန်မရှိတော့ပြီလား ဟု မေးခွန်းထုတ်စရာပင် ဖြစ်ပါသည်။ နောက်ထပ် အားနည်းချက်တစ်ခုမှာ ဤအမြင်သည် သခင်ခရစ်တော်၏ စာတန်အပေါ်အောင်နိုင်ခြင်းအားဖြင့် လူသားများ အားလုံး အပြစ်လွှတ်ခြင်း ကယ်တင်ခြင်း ခံစားရသည်ဟု ဆိုပါသည်။ သို့ရာတွင် ခရစ်တော်သည်သာ စာတန်ကို အောင်နိုင်ခြင်း ဖြစ်ပြီး အပြစ်သားအားလုံး ကယ်တင်ခြင်း ခံစားရခြင်း မဟုတ်ပေ။
ဤအမြင်တွင် အားသာချက်များလည်း ရှိပါသည်။ Ransom Theory ကဲ့သို့ပင် ခရစ်တော်၏ သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်း သည် လူသားတို့ ကယ်တင်ခြင်းခံရရန်အတွက် ဆိုသည်မှာ ဤအမြင်တွင် တွေ့နိုင်ပါသည်။ ထို့အပြင် လက်ရှိအချိန်တွင်လည်း မကောင်းမှုများနှင့် ဆိုင်ပြိုင်တွန်းလှန်ရာတွင် ဤ Atonement အမြင်သည် အသွေးတော်အားဖြင့် အောင်မြင်နိုင်သည်ဟူသော ခွန်အားကို ပေးလျက်ရှိပါသည်။ လက်ရှိဘဝ၏ ရုန်းကန်မှု အစစ်အမှန်အခြေအနေကို ထင်ဟပ်နေသော atonement အမြင်မျိုးဖြစ်ပါသည်။
ခရစ်ယာန်များကြားတွင် ဤ Christus Victor Theory သည် စိမ့်ဝင် လက်ခံလျက်ရှိပါသည်။ လူမှုရေး၊ စီးပွားရေး အဖက်ဖက်မှ နိမ့်ကျသော ရုန်းကန်နေရသော နိုင်ငံများတွင် ရှိနေသော ခရစ်ယာန်များအဖို့ ဤအမြင်သည် လက်ခံဖွယ်ကောင်းသော အမြင်မျိုးဖြစ်ပါသည်။ ခရစ်တော်အသွေးတော်အားဖြင့် နေမကောင်းမှု၊ နာမကျန်းမှုမှ ပျောက်စေသည်၊ မကောင်းမှုမှ လွန်မြောက်စေသည် ဟု ဝန်ခံ ဆုတောင်းကြသူများမှာ ဤ atonement အမြင်ကို သိလျက်သော်လည်းကောင်း မသိ၍သော်လည်းကောင်း လက်ခံကြသူများဟု အကြမ်းဖျဉ်း ဆိုနိုင်ပါသည်။
ATONEMENT အပြစ်ဖြေလွှတ် ကယ်တင်ခြင်း (အပိုင်း ၂) ပြီးပါပြီ။
(ကျန်ရှိနေသေးသော atonement ဆိုင်ရာ အမြင်များနှင့် မြန်မာ့ ရေခံ မြေခံတွင် မည်သို့သော အပြစ်လွှတ်ခြင်းဆိုင်ရာ နားလည်မှုမျိုးက ပိုမို အံဝင်ခွင်ကျဖြစ်မည်နည်း ဟူသော စာရေးသူ၏ အမြင်ကို လာမည့် အပိုင်းများတွင် ဆက်လက် ဖတ်ရှုပါရန်။)
ကိုးကား စာအုပ်များ
Enns, Paul. The Moody Handbook of Theology. Hyderabad: Authentic, 2008.
Hills, Jonathan.The History of Christian Thought. Oxford: Lion Book, 2003.
McGrath, Allister E. Christian Theology: An Introduction. 6th ed., Willey Blackwell, 2017.
Park, Andrew Sung. Triune Atonement: Christ’s Healing for Sinners, Victims, and the Whole Creation. Louisvulle: Westminster John Knox Press, 2009.